(ယခင်လမှအဆက်)
ထူးခြားချက်များရှိသည်။ ထိုထူးခြားချက်မှာ ကျစ်လျစ်မှုရှိခြင်း၊ သယ်ယူသိမ်းဆည်းရာတွင် လွယ်ကူခြင်း၊ ဆေးရောင်မမှိန်ခြင်း၊ ဆီဆေးတစ်မျိုး တည်းကိုသာ အသုံးပြုရေးဆွဲရခြင်းနှင့် စွန့်ပစ် ပုလင်း သို့မဟုတ် ရေးဆွဲမည့်ပုလင်းသည် ဈေးမ များခြင်းတို့ဖြစ်သည်။ ထိုကဲ့သို့ အားသာချက် များရှိသလို အားနည်းချက်များလည်းရှိသည်။
ဤကား အလွယ်တကူ ကျကွဲနိုင်ခြင်းပင် ဖြစ်ပါသည်။
ပုလင်းပန်းချီများသည် အခြားသော ပန်းချီ ကားများကဲ့သို့ နေရာများများ မပေးရပေ။ အခြား သော ပန်းချီကားများဆိုလျှင် ပြင်ပလေနှင့် ထိ တွေ့၍ အရောင်မှိန်သည့်သဘောရှိသည်။ ပုလင်း ပန်းချီသည် ပုလင်းအတွင်းတွင် ရှိသည့်အတွက် အရောင်မှိန်ခြင်း မရှိပေ။ ပုလင်းပန်းချီရေးဆွဲ ရာတွင် ပုလင်း၏ အတွင်းဘက်သို့ စုတ်တံထည့်၍ ရေးဆွဲရသည်။ ထိုသို့ ရေးဆွဲရာတွင် ကားချပ်ပေါ် တွင် ရေးဆွဲသကဲ့သို့ မျက်နှာချင်းဆိုင်ရေးဆွဲခြင်းမျိုးမဟုတ်ပေ။ ထို့ပြင် စုတ်တံကို မူလအတိုင်း ဆေးတို့၍ရေးဆွဲခြင်းလည်း မဟုတ်ပါ။ ပုလင်း အတွင်းရေးဆွဲရာတွင် ပုလင်းအပြင်ကကြည့်လျှင် အတည့် မြင်စေရန် ပုလင်းအတွင်းတွင် ပြောင်းပြန် ရေးဆွဲရပြီး စုတ်တံကို အဖျားကောက် ရေးဆွဲရ သည်ဟု ကြားဖူးသည်။ ပုလင်းပန်းချီအတွက် ဆီ ဆေးတစ်မျိုးကိုသာ အသုံးပြု ရသည်ဟုသိရသည်။ သင်္ဘောဆေးဖြင့် ရေးဆွဲပါက အပူရှိန်ပြင်းထန် လာလျှင် ပုလင်းအတွင်းရှိလေသည် ပြင်ပလေ ထက်ပူလာပြီး သင်္ဘောဆေးများ ြွကလာသည်ဟု ဆို သည်။ ပုလင်းပန်းချီအတွက် မြန်မာစုတ်တံကို သာ အသုံးပြုကြသည်။ အဆိုပါ စုတ်တံများကို တည့်ကွေး၊ ယောင်ယောင်ကွေးစသည်ဖြင့် မိမိ ရေးဆွဲရန် အဆင်ပြေအောင် ကိုယ်တိုင်ဖန်တီး ယူကြရသည်။ စုတ်တံအပါး အတွက်ကော်ဖတ် စားခြင်း၊ စုတ်တံထိပ်မွေးများကို မိမိအလိုရှိသည့် အနေအထား ရရှိစေရန် မီးဖြင့် လိုအပ်သလို ညှိ ပေးခြင်း၊ စုတ်တံထိပ်လုံးအောင်လည်း ပြုလုပ် ပေးရသည်။ ပုလင်းပန်းချီရေးဆွဲရန်အတွက် စွန့် ပစ်ပုလင်းများကို သန့်ရှင်းရေးပြုလုပ်ပြီး ပြန်လည် အသုံးပြုလေ့ရှိသည်။ ပုလင်းပန်းချီအတွက် ပုလင်း အကြီးကို အသုံးပြုမှုနည်းပြီး ပုလင်းအသေးများ ကိုသာ အသုံးပြုကြသည်။ ပုလင်းပန်းချီသည် ပန်းချီရေးဆွဲနည်းများစွာအနက် ရှားပါးသော ရေးဆွဲနည်းတစ်မျိုးဖြစ်သော်လည်း လူကြိုက်နည်း သည်။
