ငရုတ်သီးသည် ဟင်းလျာတွင်မပါမဖြစ်သော အခြေခံပစ္စည်း တစ်ခုဖြစ်ပြီး အစားအစာများ တွင် အရသာပိုမိုကောင်းမွန်စေရန်နှင့် အမြင်အာရုံဆွဲဆောင်မှုရှိပြီးလှပစေရန် ဟင်းချို၊ ဟင်းရည်၊ အသုပ် စုံများနှင့် အခြားသောဟင်းလျာများတွင် အသုံးပြုလေ့ရှိကြသည်။ အစားအစာအမျိုးမျိုးတွင် အနံ့၊ အရသာ၊ အမွှေးအကြိုင် ပိုမိုကောင်း မွန်စေရန် အသုံးပြုနိုင်သည့်အတွက် အိမ်ရှင်မများ၏ မီးဖိုချောင် တွင် အမြဲဆောင်ထားလေ့ရှိသော မရှိမဖြစ် ဟင်းခတ်ပစ္စည်းတစ်ခု လည်းဖြစ်သည်။
ငရုတ်သီးကို အင်္ဂလိပ်အမည် Chili သို့မဟုတ် Hot pepper ဟု ခေါ်ကြသည်။ ရုက္ခဗေဒအမည်မှာCapsicum annuum ဖြစ်ပြီး မျိုးရင်းမှာ Solanaceae ဖြစ်သည်။ ငရုတ်သီးအမျိုးအစားများ အနေ ဖြင့် ကုလားအော်၊ မိုးမျှော်၊ ရွှေအပ် စသဖြင့်အမျိုးအစားများစွာရှိပြီး ငရုတ်သီးစပ်သည်မှာ Capsaicin ဓာတ်ကြောင့်ဖြစ်သည်။မြန်မာ တစ်နိုင်ငံလုံးတွင် ငရုတ်သီးထွက်ရှိသော်လည်း ဧရာဝတီတိုင်းဒေသကြီး နှင့် အဓိကအားဖြင့် အညာဒေသမှ အထွက်နှုန်းပိုများသည်။ ငရုတ် သီးတွင် ငရုတ်သီးစိမ်း၊ ငရုတ်သီးခြောက်ဟူ၍ရှိရာ ငရုတ်သီးစိမ်း တွင် ဗီတာမင်စီဓာတ်နှင့် ငရုတ်သီးခြောက်တွင်မူ ဗီတာမင်အေဓာတ် တြွို့ကယ်ဝစွာပါဝင်သည်။ ငရုတ်သီးစားခြင်းသည် ကျန်းမာရေး အတွက် အားသာချက်ရှိသလို ဘေးထွက်ဆိုးကျိုးများစွာကိုလည်း ဖြစ်ပေါ်စေနိုင်သည်။
လူတိုင်းနီးပါးကြိုက်နှစ်သက်ကြသော ငရုတ်သီးကို စားသုံး ရာတွင်သတိပြုရမည်မှာ ဆိုးဆေးပါသော ငရုတ်သီးမှုန့်နှင့်ငရုတ်သီး မှိုပင်ဖြစ်သည်။ ယနေ့ခေတ်တွင် ထုတ်လုပ်ရောင်းချသူများသည် အစားအသောက်များကို တာရှည်ခံရန်နှင့် အရောင်လှစေရန် ထပ် ဖြည့်ပစ္စည်းများ (Food additives) ထည့်လာကြသည်။ အစား အသောက်များတွင် အသုံးပြုသောဆိုးဆေး (Food dyes) တွင် အပင်၊ အသီးအပွင့်တို့မှ ထုတ်လုပ်ထားပြီး လူကို အန္တရာယ်ဖြစ်စေမှု နည်း ပါးသည့် သဘာဝဆိုးဆေး (Natural dyes နှင့် လူများဖန်တီး ပြုလုပ် ထားသော ဓာတုဆိုးဆေး (Artificial dyes) ဟူ၍ နှစ်မျိုးခွဲခြားနိုင် သည်။ ဖန်တီးထားသောဆိုးဆေးတွင် ခွင့်ပြုထားသော ဆိုးဆေး (Permitted dyes) နှင့် ခွင့်မပြုထားသောဆိုးဆေး (Non - permitted dyes)) ဟူ၍ နှစ်မျိုးထပ်မံ၍ ခွဲခြားနိုင်သည်။
ခွင့်ပြုထားသောဆိုးဆေးများသည် အစားအသောက်များတွင် ပမာဏအကန့်အသတ်ဖြင့် တရားဝင်သုံးစွဲနိုင်သော်လည်း ယင်း ထက်ပိုမိုသုံးစွဲပါက ကျန်းမာရေးကိုထိခိုက်မှုဖြစ်စေနိုင်သည်။ ခွင့်မပြု ဆိုးဆေးများကိုမူ အစားအစာများတွင် အသုံးပြု၍မရပေ။ သို့သော် ထိုဆေးများသည် သဘာဝဆိုးဆေးနှင့် ခွင့်ပြုဆိုးဆေးများထက် ဈေး ပိုသက်သာသည့်အပြင် အရောင်လည်းပိုတောက်ပြီး တာရှည်ခံစေ သောကြောင့် စားသောက်ကုန်များတွင် ထည့်သုံးလေ့ရှိကြသည်။
