ယခင်က လူသားများသည် ငွေကြေးများ သတ်မှတ်သုံးစွဲမှု ပုံစံ မရှိသေးသည့်အတွက် (၁၉)ရာစုလောက်မှစတင်၍ ကုန်စည်များကို ဖလှယ်၍ သုံးစွဲသည့်စနစ်အား စတင်အသုံးပြုလာကြသည်။ ယင်း နောက်ပိုင်းတွင် ငွေကြေးသုံးစွဲမှုများရှိလာသည့်အခါ ကုန်စည်များကို သတ်မှတ်ငွေကြေးများဖြင့် မျက်မြင် စိတ်ကြိုက်ရွေးချယ်ပြီး ဝယ်ယူ လာကြပြန်သည်။ ယင်းကဲ့သို့သော အခြေအနေများ ထွန်းကားလာ သည့်အလျောက် ဈေးကြီးများ၊Super Market များနှင့် Shopping center များမှာလည်း ကမ္ဘာအနှံ့ ခေတ်မီစွာ ပေါ်ထွက်လာခဲ့သည်။ သို့သော် ၂၀၁၉ ခုနှစ် မှစ၍ ကမ္ဘာ့နေရာအနှံ့ ဖြစ်ပွားနေသော ကိုဗစ် (၁၉)ကပ်ရောဂါကြောင့် အများ ပြည်သူတို့အကြား တစ်ဦးနှင့်တစ်ဦး ခပ်ဝေးဝေး နေထိုင်ကြရသည့် ဖြစ်စဉ်များကြောင့် အီလက်ထရွန်နစ် ကုန်သွယ်ရေး (E-Commerce) လုပ်ငန်းများ၊ အွန်လိုင်းဈေးဝယ် လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
အလားတူပင် မြန်မာနိုင်ငံ၌လည်း ကိုဗစ်ကာလတွင် Online မှတစ်ဆင့် ဈေးရောင်းဝယ်မှုလုပ်ငန်းများ မြင့်တက်လာခဲ့ကြောင်း သိရသည်။ ကိုဗစ်ကာလအတွင်း အလုပ်အကိုင် ရပ်နားထားရမှု အခြေအနေများကြောင့် အနုပညာရှင်အချို့ပင် Online ရောင်းဝယ် ရေးဈေးကွက် အခြေအနေသို့ရောက်ရှိလာသကဲ့သို့ Onlineပေါ်တွင် အသေးအမွှားကုန်စည်များသာမက တန်ဖိုးကြီး စိန်ရွှေရတနာများ အထိ ရောင်းချမှုများ ဆောင်ရွက်လာကြသည်ကို တွေ့ရှိရသည်။
ယခုကဲ့သို့ Online Sales ရောင်းဝယ်မှုများ တိုးတက်လာသည့် အခြေအနေတွင်စားသုံးသူများ၏ လိုလားချက်အပေါ် မူတည်၍Onlineပေါ်တွင် လိမ်လည်မှုများ ပေါများသည်။ ဥပမာ Online ပေါ်တွင် လိပ်စာနှင့် ဖုန်းနံပါတ်များ အတိအကျ ဖော်ပြထားခြင်းမရှိ သည့် Facebook Page အတုများဖြင့် ဈေးရောင်းချပြီး ငွေကြိုလွှဲခိုင်း ခြင်း၊ ငွေလွှဲရရှိပြီးပါကBlock သွားခြင်း (သို့မဟုတ်) အဆက်အသွယ် ဖြတ်တောက်လိုက်ခြင်း၊ နောက်တစ်မျိုးမှာ မိမိရောင်းချနေသည့် Online Page သည် နာမည်ကြီးလူကြိုက်များလာပါက မိမိဈေးရောင်း ချနေသည့် Online Account သို့မဟုတ် Facebook Page တို့အား မသမာသူတို့က အတုပြုလုပ်၍ စားသုံးသူများထံ ငွေကြေးလိမ်လည်မှု များ ရယူဆောင်ရွက်နေခြင်း၊ နောက်ထပ်မတူညီသည့် လိမ်လည် နည်း တစ်မျိုးမှာတော့ Online ပေါ်တွင် Post တင်၍ ရောင်းချသော ပစ္စည်းနှင့် အမှန်တကယ်ရောက်ရှိလာသည့် ပစ္စည်းများမှာ မတူညီဘဲ အရည်အသွေး နိမ့်နေသည့် ပစ္စည်းများကို စားသုံးသူထံပေးပို့၍ လိမ် လည်ရောင်းချနေခြင်းမျိုးဖြစ်သည်။ နောက်ဆုံး လိမ်လည်မှုတစ်မျိုး မှာ ပို၍အရေးကြီးသည်ဟု ဆိုနိုင်သည်။ တားမြစ်ထားသော ကုန်စည် များ၊ ဆေးဝါးများနှင့် အလှကုန်များအား လိပ်စာနှင့် ဖုန်းနံပါတ်များ မပါရှိသည့် Page အတု များဖြင့် လိမ်လည် ရောင်းချနေခြင်းတို့ကြောင့် စားသုံးသူအချို့မှာ အသက်ဆုံးရှုံးရသည့် အခြေအနေမျိုးများပါ ရင်ဆိုင်လာရခြင်းမျိုးရှိလာသည်။ ဥပမာPage အတု တစ်ခုသည် ကိုယ်ဝန်ဖျက်ချဆေးများအား တရားဝင် အသိအမှတ်ပြုဆေးသဖွယ် ကြော်ငြာအား ကောင်းကောင်းဖြင့် ရောင်းချခဲ့ပြီး အဆိုပါဆေးကို မသိနားမလည်ဘဲ သုံးစွဲခဲ့သည့် အမျိုးသမီးမှာ အသက်ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်မျိုးဖြစ်ပေါ်ခဲ့ပြီး ယင်းအခြေအနေကို စာရေးသူကိုယ်တိုင်နှင့် သက်ဆိုင်ရာ FDA၏ Online စောင့်ကြည့်ရေးTeam တို့ဖြင့်ပူးပေါင်း ၍ နောက်ကြောင်းပြန်ခြေရာခံ စုံစမ်းဖော်ထုတ်ခြင်းများကို ဆောင် ရွက်ခဲ့ရသည်။ ထိုအခြေအနေမျိုးတွင် နောက်ကြောင်းပြန် ခြေရာခံ လိုက်ရန် ခက်ခဲခဲ့သည်။
လိမ်လည်သူများသည် လိမ်လည်မှု ဆောင်ရွက်ရန်အတွက် တမင်ရည်ရွယ်ချက်ရှိရှိဖြင့်Facebook Page နှင့် Account များအား ဖွင့်လှစ်ထားခြင်းကြောင့် ၎င်းတို့အားခြေရာခံနိုင်သည့် လိပ်စာ၊ ဖုန်း နံပါတ် အပါအဝင် အခြားသော အချက်အလက်များ အားလုံးကို ဖျောက်ထားခြင်း (သို့မဟုတ်) ဖော်ပြထားမှု မရှိခြင်းကြောင့် ဖြစ် သည်။ ထို့အပြင် ၎င်းတို့၏ Page နှင့် Account အတုများအား အလွယ်တကူ ခြေရာမခံနိုင်စေရန်အတွက် ပုံစံတူ Page နှင့် Account အတုများစွာကိုလည်း ဖွင့်လှစ်ထားတတ်ကြသေးသည်။
အဆိုပါ အခြေအနေများကို ထိန်းချုပ်နိုင်ရန်အတွက် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည်Online Sales ရောင်းဝယ်မှုများကို အရေးကြီးဝန်ဆောင်မှုအဖြစ် အမိန့်ကြော်ငြာစာ အမှတ် (၅၀/၂၀၂၃) ဖြင့် သတ်မှတ်ကြေညာခဲ့ခြင်းဖြစ်သည်။ အွန်လိုင်း စနစ်ဖြင့်ရောင်းဝယ်ခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ အမိန့်ကြော် ငြာစာနှင့် အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ခွင့်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကုန်သွယ်ရေးဦးစီးဌာနအား အမိန့်ကြော်ငြာစာအမှတ် (၄၉/၂၀၂၃)ဖြင့် အာဏာအပ်နှင်းထား သည့်အတွက် ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ဥညူငညန မှတစ်ဆင့် မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်သည့် E -Commerce Registration Syatem (eComReg System)) အားတည်ထောင်၍http://www.ecomreg.gov.mm မှ တစ်ဆင့် ဝင်ရောက်၍ Online Sales ရောင်း ဝယ်မှု လုပ်ငန်းများ မှတ်ပုံတင်နိုင်အောင် ဆောင်ရွက်ခဲ့သည်။
