လျင်မြန်စွာပြောင်းလဲနေသော ယနေ့ခေတ် စီးပွားရေး အခင်း အကျင်းတွင် လုပ်ငန်းတစ်ခုစတင်ရန် ကြီးမားသော ကြိုတင်ရင်းနှီး မြှုပ်နှံမှု မလိုအပ်ပါ။ အအောင်မြင်ဆုံး လုပ်ငန်းအချို့သည် ကုန်ကျ စရိတ် အနည်းငယ်ဖြင့် စတင်ခဲ့ကြသည်။ ထိုကဲ့သို့ စတင်ရာတွင် တီထွင်ဖန်တီးနိုင်စွမ်း၊ မဟာဗျူဟာ ရေးဆွဲခြင်းနှင့် ဈေးကွက် အကြောင်း နားလည်ခြင်း စသည့်အချက်များ အရေးကြီးပါသည်။ သို့သော်လည်း ရွေးချယ်စရာလုပ်ငန်းများစွာရှိသည့်အနက် ကုန်ကျ စရိတ် အသက်သာဆုံးသောလုပ်ငန်း (Cost-effective business) ) စတင်လုပ်ကိုင်ရန် လိုအပ်သည်။ လုပ်ငန်း စတင်သည့် ကုန်ကျစရိတ် သက်သာပြီး အလားအလာကောင်းသော စီးပွားရေးလုပ်ငန်း ခုနစ် မျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ဝန်ဆောင်မှုအခြေခံ စီးပွားရေးလုပ်ငန်း
ကုန်ကျစရိတ် သက်သာစွာဖြင့် စတင်လုပ်ကိုင်နိုင်သော ထိပ်ဆုံး စာရင်းဝင်လုပ်ငန်းမှာ ဝန်ဆောင်မှုအခြေပြု စီးပွားရေးလုပ် ငန်းများ (Service-based businesses ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ၎င်းလုပ်ငန်းသည် အရင်းအနှီးများစွာ ရင်းနှီးမြှုပ်နှံခြင်းထက် လုပ်ငန်းကျွမ်းကျင်မှုနှင့် ဘာသာရပ် ကျွမ်းကျင်မှုတို့ပေါ် မူတည် နေသောကြောင့်ဖြစ်သည်။
ဝန်ဆောင်မှု အခြေခံစီးပွားရေးလုပ်ငန်း၏ ပထမဥပမာ တစ်ခု မှာ စာရေးခြင်း (Freelance writing) သို့မဟုတ် ဂရပ်ဖစ်ဒီဇိုင်း Graphic design) ) ဖြစ်သည်။ စာရေးခြင်း သို့မဟုတ် ဒီဇိုင်း ရေးဆွဲ ခြင်းဆိုင်ရာ အရည်အချင်းရှိသူဖြစ်ပါက ဃသညအနညအ ရေးသားလိုသော၊ ကုန်အမှတ်တံဆိပ် တည်ဆောက်လိုသော သို့မဟုတ် ဈေးကွက်ရှာဖွေ ရေးပစ္စည်း လိုအပ်နေသော စီးပွားရေးလုပ်ငန်းများအတွက် ဝန် ဆောင်မှုပေးနိုင်သည်။ စာရေးခြင်း သို့မဟုတ် ဒီဇိုင်းရေးဆွဲခြင်းသည် လုပ်ငန်းစတင်သော ကုန်ကျစရိတ် နည်းပါးပါသည်။ လုပ်ငန်း အတွက် ကွန်ပျူတာတစ်လုံးနှင့် အင်တာနက် ချိတ်ဆက်မှုတစ်ခုသာ လိုအပ်လေ့ရှိသည်။
