Main menu

Background

ဆိုလာပါဝါ အဓိက ထုတ်လုပ်ရာ ဒေသ ဖြစ်လာနိုင်သော သဲကန္တာရများ

Mon, 02/15/2010 - 09:29 -- Anonymous (not verified)

လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုရဲ့ လေးပုံတစ်ပုံကို သဲကန္တာရများရှိ နေ ရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ် အား ထုတ်လုပ်ရေး လုပ်ငန်းတွေက ၂၀၅၀ ပြည့်နှစ်အရောက်မှာ ထုတ်လုပ် ပေးနိုင်ဖွယ်ရာ အခြေအနေ ရှိတယ်လို့ နေစွမ်းအင်လိုလားသူများအုပ်စုက ခန့် မှန်းထားပါတယ်။ နေစွမ်းအင် လိုလား သူများအုပ်စုမှာ ဂရင်းပိစ်အဖွဲ့၊ ဥရောပ နေစွမ်းအင် အပူသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအဖွဲ့(ESTELA) ၊ အဏု မြူ စွမ်းအင်အေဂျင်စီ(IAEA)နဲ့ ဆိုလာ ပိစ် အဖွဲ့တွေ ပါဝင်တယ်လို့ သိရပါ တယ်။ နေရောင်ခြည်စွမ်းအင် အသုံးပြု ရေး နည်းပညာဟာ ပူပြင်းပြီး မိုးတိမ် တွေကင်းစင်တဲ့ ဆာဟာရ သဲကန္တာရနဲ့ အာရှ အလယ်ပိုင်းဒေသတွေမှာ အထူး သင့်လျော်တဲ့အတွက် အဲဒီဒေသတွေမှာ နေစွမ်းအင် အမြောက်အမြားထုတ်လုပ် နိုင်အောင် ကြိုးစားလာနိုင်ရင် အလုပ် အကိုင်သစ်တွေ များစွာပေါ်ပေါက်လာ မယ့်အပြင် ရာသီဥတုပြောင်းလဲမှုကို ပြန် လည်တည့်မတ်ရာမှာလည်း အထောက် အကူ ပြုလာနိုင်ပါတယ်။ နယူးမက္ကဆီကိုပြည်နယ်ရှိ ဆန်းဒီး ယားအမျိုးသားဓာတ်ခွဲခန်းတွေမှာ Sun Catchers လို့ အမည်ပေးထားတဲ့ နေ ရောင်ခြည်စွမ်းအင်ထုတ်လုပ်တဲ့ ကိရိ ယာကြီးတွေ များစွာရှိပြီး ညအချိန်မှာ အနားယူပေမယ့် နေရောင်ခြည် ထွက် ပေါ်လာတာနဲ့ တစ်ပြိုင်နက် အလင်း ရောင်ရှိရာဘက်ကို မျက်နှာမူကာ လျှပ် စစ်ဓာတ်အားတွေကို စတင်ထုတ်လုပ်ပါ တယ်။ ယခုအခါ အဲဒီ စက်ကိရိယာ ပေါင်း ခြောက်သောင်းကို လော့အိန်ဂျ လိစ်နဲ့ စန်ဒီယာဂို သဲကန္တာရအတွင်းမှာ တည်ဆောက်နေတယ်လို့ သိရပါတယ်။ ၁၉၈၀ ပြည့်နှစ်လောက် ကတည်း က ရိုလင်းဟူးလ်စထရောင်းဆိုသူ အင် ဂျင်နီယာ တစ်ဦးက နေစွမ်းအင် တစ် ခေတ်ဆန်းလာရင် အမေရိကန် တစ် နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အလုံအ လောက် ဖြန့်ဖြူးပေးနိုင်လိမ့်မယ်လို့ ခန့် မှန်းခဲ့ဖူးပါတယ်။ သူ့ရဲ့အဆိုအရ မိုင် ၁၀၀ ပတ်လည်ရှိတဲ့ သဲကန္တာရလိုနေရာ မျိုးမှာ မှန်ပြားကြီးတွေတပ်ဆင်နိုင်ရင်း လျှပ်စစ်ဓာတ်အားအတွက်  တခြား လောင်စာတွေသုံးစွဲဖို့ လုံး၀ မလိုအပ် တော့ဘူးလို့ ပြောကြားပါတယ်။ ဂျာမနီနိုင်ငံက ှSiemens ကုမ္ပဏီ ကြီးဟာ ကမ္ဘာမှာ ပတ်ဝန်းကျင် ထိန်း သိမ်းရေး နည်းပညာအခြေခံအဆောက် အအုံပစ္စည်းတွေ အများဆုံး ထုတ်လုပ် ရောင်းချတဲ့ ကုမ္ပဏီကြီး ဖြစ်ပါတယ်။ ယခုအခါ အာဖရိကတိုက် မြောက်ပိုင်း ဆာဟာရ သဲကန္တာရကြီးထဲမှာ နေရောင် ခြည်စွမ်းအင်ကနေ လျှပ်စစ်ဓာတ်အား အမြောက်အမြား ထုတ်လုပ်ရေး