Main menu

Background

အိန္ဒိယနိုင်ငံ၏ ပို့ကုန်သွင်းကုန်မူဝါဒ အဓိပ္ပါယ် ၊ ရည်ရွယ်ချက်၊ အင်္ဂါရပ်နှင့် လုပ်ဆောင်ချက်အကျိုးကျေးဇူးများ

Mon, 07/01/2024 - 14:33 -- journal_editor

အိန္ဒိယနိုင်ငံ၏ ပို့ကုန်သွင်းကုန်မူဝါဒ (EXIM Policy) ကို နိုင်ငံခြားကုန်သွယ်မှုမူဝါဒ ((Foreign Trade Policy - FTP) ဟုလည်း ခေါ်ဆိုသည်။ ပို့ကုန်သွင်းကုန် ပေါ်လစီ (Export-Import Policy) ) ကို ၁၉၉၂ ခုနှစ် နိုင်ငံခြားကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်း ကျောင်းရေး  အက်ဥပဒေ  (Foreign Trade Development and Regulation Act) အရ ထိန်းချုပ်ထားသည်။  နိုင်ငံခြားကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသည် အိန္ဒိယနိုင်ငံ၏ ပို့ကုန်သွင်းကုန်မူဝါဒကို အဓိကတာဝန်ယူဆောင်ရွက်ရသည့် အဖွဲ့အစည်းဖြစ်သည်။
အဓိပ္ပာယ်သတ်မှတ်ချက်
ပို့ကုန်သွင်းကုန်မူဝါဒ၌ ကုန်စည်နှင့် ဝန်ဆောင်မှုများ တင်ပို့ တင်သွင်းခြင်းဆိုင်ရာ လမ်းညွှန်ချက်များ ပါရှိသည်။ ပို့ကုန်သွင်းကုန် မူဝါဒ၏ အဓိကရည်ရွယ်ချက်မှာ ပို့ကုန်နှင့် သွင်းကုန်များ လွယ်ကူ ချောမွေ့စေရန်နှင့် နိုင်ငံခြားကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရန် ဖြစ် သည်။
၁၉၉၂ ခုနှစ် နိုင်ငံခြားကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်း ကျောင်းရေးအက်ဥပဒေအရ အိန္ဒိယအစိုးရသည် ပို့ကုန် သွင်းကုန် မူဝါဒကို ငါးနှစ်တစ်ကြိမ် ပြင်ဆင်ဖြည့်စွက်သည်။ ထို့ကြောင့် အိန္ဒိယ ပို့ကုန်သွင်းကုန်မူဝါဒ၏ သက်တမ်းမှာ ငါးနှစ်ဖြစ်သည်။ ဘဏ္ဍာရေး ဝန်ကြီးဌာနသည် နိုင်ငံခြားကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ အိန္ဒိယနိုင်ငံ၏ ပို့ကုန်သွင်းကုန်မူဝါဒ ပြင်ဆင်ချက် သို့မဟုတ် ပြောင်း လဲမှုများကို ကြေညာသည်။
၂၀ဝ၄ ခုနှစ်တွင် EXIM Policy ကို နိုင်ငံခြား ကုန်သွယ်မှု မူဝါဒ (FTP) ဟူ၍ အမည်ပြောင်းလဲခဲ့သည်။ အိန္ဒိယနိုင်ငံ၌ နိုင်ငံခြား ကုန်သွယ်မှုကို ကျယ်ကျယ်ပြန့်ပြန့် ချဉ်းကပ်နိုင်ရန်အတွက် ထိုကဲ့သို့ အမည်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။   ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ်  ဧပြီ ၁ ရက်တွင်  နိုင်ငံခြား ကုန်သွယ်မှုမူဝါဒ စတင်အသက်ဝင်ကြောင်း ၂၀၂၃ ခုနှစ် မတ်လတွင် ကြေညာခဲ့သည်။ နိုင်ငံခြားကုန်သွယ်မှုမူဝါဒ (၂၀၂၃-၂၀၂၈) သည် အိန္ဒိယအား