ဒုတိယဥပမာမှာ အကြံပေးလုပ်ငန်း (Consulting) ဖြစ်သည်။ စီးပွားရေးအကြံပေးခြင်းBusiness consulting၊ ငွေကြေး အစီအစဉ် ရေးဆွဲခြင်း (Financial planning)) သို့မဟုတ် အသိပညာနှင့် အတွေ့ အကြုံ မြှင့်တင်ရေးအတွက် အကြံပေးခြင်းLife coaching)) စသည် ဖြင့် လုပ်ကိုင်နိုင်သည်။ ထို့အတွက် လုပ်ငန်းလိပ်စာကတ် (Business card) နှင့် ဝက်ဘ်ဆိုဒ်တစ်ခုတို့ဖြင့် လုပ်ငန်းစတင်နိုင်သည်။
နောက်ထပ်ဥပမာတစ်ခုမှာ အွန်လိုင်းမှ ဝန်ဆောင်မှုပေးခြင်း (Virtual assistant) ဖြစ်သည်။ အွန်လိုင်းစီးပွားရေးလုပ်ငန်း ပိုမို များပြားလာသည်နှင့်အမျှ Virtual assistant များ၏ လိုအပ်ချက် တစ် ဟုန်ထိုး တိုးတက်လာသည်။ လုပ်ငန်းအချိန်ဇယားဆွဲခြင်း (Scheduling၊ အီးမေးလ် စီမံခန့်ခွဲခြင်း email management) နှင့် ဖောက် သည်ဝန်ဆောင်မှုပေးခြင်း (Customer service) ) ကဲ့သို့သော လုပ်ငန်း ဆောင်တာများ အွန်းလိုင်းမှတစ်ဆင့် လုပ်ဆောင်ပေးရန်အတွက် အင်တာနက်ချိတ်ဆက်ထားသည့် ကွန်ပျူတာရှိရမည်။
(၂) ဒစ်ဂျစ်တယ်ထုတ်ကုန်ပစ္စည်း ရောင်းချခြင်း
ဒစ်ဂျစ်တယ် ထုတ်ကုန်များ ဖန်တီးရောင်းချခြင်းသည် အမြတ် အစွန်းများပြီး ကုန်ကျစရိတ် သက်သာသော စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်သည်။ ဒစ်ဂျစ်တယ်ထုတ်ကုန်များအဖြစ် eBookများ၊ အွန်လိုင်းသင်တန်းများ၊ ဆော့ဖ်ဝဲနှင့် ဒီဇိုင်းပုံစံများ Software and design templates) တွေ့မြင်နိုင်သည်။ ဤထုတ်ကုန်များ ဖန်တီးရန် အတွက် အချိန်ရင်းနှီးမြှုပ်နှံရန် လိုအပ်သည်။ သို့သော်လည်း တစ် ကြိမ် ဖန်တီးပြီးသည်နှင့် ၎င်းတို့ကို အပိုဝင်ငွေ (Passive income) ရရှိနိုင်သော ဇာစ်မြစ်ကြီးတစ်ခုအဖြစ် ထပ်ခါတလဲလဲ အသုံးပြု ရောင်းချနိုင်သည်။
(၃) တွဲဖက်ဈေးကွက်ရှာဖွေခြင်း
တွဲဖက်ဈေးကွက်ရှာဖွေခြင်း (Affiliate marketing) ဆိုသည် မှာ အခြားကုမ္ပဏီ၏ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုကို ကြော်ငြာ ခြင်း၊ အရောင်းမြှင့်တင်ပေခြင်းအားဖြင့် ကော်မရှင်ခ ရယူခြင်းဖြစ် သည်။ တွဲဖက်ဈေးကွက်ရှာဖွေခြင်းကို Partner marketing သို့မဟုတ် Associate marketing ဟူ၍လည်း ခေါ်ဆိုသည်။ မည်သည့် ထုတ် ကုန်မဆို ကိုယ်တိုင်ဖန်တီးရန် သို့မဟုတ် သိုလှောင်ရန် မလိုအပ်ပါ။ ယင်းအစား ဘလော့ဂ်၊ YouTube ချန်နယ် သို့မဟုတ် ဆိုရှယ်မီဒီယာ မှတစ်ဆင့် ဝယ်ယူသူ သို့မဟုတ် ပရိသတ်ရှာဖွေပြီး တွဲဖက်ထုတ်ကုန် များ ရောင်းချနိုင်သည်။ ဤ နေရာတွင် အဓိက ရင်းနှီးမြှုပ်နှံမှုမှာ အွန်လိုင်းအကြောင်းအရာ ဖန်တီးခြင်း Content creation နှင့် ဈေး ကွက်ရှာဖွေခြင်းအတွက် အချိန်နှင့် အားထုတ်မှုဖြစ်သည်။
(၄) အွန်လိုင်းအကြောင်းအရာဖန်တီးခြင်း
(YouTube, Blogging, Podcasting))
အကြောင်းအရာ သို့မဟုတ် ကိစ္စရပ်တစ်ခုခုကို စိတ်အားထက် သန်ပါက အဆိုပါ အကြောင်းအရာ သို့မဟုတ် ကိစ္စရပ်ကို လုပ်ကိုင် ဖန်တီးခြင်းသည် အကျိုးအမြတ်ရှိသော လုပ်ငန်းတစ်ခု ဖြစ်လာနိုင် သည်။ ဘလော့ဂ်၊YouTube ချန်နယ် သို့မဟုတ် ပေါ့တ်ကာစ်မှတစ်ဆင့် Content ရေးသားဖန်တီးခြင်းက ပရိသတ် ရရှိနိုင်သည်။ ထိုအခါ ကြော်ငြာ၊ ပံ့ပိုးကူညီမှု Sponsorships) နှင့် တွဲဖက်ဈေးကွက်ရှာဖွေခြင်း တို့မှတစ်ဆင့် ဝင်ငွေရှာဖွေနိုင်သည်။ အထူးသဖြင့် အခြေခံစက် ကိရိယာများ Basic equipment)) ဖြင့် လုပ်ငန်း စတင်သောကြောင့် ကုန်ကျစရိတ် သက်သာသည်။ ပရိသတ် ပိုမိုရရှိလာသည်နှင့်အမျှ လုပ်ငန်းအရွယ်အစား ချဲ့ထွင်နိုင်သည်။
(၅) ပွဲ သို့မဟုတ် အခမ်းအနား စီစဉ်ခြင်း
အဖွဲ့အစည်းဆိုင်ရာ ကျွမ်းကျင်မှု ((Organizational skills) ရှိပြီး ပွဲနှင့် အခမ်းအနား ညှိနှိုင်းကျင်းပခြင်းကို နှစ်သက်ပါက ပွဲစီစဉ် ခြင်းလုပ်ငန်း (Event planning business) စတင် လုပ်ကိုင်နိုင်သည်။ ပွဲစီစဉ်ခြင်းသည် လုပ်ငန်းစတင်သည့်စရိတ် အလွန်သက်သာသည်။ အဓိက ကုန်ကျစရိတ်များမှာ ဈေးကွက်ရှာဖွေရေး စရိတ်နှင့် သက် ဆိုင်ရာ အသိအမှတ်ပြုလက်မှတ် ရရှိရေးအတွက် စရိတ်များသာဖြစ် သည်။ ပွဲစီစဉ်ခြင်းကို အိမ်မှာနေ၍ လုပ်ကိုင်နိုင်သည်။ ပွဲကျင်းပရာ နေရာများတွင်လည်းကောင်း၊ အွန်လိုင်း ချိတ်ဆက်၍လည်းကောင်း ဖောက်သည်များနှင့် တွေ့ဆုံနိုင်သည်။ ဖောက်သည် ပိုမိုရရှိလာသည် နှင့်အမျှ လုပ်ငန်းဆက်လက် တိုးချဲ့နိုင်သည်။
(၆) အိမ်မွေးတိရစ္ဆာန် စောင့်ရှောက်ခြင်း
