Main menu

Background

MSMEဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းကောင်းများရရှိ

Tue, 03/04/2025 - 13:20 -- journal_editor

အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ MSMEs သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်သည်။MSMEsလုပ်ငန်းများသည် နိုင်ငံ၏ စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်   အဓိကမောင်းနှင်အားဖြစ်သည့် အတွက်MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက် ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည်ဖြစ်သည်။
နိုင်ငံခြားဝင်ငွေရရှိရေး၊ နိုင်ငံခြားသုံးစွဲငွေလျှော့ချပြီး သွင်း ကုန်အစားထိုးရေး၊ ပြည်တွင်း စားရေရိက္ခာဖူလုံရေးတို့သည် တိုင်း ပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် အချက် များဖြစ်သည်။ သို့ဖြစ်၍ ပြည်တွင်းရှိMSMEsလုပ်ငန်းများကို အား ပေးကူညီပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ ပြည်ပပို့ကုန် တိုးမြှင့်ရေး၊ သွင်းကုန်အစားထိုး ကုန်ပစ္စည်းများကို ပြည်တွင်း၌ ပိုမို ထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရပေမည်။ 
MSMEs  များသည် နိုင်ငံ၏ စီးပွားရေးအပေါ် အပြုသဘော ဆောင်သော သက်ရောက်မှုများစွာရှိသည်။ ၎င်းတို့သည် အလုပ် အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုကို  အထောက်အကူပြုခြင်း၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အထောက်အပံ့ပေးခြင်း၊ တီထွင်ဆန်းသစ်မှုကို မြှင့်တင်ပေးခြင်းနှင့် ဒေသဆိုင်ရာ စီးပွားရေးကို အားကောင်းစေခြင်းတို့တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သည်။
အလုပ်အကိုင်၊ အခွင့်အလမ်းများ ဖန်တီးပေးခြင်း
MSMEs များသည် အလုပ်အကိုင်၊ အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်သော အဓိကအရင်းအမြစ်တစ်ခုဖြစ်သည်။ ၎င်းတို့ သည် အသေးစားလုပ်ငန်းများမှသည် အလတ်စားလုပ်ငန်းများအထိ ကျယ်ပြန့်သော  လုပ်ငန်းနယ်ပယ်များတွင်   လုပ်ကိုင်လျက်ရှိပြီး လူငယ်များနှင့် အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်း များကို ဖန်တီးပေးလျက်ရှိသည်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုခြင်း
MSMEsများသည် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျောရိုးမဏ္ဍိုင်ဖြစ်သည်။MSMEs လုပ်ငန်းများမှာ ကုန်ထုတ် လုပ်မှု၊ ဝန်ဆောင်မှုနှင့် ကုန်သွယ်မှု ကဏ္ဍများတွင် ပါဝင်ဆောင်ရွက် လျက်ရှိပြီး နိုင်ငံ၏ GDP တိုးတက်မှုအတွက် အထောက်အကူပြုသည်။
ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အထောက်အပံ့ပေးခြင်း
MSMEs များသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အရေးပါသော လက်နက်တစ်ခုဖြစ်သည်။ MSMEs များမှာ ကျေး လက်ဒေသများနှင့် မြို့ပြများတွင် အလုပ်အကိုင် အခွင့်အလမ်းများ ကို ဖန်တီးပေးခြင်းဖြင့် တစ်ဦးချင်းဝင်ငွေကို မြှင့်တင်ပေးပြီး ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးကို အထောက်အပံ့ပေးသည်။
တီထွင်ဆန်းသစ်မှုကို မြှင့်တင်ပေးခြင်း
