Main menu

Background

မြန်မာ့စီးပွားရေး အခွင့်အလမ်းများကို ရှာဖွေခြင်း

Fri, 05/10/2024 - 14:34 -- journal_editor

မြန်မာ့စီးပွားရေးသည် ၂၀၂၄ ခုနှစ်တွင် ရေရှည်တည်တံ့သော စီးပွားရေးလမ်းကြောင်းတစ်ခုသို့ ဦးတည်နေကာ ခေတ်နှင့်အညီ လိုက်လျောညီထွေမှုရှိသည့်  စီးပွားရေး အခွင့်အလမ်းများကိုလည်း နိုင်ငံတော်က ဖော်ဆောင်လျက်ရှိနေသည်။
ထို့ပြင် စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများအား ပံ့ပိုး ပေးနိုင်ရန်အတွက် လှုံ့ဆော်မှုအစီအမံအမျိုးမျိုးကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည်။ အလားတူ စီးပွားရေး လုပ်ဆောင် ရာတွင် န- ဃသာနမခနနှင့် ဒီဂျစ်တယ်အသွင် ကူးပြောင်းရေးကြိုးပမ်း မှုများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
မတူကွဲပြားသော ကဏ္ဍများတွင် ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦး တီထွင်မှုတို့ကို အားပေးထောက်ပံ့မှုများ ပြုလုပ်လျက်ရှိနေသည်။ မြန်မာနိုင်ငံသည် စီးပွားရေး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော် လည်း ရှေ့ကိုမျှော်ကြည့်မည်ဆိုပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်  ယင်းဖွံ့ဖြိုးတိုးတက်မှုအတွက် သိသာထင်ရှားသည့် အလားအလာ များစွာရှိသည်။ 
မြန်မာနိုင်ငံသည် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ဓာတ်သတ္တုများနှင့် ရေခံမြေခံကောင်းသော စိုက်ပျိုးမြေများအပါအဝင် သဘာဝ သယံ ဇာတ ပေါများြွကယ်ဝသည့် နိုင်ငံဖြစ်သည်။ ထို့ပြင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် သာမကဘဲ အာဆီယံ ဒေသတွင်း နိုင်ငံများထဲတွင်လည်း မဟာဗျူဟာမြောက် တည်ရှိနေကာ ဒေသ တွင်းကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် တံခါးပေါက်တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ 
အနာဂတ် စီးပွားရေးအလားအလာကို အကောင်အထည် ဖော်ရန် မြန်မာနိုင်ငံသည် အားလုံးပါဝင်နိုင်သော တိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို မြှင့်တင်ပေးသည့် ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများကို ဆောင်ရွက်ရ မည်ဖြစ်သည်။ ယင်းတွင် ရင်းနှီးမြှုပ်နှံမှု များစွာပါဝင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံကဏ္ဍ တိုးတက်လာမှုက လည်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းများစွာ ကို ဖော်ဆောင်ပေးရာရောက်သည်။ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုနှင့် ချိတ်ဆက်မှုတို့ကို ပံ့ပိုးပေးရန်အတွက် မော်တော်ကားလမ်း များ၊ ရထားလမ်းများ၊ သင်္ဘောဆိပ်များနှင့် စွမ်းအင်ဆိုင်ရာအဆောက် အအုံများ အပါအဝင် အခြေခံ အဆောက်အအုံ စီမံကိန်းများကို ဦးစားပေးဆောင်ရွက်ခဲ့သည်။ 