တိရစ္ဆာန်ချစ်သူများအတွက် အိမ်မွေးတိရစ္ဆာန်စောင့်ရှောက် ခြင်း (Pet sitting) သို့မဟုတ် ခွေးလမ်းလျှောက်ခြင်း Dog walking)) ကဲ့သို့သော အိမ်မွေးတိရစ္ဆာန် စောင့်ရှောက်ခြင်းသည် စတင်သည့် ကုန်ကျစရိတ် အလွန်နည်းသော လုပ်ငန်းတစ်ခုဖြစ်သည်။ တိရစ္ဆာန် လည်ဆွဲ၊ အရုပ် သို့မဟုတ် ရှေးဦးသူနာပြုကိရိယာ ကဲ့သို့သော အခြေခံပစ္စည်းများ လိုအပ်နိုင်သည်။ သို့သော်လည်း အဆိုပါ အခြေခံ ပစ္စည်းများ ဝယ်ယူရင်းနှီးမြှုပ်နှံခြင်းသည် ဈေးကွက် ချဲ့ထွင်ရန် အတွက် ကုန်ကျစရိတ်များသာ ဖြစ်သည်။ ဖောက်သည် ခိုင်မြဲရေး အတွက် အိမ်မွေးတိရစ္ဆာန် အလှပြင်ပေးခြင်း သို့မဟုတ် လေ့ကျင့် သင်ကြားပေးခြင်းကဲ့သို့သော အပိုဝန်ဆောင်မှုများ လုပ်ဆောင်နိုင် သည်။
(၇) လူမှုမီဒီယာ စီမံခန့်ခွဲခြင်း
စီးပွားရေးလုပ်ငန်းအများစု အထူးသဖြင့် အသေးစား လုပ်ငန်း များသည် ဆိုရှယ်မီဒီယာ ကြာရှည်ရှင်သန်ရန် ကြိုးစားရုန်းကန်နေရ သည်။ ဆိုရှယ်မီဒီယာနှစ်သက်ပါက ဆိုရှယ်မီဒီယာမန်နေဂျာ Social media manager)) အဖြစ် ဝန်ဆောင်မှုပေးနိုင်သည်။ ဤလုပ်ငန်းသည် ကုန်ကျစရိတ်အနည်းဆုံး ဖြစ်နိုင်သည်။ အခြေခံအားဖြင့် ကွန်ပျူတာ တစ်လုံးနှင့် အင်တာနက် အသုံးပြု ခွင့်ရှိပြီး ဆိုရှယ်မီဒီယာပလက် ဖောင်းအမျိုးမျိုးကို နားလည် သဘောပေါက်ထားရန် လိုအပ်ပါသည်။
အဓိကအချက်မှာ လုပ်ငန်းစတင်သော စရိတ်သည် ကျွမ်းကျင် မှု၊ စိတ်ဝင်စားမှုနှင့် ရင်းနှီးမြှုပ်နှံလိုသည့် အချိန်ပမာဏအပေါ် မူ တည်သည်။ ဝန်ဆောင်မှုအခြေခံ စီးပွားရေးလုပ်ငန်းနှင့် ဒစ်ဂျစ်တယ် ထုတ်ကုန်ဖန်တီးမှုတို့သည် ၎င်းတို့၏ လုပ်ငန်းစတင်သည့် ကုန်ကျ စရိတ် နည်းပါးခြင်းနှင့် ကျွမ်းကျင်မှုတို့ကြောင့် ထိပ်တန်းလုပ်ငန်း စာရင်းထဲတွင် ပါဝင်သည်။ မည်သည့်လုပ်ငန်းမဆို အောင်မြင်မှု၏ သော့ချက်မှာ ကုန်ကျစရိတ် လျှော့ချရုံသာမက တန်ဖိုး အမြင့်ဆုံး ဖန်တီးပေးရန်ဖြစ်သည်။ အရွယ်အစား သေးငယ်သော လုပ်ငန်းကို စတင်လုပ်ကိုင်ရပါမည်။ ဖောက်သည်များထံ တန်ဖိုးအများဆုံး ဖြည့်ဆည်းပေးရန် အာရုံစိုက်ရပါမည်။ ထို့ပြင် အချိန်နှင့်အမျှ လုပ် ငန်းတိုးချဲ့ရန်အတွက် အမြတ်ငွေများ ပြန်လည် ရင်းနှီးမြှုပ်နှံရပါမည်။
Source: forbes.com
သိန်းမြင့်ဝေ