ထိုသို့ လူကြိုက်နည်းရခြင်းမှာ ပုလင်း အတွင်းဆေးများ ပြည့်နေပြီး ဆေးရောင်များဖြင့် ရှုပ်နေသောကြောင့်ဖြစ်သည်။ နောက်ခံဆေး မတင်ပါက မူလပုလင်းအကြည်ပေါ်တွင် ရေးဆွဲ သဖြင့် ရေးဆွဲထားသောပုံကို ပိုပေါ်စေသည်။ ကြည့်ရသည်မှာလည်းရှင်းသည်။ ယခု အခါ ဆီ ဆေးအပြင် ရွှေမင်များကိုပါ အသုံးပြုလာကြသည်။ ပုလင်း ပန်းချီပုံများကို အများအားဖြင့် မြန်မာ့ရိုးရာ ပုံများ၊ ရွှေစွန်ညိုပုံ၊ မြန်မာ့ယဉ်ကျေးမှုနှင့် သက် ဆိုင်သော ပုံများနှင့် လောကနတ်ပုံများကို ရေးဆွဲ သလို ဘာသာယဉ်ကျေးမှုအတွက် ဆွမ်းခံထွက်နေ သော ကိုရင်ပုံများနှင့် ပျိုမေများ ရေခပ်ဆင်းရန် ရေအိုးရွက်လာသောပုံများကို ရေးဆွဲလေ့ရှိကြ သည်။ ပုလင်းပန်းချီတစ်လုံး၏ တန်ဖိုးသည် တန်ဖိုးကြီးလှသည်။ နိုင်ငံခြားသားများက ဈေး ကြီးပေး၍ ဝယ်ယူကြသည်ဟုသိရသည်။ မြန်မာ့ ရိုးရာ ပန်းချီဟုပြောလိုက်လျှင် ပန်းကနုတ် အနု အဖွဲ့များ၊ ကြာမှောက်ကြာလန်များ၊ ဘီလူး ပန်းဆွဲ များ၊ ဘီလူးပန်းကိုက်များ၊ ဗုဒ္ဓဝင်ဇာတ်နိပါတ် များနှင့် ရှေးဟောင်းဘုရားများထံတွင် နံရံပန်းချီ များကို တွေးမြင်ကြမည်ဖြစ်ပါသည်။ ရှေးခေတ်နံရံ ပန်းချီများအားလုံးသည် မြန်မာများ၏ အနုပညာ တန်ဖိုး မြင့်မားမှုကို ပြသနေသကဲ့သို့ မြန်မာတို့၏ ဂုဏ်သိက္ခာဟု ဆိုရလျှင်လည်း မမှားပါ။ ပုဂံခေတ် အပြီး ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်း ဘောင်ခေတ်များတွင် နံရံပန်းချီများမှာ ထိုခေတ် အခါက သမိုင်းနှင့် အနုပညာတန်ဖိုးများကို ပြန် လည်လေ့လာနိုင်ပါသည်။ မန္တလေး ရတနာပုံခေတ် အစောပိုင်းတွင် ]ပုရပိုက်ပန်းချီ}များသည် နံရံ ပန်းချီ များထက်ပို၍ ခေတ်စားလာခဲ့သည်။
