Main menu

Background

ဂျပန်ယန်းငွေတန်ဖိုးကျဆင်းမှုကြောင့် တောင်ကိုရီးယားစီးပွားရေး ထိခိုက်လာ

Fri, 06/12/2015 - 21:02 -- journal_editor

အတွဲ(၁၅)အမှတ်(၂၁)

    တောင်ကိုရီးယား ပို့ကုန်လုပ်ငန်း ရှင်များ၏ ထက်ဝက်ကျော်သည် ဂျပန် ယန်းငွေတန်ဖိုးကျဆင်းမှုကြောင့် ၎င်းင်း တို့၏ အမြတ်ငွေ ၁၂ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း ကိုရီးယားစက်မှုလုပ် ငန်းရှင်များနှင့်  ကုန်သည်ကြီးများ အသင်း၏  လေ့လာဆန်းစစ်ချက်အရ သိရသည်။ ဧပြီလ ၂၇ ရက်မှမေ ၆ ရက်အထိ ကိုရီးယားပို့ကုန်လုပ်ငန်းရှင် ၃၀၀ ဦးအား စစ်တမ်းကောက်ယူချက် အရ ၎င်းင်းတို့အနက်မှ    ၅၅ ဒသမ ၇ ရာခိုင်နှုန်းသည် ဂျပန်ယန်းငွေတန်ဖိုး ကျဆင်းမှု ကြောင့် ၎င်းင်းတို့၏ အမြတ်ငွေ များ ကျဆင်းရကြောင်း ပြောကြားခဲ့သည်။ပို့ကုန်လုပ်ငန်း ရှင် များ အားလုံး သည် ၎င်းင်းတို့၏ တောင်ကိုရီးယားဝမ်နှင့် ဂျပန် ယန်းငွေတို့၏ အမြင့်ဆုံးခံနိုင်ရည် ရှိမှု လဲလှယ်နှုန်း (break-even point)  ကို ယန်း ၁၀၀ လျှင် ၉၂၄ ဝမ်သာထားရှိ ခဲ့ကြသည်။ လက်ရှိ ဈေးကွက်အတွင်း လဲလှယ်နှုန်းအရ ယန်း ၁၀၀ လျှင် ၉၆၃ ဝမ်ဖြစ်နေသည်။ ကိုရီးယားသံမဏိလုပ် ငန်းကဏ္ဍရှိ ပို့ကုန်လုပ်ငန်းရှင် များက ၎င်းတို့၏ ယန်းငွေအနိမ့်ဆုံး ခံနိုင်ရည်ရှိ မှု  break-even point  ကို ယန်း ၁၀၀ လျှင် ၉၆၃ ဝမ်ထားရှိပြီး၊ ရေနံဓာတုလုပ် ငန်းကဏ္ဍက ယန်း ၁၀၀ လျှင် ၉၅၆ ဝမ်၊ အကြီးစားစက်မှုလုပ်ငန်းကဏ္ဍက ၉၅၃ ဝမ်၊ စားသောက် ကုန်ကဏ္ဍက ၉၄၃ ဝမ်၊ ကားလုပ်ငန်းကဏ္ဍက ၉၃၅ ဝမ်၊ ရေယာဉ် တည်ဆောက်မှုလုပ်ငန်း ကဏ္ဍက ၉၂၂ ဝမ်နှင့်တစ်ပိုင်းလျှပ်ကူး ပစ္စည်းလုပ်ငန်း ကဏ္ဍက ၉၁၈ ဝမ်စသဖြင့် အသီးသီး ထားရှိကြသည်။
