Main menu

Background

အသေးစား၊ အလတ်စား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အာဆီယံ

Mon, 01/15/2024 - 13:52 -- journal_editor

အသေးစား၊ အလတ်စား   စီးပွားရေးလုပ်ငန်းများ MSMEs သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ အတွက်    မရှိမဖြစ်  အရေးပါသောလုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ အာဆီယံတွင်MSMEsလုပ်ငန်းပေါင်း သန်း ၇၀ ရှိပြီး အာဆီယံအဖွဲ့ ဝင်နိုင်ငံ စုစုပေါင်း၏၉၇ဒသမ ၂ ရာခိုင်နှုန်းမှ ၉၉ ဒသမ ၉ ရာခိုင်နှုန်း ကြားရှိသည်။ ဒေတာရရှိမှုများအရ  အသေးစား စီးပွားရေးလုပ်ငန်း များသည် MSMEs လုပ်ငန်းများ၏ အကြီးမားဆုံးဈေးကွက်ပင် ဖြစ် သည်။ ဒေသအလိုက် ြှနြ များသည် အလုပ်အကိုင်အခွင့်အလမ်း များဖန်တီးခြင်းအတွက် ၈၅ရာခိုင်နှုန်း  GDP  တွင် ၄၄ ဒသမ ၈ ရာခိုင် နှုန်းနှင့် နိုင်ငံလုံးဆိုင်ရာ ပို့ကုန်များတွင် ၁၈ ရာခိုင်နှုန်း ပါဝင်သည်။
အဆိုပါ အချက်အလက်ကိန်းဂဏန်းများအရ  MSMEs ကဏ္ဍ သည် စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေပြီး တန်ဖိုးမြှင့်လုပ်ငန်းများ၊ တီထွင်ဆန်းသစ်မှု နှင့် မြို့ပြ ကျေးလက်များအထိ   အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့်  ပံ့ပိုးပေးသည်။ ထို့ကြောင့်MSMEs ကဏ္ဍသည် အာဆီယံ၏ ကျောရိုးဖြစ်ပြီး ရေရှည်နှင့် စဉ်ဆက်မပြတ် တည်တံ့စေ ရန်အတွက်သော်လည်းကောင်း၊         စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အတွက်သော်လည်းကောင်း အခြေခံကျသောအခန်းကဏ္ဍမှ ပါဝင် လာသည်ကို သိရှိကြမည်ဖြစ်သည်။ 
ASEAN  တွင် SME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုကို ၁၉၉၅ ခုနှစ်တွင် စတင်ခဲ့ပြီးSME ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒနှင့် အရင်းအမြစ်များနှင့်စပ်လျဉ်း၍ ဦးစားပေးကဏ္ဍတစ်ခု ဖြစ်လာခဲ့ သည်။ AMS (Asean Member State) ရှိ SME အေဂျင်စီများမှ ကိုယ် စားလှယ်များပါဝင်သော ASEAN  SME  Agency Working Group (SMEWG)ကို SME  ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများ၊အစီအစဉ် များနှင့် လှုပ်ရှားမှုများ ရေးဆွဲရန် ၂၀ဝ၀ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင်    အာဆီယံ ASEAN SME Agency Working Group (SMEWG)ကို အသေးစား၊ အလတ်စား နှင့် အငယ်စား စီးပွားရေးလုပ်ငန်းများဆိုင်ရာ  အာဆီယံ ညှိနှိုင်းရေး ကော်မတီ(ACCMSME)အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီးအသေးစား လုပ်ငန်းများကို လွှမ်းခြုံနိုင်စေရန်နှင့် ကော်မတီဖွဲ့စည်းမှုကို ချဲ့ထွင် ရန် လိုအပ်ကြောင်း ထင်ဟပ်စေရန်၊  MSMEအေဂျင်စီများအပြင် အခြားနယ်ပယ်များမှ ကိုယ်စားလှယ်များပါ  ပါဝင်ခဲ့ပြီး ACCMSME  ကိုယ်စားလှယ်များ တစ်နှစ်လျှင် နှစ်ကြိမ်တွေ့ဆုံပြီး အာဆီယံစီးပွား ရေးဝန်ကြီးများ၏ လုပ်ပိုင်ခွင့်အရ အကြီးတန်း စီးပွားရေးအရာရှိများ အစည်းအဝေးသို့  အစီရင်ခံတင်ပြသည်။   ACCMSME  ဥက္ကဋ္ဌ တာဝန်ကို နှစ်စဉ်အလှည့်ကျ အာဆီယံနိုင်ငံများမှ အလှည့်ကျဆောင် ရွက်လျက်ရှိပြီး  ACCMSME ၏လက်ရှိဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံမှ မစ္စBlesila A. Lantayona  ၊ ကုန်သွယ်ရေးနှင့် စက်မှုလက်မှုဦးစီးဌာန လက်ထောက်အတွင်းရေးမှူးမှ တာဝန်ထမ်းဆောင်လျက်ရှိသည်။ 
