Main menu

Background

စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဒေသထွက်ကုန်များအား ဒေသဆိုင်ရာအညွှန်း (GI) ဖြင့် ကာကွယ်ပေး

Mon, 09/02/2024 - 11:58 -- journal_editor

မြန်မာနိုင်ငံသည်      ရေမြေတောတောင် သဘာဝ ကောင်းမွန်သော နိုင်ငံတစ်နိုင်ငံဖြစ်သည့် အတွက် သဘာဝအတိုင်းထွက်သော ကုန်ပစ္စည်း များ၊ သဘာဝအရင်းအမြစ်မှ ထုတ်လုပ်သော ကုန် ပစ္စည်းများ၊ လယ်မြေယာမြေများမှ ထွက်ရှိသော စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ထွက်ကုန်များ များစွာ ထွက်ရှိသည့်အပြင်  လက်မှုဆိုင်ရာ ထွက်ကုန်   ပစ္စည်းများလည်း အလွန်ပေါများ ြွကယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြန်မာ့ဒေသ ထွက်ကုန် ပစ္စည်းများ၏ အရည်အသွေးသည် နိုင်ငံတစ်ဝန်း နှင့် ဒေသတွင်း အိမ်နီးချင်းနိုင်ငံများတွင် ထင်ပေါ် ကျော်ကြား၍ လူကြိုက်များသော ထွက်ကုန်ပစ္စည်း များဟုဆိုလျှင် မှားနိုင်မည်မဟုတ်ပေ။ အဆိုပါ ထင်ပေါ်ကျော်ကြား၍ အရည်အသွေး ကောင်းမွန် သည့် ထွက်ကုန်ပစ္စည်းများကို ဈေးကွက်ပိုမိုမြှင့် တင်ရန်၊ နိုင်ငံတကာဈေးကွက်သို့ ပိုမိုထိုးဖောက် နိုင်ရန်၊ ဒေသထွက်ကုန်များ စိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချသူများ၏ လူမှုအကျိုးစီးပွား ဖွံ့ဖြိုးတိုး တက်လာစေရန်နှင့် စားသုံးသူများက ယုံကြည် စိတ်ချစွာနှင့် အရည်အသွေးမှန်ကန်စွာ သုံးစွဲနိုင် ရန်တို့အတွက် ဒေသဆိုင်ရာ  အညွှန်းအဖြစ် မှတ်ပုံ တင် အကာအကွယ် ရယူနိုင်ရေးကို  အလေးထား ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။
ဒေသဆိုင်ရာအညွှန်း Geographical Indications - GI) ) ဆိုသည်မှာ
ဒေသဆိုင်ရာအညွှန်းဆိုသည်မှာ  မူရင်း ဒေသကို အထူးဖော်ညွှန်းသော အရည်အသွေး၊ ထင်ပေါ်ကျော်ကြားမှု သို့မဟုတ် အခြားထူးခြား သော ဝိသေသလက္ခဏာများပါရှိသည့် ကုန်ပစ္စည်း ထွက်ရှိရာနိုင်ငံ၊ နယ်မြေ သို့မဟုတ် ဒေသမှ မူလ ထွက်ရှိသော ကုန်ပစ္စည်းဖြစ်ကြောင်း ညွှန်းပြချက် တစ်ခုခုကို ခေါ်ဆိုခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒေသထွက်ကုန်များကို ထွက်ကုန်ပစ္စည်း ထွက်ရှိ ရာ နယ်မြေဒေသအမည်နှင့် ထွက်ကုန်ပစ္စည်း၏ အမျိုးအမည်ကို တွဲစပ်၍ ခေါ်ဝေါ်လေ့ရှိကြသည်။ ဥပမာအားဖြင့်ဆိုလျှင်   ရွှေဘိုပေါ်ဆန်း၊ ရွာငံ ကော်ဖီ၊  ကျောက်ဆည်စိန်တလုံး  သရက်သီး၊ ပုဂံ ယွန်းထည်၊ ပုသိမ်ထီး စသည်တို့သည် မြန်မာနိုင်ငံ တွင် ဒေသထွက်ကုန်ပစ္စည်းများအဖြစ် လူသိများ ကျော်ကြားပြီး ဒေသဆိုင်ရာ အညွှန်းအဖြစ် မှတ်ပုံ တင်နိုင်ရေးအတွက် အလားအလာရှိသည့် ထွက် ကုန်ပစ္စည်းများပင်ဖြစ်သည်။ 
