ရော်ဘာပင်သည် ဈေးကွက်တွက်ခြေကိုက်မှုရှိသော သီးနှံဖြစ် ပြီး ရော်ဘာပင်မှ အစေးထုတ်လုပ်ခြင်း၊ ရော်ဘာ အစေးမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းများကို ထုတ်လုပ်နိုင်သည် သာမက ရော်ဘာအစေးမထွက်တော့သည့် ရော်ဘာပင်အိုများမှ တန်ဖိုးမြှင့်ထုတ်ကုန်များပါ ထုတ်လုပ်လာကြသည်။
ရော်ဘာပင်ကို စတင်စိုက်ပျိုးချိန်မှ ၇-၈ နှစ်ကြာလျှင် ရော်ဘာ အစေးစတင် ထုတ်ယူနိုင်သည်။ ရော်ဘာ အစေးမထွက်တော့သည့် ရော်ဘာပင်အိုများကို ယခင်က ထင်း၊ လောင်စာအဖြစ်သာ အသုံးပြု ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ရော်ဘာပင်အိုများအား ခုတ်လှဲပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ရော်ဘာသစ်၊ ပရိဘောဂ၊ သစ်ပါးလွှာ၊ အထပ်သားများထုတ်လုပ်ပြီး အချို့ထုတ်ကုန်များကို ပြည်တွင်း၌လည်းကောင်း၊ အချို့ထုတ်ကုန် များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းဖြင့် လည်းကောင်း နှစ်စဉ် နိုင်ငံခြားဝင်ငွေရလျက်ရှိသည်။ မွန်ပြည်နယ်တွင် ရော်ဘာ သစ်ပါးလွှာ/ခွဲသားစက်ရုံ ၂၀ ရုံရှိပြီး ရော်ဘာသစ်ခွဲသား၊ ရော်ဘာ သစ်ပါးလွှာ၊ အထပ်သားပြားများ ထုတ်လုပ်လျက်ရှိကြောင်း သိရှိရ သည်။
ရော်ဘာသစ်ခွဲသား ထုတ်လုပ်ခြင်း
ရော်ဘာသစ်ခွဲသားများထုတ်လုပ်ရန် ရော်ဘာပင်အို သစ်လုံး များကို မွန်ပြည်နယ်အတွင်းရှိ ရော်ဘာခြံများမှ ရော်ဘာသစ်လုံး တစ်တန်လျှင် ၄ ဒသမ ၅သိန်းကျပ်ဖြင့် ဝယ်ယူ ပြီး စက်ရုံများ၌ အတန်းအစားခွဲကာ လွှစက်ဖြင့် အခွံခွာ၍ သစ်လုံးများကို ခွဲခြမ်း သည်။ ထို့နောက် ရော်ဘာသစ်ခွဲသားများ ကြာရှည်စွာ အသုံးပြုနိုင်စေ ရန် ပေါင်းကန် (ဆေးစိမ်ကန်)တွင် နာရီဝက်ခန့် ဆေးစိမ်ရသည်။ ဆေးစိမ်ပြီးနောက် အခြောက်ခံစက် (ီမပနမ ြခေ့ငညန) ဖြင့် သစ် အထူအပါးပေါ် မူတည်၍ ၇ ရက်မှ ၁၅ ရက်ထိ အခြောက်ခံရသည်။
အခြောက်ခံ၍ ရရှိလာသော ရော်ဘာသစ်ခွဲသားများကို ပါကင်ထုပ်ပိုးခြင်း ပြုလုပ်၍ ပါကင်ထုပ်ပိုးပြီး ရော်ဘာသစ်ခွဲသားများ ကို cbm (၁ Cubic Meter) လျှင် ဒေါ်လာ (၁၈၀-၂၀ဝ) ဖြင့် တရုတ် နိုင်ငံသို့ တင်ပို့ ရောင်းချကြောင်း သိရသည်။ အဆိုပါ သစ်ခွဲသားများ ကို ပရိဘောဂများ၊ လူသုံး ကုန်များထုတ်လုပ်ကြောင်း သိရသည်။
ရော်ဘာသစ်ပါးလွှာ ထုတ်လုပ်ခြင်း
