Main menu

Background

ပြည်ထောင်စုအဆင့် MSMEs ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲ

Wed, 03/05/2025 - 10:01 -- journal_editor

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့  အထိမ်းအမှတ်အဖြစ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စု အဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတ သန္တိစေတီတော် တပေါင်းကွင်း၌  ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၆ ရက်ထိ ကျင်းပခဲ့သည်။ 
ရည်ရွယ်ချက်
ပြည်ထောင်စုအဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို တိုင်း ဒေသကြီး၊ ပြည်နယ်အသီးသီးရှိMSMEs များ ပူးပေါင်းဆောင်ရွက် မှုတိုးပွားလာစေပြီး ကုန်ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ဒေသ တစ်ခု၏ လိုအပ်ချက်ကို  အခြားဒေသမှ ဖြည့်ဆည်းလာစေရန်နှင့် အားသာချက်၊ အားနည်းချက်များကို  သိမြင်ဖော်ထုတ်လာစေရန်၊ ထုတ်ကုန်ပစ္စည်းများသည်  "ဈေးနှုန်းတူပါက ပစ္စည်းကောင်းရန်၊ ပစ္စည်းချင်းတူပါက အရည်အသွေးပိုကောင်းရန်"ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် လိုအပ်ချက်များကို သိမြင်ဆောင်ရွက်လာ စေရန်၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု  အစီအမံများ အောင်မြင်ရေး အတွက်  အားပေးမြှင့်တင်ရန်၊MSMEs များ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်စေရန်နှင့် တန်ဖိုးမြှင့် ထုတ်ကုန် အသစ်များကို ပြည်ပသွင်းကုန်အစားထိုးအဖြစ် ပြည်တွင်း မှ ပိုမိုသုံးစွဲနိုင်ရန်နှင့် ပြည်ပသို့ဈေးကွက် ချဲ့ထွင်နိုင်ရန်၊MSMEs များ နှင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက် ပူးပေါင်း ဆောင်ရွက်လာစေရန်၊ ပြည်ထောင်စုအဆင့် အသိအမှတ်ပြု MSMEs စံပြထုတ်ကုန်ဆုများ  ပေးအပ်နိုင်စေရန်နှင့် MSMEs လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေး ကူညီပံ့ပိုး ဆောင်ရွက်ပေးရန်ဖြစ်သည်။
ပြည်ထောင်စုအဆင့်MSMEs ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲကို နိုင်ငံ တော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ အသေးစား၊ အငယ်  စားနှင့်  အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့်MSMEs လုပ်ငန်းများ ရေရှည် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်သန်လျက် စနစ်တကျ ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ပေရာ ပြခန်းပေါင်း ၉၆ ခန်း၊ ထုတ်ကုန်ပြိုင်ပွဲဝင် ပစ္စည်း အမယ် (အမည်) ပေါင်းများစွာ ပါဝင်ခင်းကျင်းပြသ  ယှဉ်ပြိုင်ခဲ့ကြ သည်။