မှတ်ပုံတင်သည့်စနစ်နှင့်လုပ်ငန်းစဉ်များ
မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO နှင့်  ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့WIPO) တို့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လျက်ရှိပြီး ယင်းအဖွဲ့ နှစ်ခုကြားရှိ ကုန်သွယ်မှုနှင့် ဆက်နွှယ်သော မူပိုင် ခွင့်ဆိုင်ရာ သဘောတူညီချက် TRIPS) နှင့် အညီ မူပိုင်ခွင့်ဆိုင်ရာ  ဥပဒေ(၄)ရပ်ဖြစ်သည့်  စက်မှု ဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေ၊ တီထွင်မှု   မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေတို့ကို ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ လက်ရှိကာလ ၂၀၂၄ ခုနှစ်တွင် အဆိုပါ မူပိုင်ခွင့်ဥပဒေ(၄)ရပ်စလုံးသည် အာဏာ သက်ဝင် ကျင့်သုံးဆောင်ရွက်နိုင်နေပြီဖြစ်သည်။  အဆိုပါ မူပိုင်ခွင့်ဥပဒေ(၄)ရပ်မှ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၏အောက်တွင်    ဒေသဆိုင်ရာ အညွှန်းအား  မှတ်ပုံတင်နိုင်ရန် ပြဋ္ဌာန်းချက်များ ထည့်သွင်း   ပြဋ္ဌာန်းထားသည်။     ဒေသဆိုင်ရာ အညွှန်းအား  မူပိုင်ခွင့်  အမျိုးအစားတစ်ခုအဖြစ် မှတ်ပုံတင်၍  မူပိုင်ခွင့်အကာအကွယ်ပေးခြင်း လည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒေသဆိုင်ရာ အညွှန်း မှတ်ပုံတင်ခြင်းအတွက် တာဝန်ခံဌာနဖြစ် သော   စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်၍ မှတ်ပုံတင်စနစ်ပေါ်ပေါက်လာရေး အတွက် လိုအပ်သော နည်းဥပဒေ၊ အမိန့်ကြော်ငြာ စာနှင့် လုပ်ထုံးလုပ်နည်းများအား ပြင်ဆင်ဆောင် ရွက်လျက်ရှိသည်။ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များ အနေဖြင့် လျှောက်ထားခြင်း၊ လျှောက်ထားသည့် နေ့ရက် သတ်မှတ်ခြင်း၊ စစ်ဆေးခြင်း၊ ထုတ်ပြန် ကြေညာခြင်း၊ မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း များ ပြုလုပ်ဆောင်ရွက်ရမည်ဖြစ်ပြီး ကြေညာခြင်း အပေါ် ကန့်ကွက်မှုများ ပေါ်ပေါက်လာပါက အသေးစိတ် စစ်ဆေးခြင်း၊ ထုတ်ပြန်ကြေညာခြင်း (ခွင့်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်း)၊ အသိအမှတ် ပြု   မှတ်ပုံတင်လက်မှတ်  ထုတ်ပေးခြင်းများကို ဆောင်ရွက်ရမည်ဖြစ်သည်။