မြန်မာဘုရင်များ၏ ဝတ်စားဆင်ယင်ပုံများ၊ မင်းခမ်းမင်းနားများ၊ မြန်မာ့ရိုးရာပွဲတော်များတွင် နန်းတွင်းပန်းချီတော်များသည် ပုရပိုက်ပန်းချီများ အဖြစ် သမိုင်းတွင် ကျန်ရစ်စေခဲ့သည်။ ]ပုရပိုက်} ဟူသော ဝေါဟာရကို ပုဂံခေတ်နှောင်းပိုင်းမှစ၍ သုံးနှုန်းခဲ့ခြင်းကို ကျောက်စာတွင် တွေ့ရသည်။ ပုဂံခေတ်နှောင်းပိုင်းတွင် အင်းဝ၊ ပင်းယ၊ ကုန်း ဘောင်ခေတ်ရေး ပုရပိုက် ပန်းချီများကိုလည်း ရှာဖွေမတွေ့ရပါ။ တွေ့မြင်နိုင်သေးသည့် ပုရပိုက် ပန်းချီမှာ ရတနာပုံ ခေတ်ရေးများသာဖြစ်သည်။ ပုရပိုက် ပန်းချီများသည် ပုံမှန်အားဖြင့် အကြီးဆုံး အလျား ၄ ပေ၊ အနံ ၁ ပေခွဲမှစ၍ အသေးဆုံး အလျား ၃ လက်မ၊ အနံ၁လက်မခွဲအထိရှိသည်။ ပုံမှန်ပုရပိုက်ပန်းချီများမှာ အလျား ၁၇ လက်မ၊ ၁၈ လက်မနှင့် အနံအားဖြင့် ၇ လက်မ၊ ၈ လက်မ ဖြစ်သည်။ ပုရပိုက်များကို တစ်ခု၊ နှစ်ခုဟုမသုံးဘဲ တစ်ဆူ၊ နှစ်ဆူဟု ခေါ်ဝေါ်သုံးစွဲကြသည်။
မြန်မာသက္ကရာဇ် ၁၂၆၁ ခုနှစ် သက်တမ်း ပါသော လွန်ခဲ့သည့် နှစ် ၁၀ဝ ကျော် ကပုရပိုက် ပန်းချီမှာ အလှူပွဲသဘင် အခမ်းအနားများ အကြောင်းကို ရေးသားထားပြီး ပန်းချီပြကွက် အားဖြင့် ၂၅ ကွက် ပါဝင်ပြီး စာမျက်နှာပေါင်း ၅၀ ပါဝင်သည်။ ပုရပိုက်အရွယ်အစားသည် အလျား ၁၈လက်မနှင့် အနံ၈လက်မဝန်းကျင်ရှိသည်။ ခုနှစ် မပါသော ပုရပိုက်ပန်းချီမှာ သိဒ္ဓတ္ထမင်းသား ကြာ ချည်ထွက်ခန်း၊ ဝေဿန္တရာဇာတ်တော်တို့ကဲ့သို့ ဇာတ်ခန်း ၁၂ ခန်း ပန်းချီပါဝင်ပြီး စာမျက်နှာပေါင်း ၂၄ မျက်နှာပါဝင်ပါသည်။ သက္ကရာဇ်မပါဝင်သော် လည်း ပန်းချီများမှ ပြောပြနေသောအနေ အထား အရ ထိုပုရပိုက်သည် ခုနှစ်ပါသော ပုရပိုက်ပန်းချီ ထက် ပို၍ စောနိုင်ဖွယ်ရှိကြောင်း သိရသည်။
ပုရပိုက်ပန်းချီများမှာလည်း ကောက် ကြောင်းများကို ဦးစားပေးပြီး ရေးသားထားသည်။ ပုရပိုက် ပန်းချီများ၏ ထူးခြားချက်မှာ နန်းတွင်း ပန်းချီကျော်များသည် ပုရပိုက်ပန်းချီများထဲတွင် ရွှေအစစ်နှင့် ဆေးရောင်စုံများကို ရောနှောဖန်တီး ရေးသား ထားခြင်းပင် ဖြစ်ပါသည်။ နှစ်ပေါင်းရာချီ နေသော်လည်း