အာဆီယံရှိ MSME ဖွံ့ဖြိုးတိုးတက်ရေးကို  လက်ရှိတွင် ဆယ် နှစ်တာSMEဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာမြောက် ဆောင် ရွက်မှုအစီအစဉ်အဖြစ် ဆောင်ရွက်လျက်ရှိပြီး  SME ဖွံ့ဖြိုးတိုးတက် ရေး ၂၀၁၆-၂၀၂၅ မဟာဗျူဟာစီမံချက် SAP SMED) 2025 သည် ပြိုင်ဆိုင်မှု ပြင်းထန်သော   စီးပွားရေးပတ်ဝန်းကျင်တွင် အာဆီယံ ပူးပေါင်းဆောင်ရွက်မှုကို   အားကောင်းလာစေရန်နှင့် ကမ္ဘာလုံး ဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းရှိသြှောနြများကို ဖန်တီးပေးရန် စသည့် မျှော်မှန်းချက်ဖြင့်MSMEများ၏တိုးတက်မှုနှင့်စီးပွားရေးဖွံ့ဖြိုးတိုး တက်များကို ပံ့ပိုးကူညီရန် ဆောင်ရွက်ပေးသည်။   MSME  ဖွံ့ဖြိုးတိုး တက်ရေး ၂၀၁၆-၂၀၂၅  မဟာဗျူဟာစီမံချက်SAP SMED) 2025 သည်MSME လုပ်ငန်းများ ကြုံတွေ့ရလေ့ရှိသည့်   ပြဿနာများကို မဟာဗျူဟာ ရည်မှန်းချက်ငါးခုဖြင့် ဖြေရှင်းရန် ရည်ရွယ်သည်။
မဟာဗျူဟာရည်မှန်းချက်ငါးရပ်မှာမဟာဗျူဟာပန်းတိုင်A- ကုန်ထုတ်စွမ်းအား၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန်၊ မဟာဗျူဟာ ရည်မှန်းချက်B - ဘဏ္ဍာရေးဆိုင်ရာ  လက်လှမ်းမီမှုကို တိုးမြင့်ရန်၊ မဟာဗျူဟာ ရည်မှန်းချက် C- ဈေးကွက်ရရှိရေးနှင့် နိုင်ငံ တကာကို မြှင့်တင်ရန်၊ မဟာဗျူဟာပန်းတိုင်  D- မူဝါဒနှင့် စည်းကမ်း ထိန်းသိမ်းရေးပတ်ဝန်းကျင်ကို မြှင့်တင်ရန်နှင့် မဟာဗျူဟာ ပန်းတိုင် E- စွန့်ဦးတီထွင်သူနှင့် လူသားအရင်းအနှီး  ဖွံ့ဖြိုးတိုးတက်မှုကို မြှင့် တင်ရန်တို့ဖြစ်ပြီး ACCMSME  သည် ဒေသတွင်း MSME ဖွံ့ဖြိုးတိုး တက်ရေး ပဏာမခြေလှမ်းများကို  ကြီးကြပ်ရန်အတွက်   အလုံးစုံ ညှိနှိုင်းရေးကော်မတီအဖြစ် ဆောင်ရွက်သည်။  ACCMSME  ၏ ညွှန်ကြားချက်အရ ACCMSME သည်SAP SMED 2025၏ မဟာ ဗျူဟာရည်မှန်းချက်များနှင့် သက်ဆိုင်သည့်   သီးခြားကိစ္စရပ်များ အတွက် ဖြေရှင်းရန်နှင့် အကြံပေးရန်အတွက် လုပ်ငန်းအဖွဲ့နှစ်ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင်လည်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို   ပံ့ပိုးမြှင့်တင်နိုင်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီနှင့် အသေးစား၊  အငယ်စားနှင့် အလတ်စားလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်း၍ အရှိန်အဟုန် ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ 
အဆိုပါ ကော်မတီနှစ်ခုမှ ဦးဆောင်၍ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် လက်တွေ့   အကောင်အထည်ဖော်ဆောင်နိုင်ရန် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအေဂျင်စီ၊ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့နှင့် လုပ်ငန်းသုံးသပ်မှု အစီ ရင်ခံရေးအဖွဲ့ စသည့်ဖြင့်လုပ်ငန်းအကောင်အထည်ဖော်မည့်  အဖွဲ့ များကို ဖွဲ့စည်းခဲ့သည်။ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရာတွင်SMEs  Development  Agency အနေဖြင့်   အသေးစား၊ အငယ်စား နှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးမှုအတွက် ကုန်စည်ပြပွဲများ ကျင်းပ ပေးခြင်း၊နိုင်ငံတော်အဆင့်National MSMEs Awardဆုများ ချီးမြှင့် ခြင်း၊ နည်းပညာများ  ဖြန့်ဖြူးပေးခြင်း၊ Business Matching များ ကျင်းပခြင်း၊ အသေးစား၊ အငယ်စားနှင့်  အလတ်စားလုပ်ငန်းများနှင့် ဝန်ထမ်းများအတွက် အရည်အသွေးမြင့်တင်မှုသင်တန်းများ ကျင်းပ ခြင်း၊ ငွေကြေးနှင့်သက်ဆိုင်သော    အထောက်အကူများပေးခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်း   မှတ်ပုံတင်များ ပြုလုပ်ပေးခြင်း၊ အတိုင်ပင်ခံ ဝန်ဆောင်မှုများပေးခြင်းစသည့် အဓိက အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းများကို   ပံ့ပိုးပေးလျက်ရှိ သည်။ 
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး  အချိန်တိုအတွင်း၌ ထိထိ ရောက်ရောက် အကျိုးဖြစ်ထွန်းနိုင်သည့် အသေးစား၊  အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက် ခြင်းအားဖြင့် စီးပွားရေးမောင်းနှင်အားများ  ကောင်းမွန်လာစေရန်၊ ပြည်သူလူထု၏ အလုပ်အကိုင် အခွင့် အလမ်းများစွာကို  ဖန်တီးပေး နိုင်စွမ်းရှိခြင်းကြောင့် MSME များ ပိုမိုရှင်သန်ဖွံ့ဖြိုးလာစေရန်နှင့်  ရေရှည်တည်တံ့ခိုင်မြဲလာစေရန်၊ လုပ်သာကိုင်သာရှိသည့် စီးပွားရေး ဝန်းကျင်ကောင်းများ ဖြစ်ထွန်းလာစေရန်  နိုင်ငံတော်မှ ချမှတ်ထား သော မူဝါဒလုပ်ငန်းစဉ်များနှင့်အညီ  ဖြစ်ပေါ်လာသည့် ခေတ်ရေစီး ကြောင်းများအရ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊    မြန်မာနိုင်ငံရှိ MSMEsလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်းအချက် အလက်၊ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများ  လွယ်ကူစွာ ရရှိစေရန်၊ ပြည်တွင်းပြည်ပ ဈေးကွက်များသို့  လက်လှမ်းမီစေရန်နှင့် ယှဉ်ပြိုင် နိုင်မှု စွမ်းရည်မြင့်မားတိုးတက်စေရန်၊ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းသစ်များနှင့်အတူ ဝင်ငွေတိုးတက်ရရှိလာစေရန်၊  လုပ် ငန်းဆိုင်ရာ အခက်အခဲများနှင့် အဟန့်အတားများကို လျော့ပါးစေ ရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ရန် ရည်ရွယ်၍ အသေးစား၊ အငယ်စားနှင့်အလတ် စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်း အဝေး(၁/၂၀၂၃) ကို ၂၀၂၃ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကာ အစည်းအဝေးတွင် ဆုံးဖြတ်ချက်(၁၁)ရပ်ကို  ချမှတ်ခဲ့ပြီးMSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းကော်မတီ များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ  မြန်မာနိုင်ငံ အနေဖြင့်MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဘက်စုံ၊  ကဏ္ဍစုံမှ အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်လျက်ရှိသလို    အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့်  တန်းတူရင်ပေါင်တန်းနိုင်ရေးကိုလည်း ဝိုင်းဝန်း ကြိုးစားဆောင်ရွက်သင့်ပါကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။

SOURCE-https://asean.org/our-communi ties^economic-community/resilient-and-inclusive-asean/development-of-micro-small-and-medium-enterprises-in-asean-msme/

အေးငြိမ်းစံ