ပို့ကုန်ဗဟိုချက် (Export hub) ဖြစ်လာစေရန်နှင့် အိန္ဒိယ အား ကမ္ဘာ့တန်ဖိုးကွင်းဆက် Global value chains) အတွင်း ပိုမို ပေါင်းစည်းရန် ရည်ရွယ်သည်။ နိုင်ငံခြား ကုန်သွယ်မှုမူဝါဒက ပို့ကုန် လုပ်ငန်းရှင်များအတွက် အထောက်အကူဖြစ်စေသော စီးပွားရေး ပတ်ဝန်းကျင် ဖန်တီးပေးသည်။ ထို့ပြင် နိုင်ငံခြားကုန်သွယ်မှုမူဝါဒက ကိုယ်တိုင်ဖူလုံမှုရှိရေး (Atmanirbhar or Self-reliant ဟူသော အိန္ဒိယနိုင်ငံ၏ မျှော်မှန်းချက်နှင့် ကိုက်ညီသည်။
ရည်ရွယ်ချက်များ
ပို့ကုန်သွင်းကုန်မူဝါဒ၏  ပထမရည်ရွယ်ချက်မှာ အိန္ဒိယ၏ ပို့ကုန်နှင့် သွင်းကုန်များ တိုးတက်လာစေရန်ဖြစ်သည်။ ဒုတိယ ရည် ရွယ်ချက်မှာ ပစ္စည်းအစိတ်အပိုင်း၊ ကြားခံပစ္စည်း၊ မရှိမဖြစ် ကုန် ကြမ်း၊ လူသုံးကုန်နှင့် ရင်းနှီးကုန်စည်များ တိုးချဲ့ကုန်သွယ်ခြင်းဖြင့် ရေရှည်စီးပွားရေး တိုးတက်စေရန်ဖြစ်သည်။ တတိယရည်ရွယ်ချက်မှာ  စိုက်ပျိုးရေးဝန်ဆောင်မှုနှင့် စက်မှုလုပ်ငန်းယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင် ရန်၊ အလုပ်အကိုင် အခွင့်အလမ်းသစ်  ဖန်တီးရန်နှင့် နိုင်ငံတကာ အရည်အသွေး စံနှုန်းများ ရရှိစေရန်ဖြစ်သည်။ 
စတုတ္ထရည်ရွယ်ချက်မှာ အ ရည်အသွေးမြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို သက်သာသောဈေးနှုန်းဖြင့် ရရှိစေရန်ဖြစ်သည်။ နောက်ထပ်ရည်ရွယ်ချက်မှာ  လိုအပ်သော ကုန်ကြမ်း၊ ရင်းနှီးကုန်စည်၊ တပ်ဆင်မှု၊ လူသုံးကုန်၊ ကြားခံကုန်စည်အပြင် ထုတ်လုပ်မှုနှင့် ဝန် ဆောင်မှုတိုးချဲ့ရာတွင် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းများ ပံ့ပိုး ပေးခြင်းအားဖြင့် စီးပွားရေးချဲ့ထွင်ရန်ဖြစ်သည်။ 
ဆဋ္ဌမရည်ရွယ်ချက်မှာ  စိုက်ပျိုးရေးလုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်းနှင့် ကုမ္ပဏီများ၏ နည်းပညာဆိုင်ရာ ကုန်ထုတ်စွမ်းအားနှင့် စွမ်းဆောင်ရည် မြှင့်တင်ရန်ဖြစ်သည်။ ထို့ပြင် အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပြီး ပြိုင်ဆိုင်မှုစွမ်းအား မြှင့်တင်ရန်နှင့် ကမ္ဘာလုံး ဆိုင်ရာ အသိအမှတ်ပြု အရည်အသွေးစံနှုန်းများ ရရှိစေရန်ဖြစ်သည်။ နောက်ဆုံးရည်ရွယ်ချက်မှာ စားသုံးသူများအား ကမ္ဘာတစ်ဝန်း ယှဉ် ပြိုင်နိုင်သောဈေးနှုန်းဖြင့် ကောင်းမွန်သည့်ကုန်စည်နှင့် ဝန်ဆောင်မှု များ ဖြည့်ဆည်ပေးရန်ဖြစ်သည်။ 
အင်္ဂါရပ်များ
