Main menu

Background

ဧရာဝတီတိုင်းဒေသကြီး ပင်လယ်ကမ်းခြေမှ အဖိုးတန် ငှက်သိုက်ဈေးကွက်

Tue, 06/03/2025 - 10:25 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး  ချောင်းသာ၊ ငွေဆောင် ပင်လယ်ကမ်းခြေဒေသများရှိ လူသူ မနီးသော  ပင်လယ်ကျွန်း၊  ကျောက်ဆောင်၊ လိုဏ်ဂူများတွင် သဘာဝအလျောက် နေထိုင် လျက်ရှိသော ဇီဝဇိုးငှက်များသည် လေထဲတွင်ရှိ သော ပိုးမွှားများအား ဖမ်းယူစားသောက်တတ် သောကြောင့် လေစားငှက်ဟုလည်း ခေါ်ဆိုကြ သည်။ ဇီဝဇိုးငှက်သည်  စာကလေးအရွယ် ခန့်သာရှိပြီး   ပျံသန်းရာတွင်  အလွန်လျင်မြန် ၍   ညအိပ်ချိန်မှလွဲကာ တစ်နေ့လုံး   ပျံသန်း နိုင်သည်။ ဇီဝဇိုးငှက်များကို အပူပိုင်းဒေသများ နှင့်  ပင်လယ်ကမ်းရိုးတန်း ကျွန်းစုများတွင် အနှံ့ အပြားတွေ့ရှိရပြီး  မလ္လာယုကျွန်းစွယ်၊ ထိုင်း နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံအနီးရှိ ကျွန်းများ ဆေးရှဲ ကျွန်းစုနှင့် မောရစ်ရှကျွန်းစုမှ ကွင်းစလန်အထိ ပျံ့နှံ့စွာနေကြသည်။ ပုသိမ်မြို့ အနောက်ဘက် ကမ်းခြေအလွန်ရှိ  ကျွန်းများနှင့် တနင်္သာရီ ကမ်းခြေ၊  မြိတ်ကျွန်းစုများတွင်လည်း  ဇီဝဇိုး ငှက်များကို တွေ့ရှိရသည်၊    
ဇီဝဇိုးငှက်သည်   အခြားငှက်များကဲ့သို့ သစ်ရွက်၊ သစ်ကိုင်းတို့ဖြင့် အသိုက်ပြုလုပ်ခြင်း မရှိဘဲ မိမိအန်ဖတ်ဖြင့် အသိုက်ပြုလုပ်ခြင်း ဖြစ် သည်။ ဇီဝဇိုးငှက်များ၏ တံတွေးဂလင်းမှ စစ် ထုတ်လိုက်သော တံတွေးရည်များနှင့် အစာရည် တချို့ဖြစ်ပြီး ၎င်းတံတွေးရည်များသည် လေနှင့် ထိတွေ့သည့်အခါ မာကျောလာပြီး ငှက်သိုက် ဖြစ်လာကြောင်း ငှက်သိုက်ကို ဇီဝဇိုးငှက်များမှ ရရှိ၍ ဇီဝဇိုးငှက်သည်  အပြင်ပန်းပုံသဏ္ဌာန် အားဖြင့်  ပျံလွှားငှက်နှင့် အနည်းငယ်တူသော် လည်း မျိုးရိုးကွဲပြား၍ အဝေးမှမြင်ရလျှင် ပျံလွှား ငှက်နှင့် ရုတ်တရက် ခွဲခြား၍ မရဘဲ အမွေးထူ သောခြေမျက်ရိုးနှင့် အရွယ်ပိုကြီးသော တောင်ပံ ကို ကြည့်ခြင်းဖြင့် ဇီဝဇိုးငှက်နှင့် ပျံလွှားငှက်ကို ခွဲခြားသိနိုင်သည်။ 
ချောင်းသာ၊ ငွေဆောင် ပင်လယ်ကမ်းခြေ ဒေသ လူနေရပ်ကွက်နှင့် ဝေးသောနေရာများ တွင် အဆောက်အဦများ ဆောက်လုပ်၍ လူနေ ထိုင်ခြင်းမရှိဘဲ ငှက်တန်းများ ပြုလုပ်ပြီး မလေး ရှား နည်းပညာဖြင့် ဖန်တီးထားသော ဇီဝဇိုးငှက် အသံတုပြုလုပ်၍  ဇီဝဇိုးငှက်များ  မွေးမြူကာ ငှက်သိုက်များ ထုတ်လုပ်ရောင်းချလျက်ရှိသည်။ ငှက်မွေးမြူထားသော အဆောက်အအုံ ပတ်ဝန်း ကျင်တွင်  ငှက်များ ပြန်လည်မထွက်ခွာစေရန် မီးခိုး၊ ပိုးသတ်ဆေး စသော အခိုးအငွေ့များ စူးရှ သော အနံ့မျာ း  မရှိစေရန်လည်း အထူးဂရုစိုက် ရသည်။ တစ်နှစ်ကျော်မှသာ အသိုက်ခွာရပြီး ငှက် သိုက်မှာ အချင်း ၂ လက်မ၊ ၃လက်မ စောက် ၁ လက်မခန့်ရှိပြီး အသိုက်တစ်ခုလျှင်  ဥနှစ်လုံး ရှိသည်၊ အများအားဖြင့် အထီးတစ်ကောင် အမ တစ်ကောင်ပေါက်၍ ငှက်မသည် ငှက်ကလေး များကို နှစ်လကြာမျှ ကျွေးမွေးပြုစုပြီး အတောင် လက်စုံချိန်တွင်  အသိုက်မှ  ခွာသွားကြသည်၊ မျိုးပွားရာသီဖြစ်သော ဇန်နဝါရီလ၊ ဧပြီလနှင့် သြဂုတ်လများတွင် ဥရန် အသိုက်ဆောက်လေ့ ရှိပြီး အသိုက်ဆောက်လုပ်ရာတွင်  ဇီဝဇိုးငှက် အထီးကသာ  ဆောက်လုပ်မှုရှိကြောင်း  သိရ သည်၊
မြန်မာနိုင်ငံတွင်ငှက်သိုက်ရရှိသော ကျွန်း များကိုသစ်တောဌာနက အုပ်ချုပ်၍ နှစ်စဉ် ငှက် သိုက်သိမ်းယူခွင့်လိုင်စင်ထုတ်ပေးပြီး ဥပဒေများ ကိုလည်း လိုအပ်သလို ထုတ်ပြန်လျက်ရှိရာ ငှက် မျိုးစိတ်များ   မပြုန်းတီးစေရန်လည်း စောင့် ရှောက်လျက်ရှိသည်။    သဘာဝငှက်သိုက်စု ဆောင်းချိန်တွင်   ငှက်သိုက်များ  ရရှိနိုင်သည့် ကျောက်ဆောင်၊ လိုဏ်ခေါင်းအတွင်း ဝင်ရောက် ၍ အတွင်းနံရံကို ခဲယဉ်းစွာ တက်ရောက်ငြမ်း ဆင်ပြီး   သက်စွန့်ဆံဖျား  တက်ရောက်ကာ စုဆောင်းရသည်၊ 
သစ်တောဦးစီးဌာနမှ     ငှက်သိုက်စု ဆောင်းချိန်ကို မတ်လပထမပတ်မှ ဒုတိယပတ်၊ ဧပြီလ ပထမပတ်မှ ဒုတိယပတ်၊ ဇူလိုင်လ ပထမ ပတ်မှ ဒုတိယပတ်၊ နိုဝင်ဘာလ တတိယပတ်မှ စတုတ္ထပတ်အထိ လေးကြိမ်ခွဲကာ စုဆောင်းရန် သတ်မှတ်ပေးထားပြီး  စုဆောင်းခွင့်ရရှိသော ငှက်သိုက်များကို  သစ်တောဦးစီးဌာနက စစ် ဆေး၍ ငှက်ကလေးများ သွေးပါသည်အထိ အန် ထုတ်၍ ပြုလုပ်သော အသိုက်များကို မယူရန် လိုင်စင်   စည်းကမ်းတွင်ပါဝင်သည်။ သွေးပါ သောငှက်သိုက်များကို တွေ့ရှိပါက လိုင်စင်ရရှိ သူကို ဒဏ်ရိုက်လျက်ရှိကြောင်းသိရသည်၊ 
လိုင်စင်ရောင်းချရာတွင် အချို့ကျွန်းများ ကို တစ်လှည့်စီ ပိတ်ပေး၍ ပိတ်ထားသော ကျွန်း ပေါ်ရှိ ငှက်ကလေးများမှာလည်း  အနှောင့် အယှက်မရှိဘဲ  အသိုက်ပေါက်နိုင်ကာ သဘာဝ ပတ်ဝန်းကျင်   ထိန်းသိမ်းပေးနိုင်သည့်အပြင်  ထိုကျွန်းများပေါ်သို့ တက်ရောက်၍ ငှက်သိုက်ခိုး ယူသူများနှင့် ငှက်ကလေးများကို ဖမ်းယူစား သောက်တတ်သော သိမ်းငှက်၊ စွန်၊ ငှက်ရဲတို့၏ အန္တရာယ်မှ  ကာကွယ်ရန် သစ်တောဝန်ထမ်း များမှ စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရ သည်၊