ပြခန်းပေါင်း ၉၆ ခန်းတွင်  ဝန်ကြီးဌာနပြခန်းများအနေဖြင့် စက်မှုဝန်ကြီးဌာန ပြခန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနပြခန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြခန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြခန်း၊ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြခန်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြခန်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြခန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြခန်းဟူ၍ ရှစ်ခန်း ပါဝင်သည်။ တိုင်းဒေသကြီး/ပြည်နယ်တို့မှ MSMEs ထုတ်ကုန်ပြခန်း ၁၆ ခန်း ခင်းကျင်းပြသထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြခန်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံ တော်၏ စီးပွားရေး ပိုမိုကောင်းမွန်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေး ကို အဓိကဦးစားပေးဆောင်ရွက်လျက်ရှိပြီး အလျား ၅၀ ပေ ထ အနံ ၃၀ ပေရှိ ဝန်ကြီးဌာနကိုယ်စားပြုပြခန်းဆောင် တစ်ခုကို ပါဝင်ခင်း ကျင်းပြသခဲ့သည်။  ပုဂ္ဂလိကကဏ္ဍ   ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ရှင်သန်အားကောင်းလာစေရန် အသေးစား၊ အငယ် စားနှင့် အလတ်စား  စီးပွားရေးလုပ်ငန်းများသည် အလွန် အရေးပါ သဖြင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ လုပ်ငန်းနယ်ပယ်အလိုက် ထွက်ရှိသဖြင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် အမှတ် (၅) ဝန်ကြီးဌာန ပြခန်းဆောင်ရှေ့  မျက်နှာစာတွင် နွားနှစ်ကောင် တပ်ဆပ်ထားသည့် လှည်းယာဉ်ပေါ်၌ ဆန်အိုးကြီး၊ ဖရဲသီး၊ သခွား မွှေး၊ နာနတ်သီး၊ သရက်သီး၊ အုန်းသီး၊ အုန်းလက်မှုထွက်ကုန်ပစ္စည်း များတင်ပြီး လှည်းယဉ်ခြေရင်းတွင် ဒူးရင်းသီး၊ ပြောင်းဖူး အစရှိသည့် သီးနှံနမူနာ ရုပ်လုံးရုပြွ်ကများဖြင့် အလှဆင်ပြသခဲ့သည်။
ကုန်သွယ်ရေးဦးစီးဌာန၏ ပါဝင်ပြသမှု ပြကွက်များအနေဖြင့် အွန်လိုင်းစနစ်ဖြင့်   ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်ခြင်း၊ eComReg System ၊  ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီDigital Economy Development Committee- DEDC  ၏ နိုင်ငံ တော်အဆင့်Digital Transformation  ဆောင်ရွက်နိုင်ရန်အတွက် မြန်မာဒီဂျစ်တယ် စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ ကို ရေးဆွဲ၍ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်ထားခဲ့ပြီး အစိုးရ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ချက်များ၊ စီးပွားရေးလုပ်ငန်များကြားတွင် ယှဉ် ပြိုင်ဆောင်ရွက်နိုင်မှုကို မြှင့်တင်နိုင်ရန်  ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်း ခဲ့သည့် ယှဉ်ပြိုင်မှု ဥပဒေအကြောင်း၊  နယ်စပ်ကုန်သွယ်မှု လမ်း ကြောင်းများတွင် ပို့ကုန် ကုန်တင်ယာဉ်များ စနစ်တကျ သွားလာနိုင် ရေး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ကို တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ပြုနိုင်ရေးတို့အတွက် ၂၀၂၃ ခုနှစ်တွင် စတင် ကျင့် သုံးဆောင်ရွက်ခဲ့သည့် နယ်စပ်ပို့ကုန်ယာဉ် ထွက်ခွာခွင့်လက်မှတ် Vehicle Monitoring System (VMS) အကြောင်း၊ ဝန်ကြီးဌာန၏ အဓိကလုပ်ငန်းစဉ်တစ်ခုဖြစ်သော ပို့ကုန်သွင်းကုန်လိုင်စင် လျှောက် ထားမှုကို အပြည့်အဝ အွန်လိုင်းစနစ်ဖြင့်  ဝန်ဆောင်မှုပေးလျက်ရှိ သည့်Tradenet 2.0  စနစ်အကြောင်း၊ မြန်မာပို့ကုန်များအတွက် နိုင်ငံ တကာတင်ပို့ရာတွင် အသုံးပြုလျက်ရှိသော အကောက်ခွန် သက်သာ ခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပေးလျက်ရှိသည့် ပင်ရင်း နိုင်ငံ  သက်သေခံလက်မှတ် -  Country of Origin  ၊  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများကိုDigitalစနစ်ဖြင့် အပြည့်အဝ ဆောင်ရွက်နိုင်သည့်အတွက် ဂျပန် နိုင်ငံမှ ၂၀၂၄ခုနှစ်တွင် ချီးမြှင့်ခဲ့သည့် ASOCIO Digital Government  Award ဆုတို့အား ပြသခဲ့သည်။
စားသုံးသူရေးရာဦးစီးဌာန၏ ပါဝင်ပြသမှု ပြကွက်များအနေ ဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေနှင့် ပတ်သက်သည့် အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသည့် ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များ မြေပဲဆန်၊ နှမ်းနှင့် နေကြာတို့၏ ဆီ ပါဝင်မှုရာခိုင်နှုန်း၊ အစိုဓာတ်နှင့် ထွက်ရှိရာ ဒေသ၊ ဆီကျန် ရာခိုင် နှုန်း၊ အသားဓာတ်ပါဝင်မှုနှင့် အမျှင်ဓာတ်ပါဝင်မှု၊ မြန်မာကုန်ပစ္စည်း  စစ်ဆေးရေးနှင့် စမ်းသပ်မှု လုပ်ငန်းလီမိတက် Myanmar Inspection & Testing Services Ltd.  မှ   ပြည်ပသို့တင်ပို့မည့် ဆန်များ၊ တင်သွင်း သည့် ဆီများ၏ အရည်အသွေးနှင့် အရေအတွက်ကို စစ်ဆေးပေးနေ ခြင်းတို့အား  ကားချပ်များဖြင့်လည်း ပြသခဲ့သည်။ ဆီနှင့် ဆီထွက် သီးနှံ ဓာတ်ခွဲခန်းတွင် စားသုံးဆီ အရည်အသွေး စမ်းသပ်စစ်ဆေးမှု များအနက် ဆီ၏အရောင်နှင့် ဆီပျက်/မပျက်ကို တိုင်းတာ စစ်ဆေး ပေးသည့် စက်ပစ္စည်းကိရိယာများ၊ ဓာတ်ခွဲခန်းသုံး ဖန်ထည်ပစ္စည်း များ၊ ကုန်ပစ္စည်း စမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲ မှုဌာနစု CTQM ဓာတ်ခွဲခန်းများရှိ စမ်းသပ်စစ်ဆေးမှု အမျိုး အစားအလိုက် စစ်ဆေးခနှုန်းထားများဖော်ပြထားသည့် Pamphle အများ၊ ]]ကျန်းမာရေးနှင့် ညီညွတ်သော ဆီကောင်းဆီသန့် ဝယ်ယူ နည်းနှင့် စားသုံးဆီဆိုင်ရာ ဆောင်းပါးများ}} စာအုပ်များနှင့် ဆီကြိတ် စက်ငယ်နှင့် စက်ရုံပုံစံငယ်များဖြင့် ပါဝင်ပြသခဲ့သည်။Global Good Pure Group Co., Ltd. ၏ စံချိန်အမှတ်တံဆိပ်ဖြင့် မြေပဲဆီနှင့် နေကြာဆီ ကြိတ်ခွဲ ထုတ်လုပ် သည့် ဆီကြိတ်စက်ငယ်နှင့် စက်ရုံပုံစံ ငယ်ကိုလည်း ပြသထားပြီး မြေပဲဆီ စမ်းသပ်ထုတ်လုပ်နေမှုကိုလည်း  သရုပ်ပြ ဆောင်ရွက်ခဲ့သည်။