၂၀၂၃ ခုနှစ် ပို့ကုန်သွင်းကုန်မူဝါဒ EXIM Policy 2023)) ၏ သက်တမ်းမှာ ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၈ ခုနှစ် မတ် ၃၁ ရက်ထိ ဖြစ်သည်။ EXIM Policy 2023) ၏ အင်္ဂါရပ်များမှာ အောက်ပါ အတိုင်းဖြစ်သည်-
ပို့ကုန်စွမ်းဆောင်ရည်ကောင်းသောမြို့ - ဥပမာ မစ်ဇပူရ်၊ ဖာရိဒဘတ်၊ ဗာရာဏသီနှင့် မိုရဒဘတ်ဟူသော မြို့သစ်လေးမြို့ကို လက်ရှိ ၃၉ မြို့နှင့်အတူ ပို့ကုန်စွမ်းဆောင်ရည်ကောင်းသော မြို့များ (Towns of Export Excellence-TEEs)) အဖြစ် သတ်မှတ်ထားသည်။TEE  များ သည် ဈေးကွက်ရရှိရေး အစီအစဉ် Market Access Initiative) အရ ပို့ကုန်မြှင့်တင်ရေးရန်ပုံငွေများ ရရှိနိုင်သည်။ ထို့ပြင်TEE  များသည် ရင်းနှီးကုန်စည် ပိုမိုတင်ပို့ရေးအစီအစဉ် (EPCG)) အရ ဝန်ဆောင်မှု ပေးသည့် ကုမ္ပဏီ (Common Service Provider) ၏ လုပ်ငန်းဆိုင်ရာ အကူအညီများ ရရှိနိုင်သည်။ 
ရင်းနှီးကုန်စည် ပိုမိုတင်ပို့ရေး အစီအစဉ် ((Export Promotion Capital Goods - EPCG) ဆိုသည်မှာ ပို့ကုန်  ပြန်လည်တင်ပို့ရန် အတွက် ရင်းနှီးကုန်စည်များကို အကောက်ခွန်မဲ့ တင်သွင်းခွင့်ပြုခြင်း ဖြစ်သည်။ ဤအစီအစဉ်အရ လက်မှုပညာပစ္စည်း၊ လက်ရက်ကန်း ထည်နှင့် ကော်ဇောတင်ပို့မှုကို မြှင့်တင်ပေးသည်။ ဝန်ဆောင်မှုပေး သည့် ကုမ္ပဏီ (Common Service Provide) ဆိုသည်မှာ ပို့ကုန်စွမ်း ဆောင်ရည်ကောင်းသည့် မြို့၌ လုပ်ငန်းအခက်အခဲနှင့် ရင်ဆိုင်နေရ သော ကုန်သည်လုပ်ငန်းရှင်အား ကူညီသည့် ကုမ္ပဏီဖြစ်သည်။ 
ပို့ကုန်လုပ်ငန်းရှင်အား အသိအမှတ်ပြုခြင်း - ပို့ကုန်စွမ်းဆောင်ရည် ကောင်းမွန်သည်ဟု အသိအ မှတ်ပြုခံထားရသော ပို့ကုန်ကုမ္ပဏီသည် စွမ်းရည်တည်ဆောက်ရေး အစီအစဉ်များ (Capacity- building initiatives) ၌ ပူးပေါင်းပါဝင်နိုင်သည်။ ထိုကဲ့သို့ပါဝင်ရာ၌ လက်တွေ့ နမူနာယူနိုင်သော သင်ရိုးညွှန်းတမ်းဖြင့် စိတ်ပါဝင်စားသူ တစ်ဦး ချင်းအား ကုန်သွယ်မှုဆိုင်ရာသင်တန်း Trade-related training) ) တက်ရောက်ခွင့်ပြုသည်။  အထူးသဖြင့် ပို့ကုန်စွမ်းဆောင်ရည် ကောင်းမွန်သည်ဟု အသိအမှတ်ပြုခံထားရသော ကြယ်နှစ်ပွင့်နှင့် အထက် အဆင့်အတန်းရှိသည့် ပို့ကုန်လုပ်ငန်းများ (Two-star and above status holders) ကို သင်တန်းတက်ရောက်ရန် ဦးစားပေးသည်။