မှတ်ပုံတင်ခွင့်ရရှိနိုင်သော ကုန်ပစ္စည်းများ
သဘာဝအရ ထွက်သော ကုန်ပစ္စည်းများ သို့မဟုတ် သဘာဝအရင်းအမြစ်မှ ထွက်သော ကုန်ပစ္စည်းများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ထွက် ကုန်ပစ္စည်းများ၊ စက်မှု/လက်မှုဆိုင်ရာ ထွက်ကုန် ပစ္စည်းများကို ထုတ်လုပ်သော  ဒေသအတွင်းရှိ ပုဂ္ဂိုလ်များ၊ သဘာဝအရင်းအမြစ် ထွက်ကုန်ထုတ် လုပ်သူများ၊    စိုက်ပျိုးရေးမွေးမြူရေးထွက်ကုန် ထုတ်လုပ်သူများ၊ ရိုးရာစက်မှုလက်မှု ထုတ်ကုန် ထုတ်လုပ်သူများ၊ သက်ဆိုင်ရာကုန်ပစ္စည်း ထုတ် လုပ်သူများ၏  အကျိုးစီးပွား  ကိုယ်စားပြုသည့် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းများ နှင့် နိုင်ငံတွင်းရှိ   အခွင့်ရအာဏာပိုင် အဖွဲ့အစည်းများ သည် ဒေသဆိုင်ရာအညွှန်း မှတ်ပုံတင်ခြင်းကို သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ခွင့်ရှိမည် ဖြစ်သည်။ ဒေသဆိုင်ရာ အညွှန်း၏ အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် ကိုက်ညီမှုမရှိသော ဖော်ပြချက်များ နှင့် ဒေသဆိုင်ရာ အညွှန်းကို သုံးစွဲမည့်ကုန်ပစ္စည်း သည် အများသုံး ဝေါဟာရ၊ ဓလေ့ထုံးစံ၊ ယေဘုယျ အသုံးအနှုန်းများ၊ အများပြည်သူ၏  အေးချမ်း တည်ငြိမ်ရေး၊ အများပြည်သူဆိုင်ရာမူဝါဒနှင့် ဆန့် ကျင်နေသော   ဖော်ပြချက်များတို့သည်  ဒေသ ဆိုင်ရာ အညွှန်းအဖြစ် မှတ်ပုံတင်၍ ရရှိနိုင်မည် မဟုတ်ကြောင်း သတ်မှတ် ပြဋ္ဌာန်းထားသည်။
မှတ်ပုံတင်လျှောက်ထားရာတွင် 
လိုအပ်သည့်အချက်များ
ဒေသဆိုင်ရာအညွှန်း မှတ်ပုံတင်လျှောက် ထားရာတွင်  လျှောက်ထားသည့် အဖွဲ့အစည်း သို့မဟုတ် ကိုယ်စားလှယ်၏ အမည်၊ နိုင်ငံသား နှင့် နေရပ်လိပ်စာ၊ မှတ်ပုံတင်လျှောက်ထားမည့် ဒေသ ဆိုင်ရာအညွှန်း၊ ကုန်ပစ္စည်းထွက်ရှိရာ ဒေသနှင့် ဒေသဆိုင်ရာ အညွှန်းအဖြစ် သတ်မှတ်မည့် ကုန် ပစ္စည်းများလိုအပ်ပြီး  အဆိုပါ လျှောက်လွှာနှင့် အတူကုန်ပစ္စည်း၏ ထူးခြားသော အချက်အလက် များ သို့မဟုတ် အရည်အသွေး သို့မဟုတ် ထင်ပေါ် ကျော်ကြားမှု၊ ဝိသေသလက္ခဏာများ၊ မူရင်းဒေသ နှင့် ထုတ်လုပ်မှု နည်းစနစ်တို့အကြား ဆက်စပ်မှု များ၊ သတ်မှတ်ထားသော အရည်အသွေး ရရှိနိုင် မည့် စည်းမျဉ်းစည်းကမ်းများကို ဖော်ပြ၍ သတ် မှတ်ထားသည့် မှတ်ပုံတင်ကြေး   ပေးသွင်းပြီး လျှောက်ထားရမည်ဖြစ်သည်။ မှတ်ပုံတင်ထား သော   ဒေသဆိုင်ရာအညွှန်း၏ သက်တမ်းသည် ၎င်းကိုအကာအကွယ်ပေးရန် ခွင့်ပြုခဲ့သည့် ထူး ခြားသော ဝိသေသလက္ခဏာများ၊ အရည်အသွေး သို့မဟုတ် ထင်ပေါ်ကျော်ကြားမှုများတည်ရှိနေသရွေ့ ဥပဒေအရ အကာအကွယ်ရရှိနိုင်သော်လည်း ဒေသဆိုင်ရာအညွှန်း  ကုန်ပစ္စည်းများ၏သတ်မှတ် ထားသော အရည်အသွေးကို  ရရှိနိုင်မည့် စည်း မျဉ်း စည်းကမ်းများနှင့် ကိုက်ညီမှုမရှိသည့် ကာလ တွင်  ဒေသဆိုင်ရာအညွှန်း   ကုန်ပစ္စည်းအဖြစ်မှ ရပ်ဆိုင်းခြင်းခံရမည်ဖြစ်သည်။
မှတ်ပုံတင်ရန် ပြင်ဆင်ခြင်း
ဒေသဆိုင်ရာအညွှန်းရရှိရေး  ဆောင်ရွက် မည့်  ဒေသတွင်းမှ   စိုက်ပျိုးထုတ်လုပ်သူများ၊ ရောင်းဝယ်ဖောက်ကားသူများနှင့် သုံးစွဲသူများ ပါဝင်ဖွဲ့စည်းထားသော တရားဝင်အဖွဲ့အစည်းကို ခိုင်မာစွာ စနစ်တကျ  ဖွဲ့စည်းခြင်း၊ အသင်းအဖွဲ့ အလိုက်  လေ့လာမှုများကို ပြုလုပ်ခြင်း၊ ဒေသ ဆိုင်ရာအညွှန်းအဖြစ်  ထုတ်လုပ်မှုအတွက် ကုန် ပစ္စည်းနှင့် သက်ဆိုင်သည့် သီးသန့်သတ်မှတ်ချက် များ၊ ထုတ်လုပ်သည့် နယ်နိမိတ်သတ်မှတ်ချက်၊ ကုန်ပစ္စည်းနှင့် သတ်မှတ်သည့် နယ်နိမိတ်အကြား ဆက်နွှယ်မှုများနှင့် ကုန်ပစ္စည်း၏ အရည်အသွေး ခိုင်မာမှုကို ဖြစ်စေသည့် အချက်အလက်များနှင့် အခြားသော လိုက်နာရမည့် အသေးစိတ်အချက် အလက်များကို ရေးဆွဲခြင်း၊ လုပ်ငန်းဆိုင်ရာ စည်း မျဉ်းစည်းကမ်းများ သတ်မှတ်ခြင်း၊ မူပိုင်ခွင့်ဦးစီး ဌာနတွင် တရားဝင်မှတ်ပုံတင်ခွင့်ရရှိရန် ဆောင် ရွက်ခြင်း၊   ဒေသဆိုင်ရာအညွှန်း   အသင်းအဖွဲ့ ဖွဲ့စည်းရာတွင် အသင်းဝင်များကိုယ်တိုင် မိမိဘာ သာ စီမံကြီးကြပ်ရမည့်စနစ် Self Control System) ) အသင်းအဖွဲ့၏ အတွင်းတွင် စီမံကြီးကြပ်သည့် စနစ် Internal Control System))နှင့် အသင်း၏ ပြင်ပအဖွဲ့အစည်းမှ      စီမံကြီးကြပ်သည့်စနစ် (External  Control System) စသည့် စီမံကြီးကြပ် မည့်စနစ်များအလိုက် စနစ်တကျ စီမံဆောင်ရွက် ခြင်းနှင့် အသင်းအဖွဲ့မှ ကုန်ပစ္စည်းဈေးကွက်တင် ခြင်းနှင့် အရောင်းမြှင့်တင်ခြင်းတို့ ဆောင်ရွက်ခြင်း များ ပြုလုပ်ရန် ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ် သည်။
အကျိုးကျေးဇူးများ