ထို့ကြောင့် Online အသုံးပြု၍ ဆောင်ရွက်ရသည့် Social media များဖြစ်သည့် Facebook Page Youtube Wechat Line Whatsapp Tiktok Instagram တို့အပြင် Mobile application website တို့မှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းများကို မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို ဦးတည်ရောင်းချနေသည့် မည်သည့် စီးပွားရေးလုပ်ငန်းမဆို Online Sales မှတ်ပုံတင်ခြင်း လုပ်ငန်းကို မဖြစ်မနေလုပ်ဆောင်ရန်ဖြစ်သည်။ ထို့အပြင် မိမိကိုယ် ပိုင် ထုတ်လုပ်သည့် ကုန်ပစ္စည်းကိုသော် လည်းကောင်း၊ ကြော်ငြာရှင် များ လာရောက်အပ်နှံထားသည့် ကုန်စည်များကိုသော်လည်းကောင်း မိမိတို့ ဖွင့်လှစ်ထားသောSocial media Account များမှတစ်ဆင့် ကြော်ငြာခြင်းများ ဆောင်ရွက်နေသည့်Influencer များ အနေဖြင့် လည်းOnline Sales မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ထားရမှာဖြစ် သည်။ Online Sales လုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းရှင် များအနေဖြင့် မှတ်ပုံတင်ထားခြင်းမရှိဘဲ ရောင်းချနေပါက အရေး ကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက် ခံရမည်ဖြစ်သည်။
ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သည် ]]အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ဆိုင်ရာ အမိန့်}}ကို အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃)ဖြင့် ထုတ်ပြန်ခဲ့ သည်။ အဆိုပါ အမိန့်ကြော်ငြာစာ၏ အခန်း(၃) အပိုဒ် ၇(ခ)တွင် ]]မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ကုန်သွယ် ရေးဦးစီးဌာနသည် စားသုံးသူရေးရာဦးစီးဌာနနှင့် ညှိနှိုင်း၍ မြေပြင် အခြေအနေ စစ်ဆေးခြင်းများကို ဆောင်ရွက်ရမည်}}ဟု ဖော်ပြထား သည့်အတွက် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မှတ်ပုံတင်ထား သည့် အချက်အလက်များသည် မြေပြင်တွင် မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် တာဝန်ရှိလာသည်။
ထို့ကြောင့် ကုန်သွယ်ရေးဦးစီးဌာန အနေဖြင့်လည်း အွန် လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်လက်မှတ် စိစစ် ထုတ်ပေးခြင်း၊ မြေပြင်စစ်ဆေးခြင်းနှင့် အရေးယူခြင်း ကိစ္စရပ်များ နှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်(SOP) ကိုလည်း ရေးဆွဲပြဋ္ဌာန်းလိုက် သည်။
အဆိုပါ အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) ၏ အခန်း(၃) အပိုဒ်၇(ခ) နှင့် ှဥဏ တို့တွင် ဖော်ပြထားသော တာဝန်များအရ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဥညူငညန ှေူနျ လုပ်ငန်းများနှင့် ပတ်သက်၍ အဓိက တာဝန်ကြီး(၃)ရပ်ကို ဆောင်ရွက်ရသည်။