ငှက်သိုက်သည် ပရိုတင်းဓာတြွ်ကယ်ဝ၍ အာဟာရဓာတ်များစွာပါဝင်ပြီး သက်ကြီးရွယ် အိုများ၊ နာတာရှည်ရောဂါရှိသူများ ၊ လူမမာများ၊ အားကစားသမားများ အားအင်ကုန်ခန်းနေသူ များအတွက် ကိုယ်ခံအားစနစ်ကောင်းစေသည်။ သဘာဝအားဆေးအဖြစ်   သုံးစွဲလျက်ရှိသည့် အပြင် စိတ်မငြိမ်မသက်ဖြစ်ခြင်း သွေးတိုး၊ ဆီးချို နှင့်  အဆုတ်လူနာများအတွက် အထူးကောင်း မွန်သော ဆေးဝါးဖြစ်သည်။ တရုတ်နိုင်ငံတွင် အသက်ရှူလမ်းကြောင်းရောဂါ၊ အားအင်ပြည့် စေရန်နှင့် အရေပြားလှပစေရန်အတွက်လည်း သုံးစွဲလျက်ရှိကြောင်း သိရသည်၊
ဧရာဝတီတိုင်းဒေသကြီး   ချောင်းသာ၊ ငွေဆောင်ကမ်းခြေဒေသတွင် ဇီဝဇိုးငှက်မွေးမြူ ၍  အိမ်မွေးငှက်သိုက်လုပ်ငန်း လုပ်ကိုင်ဆောင် ရွက်နေသော လုပ်ငန်းရှင် ၁၄ ဦးရှိပြီး သစ်တော ဦးစီးဌာနမှ လုပ်ငန်းရှင်များကို သစ်တောဥပဒေ နှင့်အညီ စာချုပ် ချုပ်ဆို၍ စာချုပ်ပါစည်းကမ်း များအတိုင်း မွေးမြူလျက်ရှိသည်။ သစ်တောဦးစီး ဌာနမှ   ဝန်ထမ်းများ  ကြီးကြပ်ကွပ်ကဲမှုဖြင့် လုပ်ငန်းရှင်များက   ငှက်သိုက်များ   စနစ်တကျ ခွာယူလျက်ရှိကြောင်း သိရသည်၊ ငှက်သိုက် ခွာယူရာတွင်  ငှက်သိုက်ခွက်များ၏ အရွယ် အစား တစ်လက်မခွဲကျော်ရှိမှသာ ခွာယူရမည် ဖြစ်ပြီး ခွာယူရရှိသော ငှက်သိုက်အကြမ်းကို ခွာယူ  ရေစိမ်၍  ငှက်ချေး၊ ဥအကွဲ၊ ဥအကြေ၊ ငှက်မွေးများ  ရှင်းလင်းသန့်စင်ပြီး ငှက်သိုက်ကို သကြား၊ ရေသန့်တို့ဖြင့် ၁နာရီ ခန့်ပေါင်းပေးလျှင် ငှက်သိုက်ကုန်ချောကို ရရှိသည်၊ အအေးခံထား သော ငှက်သိုက် ၃၅ ဂရမ်ကို ပိုးသတ်ထားသော ၄၅ မီလီမီတာ ဖန်ပုလင်းဖြင့် ထည့်သွင်းပြီး တစ် ပုလင်းလျှင် ကျပ် ၉၅၀ဝ ဈေးနှင့် ကိုယ်စားလှယ် များမှတစ်ဆင့်  ပုသိမ်၊ ရန်ကုန်၊ မြောင်းမြ၊ မန္တလေးမြို့နှင့် အခြားမြို့များသို့လည်း ရောင်းချ လျက်ရှိသည်။ 
အော်ဒါမှာယူသူများအား  အမြန်ချောပို့ စနစ်ဖြင့် အိမ်အရောက် ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။ ငှက်သိုက်များကို ပြည်တွင်း သုံးစွဲရန်သာမက    ပြည်ပနိုင်ငံများသို့လည်း  တင်ပို့ရောင်းချလျက်ရှိသည့်အတွက်   မြန်မာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် တစ် ဖက်တစ်လမ်းမှ ပါဝင်လျက်ရှိကြောင်း ရေးသား လိုက်ရပါသည်၊

ကိုးကား-မြိတ်တက္ကသိုလ် ၂၀ဝ၄-၂၀ဝ၅ မဂ္ဂဇင်း သတ္တဗေဒဌာန(ဌာနစု) ပါမောက္ခ ဒေါ်မြင့်မြင့် သန်း၏ ငှက်သိုက်ဆောင်းပါး

 

မင်းမင်းဦး (ပသ)