Main menu

Background

လူနေမှုဘဝ အစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့

Tue, 03/04/2025 - 13:27 -- journal_editor

နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ သည် မတ်လ ၁၅ ရက်တွင်ကျရောက်လာတော့မည်ဖြစ်သည်။ စား သုံးသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို မြှင့်တင်ဖော်ဆောင် သည့်အနေဖြင့် အပြည်ပြည်ဆိုင်ရာစားသုံးသူများအဖွဲ့ (Consumers International-CI)) က ဦးဆောင်၍ ကမ္ဘာ့စားသုံးသူ အခွင့်အရေး များနေ့ကို     ဆောင်ပုဒ်အမျိုးမျိုးသတ်မှတ်၍ နှစ်စဉ်ကျင်းပလျက်ရှိပြီး စားသုံးသူကာကွယ်ရေး အသင်းအဖွဲ့များနှင့် အစိုးရဌာနအဖွဲ့အစည်း များက အဆိုပါဆောင်ပုဒ်နှင့်အညီ စားသုံးသူ အသိပညာပေး လူထု လှုပ်ရှားမှုများစွာကို ကမ္ဘာတစ်ဝန်းတွင် ကျင်းပကြသည်။ ယခုနှစ် အတွက် အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့က သတ်မှတ်ထား သော ဆောင်ပုဒ်မှာ ]]လူနေမှုဘဝ အစဉ်တည်တံ့ဖို့ မျှတအသွင် ကူး ပြောင်းစို့}} (A Just Transition to Sustainable Lifestyles) ဖြစ်သည်။ 
လွန်ခဲ့သည့်    ဆယ်စုနှစ်အတွင်း ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရာ သီဥတု ဆိုးရွားမှုများ ကြုံတွေ့ခဲ့ကြရပြီး စားသုံးသူများ၏အသက်၊   အိုးအိမ်နှင့် လူမှုဘဝများစွာပျက်စီးဆုံးရှုံးခဲ့ကြရသည်။ တစ်ချိန်တည်း တွင် ဇီဝမျိုးကွဲများပျက်စီးဆုံးရှုံးခြင်းနှင့် လေထု၊ ရေထု ညစ်ညမ်းမှု သည်လည်း လူသားများ၏ ကျန်းမာရေးကို ခြိမ်းခြောက်လျက်ရှိ သည်။ အဆိုပါ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကြောင့် ကမ္ဘာတစ်ဝန်း စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ် စေပြီး စားသုံးသူများ၏ လူမှုဘဝ တိုးတက်မြင့်မားမှုများအပေါ် သက် ရောက်မှုများရှိနေသည်။ 
ရေရှည်တည်တံ့သည့် စားသုံးမှုအလေ့အထများအား လိုက်နာဆောင်ရွက်ခြင်း
သစ်တောသစ်ပင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ လေထု၊ ရေထု ညစ်ညမ်းမှု  လျော့နည်းအောင်ဆောင်ရွက်ခြင်းစသည့် သဘာဝ ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်း စောင့်ရှောက်မှုများအပြင် အခြေခံ ကျသည့် နေ့စဉ်လူနေမှုဘဝများရှိ နေထိုင်သွားလာမှု၊ အစားအစာ ဝယ်ယူမှုများကိုပါ ဂရုတစိုက် ပြောင်းလဲကျင့်သုံးခြင်းဖြင့် ရေရှည် တည်တံ့သည့် စားသုံးမှုအလေ့အထများ ဖြစ်‌ပေါ်တိုးတက်လာမည်ဖြစ် သည်။ ရေရှည်တည်တံ့၍ ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စား သောက်မှုပုံစံများကို စားသုံးသူများ ပိုမိုရွေးချယ်လာအောင် ကျင့်သုံး ဆောင်ရွက်ခြင်းဖြင့် စားသုံးသူများ၏ လူနေမှုဘဝများတိုးတက်မြင့် မားလာပြီး