ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ရေထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၈၀ဝ ကျော် ရရှိနိုင်ရန် မျှော်မှန်းထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရေထွက်ကုန် တန်ချိန် ၅၂၀ဝ၀ဝ ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၇၃၀ နီးပါး ရရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပုံမှန်ကုန်သွယ်ရေး (Normal Trade) နှင့် နယ်စပ်ကုန်သွယ်ရေး (Border Trade) လမ်းကြောင်းများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်သည်။
မြန်မာ့ရေထွက်ကုန်များကို ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန်နှင့် ဥရောပ နိုင်ငံများ အပါအဝင် တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများသို့ ငါး၊ ပုစွန်၊ ကဏန်း စသည့် ရေထွက်ကုန်များကို ပုံမှန်တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ မြန်မာတစ်နိုင်ငံလုံးတွင် ငါးနှင့် ပုစွန်မွေးမြူသည့် ကန်ပေါင်း ၄၈၀ဝ၀ဝ ရှိပြီး အအေးခန်းသိုလှောင်ရုံပေါင်း ၁၂၀ ကျော်ရှိကြောင်း သိရသည်။
ပြည်ပသို့ ငါးတင်ပို့မှုတွင် ငါးသလောက်၊ ကကတစ်၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးတန် စသည့် ငါးအမျိုးအစားပေါင်း ၂၀ ကျော်ကို နိုင်ငံပေါင်း ၄၀ သို့ တင်ပို့ နေခြင်းဖြစ်ကြောင်း သိရသည်။
ပန်းဆု