ခရိုင်အဆင့် ပို့ကုန်မြှင့်တင်ခြင်း - နိုင်ငံခြားကုန်သွယ်မှုမူဝါဒအရ အိန္ဒိယအစိုးရသည် ပြည်နယ်အစိုးရများနှင့် မိတ်ဖက်အဖြစ် ပူးပေါင်း ဆောင်ရွက်သည်။ ထို့ပြင် ခရိုင်အဆင့် ပို့ကုန်မြှင့်တင်ရေးနှင့် ပို့ကုန် ဖွံ့ဖြိုးရေးအရှိန်အဟုန် မြှင့်တင်ရန်အတွက် ပို့ကုန်ဗဟိုချက် ခရိုင် အစီအစဉ် Districts as Export Hubs - DEH) ) ကို အကောင်အထည် ဖော်သည်။
နှစ်မျိုးသုံး ကုန်စည်တင်ပို့မှု လွယ်ကူချောမွေ့စေခြင်း - အိန္ဒိယနိုင်ငံ သည် နှစ်မျိုးသုံး အဆင့်မြင့် နည်းပညာနှင့် ကုန်ပစ္စည်းများ Dual-use high-end technologies and goods) တင်ပို့မှုကို ထိန်းချုပ်ထား သည်။ ၎င်းတို့မှာ အထူးဓာတုပစ္စည်း၊ သက်ရှိများ၊ အထည်အလိပ်၊ စက်ပစ္စည်းနှင့် နည်းပညာများ (Special Chemicals, Organisms, Materials, Equipment and Technologies -SCOMET)  ဖြစ်သည်။ ၎င်းတို့ကို သက်ဆိုင်သူများကြား ပိုမိုကျယ်ပြန့်စွာ ဖြန့်ဝေထားသော ကြောင့် ထိန်းချုပ်ကုန်စည်များဖြစ်ကြောင်း နားလည်ကြသည်။ နိုင်ငံ ခြားကုန်သွယ်မှုမူဝါဒသည် အိန္ဒိယပါဝင်သော နိုင်ငံတကာ သဘော တူညီချက်နှင့် စာချုပ်များ   အကောင်အထည်ဖော်မှုကို  ပိုမိုအား ကောင်းစေသည်။ ခိုင်မာသော ပို့ကုန်ထိန်း ချုပ်မှုစနစ်က အိန္ဒိယ ပို့ကုန်လုပ်ငန်းရှင်များအတွက် နှစ်မျိုးသုံးကုန်စည်များ ဝယ်ယူရရှိစေ သည်။ ထို့ပြင် အိန္ဒိယက ထိန်းချုပ်ထားသော နှစ်မျိုးသုံးကုန်စည်များ တင်ပို့မှုကိုလည်း လွယ်ကူချောမွေ့စေသည်။
e-Commerce ပို့ကုန်များ လွယ်ကူချောမွေ့စေခြင်း - နိုင်ငံခြား ကုန် သွယ်မှုမူဝါဒသည် အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေးစင်တာ (e-Commerce hubs) တည်ထောင်ရန်နှင့် ဆက်စပ်ကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် လမ်းပြမြေပုံကို အကြမ်းဖျဉ်း ဖော်ပြထား သည်။ စာရင်း ရေးသွင်းခြင်း (Bookkeeping)၊ ကုန်ပစ္စည်းပြန်လည် ပေးပို့သည့် ပေါ်လစီ Returns policy ငွေကြေးပေးချေမှု ညှိနှိုင်း ခြင်း (Payment reconciliation)  နှင့်  ပို့ကုန် ရပိုင်ခွင့် (Export entitlements)) ကဲ့သို့သော ကိစ္စရပ်များအတွက် လမ်းပြမြေပုံ ဖော်ပြ ထားခြင်းဖြစ်သည်။
ရင်းနှီးကုန်စည် ပိုမိုတင်ပို့ရေးအစီအစဉ် - ရင်းနှီးကုန်စည် ပိုမို တင်ပို့ ရေးအစီအစဉ် (EPCG)) ဆိုသည်မှာ ပို့ကုန်ပြန်လည်တင်ပို့ရန်အတွက် ရင်းနှီးကုန်စည်များကို အကောက်ခွန်မဲ့ တင်သွင်းခွင့်ပြုခြင်း ဖြစ် သည်။ အထည်အလိပ်နှင့် အဝတ်အစားဇုန် အစီအစဉ် (Mega Integrated Textile Region and Apparel Parks) ကို   EPCG  ၏ Common Service Provider အစီအစဉ်အရ အကျိုးခံစားခွင့်ရရှိရန် ထပ်မံထည့်သွင်းထားခြင်း ဖြစ်သည်။