အပင်နှင့် သက်ရှိတို့၏ ရှင်သန်ရပ်တည်မှုကို အထောက် အပံ့ဖြစ်စေနိုင်မည်ဖြစ်သည်။ နေထိုင်စားသုံးမှု ပုံစံကို  ပြောင်းလဲကျင့် သုံးသည့်အနေဖြင့် ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေ သည့် ထုတ်ကုန်များ (Eco-friendly Products) ကို ရွေးချယ်ဝယ်ယူ အသုံးပြုခြင်းသည် ငွေကြေးကုန်ကျစရိတ် များပြားလိမ့်မည်ဟု စား သုံးသူ  အများအပြားက  ယူဆကြသည်။ အမှန်တကယ်အားဖြင့် သဘာဝပတ်ဝန်းကျင်ကို  ထိခိုက်မှုလျော့နည်းသက်သာစေသည့် ထုတ်ကုန်များသည် ငွေကြေးကုန်ကျစရိတ်များပြားမှုမရှိဘဲ သက်ရှိ လူသားများနှင့် အပင်များ၏  ရှင်သန်နေထိုင်မှု အစဉ်တိုးတက်ရေးအတွက်ဖြစ်သည်ဆိုသည်ကို စားသုံးသူများပိုမို သိရှိအောင် ဆောင် ရွက်ကြရမည်ဖြစ်သည်။
ရေရှည်တည်တံ့သော စားသုံးမှုအလေ့အထနှင့် ပတ်သက်ပြီး စားသုံးသူများ ပိုမိုသိရှိနားလည်စေရန်နှင့် နည်းစနစ်မှန်ကန်စွာ လိုက်နာကျင့် သုံးနိုင်စေရန်အတွက် နည်းလမ်းအချို့ကို တင်ပြပါ သည်။
စွန့်ပစ်မှုအား လျှော့ချခြင်းနှင့် စွန့်ပစ်ပစ္စည်းများအား မီးရှို့ခြင်းမှ ရှောင်ကြဉ်ခြင်း
စားသုံးမှုလျှော့ချခြင်းသည် စွန့်ပစ်မှုကိုပါ လျော့နည်းသက် သာစေသည့်အတွက် အစားအစာများကို ပြင်ဆင်ချက်ပြုတ်ရာတွင် လိုအပ်သည့်ပမာဏကို တတ်နိုင်သမျှ ခန့်မှန်းတွက်ချက်ပြီး ပြင်ဆင် ချက်ပြုခြင်းဖြင့် စွန့်ပစ်မှုကို လျှော့ချနိုင်မည်ဖြစ်သည်။ စွန့်ပစ်ပစ္စည်း များကို သီးခြားစီခွဲ၍ တတ်နိုင်သမျှ ပြန်လည်အသုံးပြုခြင်းဖြင့်လည်း စွန့်ပစ်မှုကို လျော့နည်းစေသည်။ ထို့အပြင် စွန့်ပစ်ပစ္စည်းများအား မီးရှို့ခြင်းသည်  ဥပဒေနှင့် မညီသည့်အပြင် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်လွှတ်သည့်အတွက် ရှောင်ကြဉ်ရမည်ဖြစ်သည်။ ခရီးမိုင်ပေါင်းများစွာဝေးကွာသည့် ပြည်ပ နိုင်ငံများမှ ကုန်စည်များကို သယ်ယူအသုံးပြုခြင်းထက် ပြည်တွင်း အရင်းအမြစ်များဖြင့် ပြုလုပ်ထားသော ပြည်တွင်းထုတ်ကုန်စည်များ ကို အသုံးပြုခြင်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု ပမာဏကို လျှော့ချနိုင်မည်ဖြစ်သည်။
ထည့်စရာအိတ်များကို ယူဆောင်လာခြင်း
အသုံးမလိုသည့် တစ်ခါသုံး ပလတ်စတစ်အိတ်များကို ရှောင် ကြဉ်၍ ထည့်စရာခွက်များဖြင့် ထုပ်ပိုးသယ်ဆောင်ခြင်းသည် ပလတ် စတစ်အိတ်သုံးစွဲမှုကို လျှော့ချပေးရာ ရောက်သည်။ ထို့အပြင် ဝယ်ယူ မည့်ဈေးဝယ်စာရင်းကို သေချာပြင်ဆင်၍ ပြန်လည်အသုံးပြုနိုင်သည့် ထည့်စရာခွက်များနှင့်  အိတ်များကို ဈေးဝယ်ရာတွင် တစ်ပါတည်း ယူဆောင်ခြင်းသည် ပလတ်စတစ်အိတ် အသုံးပြုမှုကို လျော့နည်း သက်သာစေသည်။
ပြန်လည်အသုံးပြုခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း