ထုတ်လုပ်သူများအနေဖြင့်   သက်ဆိုင်ရာ ဒေသဆိုင်ရာအညွှန်း  ကုန်ပစ္စည်းကို ဒေသတွင်း တွင်  ကျယ်ကျယ်ပြန့်ပြန့်  ထုတ်လုပ်ခြင်းဖြင့် သီးခြားထုတ်ကုန်များအဖြစ် အောင်မြင်လာနိုင် ခြင်း၊ သီးသန့်အမည်  သတ်မှတ်နိုင်ခြင်း၊ ထုတ် လုပ်သူများ၏ လုပ်ပိုင်ခွင့်ဖြင့် စီမံခန့်ခွဲ၍ ကာကွယ် နိုင်ခြင်း၊ ကုန်အမှတ်တံဆိပ်ကဲ့သို့  တစ်ဦးတည်းပိုင် မဟုတ်ဘဲ  သတ်မှတ်ကုန်ပစ္စည်း ထုတ်လုပ်သူ အားလုံးမှ အသုံးပြုနိုင်ခြင်း၊  အရည်အသွေး တစ် သမတ်တည်းရှိခြင်းကြောင့် ပိုမိုကောင်းမွန်သော ဈေးကွက်ရရှိနိုင်ခြင်း၊ ကုန်ပစ္စည်း ထုတ်လုပ်ရာ ဒေသနှင့် ဈေးကွက်တွင် အရည်အသွေးကို စီမံ ထိန်းချုပ်နိုင်ခြင်းဖြင့် အာမခံချက် အပြည့်အဝ ပေးနိုင်ပြီး သုံးစွဲသူ၏ ယုံကြည်မှုကို ရရှိနိုင်ခြင်း၊ စံချိန်စံညွှန်းကိုက်ညီသော ဒေသဆိုင်ရာအညွှန်း ထုတ်ကုန်များကို စားသုံးသူများမှ အလွယ်တကူ ရွေးချယ်နိုင်ခြင်း၊ ဒေသဆိုင်ရာအညွှန်းဖြင့် အကာ အကွယ်ယူမည့် ဒေသထွက်ကုန်ပစ္စည်း၏ စိုက်ပျိုး ထုတ်လုပ်မှု နည်းစနစ်များကို အသေးစိတ်သတ် မှတ်ချက်များဖြင့် သတ်မှတ်ထားပြီး ၎င်းအတိုင်း ဆောင်ရွက်မှု ရှိ၊ မရှိကို အစဉ်အမြဲစစ်ဆေးထိန်း သိမ်းရမည်ဖြစ်သဖြင့် ရိုးရာစိုက်ပျိုးမှု၊ ထုတ်လုပ်မှု နည်းစနစ်များကို  ထိန်းသိမ်းနိုင်ပြီး ထိုသို့ ထိန်း သိမ်းခြင်းဖြင့် တောတောင်ရေမြေသဘာဝ  ပတ် ဝန်းကျင်နှင့် ဇီဝမျိုးစိတ်မျိုးကွဲများကို မူလအခြေ အနေအတိုင်းရှိစေရန် ကာကွယ်စောင့်ရှောက်ရာ  ရောက်မည်ဖြစ်သည်။ ဒေသဆိုင်ရာအညွှန်းသည် လူ့ဘောင် အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင် ရွက်ရန်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရန် တို့အတွက် စသည့် အာမခံချက်ပေးနိုင်ခြင်း၊ ဒေသ ထုတ်ကုန်များ၏ တန်ဖိုးကို မြှင့်တင်နိုင်ခြင်းဖြင့် ဒေသ၏ အစဉ်အလာ၊ ယဉ်ကျေးမှုများကို ရှင်သန် စေခြင်း၊ ဒေသဆိုင်ရာအညွှန်း  ဖွံ့ဖြိုးတိုးတက်မှု သည် ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ကောင်းမွန် စေသော အကျိုးသက်ရောက်မှုများကို ရရှိစေခြင်း၊ နိုင်ငံခြားခရီးသွားများကို ဆွဲဆောင် နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည်။
စာမျက်နှာ ၂၃ သို့
စာမျက်နှာ ၂၂ ဆောင်းပါးမှအဆက်
စိန်ခေါ်မှုများ
မြန်မာနိုင်ငံတွင်သာမက အာဆီယံ ဒေသ တွင်း နိုင်ငံများ၌ပင် ဒေသတစ်ခုမှ ထွက်ရှိသော ထွက်ကုန်ပစ္စည်း (သို့မဟုတ်) ထုတ်ကုန်ပစ္စည်းများ ကို ဒေသဆိုင်ရာ အညွှန်းထွက်ကုန်ပစ္စည်းအဖြစ် ထုတ်လုပ်ရန်အတွက်   ထုတ်လုပ်သည့် အသင်း အဖွဲ့၊ အဖွဲ့အစည်းများအနေဖြင့် ထုတ်လုပ်မှု လုပ်ငန်းစဉ်/နည်းစဉ်    အခက်အခဲများ၊   နည်း ပညာ အခက်အခဲများ၊ ဒေသဆိုင်ရာ အညွှန်းနှင့် ပတ်သက်သည့် အသိပညာနည်းပါးမှုများ၊ အသင်း အဖွဲ့/အဖွဲ့အစည်းများ၏   စည်းလုံးမှု အားနည်း ခြင်းများကို   ရင်ဆိုင်ကြုံတွေ့ရလေ့ရှိပါကြောင်း လေ့လာတွေ့ရှိရသည်။ 