ပထမတာဝန်တစ်ရပ်မှာ စီးပွားရေးလုပ်ငန်းရှင်များက ၎င်း တို့ရောင်းချလုပ်ကိုင်မည့် Online Sale လုပ်ငန်းများအား eComReg System မှ တစ်ဆင့် မှတ်ပုံတင်လျှောက်ထားသည့် အချက်အလက် များကို မြေပြင်မှန်ကန် မှုရှိ၊ မရှိ နှင့် ၎င်းတို့ ရောင်းချနေသည့် ကုန် စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်း ရှိ/မရှိ ကိုပါ တစ်ပါတည်း စုံစမ်းစစ်ဆေးပြီး အချက်အလက်များကို eComReg System ထံသို့ Data များပေးပို့ရသော တာဝန်ဖြစ်သည်။ စားသုံးသူ ရေးရာဦးစီးဌာနက စစ်ဆေးရေးအရာရှိများက မြေပြင်ကွင်းဆင်းစစ် ဆေးပြီး ပေးပို့လိုက်သည့် အဆိုပါ အချက်အလက်များကို စစ်ဆေး ပြီးမှသာ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း(သို့မဟုတ်) မှတ်ပုံတင် လက်မှတ် လျှောက်ထားခြင်းအား ပယ်ချခြင်း စသည့်လုပ်ဆောင်ချက် များကို ကုန်သွယ်ရေးဦးစီးဌာနက ဆက်လက်ဆောင်ရွက်ရ မည်ဖြစ် သည်။
ဒုတိယတာဝန်တစ်ရပ်မှာ Online Sale မှတ်ပုံတင်လက် မှတ်ရရှိပြီးသား စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်မည့် တာဝန်များ ပျက်ကွက်ခြင်း ရှိ/မရှိကို စစ်ဆေးရခြင်း ဖြစ်သည်။ ထို အပိုင်းကလည်း အရေးကြီးသည်ဟု ဆိုနိုင်သည်။ မှတ်ပုံတင်လက် မှတ်ရရှိထားသူ၏ရောင်းချနေသည့် ကုန်စည်/ဝန်ဆောင်မှုအပေါ် တာဝန်ယူဖြေရှင်း နိုင်ခြင်း ရှိ/မရှိ၊ အရောင်းပြေစာပေးအပ်ခြင်း ရှိ/မရှိ၊ မှတ်ပုံတင် လျှောက်ထားစဉ်ကမပါသည့် ကုန်စည်များကို ရောင်းချနေခြင်းမျိုး ရှိ/မရှိ၊ ငွေပေးချေသည့် နည်းလမ်း(သို့) ကုန် စည်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များအား ရှင်းလင်း စွာ ဖော်ပြထားခြင်းရှိ/မရှိ၊ ကုန်ပစ္စည်းကိုဝယ်ယူသွားပြီး နောက်ပိုင်း တွင် စားသုံးသူမှ မနှစ်သက်ပါက ပြန်လည်အပ်နှံနိုင်သည့်အချိန်ကာလ (သို့မဟုတ်)ဖြေရှင်းရမည့်နည်းလမ်းများအား ဖော်ပြထားခြင်း ရှိ/မရှိ၊ မှတ်ပုံတင်လက်မှတ်အား အခြားသူများထံသို့ ထပ်ဆင့် လွှဲအပ်ထားခြင်း ရှိ/ မရှိ၊ စားသုံးသူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက် အလက်များအား ထိန်းသိမ်းထားမှု ရှိ/မရှိ နှင့် အခြားဌာနဆိုင်ရာ များမှ သတ်မှတ်ထားသော စည်းကမ်းသတ်မှတ်ချက်များအား လိုက် နာခြင်းရှိ/မရှိ၊ ကုန် ပစ္စည်းနှင့်ပတ်သက်၍ အငြင်းပွားမှု ဖြစ်ပွားပါ ကလည်း တာဝန်ယူမှုနှင့် တာဝန်ခံမှု ရှိ/မရှိ စသည့် အချက်အလက် များကိုလည်း စစ်ဆေး ဆောင်ရွက်ရသည်။