ပစ္စည်းအသစ်တစ်ခုမဝယ်ယူမီ ရှိနှင့်နေပြီးသား ပစ္စည်းအား ပြန်လည်အသုံးပြု၍ ရ/မရ သေချာစွာ ကြည့်ရှုခြင်းသည် မလိုအပ် သော ငွေကြေးဖြုန်းတီးမှုကို လျှော့ချရာရောက်သည်။ ပစ္စည်းများကို စွန့်ပစ်ရာတွင်လည်း မစွန့်ပစ်မီ ပြန်လည်ပြင်ဆင်၍အသုံးပြု ရ/မရ စစ်ဆေးခြင်းနှင့် တတ်နိုင်သမျှ ပြန်လည်ပြင်ဆင်၍ အသုံးပြုခြင်းကို ဆောင်ရွက်ရန်လိုအပ်သည်။
ကာဗွန်ထုတ်လွှတ်မှုကို ခြေရာခံတိုင်းတာနိုင်သော ကုန်အညွှန်း အမှတ်အသား Type 1 Ecolabels or Carbon Footprint Labels နှင့် စွမ်းအင်ထုတ်လွှတ်မှုကို ဖော်ပြပေးသော ကုန်အညွှန်းအမှတ် အသား (Energy Efficiency Label) များ ကပ်နှိပ်ထားသည့် ကုန်စည် များအား အသုံးပြုခြင်း ရေရှည်အသုံးပြုနိုင်သော အရည်အသွေး ရှိသည့် ကုန်စည်များကို ရွေးချယ်အသုံးပြု ခြင်းဖြင့် ကုန်စည်များအား မကြာခဏ ဝယ်ယူနေရသည့် လိုအပ်ချက်ကို လျော့နည်းသက်သာ စေသည့်အပြင် အဆိုပါကုန်စည်များအား ဝယ်ယူအသုံးပြုသည့် အတွက်  သဘာဝပတ်ဝန်းကျင်နှင့် သဘာဝအရင်းအမြစ်များ၏ ပစ္စုပ္ပန်နှင့် အနာဂတ် သာယာဝပြောမှုကို ဖြစ်ပေါ်စေသည်။ တတိယ အဖွဲ့ အစည်းများအနေဖြင့် လေသန့်စင်မှုအရည်အသွေး၊ စွမ်းအင် အသုံးပြုမှုနှင့် အခြားသောစံနှုန်းများအပေါ် အခြေခံ၍ ဖော်ပြပါ ကုန်အညွှန်းအမှတ်အသား‌များကို စိစစ်ရွေးချယ် ပေးအပ်ကြသည်။                အိမ်နီးချင်း  အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ကာဗွန်ထုတ်လွှတ်မှုကို ခြေရာခံတိုင်းတာနိုင် သော ကုန်အညွှန်းအမှတ်အသားများကို Green Choice label  Product CO2 label စသည့် အမည်နာမအမျိုးမျိုးဖြင့် ကုန်စည်များ တွင် ရိုက်နှိပ်ဖော်ပြထားကြောင်း လေ့လာသိရှိရသည်။ စွမ်းအင်သုံး စွဲမှု  ချွေတာသည့် အသုံးအဆောင်ပစ္စည်းများသည် ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လွှတ်မှုကိုလျှော့ချနိုင်ရုံသာမက လျှပ်စစ် မီတာခကိုပါ သက်သာစေနိုင်သည်။ ထို့ကြောင့် မိမိဝယ်ယူမည့်ကုန် စည်၏ စွမ်းအင်သုံးစွဲမှုပမာဏ Energy Efficiency rating) ကို ဆန်း စစ်ရန်အတွက် ကုန်စည်ပေါ်တွင် ကပ်နှိပ်ထားသည့် Energy Efficiency Labelကို ဖတ်ရှုရမည်ဖြစ်သည်။ အာဆီယံနိုင်ငံများဖြစ် သည့် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ရှိ ထုတ်လုပ်သူများအနေဖြင့် ကုန်စည်များ ပေါ်တွင် နညနမါပ န်ငခငနညခပ ူဘေနူ ကို ကပ်နှိပ်ဖော်ပြထားသည်ကို လေ့လာသိရသည်။
အရင်းအမြစ်များအား စုပေါင်းမျှဝေအသုံးပြုခြင်း