ပို့ကုန်တာဝန် ကင်းလွတ်ခွင့်ပြုခြင်း - နို့ထွက်ပစ္စည်းကဏ္ဍ၏ နည်း ပညာ အဆင့်မြှင့်တင်နိုင်ရေးအတွက် နို့ထွက်ပစ္စည်းကဏ္ဍကို ပို့ကုန် တာဝန် (Export obligation) ကင်းလွတ်ခွင့် ပြုထားသည်။ ပို့ကုန် တာဝန်ဆိုသည်မှာ   ပို့ကုန်လုပ်ငန်းရှင်သည်  တင်သွင်းလာသော ရင်းနှီးကုန်စည်ကို အသုံးပြု၍ ထုတ်လုပ်သည့် ကုန်ချောအား တင်ပို့ ရခြင်း ဖြစ်သည်။ ဒေါင်လိုက် လယ်ယာသုံး စက်ကိရိယာ Vertical farming equipment)၊ ဘက်ထရီလျှပ်စစ်ယာဉ်၊ မိုးရေသိုလှောင်ခြင်း၊ မိုးရေ စစ်ထုတ်ခြင်း၊ ရေဆိုးသန့်စင်ခြင်းနှင့် ပြန်လည်အသုံးပြုခြင်း အပြင် အစိမ်းရောင်ဟိုက်ဒရိုဂျင်Green hydrogen))တို့ကို အစိမ်း ရောင်နည်းပညာ ထုတ်ကုန်များအဖြစ် ပေါင်းထည့်သတ်မှတ်ထား သည်။ ထိုကဲ့သို့ သတ်မှတ်ရခြင်းမှာ EPCG အစီအစဉ်အရ ပို့ကုန် တာဝန် လျှော့ချရန်အတွက်ဖြစ်သည်။
ကြိုတင်ခွင့်ပြုချက်စနစ်အရ ပံ့ပိုးကူညီခြင်း - ကြိုတင်ခွင့်ပြုချက် အစီ အစဉ် (Advance Authorisation Scheme)) သည် ပို့ကုန်ထုတ်လုပ် တင်ပို့ရန်အတွက် အခွန်ကောက်လွတ် ကုန်ကြမ်းတင်သွင်းခွင့်ပြုခြင်း ဖြစ်သည်။ ဤအစီအစဉ်သည် ပို့ကုန်မြှင်တင်ရေးယူနစ် (xport Oriented Units)၊  အထူးစီးပွားရေးဇုန် SEZs) တို့နှင့် ဆင်တူသည်။ ပို့ကုန်မြှင့်တင်ရေး ယူနစ်ဆိုသည်မှာ ထုတ်လုပ်မှုစွမ်းရည် တိုးမြှင့်ခြင်း အားဖြင့် နိုင်ငံ၏ ပို့ကုန်မြှင့်တင်ရန်နှင့် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိစေရန် ဆောင်ရွက်သော  ဌာနခွဲများဖြစ်သည်။ ကုန်ထုတ်လုပ်ငန်းစုနှင့် ပို့ကုန်မြှင့်တင်ရေးကောင်စီ (Export Promotion Councils) တို့ကြား အပြန်အလှန် ချိတ်ဆက်မှုအပေါ်  အခြေခံ၍ ကြိုတင်ခွင့်ပြုချက် အစီအစဉ်အရ ပံ့ပိုးကူညီမှု ရရှိနိုင်သည်။
တင်ပို့တင်သွင်းခြင်း - နိုင်ငံခြားကုန်သွယ်ရေးပေါ်လစီ (FTPအရ တင်ပို့တင်သွင်းသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို တားမြစ်ပိတ် ပင်ခြင်း သို့မဟုတ် ကန့်သတ်ခြင်း ဆောင်ရွက်နိုင်သည်။ အိန္ဒိယ ဆိပ်ကမ်း အသုံးမပြုဘဲ အိန္ဒိယနိုင်ငံ၏ နယ်နိမိတ်ဖြတ်သန်းပြီး နိုင်ငံ တစ်နိုင်ငံမှ အခြားနိုင်ငံတစ်နိုင်ငံသို့ ကုန်ပစ္စည်းများ တင်ပို့ခြင်းကို နိုင်ငံခြားကုန်သွယ်ရေး၌ အကျုံးဝင်သည်ဟု သတ်မှတ်သည်။ သို့ သော်လည်း ထိုကဲ့သို့ ဖြတ်သန်းကုန်သွယ်ရာတွင် အိန္ဒိယဗဟိုဘဏ် ၏ လမ်းညွှန်ချက်ကို လိုက်နာရမည်ဖြစ်သည်။ ထို့ပြင် နှစ်မျိုးသုံး ကုန်စည်များ SCOMET) ) စာရင်း၊ အပင်နှင့် တိရစ္ဆာန် ကာကွယ်ရေး သဘောတူစာချုပ် (CITES) စာရင်းတို့၌ ပါရှိသော ကုန်ပစ္စည်း များ အတွက် အကျုံးဝင်မည် မဟုတ်ပါ။  ထို့ကြောင့် အိန္ဒိယလုပ်ငန်းရှင်များ သည် GIFT City  ကဲ့သို့သော နေရာများကို ကုန်သွယ်မှု ဗဟိုချက် Trading hubs) အဖြစ် ပြောင်းလဲနိုင်သည်။ စင်ကာပူ၊ ဒူဘိုင်းနှင့် ဟောင်ကောင်ရှိ ကုန်သွယ်မှုဗဟိုချက်နေရာများကဲ့သို့ ပြောင်းလဲလာ နိုင်သည်။  GIFT City ဆိုသည်မှာ အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်ရှိ ဆာဘာမာတီ Sabarmati) မြစ်ကမ်းနား၌ ဆောက်လုပ်သော စီးပွားရေးခရိုင်တစ်ခုဖြစ်သည်GIFT City  ကို အိန္ဒိယ၏ ကြီးထွား လာသော ဘဏ္ဍာရေးနှင့် နည်းပညာကဏ္ဍများအတွက် Smart City  ဖြစ်လာရန် ရည်မှန်းထားသည်။
ကင်းလွတ်ခွင့်အစီအစဉ်- အိန္ဒိယအစိုးရသည် နိုင်ငံခြား ကုန်သွယ် ရေး ပေါ်လစီအရ ပို့ကုန်တာဝန်ပျက်ကွက်မှုကို ကိုင်တွယ်ဖြေရှင်းရန် ကင်းလွတ်ခွင့်အစီအစဉ် (Amnesty scheme)  အကောင်အထည် ဖော်ခဲ့သည်။  ဤအစီအစဉ်အရ ပို့ကုန်တာဝန် ပြည့်မီစွာ မဆောင်ရွက် နိုင်သော ပို့ကုန်လုပ်ငန်းရှင်များအား သက်သာရာရစေသည်။ အထူးသဖြင့် အတိုးစရိတ် ကြီးမြင့်မှုဒဏ် ခံစားနေရသော ပို့ကုန်လုပ်ငန်းရှင်နှင့်  ဆိုင်းငံ့ထားသည့် ကိစ္စရပ်များအတွက် အခွန်ထမ်းဆောင်ရန် အခက်အခဲဖြစ်နေသော ပို့ကုန်လုပ်ငန်း ရှင်များအား သက်သာရာရစေသည်။ 
ပို့ကုန်သွင်းကုန်မူဝါဒ၏ အရေးပါမှု
ပို့ကုန်သွင်းကုန်မူဝါဒသည် ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုခြင်း၊ e-Commerce  အဆင့်မြှင့်တင်ခြင်းအားဖြင့် ကုန် သွယ်မှု အဆင်ပြေချောမွေ့ရေး Trade facilitation)) ကို အလေးပေး ဆောင်ရွက်သည်။ ထို့ပြင် အမျိုးမျိုးသော အစီ အမံနှင့် အစီအစဉ်များဖြင့် ပို့ကုန်တင်ပို့မှုကို လွယ်ကူချောမွေ့ စေသည်။ ပို့ကုန်သွင်းကုန်မူဝါဒသည် အိန္ဒိယနိုင်ငံနှင့် အခြား နိုင်ငံများ၏  စီးပွားရေးနှင့် ကုန်သွယ်ရေး စီးဆင်းမှုများ အရှိန်မြှင့်တင်ရေးအတွက်  အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။