မူပိုင်ခွင့်ဦးစီးဌာန၏ ပါဝင်ပြသမှု ပြကွက်များအနေဖြင့်  ကုန် အမှတ်တံဆိပ်  မူပိုင်ခွင့်၊ စာပေနှင့် အနုပညာမူပိုင်ခွင့်၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်နှင့် တီထွင်မှုမူပိုင်ခွင့်စသည့် မူပိုင်ခွင့်ဥပဒေ စာအုပ် လေး အုပ် ပုံစံတူ ပြသထားခြင်း၊ အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာ ဗျူဟာများ၊  မူပိုင်ခွင့် ဥပဒေလေးခုနှင့် ဒေသဆိုင်ရာ အညွှန်းတို့ အာဏာသက်ဝင်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြထားခြင်း၊  ဒေသဆိုင်ရာ အညွှန်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်တို့နှင့်ပတ်သက်၍ ရှင်းလင်းချက်များ၊ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များ၊ အမှတ်တံဆိပ် အမျိုးအစားများအကြောင်း ရှင်းလင်းတင်ပြထားခြင်း၊ စာပေနှင့် အနု ပညာမူပိုင်ခွင့်၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်၊ တီထွင်မှု မူပိုင်ခွင့်တို့နှင့်ပတ် သက်သည့် လုပ်ငန်းစဉ်များ၊ လျှောက်ထားနိုင်သည့် မှတ်ပုံတင်စနစ် များကို  ရှင်းလင်းတင်ပြထားခြင်းတို့အား ကားချပ်များဖြင့် လည်း ကောင်း ပုံစံငယ်များဖြင့်လည်းကောင်း ပြသခဲ့သည်။ ဒေသဆိုင်ရာ အညွှန်းအဖြစ်  အကာအကွယ်ရရှိနိုင်သော   မြန်မာနိုင်ငံထွက် ထင်ပေါ်ကျော်ကြားသည့်  ထုတ်ကုန်ပစ္စည်းများဖြစ်သည့် ရွှေဘို ပေါ်ဆန်းမွှေး  ဆန်၊ ပုဂံ ယွန်းထည်၊ ရွာငံ ကော်ဖီ၊ ကျောက်ဆည် စိန်တလုံး သရက်၊ အရာတော် သနပ်ခါး၊ ပုသိမ်ထီး၊ မြန်မာ့သနပ်ခါး၊ စပျစ်ဝိုင်တို့အား နမူနာပြသခဲ့သည်။ 
မြန်မာနိုင်ငံတွင် ဖန်တီးထားသည့် မြန်မာ့လက်ရာဒီဇိုင်းများ အား မူပိုင်ခွင့်ဥပဒေနှင့်အညီ အကာအကွယ်ရရှိစေရန်နှင့် စက်မှု လက်မှုလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရုပ်ပွားတော်ဒီဇိုင်း၏ စက်မှုဒီဇိုင်း မှတ်ပုံ တင် လက်မှတ်ထုတ်ပေးခဲ့မှု အခြေအနေအား ဓာတ်ပုံမှတ်တမ်းဖြင့် ပြသခဲ့သည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ပါဝင်ပြသမှု ပြကွက် များအနေဖြင့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့လိုသည့်MSMEs များအတွက်GACC  တွင် မှတ်ပုံတင်ခြင်း၊MSMEs များအတွက် ကုန် သွယ်မှုသတင်းအချက်အလက် ဝန်ဆောင်မှုတစ်ခုဖြစ်သည့်  Myantrade Website MSMEs  ထုတ်ကုန် များ ဈေးကွက် ချိတ်ဆက်နိုင်ရေးအတွက်Digital E-Commerce Platform များ၊ ပြည်တွင်းပြည်ပကုန်စည်ပြပွဲ များအကြောင်း ရှင်းလင်းခြင်းနှင့် ပြည်ပပို့ကုန် ကော်ဖီပို့ကုန်များ ဖြစ်သည့် Because Coffee Zayn Coffee Pop Pop Coffee Genius Coffee (Pure) ဟော်နန်း ကော်ဖီ၊ Favorite Coffee များကို ကော်ဖီ ကောင်တာအဖြစ် ပါဝင်ပြသခဲ့သည်။