စုပေါင်းအားထုတ်ကြိုးပမ်းခြင်းသည် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းကို ကာကွယ်ရာတွင် အဓိကကျသည့် ပြောင်းလဲမှုကို ဖြစ် ပေါ်စေပြီး စားသုံးသူများအား တာဝန်ယူမှုရှိသော စားသုံးမှု အလေ့ အထကို ဖော်ဆောင်ပေးရာရောက်ပါသည်။ ထို့ကြောင့် လူမှုအဖွဲ့ အစည်းအတွင်းရှိ စားသုံးသူတစ်ဦးချင်းစီတွင် စုပေါင်းဆောင်ရွက် တတ်သည့် အလေ့အထဖြစ်ပေါ်စေ ရန်အတွက် စုပေါင်းစားသုံးနိုင် သည့် စားဖိုဆောင်စိုက်ခင်းများ  ပြုလုပ်ပေးခြင်း၊  စာအုပ်များနှင့် အဝတ်အစားများအား မျှဝေအသုံးပြုခြင်း၊ ကားမျှဝေ ငှားရမ်းစီးခြင်း၊ စွန့်ပစ်ပစ္စည်းများအား   တစ်နေရာတည်းတွင်  စုပေါင်းစွန့်ပစ်ခြင်း စသည့် အရင်းအမြစ်များကို  စု‌ပေါင်းမျှဝေ အသုံးပြုတတ်သည့် အလေ့အကျင့်များကို ဖော်ဆောင်ခြင်းဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုကို လျော့နည်းသက်သာစေမည်ဖြစ်ပါသည်။
အစိုးရ၏ အခန်းကဏ္ဍနှင့် အစိုးရ-ပုဂ္ဂလိက  ပူးပေါင်းဆောင်ရွက်မှု 
ရေရှည်တည်တံ့မှုမရှိသည့် စားသုံးမှုပုံစံများ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝအရင်းအမြစ် များအပေါ်တွင် ထိခိုက်မှုများစွာဖြစ်ပေါ်စေပြီး နောက်ဆုံး လူသား များ၏ လူနေမှုဘဝနှင့် အသက်ရှင်နေထိုင် ရပ်တည်မှုကိုပါ သက် ရောက်မှုဖြစ်စေသည်။ ထို့ကြောင့် စားသုံးသူများအတွက် အခြေခံ လိုအပ်ချက်များဖြစ်သည့် အစားအစာ၊ စွမ်းအင်နှင့် ကျန်းမာရေး ဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများတွင် စားသုံးသူ အခွင့်အရေး အပြည့်အဝရရှိရန်နှင့် စားသုံးသူ တစ်ဦးချင်းစီတိုင်းအတွက် ရေရှည် တည်တံ့ပြီး ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်နှင့် ဝန် ဆောင်မှုများကို ပိုမိုရွေးချယ်အသုံးပြုနိုင်ရန်အတွက် အစိုးရအနေ ဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်သည်။  
အများပြည်သူများအနေဖြင့် မြေအောက်ရေသုံးစွဲမှုချွေတာ ခြင်း၊ စွမ်းအင်သုံးစွဲမှု ချွေတာခြင်း၊ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ် စေသည့် တရားမဝင်တောမီးရှို့မှုကို ရှောင်ကြဉ်ခြင်း စသည့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုကို လျော့ပါးသက်သာစေသည့် အချက်များ အား တိကျစွာ လိုက်နာစေရေးအတွက် လိုအပ်သည့် မူဝါဒနှင့် လမ်း ညွှန်ချက်များ လိုက်နာရန်လိုအပ်ပါသည်။ 
နိုင်ငံ့စီးပွားရေး  ဖွံ့ဖြိုးတိုးတက်မှု၏  အဓိက မောင်းနှင်အား တစ်ခုဖြစ်သည့်  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကဲ့သို့သော ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ရှင်သန်ရပ် တည်ရန်အတွက် အခြေခံအဆောက်အအုံများနှင့် အထောက်အပံ့ နည်းလမ်းများကို ဖော်ဆောင်ပေးခြင်းဖြင့် ပြည်ပ တင်သွင်းမှုများကို လျှော့ချနိုင်ရုံသာမက သယ်ယူပို့ဆောင်မှုစရိတ်များကို လျော့ပါး သက်သာစေပြီး ခရီးစဉ်အဆင့်ဆင့် သယ်ယူပို့ဆောင်မှုတွင် အသုံး ပြုရ သည့် ယာဉ်၊ ရထားစသည်တို့မှ ထွက်ပေါ်လာသည့် ကာဗွန်ဒိုင် အောက်ဆိုဒ်ထုတ်လွှတ်မှုကို လျော့နည်းသက်သာစေသည်။ 

ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များက မိမိတို့ထုတ်လုပ်သည့် ကုန်စည်နှင့်စပ်လျဉ်း၍ တာဝန်ယူမှု တာဝန်ခံမှုရှိရန် လိုအပ်သည်။ ထုတ်လုပ်သည့်  လုပ်ငန်းရှင်မှစ၍ လက်လီ လက်ကား ရောင်းချသူ များ အထိပါ မိမိတို့ ထုတ်ကုန်များနှင့်စပ်လျဉ်း၍ ပြန်လည်ပြင်ဆင် ပေးခြင်း၊ ပစ္စည်းအသစ် အဟောင်း လဲလှယ်ပေးခြင်း၊ ကောင်းမွန် သည့် ထုတ်လုပ်မှု  အလေ့အထနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးခြင်း စသည့် စီးပွားရေးကျင့်ဝတ်ကောင်းများကို ကျင့်သုံးရန် တိုက်တွန်း ဆောင်ရွက်ရမည်ဖြစ်သည်။ ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် တွင် ပတ်ဝန်းကျင်ထိခိုက်မှု တတ်နိုင်သမျှ လျော့ပါးသက်သာအောင် ဆောင်ရွက်မှု ရှိ/မရှိ စောင့်ကြည့် ဆောင်ရွက်ရန်လိုအပ်သည်။
အစိုးရ-ပုဂ္ဂလိက အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်  အဖြစ် မလေးရှားနိုင်ငံတွင် အစိုးရနှင့် Tenaga Nasional Berhad (TNB)) အဖွဲ့အစည်းတို့ ပူးပေါင်း၍smart meters  များ တပ်ဆင်၍ မီတာခကောက်ခံခြင်းကိုဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ခြင်း ကြောင့် မလေးရှားပြည်သူများအနေဖြင့်TNB  ဝက်ဆိုက်ဒ်မှတစ်ဆင့်  မိမိတို့ အမှန်တကယ် အသုံးပြုသည့် စွမ်းအင်ပမာဏကို သိရှိတိုင်း တာနိုင်ပြီး စွမ်းအင်ချွေတာမှုနှင့် စွမ်းအင်ထိန်းသိမ်းခြင်းကို လုပ် ဆောင်နိုင်ခဲ့ကြောင်း လေ့လာမှတ်သားရသည်။
ထိုကဲ့သို့ အစိုးရအနေဖြင့် ရေရှည်တည်တံ့သည့် စားသုံးမှုနှင့် ထုတ်လုပ်မှုကို စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ သိရှိ လိုက်နာစေရေး လိုအပ်သည့်မူဝါဒနှင့် လမ်းညွှန်ချက်များ ချမှတ်ပေး ခြင်းနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းမှုကို တွန်းအားပေး ဆောင်ရွက် ခြင်းဖြင့် စားသုံးသူများ၏ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မား လာပြီး  ကောင်းမွန်သာယာသည့်  စီးပွားရေးဝန်းကျင်ကောင်းကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။
စားသုံးသူ အသိပညာပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခြင်း
