Main menu

Background

ကမ္ဘာ့ကုန်သွယ်ရေးစင်္ကြသစ်များ

Mon, 09/02/2024 - 10:49 -- journal_editor

မကြာမီက ဖြစ်ပွားခဲ့သော အကျပ်အတည်းများကြောင့် ကမ္ဘာ လုံးဆိုင်ရာ ကုန်သွယ်မှုလမ်းကြောင်းများ ပြောင်းလဲခဲ့သည်။ ကုန် စည်စီးဆင်းမှုချောမွေ့စေရန်၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး Trade facilitation)နှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး Digitalization)) ယခင်ထက် ပိုမိုလိုအပ်လာသည်။
လွန်ခဲ့သည့်   နှစ်အနည်းငယ်အတွင်း ပထဝီဝင်နိုင်ငံရေး တိုးတက်ပြောင်းလဲမှုများက  ကုန်သွယ်မှုလမ်းကြောင်းများကို ပြန် လည်သတ်မှတ်ပေးခဲ့သည်။ ယူကရိန်းစစ်ပွဲမှစတင်၍ မြောက်ပိုင်း ယူရေးရှားစင်္ကြံ (Northern Eurasian corridors) ကဲ့သို့သော သမား ရိုးကျ လမ်းကြောင်းများမှတစ်ဆင့်  ကုန်စည်စီးဆင်းမှု သိသိသာသာ ကျဆင်းသွားခဲ့သည်။  
ယခုအခါ ပင်လယ်နီ အကျပ်အတည်းက အရှေ့အနောက် ကုန်သွယ်ရေး(East-West trade) ကိုရိုက်ခတ်လျက်ရှိသည်။ ထို့ကြောင့် သယ်ယူပို့ဆောင်ရေးကုမ္ပဏီများသည် အစားထိုး လမ်းကြောင်းများ ထပ်မံရှာဖွေနေကြသည်။ အရှေ့အနောက် ကုန်သွယ်မှု လွယ်ကူချော မွေ့စေရန် မကြာသေးမီနှစ်များအတွင်း လမ်းကြောင်းသစ်များ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း  အဆိုပါ လမ်းကြောင်းသစ်များ အတွက် ပံ့ပိုးမှုလိုအပ်လျက်ရှိသည်။
အလယ်ပိုင်းနှင့် တောင်ပိုင်းစင်္ကြံများ ကက်စ်ပီယံပင်လယ် (Caspian Sea) သို့မဟုတ် အီရန်မှတစ်ဆင့် တရုတ်နှင့် အလယ်ပိုင်း အာရှကို တူကီယဲနှင့် ဥရောပသို့ ချိတ်ဆက်ရာတွင် အလယ်ပိုင်း စင်္ကြံနှင့် တောင်ပိုင်းစင်္ကြံ နှစ်ခုစလုံးသည် အရေးကြီးသော ကုန် သွယ်မှုလမ်းကြောင်းများ ဖြစ်လာခဲ့သည်။ ထို့ပြင် အလယ်ပိုင်းစင်္ကြံ နှင့် တောင်ပိုင်းစင်္ကြံတို့သည် ကမ္ဘာလုံးဆိုင်ရာ သယ်ယူပို့ဆောင် ရေးနှင့် ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ပုံဖော်ရန်အတွက် အရေးကြီးသည်။ ၎င်းစင်္ကြံများက တစ်နေရာမှ အခြားတစ်နေရာသို့ တိုက်ရိုက် သယ်ယူပို့ဆောင်ပေးသေDoor-to-Door transport ကို ဖြစ်စေနိုင်သည်။ ထိုမျှသာမက အဆိုပါစင်္ကြံများက လမ်းကြောင်း အမျိုးမျိုးကို  ထိထိရောက်ရောက် ပေါင်းစပ်ပေးနိုင်သည်။
၂၀၂၂ ခုနှစ်တွင် အလယ်ပိုင်းစင်္ကြံမှတစ်ဆင့် ဖြတ်သန်းကုန် သွယ်သောပမာဏသည် ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၅၀ ရာခိုင် နှုန်း စံချိန်တင် တိုးတက်လာခဲ့သည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလထိ တစ်လအတွင်း  ကက်စ်ပီယံမြစ်ဝှမ်း၌ ကွန်တိန်နာ  အဝင်အထွက် ၅ ဒသမ ၅ ဆ တိုးတက်လာခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လထိ အလယ်ပိုင်းစင်္ကြံ  တစ် လျှောက် တရုတ်မှ ဥရောပသို့ ကုန်စည်ပို့ဆောင်မှု ပမာဏသည် ၂၀၂၂ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၁ ဒသမ ၆ သန်းကျော် တိုးတက်လာခဲ့သည်။