ပြည်ပ ပို့ကုန်နမူနာပစ္စည်းများ၊ ဆန်မျိုးစုံ ပြကွက်၊ ပဲမျိုးစုံ ပြကွက်၊ ရော်ဘာပြကွက်၊ သီးနှံမျိုးစုံပြကွက်တို့ကို ခင်းကျင်းပြသ ထားသည်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ဘုရင့် နောင်ကုန်စည်ဒိုင်၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့နှင့်ပူးပေါင်း၍ ပြခန်းဆောင်သို့ လာရောက်ကြည့်ရှုလေ့လာ ကြသော အများပြည်သူများကို ဆန်၊ ပဲ နှင့် ဆီများ မေတ္တာလက်ဆောင် ပေးဝေခဲ့သည်။
လုပ်ငန်းစီးပွားချိတ်ဆက်မှု ပြခန်း(Business Matching Hall)
 ပြည်ထောင်စုအဆင့်MSMEထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ အောင် မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရာတွင် လုပ်ငန်း/ စီးပွား ချိတ်ဆက်မှု ဆပ်ကော် မတီ ဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးမင်းမင်းက တာဝန်ယူဆောင်ရွက်ပြီး ဆက်စပ် ဦးစီးဌာနများဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
ပြည်ထောင်စုအဆင့်MSMEs ကုန်စည်ပြပွဲနှင့်  ပြိုင်ပွဲ၏ လုပ်ငန်းစီးပွားချိတ်ဆက်မှု ပြခန်းတွင် ပြည်တွင်းဈေးကွက်ချိတ်ဆက် ရေးအဖွဲ့၊ ပြည်ပဈေးကွက်ချိတ်ဆက်ရေးအဖွဲ့၊ ရင်းနှီးမတည်ငွေ ချိတ်ဆက်ရေးအဖွဲ့နှင့် ဆက်စပ်ဦးစီးဌာနများမှ တိုင်းဒေသကြီး/ ပြည်နယ်များမှ လာရောက်သည့် ြှနြ လုပ်ငန်းရှင်များ၏ လိုအပ် ချက်များကို ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးခဲ့သည်။
ပြည်တွင်းဈေးကွက် ချိတ်ဆက်မှုအနေဖြင့်MSMEs  လုပ်ငန်း များမှ ထုတ်လုပ်ထားသော ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်းရှိ လက်လီ/လက်ကားဆိုင်ABC Convenience Store, Makro City Mart Gamone Pwint , Sein Gay Har , Gandamar Wholesale  နှင့် Capital ဆိုင်တို့တွင် ရောင်းချနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍   မိမိတို့ထုတ်ကုန်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊  ပြည်ပဈေးကွက် ထိုးဖောက်နိုင်စေရန်အတွက်MSME လုပ်ငန်းရှင် များ ဈေးကွက်ဝင်ရောက်ခွင့် ရရှိနိုင်ရေး  ပြည်ပနိုင်ငံများသို့ စေလွှတ် ထားသည့် စီးပွားရေးသံမှူး ၁၆ ဦးတို့နှင့် Video Conferencing စနစ် ဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးသည့်အတွက် ပြည်ပဈေးကွက်၏ လိုအပ်ချက်များအား သိရှိစေခြင်း၊ MSMEs  လုပ်ငန်းရှင်များ စီးပွားရေးအမြင် ကျယ်လာပြီး ပြည်ပ ဈေးကွက် ထိုးဖောက်နိုင်ရန် နည်းလမ်းများ ရရှိစေခဲ့ခြင်း၊ ဘဏ္ဍာငွေ ရရှိရေး ချိတ်ဆက်မှုအနေဖြင့် ပုဂ္ဂလိကဘဏ် KBZ Bank , UAB Bank , Shwe Bank , MCB Bank , A Bank , SME Development Bank , AYA Bank , MEB Bank   တို့မှ ဘဏ်ချေးငွေရရှိရေး၊ ဘဏ် များ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် သတင်းအချက်အလက် များရရှိရေး တွေ့ဆုံရှင်းလင်း ချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့သည်။
ဦးစီးဌာနအလိုက် ဝန်ဆောင်မှုများ