သဘာဝ အရင်းအမြစ်များ၊  သဘာဝဓာတ်ငွေ့၊ ဓာတ်သတ္တု များနှင့် သစ်များ ပေါကြွယ်ဝသဖြင့် မြန်မာနိုင်ငံသည် သယံဇာတ တူးဖော် ရေးလုပ်ငန်းများတွင် သိသာထင်ရှားသော ရင်းနှီးမြှုပ်နှံမှု အလားအလာများကို ပေးဆောင်လျက်ရှိသည်။ သဘာဝအရင်းမြစ် များသည် စွမ်းအင်ထုတ်ယူသည့် လုပ်ငန်းများတွင် အခွင့်အလမ်း များစွာကို ရှာဖွေကာ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်သည်။ 
ကုန်ထုတ်လုပ်ငန်းနှင့် စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန် များ(ှနဇ)နှင့် စက်မှုဇုန်များ  တည်ထောင်ခြင်းသည် ကုန်ထုတ် လုပ်ငန်းများ၊ ပို့ကုန်ဦးစားပေး စက်မှုလုပ်ငန်းများနှင့် အလုပ်အကိုင် ဖန်တီးရေးကို မြှင့်တင်ရန်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံ တစ်ဝန်း သတ်မှတ်ထားသော စက်မှုဇုန်များတွင် အခြေခံအဆောက် အအုံများရရှိခြင်း စသည့် မက်လုံးများမှ အကျိုးကျေးဇူးများ ရရှိနိုင် သည်။
ခရီးသွားလုပ်ငန်းနှင့်ဧည့်ဝတ်ကျေပွန်မှု၊ ကြွယ်ဝသော ယဉ်ကျေးမှု အမွေအနှစ်များ၊ သဘာဝတောတောင် ရှုခင်းများနှင့် မတူကွဲပြား သော ဆွဲဆောင်မှုများသည် ခရီးသွားကဏ္ဍကို အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံမှု နယ်မြေတစ်ခုအဖြစ် သတ်မှတ်ပေးသည်။ မြန်မာနိုင်ငံ သည် စီးပွားရေးတွင် အဘက်ဘက်က စိန်ခေါ်မှုများ ရှိနေသော်လည်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ၊ လူဦးရေနှင့် မဟာဗျူဟာမြောက်  ပထဝီအနေအထားအရ ကဏ္ဍအသီးသီးတွင် ရင်းနှီးမြှုပ်နှံမှု အခွင့် အလမ်းများစွာ ရှိနေသည်။ 
အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက ကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်ခြင်းသည် မြန်မာ နိုင်ငံအတွက် ရေရှည်တည်တံ့ခိုင်မြဲသော ရင်းနှီးမြှုပ်နှံမှုနှင့် အားလုံး ပါဝင်နိုင်သည့်  တိုးတက်မှုအတွက် အထောက်အကူပြုစေသော ပတ်ဝန်းကျင်ကောင်းတစ်ရပ်ကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။
အထည်အလိပ် ထုတ်လုပ်မှုကဏ္ဍကို ကြည့်မည်ဆိုလျှင် မြန်မာ နိုင်ငံသည် အလုပ်သမားစရိတ်စက နည်းပါးပြီး ဦးစားပေးကုန်သွယ်မှု သဘောတူညီချက်များနှင့်အတူ ကုန်ထုတ်လုပ်မှုကဏ္ဍ အထူးသဖြင့် အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံသူများ ကို ဆက်လက်ဆွဲဆောင်လျက်ရှိသည်။ ကုန်သွယ်သူများအနေဖြင့် ပြည်တွင်းထုတ်လုပ်သူများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ပြီး ကုန်ချော ပစ္စည်းများကို နိုင်ငံတကာဈေးကွက်များသို့ တင်ပို့နိုင်သည်။