MSMEs များသည် တီထွင် ဆန်းသစ်မှုအတွက် အရေးပါသော အရင်းအမြစ်တစ်ခုဖြစ်သည်။ ၎င်းတို့သည် သေးငယ်သော လုပ်ငန်း များဖြစ်သောကြောင့် စမ်းသပ်မှုများနှင့် ပြောင်းလဲမှုများကို လျင်မြန် စွာပြုလုပ်နိုင်ပြီး တီထွင်ဆန်းသစ်သော ထုတ်ကုန်များနှင့် ဝန်ဆောင် မှုများကို ထုတ်လုပ်ပေးနိုင်သည်။
ဒေသဆိုင်ရာ စီးပွားရေးကို အားကောင်းစေခြင်း
MSMEs များသည် ဒေသတွင်းရှိ ကုန်ကြမ်းများကို အသုံး ပြုခြင်း၊ ဒေသခံများကို အလုပ်ခန့်ထားခြင်းနှင့် ဒေသတွင်းရှိ စားသုံး သူများအတွက် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ထောက်ပံ့ပေး ခြင်းဖြင့် ဒေသဆိုင်ရာ စီးပွားရေးကို အားကောင်းစေသည်။
ထို့အပြင်MSMEsများသည် နိုင်ငံ၏ စီးပွားရေးကို ပိုမိုအား ကောင်းစေရန်အတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက် ရှိပြီး စီးပွားရေးကို ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိစေခြင်း၊ စီးပွားရေးကို ပိုမို ကျယ်ပြန့်စေခြင်းနှင့် စီးပွားရေးကို ပိုမိုတည်ငြိမ်စေသည်။
သို့ရာတွင်MSMEsလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိန်ခေါ်မှုများနှင့် အခက်အခဲများစွာရှိနေသည်။ အဆိုပါ အခက်အခဲ များမှာ-
    (က)    မတည်ရင်းနှီးငွေဆိုင်ရာ အခက်အခဲ။    
      MSMEsလုပ်ငန်းများအနေဖြင့် မိမိတို့ ၏ ထုတ်ကုန်များကို အရည်အသွေးမြင့်မားရေး၊ တီထွင်ဆန်းသစ်မှုရှိသော ထုတ်ကုန်အမယ်အသစ်များ ထုတ်လုပ်နိုင်ရေး၊ စဉ်ဆက် မပြတ် လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် မတည်ရင်းနှီး ငွေ လိုအပ်လျက်ရှိသည်။
    (ခ)    နည်းပညာဆိုင်ရာ အခက်အခဲ။ 
        လက်ရှိအချိန်အခါသည်Digitalization  အသွင်ကူး ပြောင်းမှုကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များအနေ ဖြင့် နည်းပညာဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်နေရ သည့်အပြင် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများနှင့် စပ်လျဉ်း ၍ လုပ်ငန်းစဉ်အဆင့်ဆင့်တွင် ထုတ်လုပ်မှုဆိုင်ရာ နည်း ပညာများ၊ တီထွင်ဆန်းသစ်မှုဆိုင်ရာ  နည်းပညာများ လိုအပ်လျက်ရှိသည်။
    (ဂ)    ဈေးကွက်ရှာဖွေမှု အခက်အခဲ။
       MSMEs လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ထုတ်ကုန် ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ရောင်းချဖြန့်ဖြူးရန် ပြည်တွင်း၊ ပြည်ပ ဈေးကွက်လိုအပ်ချက်မှာလည်း အခက် အခဲတစ်ခုဖြစ်သည်။
    (ဃ)    စီမံခန့်ခွဲမှုစွမ်းရည် မြှင့်တင်ခြင်း။     
      MSMEs လုပ်ငန်းများသည် အောင်မြင်စွာ လည်ပတ်နိုင် ရန်အတွက် စီမံခန့်ခွဲမှုစွမ်းရည် မြင့်မားရန် လိုအပ်သည်။
    (င)    အခြေခံအဆောက်အအုံ။    
     MSMEs  လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် လျှပ်စစ်မီး၊  လမ်းပန်းဆက်သွယ်ရေးနှင့်  အခြားသော  အခြေခံ အဆောက်အအုံများ လိုအပ်ပါသည်။