ရော်ဘာသစ်ပါးလွှာပြုလုပ်ရန် ရော်ဘာသစ်လုံးများကို (သုည ဒသမ ၅ mm) အချိန်အဆဖြင့် လွှာစက်ဖြင့် လွှာ၍ ၁၀-၁၅ မိနစ်ခန့် အခြောက်ခံရသည်။ တစ်ဝက်တစ်ပျက်ထုတ်ကုန် Semi Goods) ဖြစ်သော သစ်ပါးလွှာများကို အထပ်သားပြားပြုလုပ်ခြင်း၊ လူသုံးကုန် ပြုလုပ်ခြင်းတွင် အသုံးပြုကြောင်း သိရှိရသည်။ သစ်ပါးလွှာများကို တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့ တင်ပို့ကြောင်း သိရှိရပြီး 1cbm (1 Cubic Meter) လျှင် ဒေါ်လာ ၁၃၀-၁၄၀ ဈေးနှုန်းရရှိကြောင်း သိရှိရ သည်။
အထပ်သား ထုတ်လုပ်ခြင်း
အထပ်သားပြုလုပ်ရာတွင်(သုညဒသမ၅ ာ)ရှိသော သစ်ပါး လွှာများကို အလွှာလိုက် ကော်ဖြင့် သုတ်လိမ်းဖိကပ်ပြီး ဖိစက်ဖြင့် ဖိခြင်း၊ သေသပ်မှုမရှိသော နေရာများကို ဖာထေးပြုပြင်ခြင်း၊ စက်ဖြင့် အပူပေးခြင်းဖြင့် ရရှိလာသော အထပ်သားအကြမ်းပြားများကိုFlim ဖြင့် အပေါ်/အောက် ဖုံးအုပ်ခြင်း၊ သေသပ်မှုမရှိသော နေရာများ အား ကော်ပတ်စားခြင်း၊ နောက်ဆုံးအဆင့်အနေဖြင့် အထပ်သားပြား ကို ဆေးမှုတ်ခြင်းဖြင့် အထပ်သား(Ply Wood)) အချောကို ရရှိသည်။ အဆိုပါ အထပ်သားပြားများကို ဆောက်လုပ်ရေးလုပ်ငန်းများတွင် တိုင်ပုံ လောင်းခြင်း၊ အောက်ကြမ်းခင်းSlab လောင်းခြင်း၊ ကွန်တိန်နာ ကြမ်းခင်းပြုလုပ်ခြင်းနှင့် ပရိဘောဂများပြုလုပ်ခြင်းနှင့် လူသုံးကုန် ပစ္စည်းများထုတ်လုပ်ရာ တွင် အသုံးပြုကြသည်။ အဆိုပါအထပ်သား ပြားများကို ပြည်တွင်းရှိ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များ၊ Pro1 Global Home Center များသို့ တင်ပို့ရောင်းချပြီး အလျား ၈ ပေ၊ အနံ ၄ ပေ၊ ထု 9mm ရှိသော အထပ်သားပြားတစ်ပြားလျှင် ကျပ် ၄၀ဝ၀ဝ ကျော်ရှိကြောင်း သိရှိရသည်။
အထက်ဖော်ပြပါပစ္စည်းများထုတ်လုပ်ခြင်းမှ ထွက်ရှိလာသော ဘေးထွက်ပစ္စည်းများဖြစ်သည့် ဘေးကာသစ်များကို ထင်းအဖြစ် ရောင်းချခြင်း၊ လွှစာများကို သဘာဝမြေသြဇာအဖြစ် အသုံးပြုခြင်း အပြင် လောင်စာတောင့်များကိုလည်း စမ်းသပ်ထုတ်လုပ်လျက်ရှိ ကြောင်း သိရှိရသည်။
မွန်ပြည်နယ်တွင် ရော်ဘာ သစ်ပါးလွှာ/ခွဲသား၊ အထပ်သား စက်ရုံများမှာ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ဘီးလင်းမြို့နယ်များတွင် တည်ရှိပြီး စုစုပေါင်းစက်ရုံ ၂၀ ရုံရှိရာ အဆိုပါ စက်ရုံများမှ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ရော်ဘာသစ်ပါးလွှာ/ ခွဲသား ၁၅၂၅၂၄ ဒသမ ၄၃ တန်၊ ရော်ဘာအထပ်သားထုတ်လုပ်မှု ၁၂၀၈၇ ဒသမ၅ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။
ယခုကဲ့သို့ ပြည်တွင်း၊ ပြည်ပ ဈေးကွက်ခိုင်မာပြီး ဘေးထွက် စွန့်ပစ္စည်းများမရှိဘဲ တစ်ပင်လုံး အသုံးဝင်သည့် ရော်ဘာပင်အား တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။
မိုမိုး(မွန်)