ထို့အတူ တောင်ပိုင်းစင်္ကြံသည် ကုန်စည်စီးဆင်းမှုနှင့် အရှေ့ အနောက် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရန် ကောင်းစွာတည်ရှိနေ သည်။ တူကီယဲ ၊ ကာဂျစ်စတန် ၊ တာဂျစ်ကစ္စတန် ၊ တာ့ခ်မင်နစ္စတန် နှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့မှ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ သည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်ထိ ပျမ်းမျှအားဖြင့် ၄၄ ရာခိုင်နှုန်း  တိုးတက်လာခဲ့သည်။ နိုင်ငံခြား သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ သည် အဆိုပါကာလအတွင်း ၈၆ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့သည်။
တရုတ်နိုင်ငံ လီယွမ်းဂန်မြို့ Lianyungang) မှ တူကီယဲနိုင်ငံ သို့မဟုတ်  ဥရောပသမဂ္ဂနိုင်ငံများသို့ ဤစင်္ကြံများမှတစ်ဆင့် သယ်ယူပို့ဆောင်ရာတွင် ၁၃ ရက်မှ ၂၃ ရက်ထိ ကြာမြင့်သည်။ ဆန့် ကျင်ဘက်အားဖြင့် စူးအက်တူးမြောင်းမှတစ်ဆင့် သယ်ယူပို့ဆောင် ရာတွင် ၃၅ ရက် မှ ၄၅ ရက်ထိ ကြာမြင့်နိုင်သည်။
ပင်လယ်နီအကျပ်အတည်း
ယခုအခါ ပင်လယ်နီအကျပ်အတည်းက ကမ္ဘာ့ကုန်သွယ်ရေး နှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှု ပိုမိုများပြားလာစေသည်။ မီဒီယာများ၌ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြသည့်အတိုင်း ကုန်တင် သင်္ဘောများသည် ပင်လယ်နီကို ရှောင်ရှားရန် အာဖရိက တောင် ဘက်စွန်းတစ်ဝိုက်သို့ လမ်းကြောင်းပြောင်းလဲလျက်ရှိသည်။
အခြားကုမ္ပဏီများသည် တိုက်ရိုက်ကုန်းလမ်းပိုင်းများကို ပိုမို ရွေးချယ်လျက်ရှိသည်။ အထူးသဖြင့်TIR စနစ် အသုံးပြုကုန်သွယ်လာ ကြသည်။TIR စနစ်ဆိုသည်မှာ အကျယ်ပြန့်ဆုံး ပထဝီဝင်ဧရိယာများ ပါဝင်သော နိုင်ငံတကာ ကုန်းလမ်းပို့ဆောင်ရေးစနစ် (Transports Internationaux Routiers or International Road Transport)) ဖြစ် သည်။ သယ်ယူပို့ဆောင်ရေးကုမ္ပဏီများသည် TIR စနစ် အသုံးပြု၍ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ Gulf Cooperation Council - GCC) အဖွဲ့ဝင်နိုင်ငံများမှတစ်ဆင့် လမ်းကြောင်းပြောင်း လဲပြီး ပို့ဆောင်ကုန်သွယ်ကြသည်။ GCCဒေသနှင့် ပင်လယ်နီ၏ မြောက်ပိုင်းမှတစ်ဆင့်  ကုန်စည်များကို ကုန်တင်ယာဉ်များဖြင့် ပြောင်းလဲသယ်ဆောင်ခြင်းအားဖြင့် ပိတ်ဆို့ခံထားရသော ပင်လယ် ရေကြောင်းလမ်းကို ကျော်ဖြတ်လျက်ရှိသည်။ အိုမန်နိုင်ငံSohar  ဆိပ်ကမ်းနှင့်Salalah ဆိပ်ကမ်းအပါအဝင် ဆော်ဒီအာရေးဗီး ယား နိုင်ငံJeddah ဆိပ်ကမ်းနှင့်Dammamဆိပ်ကမ်းတို့သည် ဆိုက် ရောက် ဆိပ်ကမ်းများအနေဖြင့် ကုန်စည်များ လက်ခံထားရှိသည်။ ထို့နောက် အဆိုပါ ကုန်စည်များကို ဒေသအနှံ့သို့  ကုန်တင်ကား များဖြင့် ဆက်လက်ပို့ဆောင်ပေးလျက်ရှိသည်။
