အာရှတိုက်တွင် နေထိုင်ကြသော လူအများစုတွင် ခန္ဓာ ကိုယ်အာဟာရနှင့် ဆာလောင်မှုပြေပျောက်စေရန် ဆန်ကို အဓိက အစားအစာ (Staple Food) အဖြစ် သတ်မှတ်ပြီးသားဖြစ်သည်။ အနည်းဆုံး တစ်ရက်လျှင် နှစ်ကြိမ်စားသုံးကြသည်။
ကမ္ဘာတွင် ဆန်အမျိုးအစားပေါင်းများစွာရှိသည်။ အရေ အတွက်အားဖြင့် ၁၂၀ဝ၀ ထက်ပိုသည်ဟု လေ့လာသိရှိရသည်။ မြန်မာနိုင်ငံတွင် ဆန်အမျိုးအစားပေါင်း ၂၀ဝ၀ နီးပါးခန့်ရှိသည်။ နိုင်ငံအလိုက် ရာသီဥတု၊ ရေ၊ မြေ၊ သဘာဝကိုမှီတည်၍ ဆန်နီ၊ ဆန်နက်၊ ဆန်ခရမ်းရောင်၊ ဆန်ညိုနှင့် ဆန်ဖြူများအဖြစ် ရှိကြ သည်။ မြန်မာနိုင်ငံတွင် ဆန်ညို၊ ဆန်ဖြူနှင့် ပေါင်းဆန်များကို အဓိကတွေ့ရသည်။ ဆန်အမျိုးအစားများအနေဖြင့် ထွက်ရှိလာ သော စပါးစေ့၊ ထိုစပါးစေ့၏ အခွံချွတ်ပြီး လုံးတီးဆန်၊ ထိုလုံးတီး ဆန်အား ကြိတ်ဖွပ်၍ ထွက်ရှိလာသော ဆန်ဖြူစေ့တို့၏ အလျား၊ အနံ၊ အချိုး၊ အရွယ်အစားများကို သတ်မှတ်ထားသော စံချိန် စံညွှန်းများနှင့်အညီ ကိုက်ညှိခွဲခြားထားပြီးမှသာ လုံးရှည်စပါး Long))၊ လုံးလယ်စပါး (Medium))၊ လုံးပုစပါး Short ဟူ၍ အရွယ်အစားနှင့် ပုံသဏ္ဌာန်ပေါ်မူတည်ပြီး အမျိုးအစား ကွဲပြား သွားကြသည်။
အာရှတိုက်ရှိ နိုင်ငံအသီးသီးတွင် ထွက်ရှိလာသော ဆန် သား၏ အလုံး၊ အဝန်း၊ အရွယ်အစား၊ အနံ့၊ အရသာနှင့်ပါဝင်သော သြဇာဓာတ်များပေါ်မူတည်ပြီး မြန်မာနိုင်ငံတွင် ပေါ်ဆန်း(Paw San))၊ အိန္ဒိယနိုင်ငံတွင် ဘာစမာတီ Basmati)၊ ထိုင်းနိုင်ငံတွင် ထိုင်းဂျက်စမင်Thai Jasmine)၊ တရုတ်နိုင်ငံတွင် ဝူချမ်းဆန် Wuchang)၊ လာအို၊ ဗီယက်နမ်နိုင်ငံတွင် ဂျက်စမင်ဆန် Jasmine)) စသည်ဖြင့် ထိုအမည်ရှိဆန်များကိုအရည်အသွေး အကောင်းဆုံး ဆန်များဟု သတ်မှတ်ထားကြသည်။
ဆန်၏အရည်အသွေးကို အကျိုးအကြေ (Broken)) ပါဝင်မှု၊ ဆန်စေ့၏ ဗိုက်ဖြူ(White Belly))၊ ဆန်သား၏ အလယ်ဖြူWhite Center)ပါဝင်မှု၊ မြေဖြူရောင်ဆန်သား(Chalky Kernel)၊ မှည့်ဇွမ်း ဆန် (Damanged Kernel)) နှင့် ဆန်ဝါအရောင်ပျက် (Yellow Kernel)) များ ကင်းစင်ခြင်း ရှိ၊ မရှိပေါ်မူတည်၍ အရည်အသွေး ကွဲပြားသွားကြသည်။