စီမံကိန်း ကြီးဖြစ်တဲ့ Desentec Project ကို အကောင်အထည်ဖော်မယ့် စွမ်းအင် ကုမ္ပဏီကြီးတစ်ခုဖြစ်လာပါတယ်။ အဲဒီ စီမံကိန်းကြီးဟာ မြောက်အာဖရိကတိုက် မှာရှိတဲ့ သဲကန္တာရတွေထဲမှာဥရောပရှိနိုင်ငံ တွေရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၁၅ ရာခိုင်နှုန်းခန့်နဲ့ စီမံကိန်း အကောင် အထည်ဖော်တဲ့နိုင်ငံရဲ့ လျှပ်စစ် ဓာတ် အား လိုအပ်ချက်ကို အလုံအလောက် ဖြည့်ဆည်းပေးနိုင်ဖို့ ရည်မှန်းဆောင်ရွက် နေတယ်လို့ သိရပါတယ်။ Desentec Project ကြီးကို ယူရို ငွေ ဘီလျံ ၄၀၀ ရင်းနှီးမြှုပ်နှံပြီး လုပ် ကိုင်ဖို့ရှိပါတယ်။ အသုံးပြုမယ့် နည်း ပညာကတော့ သဲကန္တာရထဲမှာ မှန်ချပ် ကြီးတွေနဲ့ နေရောင်ခြည်ကို စုစည်းပြီး ပိုက်တွေနဲ့ ဆင်ထားတဲ့ အလွှာတွေ  အတွင်းသို့ ပေးပို့ကာ လျှပ်စစ်ဓာတ် အားကို ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။ ထွက်ရှိလာတဲ့ လျှပ်စစ်ဓာတ်အားကို ကီလိုမီတာ ၃၀၀၀ ကျော်ဝေးတဲ့ ဥရော ပတိုက်သို့ အသစ် သွယ်တန်းထားတဲ့ တစ်လုံး တစ်စည်းတည်းသော မဟာ ဓာတ်အားလိုင်းကြီးနဲ့ ပေးပို့ဖို့ရှိပါတယ်။ နေရောင်ခြည် အပူဓာတ်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံတွေကို နေသွားရာ လမ်းကြောင်းပေါ်မှာတည်ထောင်ထား အတွက် ရာနှုန်းြ့ပည့်နေရောင်ခြည်ရရှိ ပြီး လျှပ်စစ်ဓာတ်အားကို ကုန်ကျစရိတ် အနည်းဆုံးနဲ့ ထုတ်လုပ်ရရှိနိုင်ပါတယ်။ ဒါ့ကြောင့်အချိန်တိုကာလအတွင်း တွင်း ထွက် လောင်စာ (ရေနံနဲ့ ကျောက်မီး သွေး)တွေနဲ့ လျှပ်စစ်ဓာတ်အားထုတ် လုပ်ဖြန့်ဖြူးရေးစနစ်ကို ယှဉ်ပြိုင်လာ နိုင်စရာရှိပါတယ်။ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနဲ့ စီးပွားရေးအလားအလာ အရလည်း ဖွံ့ဖြိုးတိုးတက်လာစရာရှိပါ တယ်။ Desentec Project မှာ အသုံးပြု မယ့် ရှေ့ပြေးနည်းပညာ စက်ရုံကို Aachen မြို့အနီး Julicg ဒေသမှာ တွေ့မြင်နိုင်ပါတယ်။ အဲဒီ နေစွမ်းအင် စက်ရုံဟာ မီတာ ၅၀ မြင့်တဲ့ မျှော်စင် ကြီး (tower) ပေါ်မှာ မှန်ချပ်ပေါင်း ၂၅၀၀ ကို နေရောင်ခြည်တိုက်ရိုက် ကျ ရောက်နိုင်အောင်စီမံထားပြီး လျှပ်စစ် ဓာတ်အားထုတ်ယူပါတယ်။ ယူရိုငွေ ၂၂ သန်းကုန်ကျပြီး လျှပ်စစ်ဓာတ်အား ၁ ဒသမ ၅ မီဂါဝပ်ထုတ်လုပ်နိုင်တဲ့အတွက် အိမ်ထောင်စု ၃၅၀ ကို အလုံအလောက် ဖြန့်ဝေပေးနိုင်တယ်လို့ သိရပါတယ်။ ဂျာမနီနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဌာနဝန်ကြီး Sigman Gabried က အဲဒီ နေရောင်ခြည်သုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံဟာ အနာဂတ်မှာ ဖြစ် ပေါ်လာမယ့် ပြန်ပြည့်မြဲစွမ်းအင် ဓာတ် အားပေးစက်ရုံတွေရဲ့ ရှေ့ပြေး နမူနာ စက်ရုံတစ်ရုံပဲဖြစ်ပါတယ်။Ref; www.magazin deutschland.deမောင်ပုဆိုးကြမ်း