စားသုံးသူများ၏ လူမှုဘဝများ အစဉ်တိုးတက်မြင့်မားရေး အတွက် ရေရှည်တည်တံ့သည့် စားသုံးမှုနှင့်ထုတ်လုပ်မှုပုံစံများသည်  အရေးပါသည့်အလျောက် စားသုံးသူများနှင့် စီးပွားရေး လုပ်ငန်းရှင် များအား အဆိုပါအလေ့အထများကို စနစ်တကျ လိုက်နာဆောင်ရွက် လာစေရေးအတွက် အစိုးရဌာန အဖွဲ့အစည်းအသီးသီးက ဥပဒေ နှင့်အညီ မှန်ကန်မျှတစွာ ထိန်းကျောင်းဆောင်ရွက်သွားရန် လိုအပ် သည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ယခုနှစ် သတ်မှတ်ရွေး ချယ်ထားသည့် ]]လူနေမှုဘဝအစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်း စို့}} ဆောင် ပုဒ်နှင့်အညီ ရေရှည်တည်တံ့သော စားသုံးမှု အလေ့အထ များကို စားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်အတွက် စားသုံးသူ အသိပညာပေး လူထုလှုပ်ရှားမှုများကို ဆောင်ရွက်သွားမည်ဖြစ်သည်။ စာသင်ကျောင်းများ၊ တက္ကသိုလ် ကောလိပ်များနှင့် စက်ရုံ၊ အလုပ်ရုံ များတွင် ရေရှည်တည်တံ့သည့် စားသုံးမှုအလေ့အထများနှင့် စပ် လျဉ်း၍ အသိပညာပေး ဟောပြောခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုကို လျော့နည်းသက်သာစေသည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ အသိ ပညာပေးလှုပ်ရှားမှု ဆောင်ရွက်မှုများအား လူထုဆက်သွယ်ရေး မီဒီ ယာများဖြစ်သည့် Face book,  TikTok,  Instagramနှင့်  ့YouTube Channel  တို့တွင် ထုတ်လွှင့်ပြသခြင်း၊ နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခြင်းနှင့် နိုင်ငံပိုင်ရုပ်သံမီဒီယာနှင့် FM ရေဒီယိုများတွင် ထုတ် လွှင့်ခြင်း၊ ပြခန်းများ ခင်းကျင်းပြသခြင်း၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ဓာတ်ပုံ၊ ဆောင်းပါးနှင့် ကဗျာပြပွဲပြိုင်ပွဲများ ဖိတ်ခေါ်ကျင်းပခြင်း စသည်တို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။ 
ရေရှည်တည်တံ့သည့် စားသုံးမှုအလေ့အထများနှင့် စပ်လျဉ်း ၍ စားသုံးသူအသိပညာပေးခြင်း လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်းဖြင့်  စားသုံးသူများအနေဖြင့် ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာသည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ပိုမိုရွေး ချယ် အသုံးပြုလာပြီး စားသုံးသူစွမ်းဆောင်ရည်နှင့် ဗဟုသုတတိုးတက် မြင့်မားလာမည်ဖြစ်သည်။ ထို့အပြင် ရေရှည်တည်တံ့သည့် ထုတ် လုပ်မှုအလေ့အထများကို  စီးပွားရေးလုပ်ငန်းရှင်များ တကြွ်ကစွာ လိုက်နာဆောင်ရွက်လာစေရန်အတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသောစီးပွားရေး ဝန်းကျင်ကောင်း ဖြစ်ပေါ် လာမည်ဖြစ်သည်။ ထိုသို့ စားသုံးသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ နှင့် အစိုးရဌာန အဖွဲ့အစည်းအသီးသီးက ကဏ္ဍစုံမှပူးပေါင်းဆောင် ရွက်ခြင်းဖြင့်  စားသုံးသူ ကာကွယ် ရေးဥပဒေတွင် ပြဋ္ဌာန်းထားသည့် စားသုံးသူအခွင့်အရေး ရှစ်ချက်အနက် နောက်ဆုံးအချက်ဖြစ်သည့် "ပစ္စုပ္ပန်နှင့် လူနေမှုဘဝ အစဉ်တည်တံ့ဖို့ မျှတအသွင် ကူးပြောင်းစို့ု့ ဆောင်းပါးဖြင့်  ဂုဏ်ပြုတင်ပြအပ်ပါ သည်။

PZCTH (DOCA)