ဆန်များကို ပျက်စီးစေသော အကြောင်းရင်းအနေဖြင့် မည် သည့်သီးနှံ ဟင်းသီးဟင်းရွက်ကိုမဆို ရိတ်သိမ်းခူးဆွတ်ပြီးနောက် သိုလှောင်ထားရှိစဉ် အစိုဓာတ်နှင့် အပူချိန်သည် အဓိကကျနေ ကြောင်း တွေ့ရသည်။ စပါး၏ အစိုဓာတ်ကို ၁၈ ရာခိုင်နှုန်းထက် မပိုစေရန်နှင့် ကြိတ်ဖွပ်ပြီး ထွက်ရှိ လာသော ဆန်၏ အစိုဓာတ်ကို ၁၄-၁၅ ရာခိုင်နှုန်းထက် မကျော်လွန်စေရန်လည်း သတ်မှတ်ထား ပြီးဖြစ်သည်။ အစိုဓာတ်မှာ ပတ်ဝန်းကျင်ရှိ စိုထိုင်းဆများအပေါ် လိုက်၍ ပြောင်းလဲတတ်ခြင်းကြောင့် စိုထိုင်းဆများလျှင် အစို ဓာတ်များမည်ဖြစ်ပြီး တစ်ဆက်တည်း သီးနှံမူလရှိရင်း အရည် အသွေးများကို ယိုယွင်းပျက်စီးစေသော အခြေအနေသို့ ရောက် ရန် ဦးတည်သွားမည်ဖြစ်သည်။ ဆိုလိုသည်မှာ သီးနှံ၏ ပိုလျှံအစို ဓာတ်ကြောင့် ဆန်အပေါ်ယံဖွဲနုလွှာတွင် မျက်စိဖြင့် မမြင်နိုင်သော အဏုဇီဝ ဘက်တီးရီးယားများနှင့် မှိုများ မျက်စိဖြင့် မြင်နိုင်သော အင်းဆက်ပိုးကောင်များ Insect)) ပေါက်ပွားလာမည်ဖြစ်သည်။ ထိုအင်းဆက်များဖြစ်သည့် ထိုးပိုးများ၊ ဆန်ထွေး ဖလံပိုး၊ ဖောက် ပိုး၊ သီးနှံအစေ့ ဖောက်ပိုးများ၊ ဆန်ဆင်ပိုး စသော အမျိုးအစားများ သည် ဆန်၏ အတွင်းအပြင်များတွင် ပေါက်ပွား၍ စားသောက် ဖျက်ဆီးခြင်းကြောင့် သီးနှံအရည်အသွေး ကျဆင်းပျက်စီးလာ မည်ဖြစ်သည်။
ထို့အတူ မျက်စိဖြင့်မမြင်ရသော မှို၊ ဘက်တီးရီးယား ပိုးမွှား များအပိုင်းကိုကြည့်လျှင် စားသုံးသူများအား အန္တရာယ်ပေးစေ သည့် မှိုဆိပ်များ Mycotoxin) ကို ထုတ်လုပ်တတ်သော အက် စပါးဂျီလတ်စ် (Aspergillus)) ပင်နီဆီလီယမ် (Penicillum))မှိုတို့ကို ပေါက်ပွားစေနိုင်မည်ဖြစ်သည်။ ဆန်သီးနှံအား သိုလှောင် ထားရှိစဉ်တွင် လုပ်ထုံးလုပ်နည်းစနစ်များ၊ ရာသီဥတု ရေမြေ သဘာဝ အနေအထားနှင့် ရိတ်သိမ်းစပါးထားရှိသိုလှောင်ရုံ ပုံစံများအပေါ်မူတည်၍ သီးနှံအတွင်း၌ မမြင်ရသော PH ချဉ်/ ငံ ဓာတ်ပါဝင်မှု၊ အချိန် Time) အောက်စီဂျင် (O2) အနည်းအများ အစိုဓာတ်ရေ၏ လုပ်ဆောင်ချက် (AW)၊ အာဟာရဓာတ်ပါဝင်မှု စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှသာ အဆိုပါပိုးများ ပေါက်ပွား မည်ဖြစ်သည်။ အကယ်၍ ထိုဆန်သိုလှောင်ရုံ အဖျက်ပိုးများပေါက် ပွားခဲ့သည်ရှိသော် ကာကွယ်နှိမ်နင်းရန် သက်ဆိုင်ရာ ပိုးမွှားအမျိုး အစားအလိုက် ပိုးသတ်မှိုင်းတိုက်ခြင်း၊ ဆေးခိုးလွှတ်ခြင်း၊ ဆေး မှုန့်ဖြူးခြင်းများ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုပိုးသတ်မှိုင်း တိုက်ထားသည့် ဆန်များအား စားသုံးသူလက်ဝယ် မရောက်မီ စိုက်ပျိုးရောင်းချသူ၊ ဝယ်ယူသူများက ဓာတုပိုးသတ်ဆေးြွကင်း (Pesticide Residue) ကျန်၊ မကျန် သက်ဆိုင်ရာ ဓာတ်ခွဲခန်းများ တွင် စမ်းသပ်စစ်ဆေး အတည်ပြုထောက်ခံချက်ဖြင့်သာ စိတ်ချ လက်ချ ရောင်းခြင်း၊ ဝယ်ခြင်း ပြုလုပ်သင့်သည်။
အပူချိန်ကဏ္ဍတွင် ပတ်ဝန်းကျင်၏ အပူချိန်ကြောင့် သတ် မှတ်ချက်ထက် ပိုမိုမြင့်တက်လာခဲ့လျှင် စပါးပုံအတွင်း အောင်းပူ ဖြစ်ပေါ်လာ၍ စပါးများ အပူကွက်ခြင်း၊ အပူလောင်ခြင်း ဖြစ်စေ ပြီး ထွက်ရှိလာသော ဆန်သားများတွင် အနည်းနှင့်အများ ဆန်ဖြူ အပြင် ဆန်ဝါများထွက်ရှိလာမည်ဖြစ်သည်။ ဆန်များ၏ ဖွဲ့စည်း တည်ဆောက်ပုံနှင့် ဓာတ်သဘာဝအရ ဆန်များအား မူလအတိုင်း စား၍မရခြင်းမှာ ဆန်သားများကို ဆဲလ်လူလို့(Cellulose))နံရံများ မှ ဝန်းရံထားသဖြင့် ရေများနှင့် အသုံးပြုချက်ပြုတ်မှသာ ပျော့ ပျောင်း၍ ဆန်သားအရှည်ထွက်နူးနပ်သည့် သဘောရှိသည်။ ဆဲလ် လူလို့(Cellulose))နံရံဆိုသည်မှာ အဓိကအားဖြင့် ကာဗိုဟိုက် တြိတ်ဓာတ်များ ရှုပ်ထွေးပေါင်းစပ်ပါဝင်နေသည့် အပင်ဆဲလ်နံရံ များဟု ဆိုထားသည်။ အာဟာရဓာတ်များတွင် (က) ကစီဓာတ် ၇၅ ရာခိုင်နှုန်းခန့်၊ (ခ) အသားဓာတ် ၇-၁၀ ရာခိုင်နှုန်းခန့်၊ (ဂ) အဆီဓာတ် ၂ ရာခိုင်နှုန်း၊ (ဃ) အမိုင်နိုအက်စစ်များ ရှစ်မျိုးပါဝင်၍ အစာချေဖျက်မှုကို အထောက်အကူပြုစေသည်။ ဥပမာ Valine(Val)၊ Methionine (Met) Theronine(Thr) စသည်ဖြင့် ဆေးပညာရပ် အရ သိရှိနိုင်သည်။ (င) အင်အော်ဂဲနစ်သတ္တုဓာတ်များ အုပ်စုတွင် ဆီလီကွန်(Si)၊ ဆိုဒီယမ် (Na)၊ ကယ်ဆီယမ်(Ca)၊ ဆာလဖာ (S) များပါဝင်နေပြီး (စ) သတ္တုဓာတ်နှင့် သက်စောင့် ဗီတာမင်ဓာတ်များ အနေဖြင့် ဗီတာမင် B1,B6,B12၊ ဖောလစ်အက်စစ်၊ အိုင်းယွန်း၊ ဇင့်နှင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးသော အမျှင်ဓာတ်(Fiber)) တို့ပါဝင်နေပြီး အရေအတွက်မှာ ဆန်အမျိုးအစားနှင့် ကြိတ်ခွဲမှု ပုံစံအပေါ်မူတည်၍ ကွဲပြားသွားမည်ဖြစ်သည်။ ဥပမာ ရိုးရိုးအခွံ ချွတ်ပြီး ဆန်ညိုတွင် Fiber ၁ ဒသမ ၁ ရာခိုင်နှုန်း၊ ဖွဲနုကြိတ်ဖွပ်ပြီး ဆန်ဖြူတွင် သုည ဒသမ ၄၊ သုည ဒသမ ၃၊ သုည ဒသမ ၂ ရာခိုင် နှုန်း စသည်ဖြင့် အရေ အတွက် ရာခိုင်နှုန်းအားဖြင့် ၁ ရာခိုင်နှုန်း အောက် Less than 1)ပါဝင်နေမည်ဖြစ်သည်။ အမိုင်းလို့ဓာတ် (Amylose) ပါဝင်မှု ၂၂-၂၇ ရာခိုင်နှုန်း ကြားသည် အသင့်အတင့် ဖြစ်သည်ဆိုထားပြီး များနေပါက ထမင်းကြမ်း၍ ဖွယ်စေပြီး အအေးခံသောအခါ မာကြောသော အခြေအနေကို တွေ့ရသည်။ အမိုင်လိုပက်တင်း (Amylopectin)ပါဝင်မှုတွင် ရိုးရိုးသာမန်ဆန် တွင် ၇၇ ဒသမ ၉၃ ရာခိုင်းနှုန်းမျှပါဝင်နိုင်ပြီး စေးကပ်ခြင်း၊ ကော် ဖြစ်လွယ်ခြင်း သတ္တိရှိသည်။
အချုပ်အားဖြင့်ဆိုသော် ကျွန်ုပ်တို့နေ့စဉ်ထိတွေ့ စားသုံး နေရသည့် ထမင်းအိုးထဲမှ ဆန်ကလေးများသည် အာဟာရဓာတ် များအပြင် ၎င်းနှင်ယှဉ်တွဲထွက်လာသည့် ဆန်ကွဲများ၊ ဖွဲနုစသော ထွက်ကုန်များနှင့် သက်ဆိုင်သည့် တိရစ္ဆာန်အစာ၊ ဖြည့်စွက်အစာ၊ ဆန်နှင့်ပြုလုပ်သော မုန့်မျိုးစုံနှင့် စပါးခွံမှုန့်များဖြင့် ပြုလုပ်သော ခြင်ဆေးခွေ၊ မီးသွေးတောင့် စသည်ဖြင့် အိမ်တွင်းစက်မှု လက်မှု လုပ်ငန်းများကို အထောက်အကူပြုနေသည့် အကျိုးကျေးဇူး များ စွာရှိသော ဂုဏ်ရည်ကို လေ့လာသိရှိထားသမျှ စားသုံးသူများ ဗဟု သုတရစေရန် ရေးသားလိုက်ရပါသည်။
ကိုးကား- သီးနှံရူပဓာတ်ခွဲခန်းနှင့်သက်ဆိုင်သော
အချက်အလက် (CTQM/လှည်းကူး)
အဏုဇီဝပိုးမွှားဓာတ်ခွဲခန်းနှင့်သက်ဆိုင်သော
အချက်အလက် (CTQM /လှည်းကူး)
Internet
မာမာရီ