ြှနြ လုပ်ငန်းရှင်များအနေဖြင့် မတည်ရင်းနှီးငွေ အခက် အခဲ၊ နည်းပညာဆိုင်ရာ အခက်အခဲ၊ ဈေးကွက်ချိတ်ဆက်မှုဆိုင်ရာအခက်အခဲများကို ရင်ဆိုင်နေရချိန်တွင် အဆိုပါ အခက်အခဲများကို တစ်နေရာတည်းတွင် ဖြေရှင်းနိုင်သည့်(၇၈)နှစ်မြောက် ပြည်ထောင်စု နေ့ အထိမ်းအမှတ် ပြည်ထောင်စုအဆင့်MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်အနီး တပေါင်းကွင်း ၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ မတည် ရင်းနှီးငွေအခက်အခဲကို ဖြေရှင်းနိုင်မည့် ဘဏ်လုပ်ငန်းရှင်များ အသင်း၊ နည်းပညာဆိုင်ရာ အခက်အခဲများကို ဖြေရှင်းနိုင်မည့် သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာနမှ ပြခန်း၊ ီငါငအေူ ဃသညညနမ ပြခန်းများ၊ ပြည်ပဈေးကွက်ချိတ်ဆက်မှု၊ စီးပွားရေးသံမှူးများနှင့် အွန်လိုင်းမှ ချိတ်ဆက်ဆွေးနွေးမှုကို ဆောင်ရွက်ပေးသည့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကျြငညနျ ြအေခ့ငညါ ပြခန်းများ၊ ပြည်တွင်း စီးပွားရေးဈေးကွက် ချိတ်ဆက်နိုင်မည့် ဃငအပ ြမေအယ ဗျငေ ူငါ့အယ ဂမုန်းပွင့် စသည့် ကုန်တိုက်ပေါင်း ၁၂ ခု၊MSMEs ထုတ်ကုန် များကို အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်မည့် ခေတ်မီစက်ကိရိ ယာ ပြခန်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ဒေသအလိုက် ြှနြ ထုတ်ကုန်ပြခန်းများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ပြခန်း များဖြင့်   စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ ီငါငအေူ နည်းပညာ၊ အရည်အသွေးဆိုင်ရာ နည်းပညာနှင့်ပတ်သက်၍ သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန ပြခန်းနှင့်Digital Conner ပြခန်းများတွင် နည်းပညာပံ့ပိုးရန်နှင့် ပူးပေါင်း ဆောင်ရွက်ရန် တောင်းခံသူ ၅၀၊ နည်းပညာ ဝန်ဆောင်မှုနှင့် သင် တန်းပေးရန် တောင်းခံသူ ၂၁၀၊ တိကျမှန်ကန်စွာ တိုင်းတာမှု၊ မြန်မာစံချိန်စံညွှန်းနှင့်  ှှုဥ လက်မှတ် ရယူနိုင်ရေးကိစ္စ ဆွေးနွေးမေးမြန်းသူ ၉၂ ဦးရှိခဲ့ကြောင်း သိရသည်။ 
ပြည်ပဈေးကွက်ချိတ်ဆက်မှု၊    စီးပွားရေးသံမှူးများနှင့် အွန်လိုင်းမှ ချိတ်ဆက်ဆွေးနွေးမှုကို ဆောင်ရွက်ပေးသည့် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ Business Matching ပြခန်းများတွင်  တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ MSMEs လုပ်ငန်းရှင်များမှ စီးပွားချိတ်ဆက် ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြပြီး မွန်ပြည်နယ်MSMEsလုပ်ငန်းများမှ ချိတ်ဆက်ဆွေးနွေးမှုအနေဖြင့် အိန္ဒိယနိုင်ငံနှင့်  ချိတ်ဆက်မှု နှစ်ဦး၊ တရုတ်နိုင်ငံနှင့်ချိတ်ဆက်မှု နှစ်ဦး၊ ရုရှားနိုင်ငံနှင့်  ချိတ်ဆက်မှု တစ်ဦး၊ စင်ကာပူနှင့် ချိတ်ဆက်မှု တစ်ဦး၊ ဂျပန်နိုင်ငံနှင့် ချိတ်ဆက်မှု တစ်ဦး၊ ထိုင်းနိုင်ငံနှင့်ချိတ်ဆက် မှုတစ်ဦး၊ ကိုရီးယားနိုင်ငံနှင့် ချိတ်ဆက်မှုတစ်ဦး၊ ဗီယက်နမ်နိုင်ငံနှင့် ချိတ်ဆက်မှု တစ်ဦး၊ စုစုပေါင်း နိုင်ငံပေါင်း ရှစ်နိုင်ငံနှင့် ချိတ်ဆက် နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မွန်ပြည်နယ်MSMEsလုပ်ငန်းများမှ ပြည်တွင်းဈေး ကွက်ချိတ်ဆက်မှုအနေဖြင့် ဃငအပ ြမေအ နှင့် သုံးဦး၊ ဏမသ-၁ နှင့် တစ်ဦး ချိတ်ဆက်နိုင်ခဲ့ကြောင်း သိရှိရသည်။