အကြံပြုချက်
သက်ဆိုင်ရာအစိုးရဌာနများ၊ ဒေသဆိုင် ရာ  အညွှန်း စိုက်ပျိုးထုတ်လုပ်သည့် တောင်သူလယ် သမားများ၊  ထုတ်လုပ်သူများ၊ အသင်းအဖွဲ့/ အဖွဲ့အစည်းများအနေဖြင့် ရင်ဆိုင်တွေ့ကြုံ နေရ  သည့် စိန်ခေါ်မှုများ၊ အခက်အခဲများကို ပူးပေါင်း ဆောင်ရွက်၍ ဖြေရှင်းရန်  လိုအပ်ပါကြောင်းနှင့် ဒေသဆိုင်ရာအညွှန်းနှင့်  စပ်လျဉ်းသည့် အသိ ပညာ ရရှိ စေရေးတို့အတွက်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်သင့်ပါကြောင်း အကြံပြုလိုပါသည်။
အချုပ်အားဖြင့်ဆိုသော်   ဒေသဆိုင်ရာ အညွှန်း မှတ်ပုံတင် အကာအကွယ်ပေးခြင်းစနစ် သည် လူပုဂ္ဂိုလ်  တစ်ဦးတစ်ယောက် သို့မဟုတ် လုပ်ငန်း/ကုမ္ပဏီ တစ်ခုတည်းကသာ မူပိုင်ခွင့် အကာအကွယ်ရရှိခြင်း မဟုတ်ဘဲ ဒေသထွက်ကုန် ပစ္စည်းထွက်ရှိရာ  ဒေသအတွင်းရှိ သက်ဆိုင်ရာ အသင်း၏    အသင်းဝင်/အဖွဲ့ဝင်များဖြစ်သည့် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအားလုံး က ရရှိခံစားနိုင်သော  အခွင့်အရေးတစ်ရပ်ပင် ဖြစ် သည်။ မိမိတို့ဒေသထွက်ကုန်ပစ္စည်းအား ဒေသ ဆိုင်ရာအညွှန်းမှတ်ပုံတင်ရန်အတွက် တစ်ခုတည်း သော ခိုင်မာအားကောင်းသည့်    အဆိုပါ    ထွက် ကုန်ဆိုင်ရာ   ဒေသဆိုင်ရာ   အညွှန်းအသင်းအဖွဲ့ (GI Association)) ပေါ်ပေါက် ဖြစ်တည်ရေးသည် အလွန်ပင် အရေးကြီးလှသည်။ အဆိုပါ ဒေသ ဆိုင်ရာ အညွှန်းအသင်းအဖွဲ့သည် သက်ဆိုင်ရာ ဒေသထွက်ကုန်အတွက် ဒေသဆိုင်ရာအညွှန်း(GI) မှတ်ပုံတင်ပိုင်ရှင်အဖြစ် ရပ်တည်နိုင်မည့် အခွင့် အရေးလည်းဖြစ်သည်။     
မြန်မာနိုင်ငံ၏ ဒေသထွက်ကုန်ပစ္စည်းများ အား ဈေးကွက်မြှင့်တင်  ဆောင်ရွက်နိုင်ရေး၊ နိုင်ငံ တကာဈေးကွက်သို့    ပိုမိုထိုးဖောက်နိုင်ရေးနှင့် ဒေသထွက်ကုန်များ စိုက်ပျိုးထုတ်လုပ်    တင်ပို့ ရောင်းချသူများနှင့်   အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းများ   ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်တို့အတွက်      ဒေသဆိုင်ရာ အညွှန်း (GI) ဖြင့်   ကာကွယ်ရယူနိုင်ရေး အလေး ထား ဆောင်ရွက်သင့်ပါကြောင်း  တိုက်တွန်းရေး သား ဖော်ပြလိုက်ရသည်။

 

မူပိုင်ခွင့်ဦးစီးဌာန