အသုံးပြုခဲ့သော ရွှေအစစ်နှင့် ဆေးရောင်စုံများ၏ အရည်အသွေးကြောင့် နှစ် ပေါင်း ၁၀ဝ ကျော်ကြာသောအချိန်ထိ ပုရပိုက် ပန်းချီကားများထဲမှ ပန်းချီကားများသည် အရောင် ကျမသွားဘဲ စိုတောက်၍ လှပလျက်ရှိသည်။ ပုရပိုက်ပန်းချီသည်လည်း အလွန်ရှားပါးသော ပန်းချီကားပင်ဖြစ်ပေသည်။ ထို့ကြောင့် ယခုကဲ့သို့ ရှားပါး၍ အဖိုးတန်လှသော ပုရပိုက်ပန်းချီများ နှင့်ပုရပိုက်များကို ]တက္ကသိုလ်များ ဗဟိုစာကြည့် တိုက်တွင်} စုဆောင်းသိမ်းဆည်းထားလျက်ရှိ ကြောင်း သိရသည်။
မြန်မာ့ပန်းချီ၊ ပန်းပုဈေးကွက်အတွင်း အလှ ဆင်ရာတွင် အသုံးများသည့် ပန်းချီကား အမျိုး အစားများအနက် ကနုကမာပန်းချီကားများကို စိတ်ဝင်စားနေသူများနေကြကြောင်း ပန်းချီ၊ ပန်းပု နှင့် မြန်မာမှုအနုပညာလက်ရာအမျိုးမျိုး အရောင်း ဈေးကွက်မှ သိရှိရသည်။ ပန်းချီကား၊ ကျောက် ပန်းချီများကို အိမ်တက်ပွဲ၊ မင်္ဂလာပွဲများ၊ မွေးနေ့ များ၊ ဆိုင်ဖွင့်ပွဲများအတွက်လည်း ဝယ်ယူကြ လေ့ရှိကြသလို မိမိအမြတ်တနိုး တန်ဖိုးထားရ သူများ၏ ပုံတူများ ပြုလုပ်ကာ ကျောက်စီပန်းချီ ကားများပြုလုပ်၍လည်း လက်ဆောင်ပေးလေ့ ရှိကြပါသည်။ ရွှေခြည်ထိုးပန်းချီကားများကိုလည်း စိတ်ဝင်စားကြသည်။ ကျောက်စီပန်းချီကား၊ ကနုကမာပန်းချီကားများမှာ ရွှေချည်ထိုး ပန်းချီ ကားများထက်ပို၍ ဈေးနှုန်းသင့်တင့်သောကြောင့် ပို၍ရောင်းရကြောင်း သိရှိရသည်။ ပန်းချီကား ဈေးနှုန်းများမှာ ကျပ်နှစ်သိန်းကျော်မှစ၍ ဈေး နှုန်းအမျိုးမျိုးရှိပြီး ကျောက်စီပန်းချီကား ဈေးနှုန်း မှာ ကျပ် ၃၅၀ဝ၀ မှစ၍ရှိသည်။ မြန်မာ့ပန်းချီ၊ ပန်းပုလက်ရာများကို လူငယ်များ စိတ်ဝင်စားမှု များလာပြီး ပြည်ပနိုင်ငံခြားသားများလည်း စိတ် ဝင်စားမှုများ ရှိလာကြသည်။ ထို့ကြောင့် မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်များထဲမှ တစ်ခုပါဝင်လျက် ရှိသော ရှေးခေတ်ပန်းချီကားများကို တန်ဖိုးထား မြတ်နိုး၍ ထိန်းသိမ်းစောင့်ရှောက်သွားရမည် လည်း ဖြစ်သည်။
အေးကဗျာပိုင် (ပဲခူး)