အလားတူ စိုက်ပျိုးရေးသည် မြန်မာ့စီးပွားရေး၏ အရေးပါ သော ကဏ္ဍတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး ဆန်၊ ပဲမျိုးစုံနှင့် သစ်သီးဝလံများကဲ့သို့သော သီးနှံများ စိုက်ပျိုးခြင်း၊ ပြုပြင်ခြင်းနှင့် တင်ပို့ခြင်းဆိုင်ရာ အခွင့်အလမ်းများကို လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံတော်အစိုးရက တောင်သူလယ်သမားများကို ပံ့ပိုးကူညီပေးခြင်း နှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကို မြှင့်တင်ပေးခြင်းသည် အားလုံးပါဝင်နိုင်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက ဦးစားပေးလုပ်ငန်းဖြစ်သည်။
E commerce  ပလက်ဖောင်းတစ်ခုဖန်တီးရာတွင် အဓိကကျ သော အဆင့်များစွာပါဝင်ပြီး (၁) ဈေးကွက်ရှာဖွေရေး၊ (၂) ဥပဒေ လိုက်နာမှု၊ (၃) ပလက်ဖောင်း ဖွံ့ဖြိုးတိုးတက်မှု၊ (၄) ဒေသခံအဖြစ် သတ်မှတ်ခြင်း၊ (၅) ကုန်ပစ္စည်း အရင်းအမြစ်၊ (၆) ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ (၇) ဈေးကွက်ရှာဖွေရေး အရောင်းမြှင့်တင် ရေး ပလက်ဖောင်းရှိ ထုတ်ကုန်မျိုးစုံကို သေချာစေခြင်း၊ (၈) ဖောက် သည်ပံ့ပိုးမှု၊ (၉) လုံခြုံရေးအစီအမံများနှင့် (၁၀) ဒေသန္တရ  စိန်ခေါ်မှု များကို လိုက်လျောညီထွေဖြစ်စေခြင်းတို့ဖြစ်သည်။ 
ခေတ်နှင့် လိုက်လျောညီထွေစွာ ကြိုးပမ်းဆောင်ရွက်မှုကြောင့် မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေးသည် အရှိန်အဟုန်ဖြင့် တိုးတက်လျက် ရှိသည်။ န-ခသာနမခန နှင့် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများသည် အလားအလာရှိသော ကဏ္ဍများအဖြစ် ထွက်ပေါ်လာပြီး ဆန်းသစ် တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုများအတွက် အခွင့်အလမ်းများကို ပေး ဆောင်လျက်ရှိသည်။ သို့ရာတွင် ကျေးလက်ဒေသများတွင် ဒစ်ဂျစ် တယ် ပိုင်းခြားမှု ပြဿနာများ ဆက်လက်ရှိနေဆဲဖြစ်သည်။
မြန်မာနိုင်ငံ၏ အချက်အချာကျသော တည်နေရာနှင့် သဘာဝ သယံဇာတများ ပေါကြွယ်ဝခြင်းကြောင့် ပြည်ပရင်းနှီးမြှုပ်နှံသူများ အတွက် ဆွဲဆောင်မှုရှိသော နေရာတစ်ခု ဖြစ်လာစေသည်။   ကြွယ်ဝ သော ဇီဝမျိုးစုံမျိုးကွဲများနှင့် ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံနိုင် ရည်ရှိမှုတို့ကြောင့် မြန်မာနိုင်ငံအတွက် သဘာဝပတ်ဝန်းကျင် ရေ ရှည်တည်တံ့ခိုင်မြဲရေးသည် အရေးပါသော ကိစ္စရပ်တစ်ခုဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် ဟန်ချက်ညီညီ ထိန်းကျောင်းခြင်းသည် ရေရှည်သာယာဝ ပြောရေးအတွက် မရှိမဖြစ် လိုအပ်သည်။  
အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်မည်ဆိုပါက အားလုံးကို အကျိုးပြုသော ရေရှည်တည် တံ့သည့် စီးပွားရေးတိုးတက်မှုကို မြှင့်တင်နိုင်မည်ဖြစ်သည်။ ရင်ဆိုင် ကြုံတွေ့နေရသည့် အခက်အခဲ အကျပ်အတည်းများကြားမှ စီးပွား ရေး အခွင့်အလမ်းကောင်းများကို ရှာဖွေကြရမည် ဖြစ်သည်။ 
ကိုးကား-Investment Outlook for  Myanmar in  2024: Navigating Economic Opportunities and Challenges 

ငြိမ်းဝေနှင်း (ရန်ကုန်စားသုံး)