အစိုးရဌာနများနှင့် ဆက်စပ်ဆောင်ရွက်ရသည့် လုပ်ငန်းများ တွင် One Stop Service တွင် မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ကုန်အမှတ် တံဆိပ်၊ ဒီဇိုင်း၊ တီထွင်ဆန်းသစ်မှုဖော်မြူလာများကို မူပိုင်ခွင့် တင် နိုင်ရေး အသိပညာပေးခြင်းနှင့် မူပိုင်ခွင့်မှတ်ပုံတင် လျှောက်ထားမည် ဆိုပါက မှတ်ပုံတင်လက်မှတ် ရရှိရေး ဆောင်ရွက်ပေးခဲ့သည်။ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ကုမ္ပဏီ ထူထောင်လိုသည့်MSMEs လုပ်ငန်းရှင်များ၏ ကုမ္ပဏီအသစ်များ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များ၊ စာရွက်စာတမ်းများ၊ လိုအပ်ချက် များကို ဆောင်ရွက်ပေးခဲ့သည်။ 
ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် လည်း ပို့ကုန်/သွင်းကုန်များ တင်ပို့/သွင်းနိုင်ရေး မှတ်ပုံတင်ခြင်း၊ ပို့ကုန်/သွင်းကုန်များနှင့်ပတ်သက်ပြီး online  စနစ်ဖြစ်သည့် ကုန် သွယ်မှု ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်သည့်စနစ်Tradenet 2.0 မှ လျှောက်ထားရမည့် လုပ် ငန်းစဉ်များကို သိရှိနိုင်စေရန်နှင့် online saleများ မှတ်ပုံတင်နိုင်ရန် ဆောင်ရွက်ရမည့် နည်းလမ်းများ ကို အသိပညာပေးခဲ့သည်။  စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း စိုက်ပျိုးရေးထုတ်ကုန်များ Export  လုပ်မည်ဆိုပါက ဆောင်ရွက်ရမည့်နည်းလမ်း၊ နိုင်ငံများ၏ ကန့်သတ် ချက်များ၊ ပိုးမွှားကင်းစင်ကြောင်း စစ်ဆေးချက် ထုတ်ယူရမည့် နေရာ များ  အစရှိသည်တို့ကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။  အကောက်ခွန်ဦးစီးဌာနအနေဖြင့် ပို့ကုန်/သွင်းကုန်များနှင့် ပတ် သက်ပြီး အကောက်ခွန်နှင့်သက်ဆိုင်သည့် အခွန်နှုန်းထားများ၊ အခွန် သက်သာခွင့်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။  အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန-FDA အနေဖြင့်   စားသောက်ကုန်  မှတ်ပုံတင်ရရှိစေရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။ 
လုပ်ငန်း/စီးပွားချိတ်ဆက်မှုဆပ်ကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြည်ထောင်စုအဆင့်MSME ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲကျင်းပသည့် ၁၀-၂-၂၀၂၅ ရက်နေ့မှ ၁၆-၂-၂၀၂၅ ရက်နေ့အတွင်း ပြည်တွင်း ဈေးကွက် ချိတ်ဆက်မှုတွင်MSME လုပ်ငန်းရှင် ၂၀၂ ဦး၊ ပြည်ပ ဈေးကွက်ချိတ်ဆက်မှုတွင်MSME  လုပ်ငန်းရှင် ၆၄ ဦး၊ ရင်းနှီးမတည် ငွေ ချိတ်ဆက်မှုတွင်MSME လုပ်ငန်းရှင် ၇၂ ဦးနှင့် အစိုးရဌာနများ နှင့် ချိတ်ဆက်မှုတွင်MSME လုပ်ငန်းရှင် ဦးရေ ၃၀ဝ ရှိပြီး လုပ်ငန်း/ စီးပွားချိတ်ဆက်နိုင်ရေး တွေ့ဆုံဆွေးနွေးမှု ၈၁၈ ကြိမ် ဆောင်ရွက် နိုင်ခဲ့သည်။