သို့သော်လည်း သယ်ယူပို့ဆောင်ရေးကုမ္ပဏီများ အသုံးပြုနိုင် သော အခြားလမ်းကြောင်းများစွာရှိသည်။ ပြီးခဲ့သည့်နှစ်တွင် Milton Group  သည် ဥရောပမှ ကုန်ပစ္စည်းများကိုTIR  စနစ်ဖြင့် အရှေ့ အလယ်ပိုင်းသို့ ပို့ဆောင်ခဲ့သည်။ ထိုကဲ့သို့ ပို့ဆောင်ရာတွင် နိုင်ငံ ပေါင်း ၁၃ နိုင်ငံဖြတ်သန်းပြီး ကိုးရက်အတွင်း   ပို့ဆောင်ခဲ့သည်။ ထိုကုန်ပစ္စည်းများကို ပင်လယ်ရေကြောင်းဖြင့် ပို့ဆောင်ပါက ရက် ပေါင်း ၄၀ ကြာမြင့်မည်ဖြစ်သည်။
လတ်ဗီးယားနိုင်ငံမှ ထွက်ခွာသော ကုန်စည်များကိုBandar Abbas  ဆိပ်ကမ်းမှတစ်ဆင့် လစ်သူယေးနီးယား၊ ပိုလန်၊ ချက်သမ္မတ နိုင်ငံ၊ ဆလိုဗက်ကီးယား၊ ဟန်ဂေရီ၊ ရိုမေးနီးယား၊ ဘူလ်ဂေးရီးယား၊ တူကီယဲနှင့် အီရန်သို့ပို့ဆောင်သည်။ ဆက်လက်၍ ဘီးတပ်ယာဉ် တင်ဆောင်သော သင်္ဘော (Ro-Ro vessel) ဖြင့် အာရပ်စော်ဘွားများ ပြည်ထောင်စုကို ဖြတ်သန်းလျက် ဆော်ဒီအာရေဗျနိုင်ငံသို့ ပို့ဆောင် သည်။ 
အာရှတိုက်တစ်ဝန်း၌ မကြာသေးမီနှစ်များအတွင်းTIR လမ်း ကြောင်းသစ်များ ဖွင့်လှစ်ခဲ့သည်။ ၂၀၂၁ ခုနှစ်မှစ၍ ကမ္ဘာ့ကုန်းလမ်း ပို့ဆောင်ရေးအဖွဲ့ World Road Transport Organisation - IRU) ) နှင့် ၎င်း၏မိတ်ဖက်များသည်TIRအစီအစဉ်အရ အစ္စလာမ်မာဘတ်- တီဟီရန်-အစ္စတန်ဘူလ်၊ ပါကစ္စတန်-အာဖဂန်နစ္စတန်-ဥဇဘက် ကစ္စတန်-ကာဇက်စတန်နှင့် တရုတ်-ပါကစ္စတန်-အာဖဂန်နစ္စတန် အပါအဝင် စင်္ကြံများစွာ  ဖွင့်လှစ်ခဲ့သည်။ ဤစင်္ကြံလမ်းကြောင်း သုံးခု စလုံးသည် သမားရိုးကျလမ်းကြောင်းများနှင့် နှိုင်းယှဉ်ပါက ပျမ်းမျှ အားဖြင့် သယ်ယူပို့ဆောင်သည့်အချိန် ၈၀ ရာခိုင်နှုန်းအထိ လျော့ နည်းသက်သာသည်။
လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းနှင့် ပထဝီနိုင်ငံရေး ဆိုင်ရာ လှုပ်ခတ်မှုများကြားတွင် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုလမ်းကြောင်းများသည် ၎င်းတို့၏ စွမ်းဆောင်ရည် ထိန်း သိမ်းထားနိုင်စေရန်အတွက် အစားထိုးလမ်းကြောင်း (Alternative routes) နှင့် အပြန်အလှန် ထိန်းညှိမှုများ လိုအပ်သည်။
ဖြေရှင်းနည်းများ
နယ်စပ်ဖြတ်ကျော်ရာတွင် အခက်အခဲများ ဖြေရှင်းရန်အတွက် ကောင်းမွန်သော အခြေခံအဆောက်အအုံ၊ ပျော့ပျောင်းသော လုပ် ထုံးလုပ်နည်းနှင့် ဝန်ဆောင်မှုကောင်းများ လိုအပ်သည်။ သို့သော် အလယ်ပိုင်းစင်္ကြံနှင့် တောင်ပိုင်းစင်္ကြံ၏ အလားအလာကို အမြင့် ဆုံးမြှင့်တင်ပြီး ခံနိုင်ရည်အား တည်ဆောက်ရမည်။ အထူးသဖြင့် မဟာဗျူဟာသည် ချောမွေ့သောကုန်သွယ်ရေးနှင့် ပို့ဆောင်ရေး နည်းလမ်းများ (Soft trade and transit solutions)ဆီသို့ ဦးတည်ရ မည်။