ပို့ကုန်သွင်းကုန်မူဝါဒသည် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက် အခွင့်အလမ်း တိုးချဲ့ရန်အတွက် အရေးကြီးသော ပေါ်လစီ ဖြစ်သည်။ ထို့ပြင် အိန္ဒိယ၏ ပြည်တွင်းအသားတင် ထုတ်လုပ် မှု Gross Domestic Product) ) မြှင့်တင်ရန် ကူညီပေးသည်။ ထိုမျှသာမက ပို့ကုန်သွင်းကုန်မူဝါဒသည် နိုင်ငံတစ်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ စီးပွားရေးစီးဆင်းမှု လွယ်ကူချောမွေ့စေပြီး အိန္ဒိယ၏ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိစေသည်။
ပို့ကုန်သွင်းကုန်မူဝါဒသည် ကုန်သွယ်ရေး ဖြေလျှော့မှု နှင့် လွတ်လပ်သော ကုန်သွယ်ရေးကို များစွာအထောက်အကူ ပြုပြီး ပြည်တွင်းစားသုံးသူဈေးကွက် တိုးတက်ကောင်းမွန် စေသည်။ ထို့ပြင် ပို့ကုန်သွင်းကုန်မူဝါဒက ဈေးကွက်ကျယ်ပြန့် စေပြီး   ပြည်တွင်းစားသုံးသူများအတွက်   အရည်အသွေး ကောင်းသော ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရရှိစေသည်။ 
ပို့ကုန်သွင်းကုန်ဘဏ်
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား ငွေကြေးပံ့ပိုး ပေးရန်အတွက် အိန္ဒိယပို့ကုန်သွင်းကုန်ဘဏ် (EXIM Bank)) တည်ထောင်ခဲ့သည်။  ၁၉၈၂ ခုနှစ် ဇန်နဝါရီ  ၁ ရက်တွင် ပို့ကုန်သွင်းကုန်ဘဏ်  စတင်လည်ပတ်ခဲ့သည်။ ၎င်းသည် ပို့ကုန်သွင်းကုန်ဆိုင်ရာ ငွေကြေးထောက်ပံ့သော အခြားအဖွဲ့  အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ရန်အတွက် ဘဏ္ဍာရေး အခြေခံအုတ်မြစ် ဖြစ်သည်။
EXIM Bank သည် အိန္ဒိယစီးပွားရေးလုပ်ငန်းများ၏ ကုန်စည်နှင့်  ဝန်ဆောင်မှုအမျိုးမျိုး တိုးတက်ရေးအတွက် အင်ဂျင်စက်တစ်ခုဖြစ်သည်။ ယင်းတွင် ပို့ကုန်ထုတ်လုပ်မှု၊ နည်းပညာ တင်သွင်းမှု၊ ပို့ကုန်ဖွံ့ဖြိုးရေး၊ သင်္ဘောမတင်မီနှင့် သင်္ဘောတင်ပြီး လုပ်ငန်းစဉ်များ၊  ပို့ကုန်ဈေးကွက် ရှာဖွေ ခြင်းနှင့်   ပြည်ပရင်းနှီးမြှုပ်နှံမှုတို့ ပါဝင်သည်။ ၎င်းသည် နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု မြှင့်တင်ရာ  တွင် အဓိကကျသော တွန်းအားတစ်ရပ်ဖြစ်သည်။
ပို့ကုန်သွင်းကုန်ဘဏ်၏ လုပ်ဆောင်ချက်များ
ပို့ကုန်သွင်းကုန်ဘဏ်သည် ကာလလတ်ချေးငွေ ထုတ် ချေးခြင်းအားဖြင့် စက်ပစ္စည်း၊ စက်ရုံနှင့်  သက်ဆိုင်ရာဝန် ဆောင်မှု  တင်ပို့ရောင်းချသူများအား ငွေကြေးအကူအညီ ချက်ချင်းပေးသည်။ ၎င်းသည် ပို့ကုန်အဖွဲ့အစည်းများ၏ ငွေ ချေးစာချုပ်၊ စတော့နှင့် အစုရှယ်ယာ ထုတ်ဝေခြင်း၊ ကာလ ရှည်ချေးငွေများ ထုတ်ချေးခြင်းအတွက် အာမခံချက် ပေး သည်။