ထိုအချက်အလက်များကို ကျူးလွန်ကြောင်း တွေ့ရှိလျှင် ]]မှတ်ပုံတင်လက်မှတ်အား ပယ်ဖျက်ခြင်း (သို့မဟုတ်) ကာလအကန့် အသတ်ဖြင့် ဆိုင်းငံ့ခြင်း}}တို့ကို ကုန်သွယ်ရေးဦးစီးဌာနမှ ဆောင်ရွက် သွားမည်ဖြစ်သည်။ သို့သော် စစ်ဆေးနေသည့် ကုန်စည်များထဲတွင် ရောင်းချရန်ခွင့်မပြုထားသော ကုန်စည်(သို့မဟုတ်)တားမြစ်/ ကန့် သတ်ကုန်စည်များ စစ်ဆေးတွေ့ရှိရ ပါက သက်ဆိုင်ရာတည်ဆဲဥပဒေ များအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။ တတိယ တာဝန် မှာ မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ တို့ကို မြေပြင်တွင် စစ်ဆေးဆောင်ရွက်ရခြင်းဖြစ်သည်။ မှတ်ပုံတင် လက်မှတ်မရှိဘဲ လုပ်ငန်းဆောင်ရွက်နေသည်ကို တွေ့ရှိရပါက အဆိုပါ လုပ်ငန်းရှင်အား စားသုံးသူရေးရာဦးစီးဌာနမှ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်။
ယခုကဲ့သို့ ကလေးမှအစ လူကြီးအဆုံးSocial Media အားonline ပေါ်တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေသည့် ခေတ်ကြီး တွင် စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ ထုတ်လုပ်/ တင်ပို့ ရောင်းချလိုက်သည့် ကုန်စည်များကို ဈေးကွက်ထိုးဖောက်နိုင်ရန် အတွက် ှသခငေူ နြိငေ များအား နည်းပေါင်းစုံဖြင့် အသုံးပြုလာကြ သည်။ ထို့ကြောင့် ဥညူငညန ပေါ်ရှိ ှသခငေူ နြိငေ များအား အသုံးပြု ၍ တစ်ဆင့်ရောင်းဝယ်မှုလုပ်ငန်းများ ဆောင်ရွက်နေကြသည့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဥညူငညန ှေူနလုပ်ငန်း မှတ်ပုံ တင်ခြင်းများကို ဆောင်ရွက်ထားကြရန်အတွက် တိုက်တွန်းလိုပါ ကြောင်းနှင့် မှတ်ပုံတင်ဆောင်ရွက်ထားပါက စားသုံးသူများ၏ ယုံ ကြည်စိတ်ချမှုကိုရသော လုပ်ငန်းအဖြစ် အခြေတည်ရပ်တည်နိုင်မည် ဖြစ်သကဲ့သို့ လိမ်လည်သူများမှ မိမိတို့၏လုပ်ငန်း ဗခခသကညအ များအား အတုပြုလုပ်၍ ဂုဏ်သိက္ခာပိုင်းညှိုးနွမ်းအောင် ဆောင်ရွက်လာမှုများ ရှိလာပါကလည်း ဥပဒေနှင့်အညီ အကာအကွယ် ရရှိနိုင်မည်ဖြစ် သည်။
စားသုံးသူများအနေဖြင့်လည်း ဥညူငညန ပေါ်မှ ဈေးဝယ်မည် ဆိုပါက ဥညူငညန ှေူနျ မှတ်ပုံတင် လက်မှတ်ရရှိထားသည့် Page နှင့် Account အ များထံမှ ဝယ်ယူခြင်းဖြင့် လိမ်လည်မှုများမှ ရှောင်ရှားနိုင် မည်ဖြစ်သကဲ့သို့ စားသုံးသူနစ်နာမှုများ ရှိလာပါကလည်း လုပ်ငန်း ရှင်များမှ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိစွာဖြင့် ဖြေရှင်းဆောင် ရွက်ပေးသည့် ဝန်ဆောင်မှုကိုလည်း လက်ခံရရှိမည်ဖြစ်ကြောင်း ရေးသားတင်ပြခြင်းဖြင့် အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ် ထားသည့်် Online Sales လုပ်ငန်းများ မှတ်ပုံတင်ခြင်းစနစ်နှင့် ဆက် နွှယ်နေသည့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းတာဝန်များ အကြောင်း အများပြည်သူများ သိရှိနိုင်စေရန်အတွက် မျှဝေတင်ပြ လိုက်ရသည်။
ဒေါက်တာသရဖီထွန်း (ဧရာဝတီ)