အထူးစီးပွားရေးဇုန်များဖြစ်သည့် သီလဝါအထူးစီးပွားရေး ဇုန်ရှိ ကုမ္ပဏီ ၁၂ ခုမှ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင် ၂၃ ဦးနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ ရင်းနှီးမြှုပ်နှံသူ China International Trust and Investment Corporation (CITIC) မှ တာဝန်ရှိသူ နှစ်ဦး၊ စုစုပေါင်း ကုမ္ပဏီ ၁၃ ခုမှ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင် ၂၅ ဦးတို့ လာရောက် လေ့လာခဲ့ကြပြီး လုပ်ငန်း စီးပွား ချိတ်ဆက်မှုပြခန်း Business Matching Hall) တွင် လာရောက်လေ့ လာကြသည့် MSMEs လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ၎င်းတို့ သိရှိလို သည့် အချက်အလက်များနှင့်ပတ်သက်၍ မေးမြန်းမှုများအား ပြန် လည်ရှင်းလင်း ဖြေကြားပေးခြင်း၊ ဝယ်ယူရန် စိတ်ဝင်စားသူများအား အရောင်းကိုယ်စားလှယ်များနှင့် ဆက်သွယ်မှုရရှိနိုင်ရန် ဆောင် ရွက်ပေးခြင်းနှင့် မီဒီယာများ၏Interview များအား စိတ်ပါဝင်စားစွာ ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့သည်။
ပြည်တွင်း ဈေးကွက်ချိတ်ဆက်မှုတွင်MSMEsလုပ်ငန်းရှင်များ အနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များကို နိုင်ငံတစ်ဝန်းရှိ နာမည်ကြီး လက်လီ/လက်ကားအရောင်းဆိုင်ကြီးများတွင် ရောင်းချခွင့် ရရှိနိုင် ရေးအတွက် အဆုံးအဖြတ်ပေးနိုင်သည့် လက်လီ/လက်ကား ကုမ္ပဏီ များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံခွင့်၊ မိမိတို့ ထုတ်ကုန်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခွင့် စသည့် အခွင့်အလမ်းများ ရရှိခဲ့ခြင်း၊  သက်ဆိုင် ရာ ပြည်ပနိုင်ငံများသို့ ဈေးကွက်ဝင်ရောက်ခွင့်ရရှိနိုင်ရေး သတ်မှတ် ထားသည့် စံချိန်စံညွှန်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရည်  အသွေး မြှင့်တင်နိုင်ရေး ဗဟုသုတများ၊ နိုင်ငံတကာ ဈေးကွက်သို့ ဝင်ရောက်နိုင်ခွင့် နည်းလမ်းများ၊ အသိပညာများကို လုပ်ငန်းရှင် များမှ သိရှိနားလည်စေခြင်း၊ ဘဏ်များမှ  ချေးငွေရရှိရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ် ဆွေးနွေးညှိနှိုင်း ပေးခြင်းများ၊ လမ်းညွှန်မှုများပြုလုပ်ပေးခြင်းနှင့် လုပ်ငန်းလိုင်စင်၊ ပိုင်ဆိုင်မှုအထောက်အထား၊ အခွန်ပေးဆောင်ထားမှု၊ SME အေဂျင်စီ ၏ ထောက်ခံချက်များ ရယူ၍Working Capital Loan, Fixed Capital Loan, SME Loan များကို မိတ်ဆက်ကြခြင်းကြောင့် အဆိုပါအချက် များ ပြည့်စုံသူများအနေဖြင့် ချေးငွေ မြန်ဆန်စွာရယူနိုင်သည့် အခွင့် အလမ်းများရရှိခြင်း၊  ပြပွဲတွင် ပါဝင်ပြသသည့် MSMEလုပ်ငန်းရှင် များအနေဖြင့် ပြည်တွင်းမှ ဆက်စပ်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်မှု များရရှိခဲ့ပြီး  ဈေးကွက်သတင်းအချက်အလက်များ အပြန်အလှန် မျှဝေပေးနိုင်ခဲ့ခြင်းကြောင့် လုပ်ငန်းတိုးချဲ့နိုင်မည့် အခွင့်အလမ်းများ နှင့် လုပ်ငန်းကွန်ရက်များ တူးဖော်နိုင်မည့် အကျိုး ကျေးဇူးများ ရရှိခဲ့ ကြောင်း ရေးသားမျှဝေလိုက်ပါသည်။

 

Nilsoe (စီးပွား/ကူးသန်း)