TIR စနစ်ကဲ့သို့ ယုံကြည်စိတ်ချရသော နည်းလမ်းများ Tried-and-tested tools)) သည် ကုန်သွယ်ရေး စီးဆင်းမှုကို သိသိသာသာ ချောမွေ့စေပြီး ပိတ်ဆို့နေသော နယ်စပ်ဖြတ်ကျော်မှုများကို တားဆီး နိုင်သည်။ TIRအပါအဝင် ဟန်ချက်ညီသော နည်းလမ်းများသည် သယ်ယူပို့ဆောင်ရေးအတွက် လုံခြုံမှုနှင့် ပွင့်လင်းမြင်သာမှုကို ဖြစ် စေနိုင်သည်။ ထို့ပြင် အန္တရာယ် နည်းပါးသော ကုန်စည်များကို ပိုမို မြန်ဆန်စွာကိုင်တွယ်ပြီး လုပ်ငန်း ကုန်ကျစရိတ် လျှော့ချပေးနိုင်သည်။စင်္ကြံသစ်များတစ်လျှောက် ကုန်သွယ်မှုပမာဏ စံချိန်တင်တိုးလာ သည်နှင့်အမျှ ကုန်သွယ်မှုလုံခြုံရေးနှင့် စွမ်းဆောင်ရည် ပိုမိုတိုးတက် ကောင်းမွန်လာစေရန် နိုင်ငံတကာ ဖြတ်သန်းပို့ဆောင်မှုကို ဒစ်ဂျစ် တယ်အသွင်ကူးပြောင်းရန် အရေးကြီးလာသည်။
eTIR ဆီသို့
TIR  လုပ်ငန်းစဉ်ကို   ဒစ်ဂျစ်တယ်အသွင်ပြောင်းရန်  လုပ် ဆောင်ခဲ့သည့် အဆင့်အားလုံး၏ အန္တိမရည်မှန်းချက်မှာ လာမည့် နှစ်များတွင် TIR  ကို ကျယ်ပြန့်စွာ အကောင်အထည်ဖော်ရန် ဖြစ် သည်။ စီးပွားရေးလုပ်ငန်းအချင်းချင်း ချိတ်ဆက်နိုင်သော၊  စီးပွားရေး လုပ်ငန်းနှင့် ဖောက်သည်များကြား ချိတ်ဆက်နိုင်သော TIR  ဒစ်ဂျစ် တယ်  အသွင်ကူးပြောင်းခြင်းကို အကောင်အထည်ဖော်ခဲ့ပြီး ဖြစ် သည်။ ယခုအခါ TIR နိုင်ငံများသည် နောက်ဆုံးလက်ကျန် ချိတ်ဆက် မှုအပိုင်း အပြီးသတ်ရန် လိုအပ်သည်။ တစ်နည်းအားဖြင့် နိုင်ငံတကာ TIR  စနစ်နှင့် အပြန်အလှန်ချိတ်ဆက်ရန် လိုအပ်ခြင်းဖြစ်သည်။
eTIR  သည် အချိန်ကုန်သော စက္ကူအခြေခံ လုပ်ငန်းစဉ်များ ((Paper-based processes) ဖယ်ရှားပေးပြီး   ကြားခံပို့ဆောင်ရေး Intermodal transport) ) ကိုပိုမိုကောင်းမွန်စေသည်။ ထို့ ပြင် ပို့ဆောင် ရေး နည်းလမ်းအမျိုးမျိုးကို ထိထိရောက်ရောက် ပေါင်းစပ်ပေးမည် ဖြစ်သည်။ ထိရောက်သော ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုအတွက် ဒေတာများ Data) ထပ်ပွားခြင်းကို ရှောင်ရှားရပါမည်။  သယ်ယူပို့ ဆောင်မှုပုံစံအမျိုးမျိုးကို ကိုယ်စားပြုသည့် မတူညီသော ဌာနဆိုင်ရာ နှင့် အဖွဲ့အစည်းများကြား ဒေတာမျှဝေခြင်းကိုလည်း ရှောင်ရှားရန် အရေးကြီးသည်။ 
ဒစ်ဂျစ်တယ် အထောက်အထားများသို့ အသွင်ကူးပြောင်းခြင်း သည် လူတိုင်းအတွက် ဒေတာဖလှယ်ရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း အကျပ်အတည်းအမျိုးမျိုး ကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုလမ်းကြောင်းများ လှုပ်ခတ်သွား ခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုတွင် နောက်ထပ် အခက်အခဲ များမှ ရှောင်ရှားနိုင်ရန် ပေါ်ပေါက်လာသော လမ်းကြောင်းသစ်များ ကို ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်း (Harmonised development tools) နှင့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးတို့ဖြင့် ကျောထောက်နောက်ခံပြုသင့်သည်။

Source: unctad.org

 

သိန်းမြင့်ဝေ