ပို့ကုန်သွင်းကုန်ဘဏ်သည် ကူးသန်းရောင်းဝယ်ရေး ဘဏ်က တန်ဖိုးလျှော့ထားသော ကာလတို ပို့ကုန်ဈေးနှုန်းများ (Export invoices) နှင့်ပတ်သက်၍ ရက် ၉၀ ထက်မပိုသော ပို့ကုန်ဘေလ်များ (Export bills) ) ကို အတိုးနှုန်း လျှော့ချပေး သည်။ ထို့ပြင် အိန္ဒိယ စက်မှုထုတ်ကုန်နှင့် ဆက်စပ်ဝန်ဆောင် မှုများ တင်သွင်းခြင်းအတွက် သွင်းကုန်လုပ်ငန်းရှင်များကို ချေးငွေ ထုတ်ချေးသည်။
EXIM Bank  သည် ပို့ကုန်ဦးစားပေးသော စီးပွားရေး လုပ်ငန်းများ (Export-oriented enterprises) ကို ငွေကြေး ထောက်ပံ့သည်။ EXIM Bankသည် နိုင်ငံခြားကုန်သွယ်မှုနှင့် ပတ်သက်သော ချေးငွေနှင့် ဈေးကွက်အခြေအနေ အသေး စိတ် အချက်အလက်များ စုစည်းထုတ်ပြန်ပေးသည်။
ပို့ကုန်သွင်းကုန်မူဝါဒ၏ အကျိုးကျေးဇူးများ
ပို့ကုန်သွင်းကုန်မူဝါဒ၏  ကောင်းကျိုးများမှာ နိုင်ငံ တကာကုန်သွယ်မှု မြှင့်တင်ခြင်း၊ နည်းပညာ  လွှဲပြောင်းမှု လွယ်ကူချောမွေ့ခြင်း၊ ပြည်ပငွေပေးငွေယူရှင်းတမ်း လက် ကျန် Balance of payments) ပိုမိုကောင်းမွန်ခြင်း၊ ယှဉ်ပြိုင် နိုင်စွမ်း မြှင့်တင်ပေးခြင်း၊ စီးပွားရေး  ဖွံ့ဖြိုးတိုးတက်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးခြင်း၊ မူဝါဒဖြေလျှော့ မှုကို  အထောက်အကူပြုခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတန်ဖိုး မြှင့်တင်ပေးခြင်းတို့ဖြစ်သည်။
ထို့ပြင် EXIM Policy  ၏ ကောင်းကျိုးများမှာ နိုင်ငံ တကာဈေးကွက်အတွင်း  ပြည်တွင်းကုန်သည်များ၏ ပြိုင် ဆိုင်မှုမြင့်မားခြင်း၊ စားသုံးသူနှင့် ထုတ်လုပ်သူများအတွက် ဈေးကွက်အမျိုးမျိုး ဖန်တီးပေးခြင်းနှင့် ကုန်ကျစရိတ်သက် သာစွာဖြင့် ကုန်ပစ္စည်းများ ရရှိနိုင်ခြင်းတို့ဖြစ်သည်။
ပို့ကုန်သွင်းကုန်မူဝါဒ သို့မဟုတ် နိုင်ငံခြားကုန်သွယ်မှု မူဝါဒသည် နိုင်ငံတကာဈေးကွက်၌ ယှဉ်ပြိုင်နိုင်ရေးအတွက် ကုန်ထုတ်လုပ်ငန်းနှင့် ကုန်သွယ်မှုစနစ်၏ စွမ်းဆောင်ရည် မြှင့်တင်ရန်ရည်ရွယ်သည်။ ထိုကဲ့သို့ မြှင့်တင်ခြင်းက နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (Foreign Direct Investment)) မှတစ် ဆင့် အိန္ဒိယနိုင်ငံအတွင်းသို့  အရင်းအနှီးများ စီးဝင်လာပြီး  နိုင်ငံခြားဝင်ငွေ တိုးပွားလာစေနိုင်သည်။ နိုင်ငံခြားကုန်သွယ် ရေးပေါ်လစီသည် အလုပ်အကိုင် ဖန်တီးခြင်း (Employment generation)) အတွက်လည်းကောင်း၊ စီးပွားရေး တိုးတက်မှု (Economic growth)) အတွက်လည်းကောင်း နိုင်ငံ၏ ကုန် သွယ်မှုမြှင့်တင်ရန် ရည်ရွယ်သည်။ 

Source: cleartax.in

 

သိန်းမြင့်ဝေ