အစား အသောက်များ၌ အများဆုံးအသုံးပြုနေကြသော ဆိုး ဆေးများမှRhodamine B, Auramine O, Sudan Dyes, Orange II တို့ဖြစ်သည်။ ထိုဆေးများသည် အထည်အလိပ်လုပ်ငန်းနှင့် အခြား စက်မှုလုပ်ငန်းများတွင် အသုံးပြုလေ့ရှိသည့် ဆိုးဆေးများဖြစ်သည်။Sudan Dyes ကို ငရုတ်သီးမှုန့် များ၊ အရောင်တင်မှုန့်များတွင် အများ ဆုံးအသုံးပြုကြပြီး Orange II ကိုမူ ငရုတ်သီးမှုန့်၊ ငရုတ်သီးဆော့စ်များ တွင် ထည့်သုံးလေ့ရှိကြသည်။ ခွင့်မပြုဆိုးဆေးများပါသည့် ငရုတ်သီး မှုန့်များကိုရေရှည်စားမိပါက ခန္ဓာကိုယ်ကြီးထွားမှုကို ထိခိုက်စေနိုင်ပြီး ဦးနှောက်နှင့်အာရုံကြော၊ အသက်ရှူလမ်းကြောင်း၊ ဆီးနှင့်ကျောက် ကပ်ဆိုင်ရာ စသည့်ရောဂါများကို ဖြစ်ပေါ်စေနိုင်ပြီး အချို့သော ခွင့်ပြုဆိုးဆေးများသည်လည်း ဆီးအိမ်ကင်ဆာ၊ အာရုံကြောကင်ဆာ၊ သိုင်းရွိုက်ကင်ဆာ စသည့်ကင်ဆာရောဂါများ ဖြစ်စေနိုင်ကြောင်း သိရသည်။ ငရုတ်သီး တွင်ဆိုးဆေးကဲ့သို့ ကျန်းမာရေးကိုဆိုးရွားစေ သောအရာမှာ မှိုဆိပ် (Aflatoxinဖြစ်ပြီး ကင်ဆာရောဂါကိုဖြစ်စေ သည့် မှိုတစ်မျိုးဖြစ်သည်။ ယင်းကို Aspergillus flavus & Aspergillus parasiticus ဟူသော မှိုမျိုးကွဲနှစ်မျိုးတွင် အဓိကတွေ့ရပြီး အာဖလာ တော့ဆင်B1, B2, G1, G2 လေးမျိုးထဲတွင် တွေ့ရအများဆုံးနှင့် အပြင်းဆုံးမှာB1 ဖြစ်သည်။ အာဖလာတော့ဆင်ကို ပြင်သစ်အခြေ စိုက် IARC (International Agency for Research On Cancer) ) အဖွဲ့ မှ အသည်းကင်ဆာ ဖြစ်စေနိုင်သော ထိပ်တန်းဓာတ်ပစ္စည်း Group 1 Liver Carcinogen ထဲတွင် ထည့်ထားသည်။
ဤမှိုအမျိုးအစားသည် အပူချိန်နှင့် စိုထိုင်းစွတ်စိုမှုများသော နေရာများနှင့် အပူပိုင်းဒေသများတွင်အများဆုံးပေါက်ဖွားကြသည်။ မြန်မာနိုင်ငံသည် ပူနွေးစွတ်စိုသောရာသီဥတုရှိသည့်အတွက် ငရုတ် သီးကို အခြောက်လှန်းစဉ်တွင် အစိုဓာတ်မကုန်ပါ က မှိုတက်လေ့ရှိ သည်။ အထူးသဖြင့် မိုးတွင်းအချိန်အခါမျိုးတွင် ပို၍သတိထားသင့် သည်။
မှိုဆိပ်ပါဝင်နေသော ငရုတ်သီးကို သတိမပြုမိဘဲ နည်းနည်း ချင်းစီစားသုံးမိရာမှ အချိန်ကြာလာသည်နှင့်အမျှ အသည်းကင်ဆာ အဖြစ်များသည်ဟု သိရသည်။ ငရုတ်သီးတွင် ပါဝင်သော မှိုဆိပ် ကြောင့် ဖြစ်ပေါ်စေတတ်သော ရောဂါများမှာ လတ်တလော အဆိပ် အတောက်ဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ကိုယ်ခံအားစနစ် လျော့နည်းခြင်း၊ သန္ဓေသားကို ထိခိုက်စေခြင်း၊ မွေးရာပါကုသရန် ခက်ခဲသော ရောဂါများဖြစ်ပွားစေခြင်းနှင့် ကင်ဆာရောဂါဖြစ်ပွား ခြင်း၊ အဆုတ်ပတ်လည်တွင် အရည်စုခြင်း၊ ဦးနှောက်တွင် အရည် အိတ်တည်ခြင်း၊ အသည်း၊ နှလုံးနှင့် ကျောက်ကပ်အား ဒုက္ခပေးခြင်း၊ အသက်သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သည်။
တောင်သူများအနေဖြင့် ငရုတ်သီးမှိုမတက်အောင် သိမ်းဆည်း ထားသိုမှု၊ မခူးဆွတ်မီနှင့်ခူးဆွတ်အပြီးတွင် သိုလှောင်ထားမှုများကို သိထားရန်လိုအပ်သည်။ ရောင်းချသူများမှလည်း မှိုတက်နေသော ငရုတ်သီးများကို မရောင်းရန် စားသုံးသူများအနေဖြင့် ငရုတ်သီး ခြောက်များကို ဝယ်ယူရာတွင် မှိုတက်နေမှု၊ အရောင်ပြောင်းနေမှု၊ စိုထိုင်းမှုတို့ကို သေချာစွာသတိပြုစစ်ဆေးပြီးမှ ဝယ်ယူသင့်ပါသည်။ အာဖလာတော့ဆင်သည် တော်သင့်ရုံအပူချိန်ကို ခံနိုင်ရည်ရှိပြီး အနည်းဆုံးအပူချိန် ၁၆၀ ဒီဂရီစင်တီဂရိတ်နှင့် အထက်ပေးမှ ပျက်စီး စေနိုင်သည်။
ငရုတ်သီး အရောင်သဘာဝ အတိုင်းလှပစေရန် အနီရောင် ငရုတ်သီးမှည့်ကို ရေနွေးအပူချိန် ၅၀ ဒီဂရီစင်တီဂရိတ်တွင် သုံးမိနစ် မှ ငါးမိနစ်ခန့်ရေပူစိမ်ပြီး သုံးရက်ခန့် နေလှန်းအခြောက်ခံလျှင် ငရုတ် သီးအရောင်လှ၍ ကြာရှည်ခံသော်လည်း မှိုဆိပ်အန္တရာယ်ကင်းဝေး စေရန်အတွက် လုံလောက်သော ခြောက်သွေ့မှုရရှိအောင် စနစ် တကျ ဆောင်ရွက်ရန်လို အပ်ကြောင်း သတိချပ်သင့်သည်။
ကျန်းမာရေးထိခိုက်မှုမရှိစေရန် သန့်ရှင်းလတ်ဆတ်ပြီး ဆိုး ဆေးနှင့် မှိုဆိပ်ကင်းစင်သော ငရုတ်သီးခြောက်၊ ငရုတ်သီးမှုန့် တို့ကို ရွေးချယ်ဝယ်ယူ၍ စားသုံးနိုင်ကြရန်မှာ အရေးကြီးလှသည်။ အိမ်ရှင်မများအနေဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(ငီ်္ဗ)မှ အခါအားလျော်စွာ ထုတ်ပြန်လေ့ရှိသော စားသုံးရန် မသင့်သည့်ငရုတ်သီးမှုန့်အမှတ်တံဆိပ်များကို လေ့လာမှတ်သား၍ ရှောင်ရှားကြစေလိုပါသည်။ မိသားစုတစ်စု၏ အာဟာရပြည့်ဝမှု ကို အဓိကတာဝန်ယူသည့် မီးဖိုချောင်တွင် ကျန်းမာရေးအတွက် အန္တ ရာယ်ဖြစ်စေသော ငရုတ်သီးဆိုးဆေးနှင့်မှို ဆိပ်အန္တရာယ်ကိုသိရှိ ကာ ရှောင်ရှားနိုင်ခြင်းဖြင့် မှိုဆိပ်နှင့် ဓာတုဆေးကင်းစင်သောငရုတ် သီးများကို ရွေးချယ်ဝယ်ယူအသုံးပြုသင့်ကြောင်းကို ရေးသားလိုက် ရသည်။
ကိုးကားချက်များ-
1/ https://wisarra.com
2/ https://hellosayarwon.com
3/ https://www.myawady.net.mm
4/ https://www.snacksmandalay.com
သဲစုနိုင် (CTQM)