လျှပ်စစ်မီး ရရှိရေးအခက်အခဲများကို ဖြေရှင်းနိုင်ရန်MSMEလုပ်ငန်းရှင်များအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် Renewable Energy)) ကို အသုံးပြုသင့်သည်။ နိုင်ငံတော်အနေဖြင့်လည်း လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းရာတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် Renewable Energy) ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ် သည့် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စု အဆင့်MSME ထုတ်ကုန်ပြပွဲနှင့်  ပြိုင်ပွဲတွင် ြှနြ ထုတ်ကုန် ပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပပြုလုပ်ခဲ့ရာ  ပါဝင်ယှဉ်ပြိုင်သူ ၁၉၃ ဦး  ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုအမျိုးအစား ခုနစ်မျိုး၊ ဆုပေါင်း ၆၃ ဆု ချီးမြှင့်ခဲ့ရာ အဆိုပါဆုချီးမြှင့်ခြင်းကိုDigital  အသွင်ကူးပြောင်းမှုကို လက်တွေ့ကျကျ ဆောင်ရွက်သည့်အနေဖြင့်Digital  နည်းပညာဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဆုရွေးချယ်ရာတွင် စံသတ်မှတ် ချက် (Criteria) ၁၀ ချက်အပေါ် အခြေခံပြီး ရွေးချယ်ခဲ့ရာ အဆိုပါ စံသတ်မှတ်ချက်များအနက်မှ အချို့မှာ ကုန်ပစ္စည်းထုတ်လုပ်ရာတွင် ဒေသတွင်း ကုန်ကြမ်းပစ္စည်းအသုံးပြုမှု၊ ဒေသတွင်း အလုပ်အကိုင် ဖန်တီးပေးနိုင်မှု၊ ဆန်းသစ်တီထွင်မှုနှင့် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်နိုင်မှု၊ ပြည်တွင်း/ ပြည်ပဈေးကွက် ချဲ့ထွင်ရေးအစီအစဉ်၊ လုပ် ငန်းဆိုင်ရာ အသိအမှတ်ပြု လက်မှတ်များ၊သတင်းအချက်အလက်နည်းပညာဆိုင်ရာ ကဏ္ဍများ ပါဝင်မှု၊ ီငါငအေူ စီးပွားရေးအသွင်ကူး ပြောင်းမှုတွင် လိုက်ပါဆောင်ရွက်နိုင်မှု၊ စွမ်းအင်ချွေတာရေးနှင့် ဂေဟစနစ်ထိန်းသိမ်းသော စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှု၊ အစိမ်းရောင် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုနှင့် Circular Economy  ကျင့် သုံးဖော်ဆောင်မှု စသည့် အချက်များအပေါ် အခြေခံ ရွေးချယ်ခဲ့ ကြောင်း သိရှိရသည်။ ထိုသို့  Criteria  သတ်မှတ်ခြင်းကြောင့်MSME ထုတ်ကုန်ပြိုင်ပွဲဝင်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ထုတ်ကုန်များကို သတ်မှတ် စံချိန်စံညွှန်းပြည့်မီစေရန်Digital အသွင်ကူးပြောင်းရန်၊ စွမ်းအင်ချွေတာရန်၊ Circular Economyကျင့်သုံးရန်ကြိုးစားဆောင် ရွက်ထားကြကြောင်း သိရှိရသည်။
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စု အဆင့်MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ၌MSMEs ဖွံ့ဖြိုးတိုးတက်ရေး အတွက် မတည်ရင်းနှီးငွေ ချိတ်ဆက်မှု၊ နည်းပညာဆိုင်ရာချိတ်ဆက်မှု၊ ပြည်တွင်း/ပြည်ပ ဈေးကွက်ချိတ်ဆက်မှုနှင့် သက်ဆိုင်ရာ ဝန်ကြီး ဌာနများ၏One Stop Services  များကို ရယူဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။ 
သို့ဖြစ်၍ အဆိုပါပြပွဲကြီးသည်MSME ဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာအထောက်အကူ ပြုသည့် ပြပွဲတစ်ခုဖြစ်ပြီးMSME  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းတစ်ခုဆိုလျှင်လည်း မှား မည်မထင်ပါ။ ယခုကဲ့သို့MSMEလုပ်ငန်းများအတွက်  One Stop Services ကို ရရှိနိုင်မည့် အခွင့်အလမ်းများကို ဖန်တီးပေးခြင်းဖြင့်MSMEထုတ်ကုန်များသည် အရည်အသွေးမြင့်မားပြီး ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းရှိသော၊ ပြည်ပဈေးကွက်ချဲ့ထွင်နိုင်သော ထုတ်ကုန် များ ပိုမိုထုတ်လုပ်လာနိုင်ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုအတွက် အားကောင်းသော စီးပွားရေးမဏ္ဍိုင် တစ်ခုဖြစ်လာမည်ဟု ယုံကြည်မိပါသည်။

 

မိုးမိုး(မွန်)