ဂျပန်နိုင်ငံရှိ    ရေယာဉ်တည် ဆောက်ရေး လုပ်ငန်းရှင်များသည် ဂျပန်ယန်းငွေတန်ဖိုး  ကျဆင်းလာခြင်း ကြောင့် ၎င်းင်းတို့၏ ဈေးကွက်ကို ပြည်တွင်း ဈေး ကွက်သို့ ဦးလှည့်အာရုံစိုက်လာကြ ကြောင်း၊ တောင်ကိုရီးယားရေယာဉ် တည်ဆောက်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။   ဂျပန်ယန်းငွေ တန်ဖိုးကျဆင်းမှု ရိုက်ချက်သည် ကိုရီး ယားလုပ်ငန်းရှင်များကို ကိုရီးယားပြည် တွင်းမှာသာမက တရုတ်နိုင်ငံအတွင်းရှိ ဂျပန်လုပ်ငန်းရှင်များနှင့် ယှဉ်ပြိုင်ရာတွင် လည်း ကိုရီးယားလုပ်ငန်းရှင်များ ဆုံးရှုံး မှုနှင့် ကြုံတွေ့ရကြောင်းတစ်ပိုင်းလျှပ် ကူးပစ္စည်း လုပ်ငန်းကဏ္ဍရှိ ကိုရီးယားပို့ ကုန်လုပ်ငန်းရှင်တစ်ဦးက  ပြောကြားခဲ့ သည်။
ဂျပန်ပို့ကုန်လုပ်ငန်းရှင်များသည် ယန်းငွေတန်ဖိုးလျော့ချခြင်းဖြင့် ဈေးနှုန်း လျော့ကျခြင်းများ   ဖြစ်ပေါ်စေပါက ကိုရီးယားနိုင်ငံအတွင်း  အထိခိုက်ဆုံး လုပ်ငန်းကဏ္ဍမှာ စားသောက်ကုန်လုပ် ငန်းများပင်ဖြစ်ကြောင်း စစ်တမ်းများ က ဖော်ပြနေသည်။ ကိုရီးယားပို့ကုန်လုပ် ငန်းရှင်များ၏ ခန့်မှန်းချက်အရ ဂျပန်ပို့ ကုန်လုပ်ငန်းရှင်များက ၎င်းင်းတို့ဈေးနှုန်း ကို ၁၀ ရာခိုင်နှုန်းလျော့ချလိုက်ပါက ကိုရီးယားပို့ကုန်များ ပမာဏ ၁၁ ဒသမ ၇ ရာခိုင်နှုန်းလျော့ ကျသွား မည်ဟုဆိုသည်။ ကိုရီးယားစားသောက်ကုန်လုပ် ငန်းရှင်များအပိုင်းတွင် ဂျပန်သို့ပို့ကုန် ပမာဏသည် ၁၈ ဒသမ ၇ ရာခိုင်နှုန်း လျော့ကျသွားမည်ဟုခန့်မှန်းထားပြီး သံမဏိလုပ်ငန်းရှင်များက ၁၅ ဒသမ ၁ ရာခိုင်နှုန်း ၊ ရေယာဉ် တည်ဆောက် ရေးလုပ်ငန်းရှင်များက ၁၃ ဒသမ ၃ ရာခိုင်နှုန်းနှင့် မော်တော်ကားလုပ်ငန်း ရှင်များက ၁၂ ဒသမ ၄ ရာခိုင်နှုန်းခန့် အသီးသီးလျော့ကျသွားမည်ဟု ခန့်မှန်း ထားကြသည်။ ဂျပန်ပြည်တွင်းဈေး ကွက်တွင် ယှဉ်ပြိုင်မှု ပိုမိုပြင်းထန်လျက် ရှိ သဖြင့် ဂျပန်ဈေးကွက်အတွင်း ကိုရီး ယားပို့ကုန်များသည် လုံးဝလျော့ကျလျက် ရှိသည်။
ထိုသို့   ယန်းငွေတန်ဖိုးချလိုက် ခြင်းကြောင့် ကိုရီးယားပို့ကုန်လုပ်ငန်း ရှင်များ ဆုံးရှုံးမှုများနှင့်  ရင်ဆိုင်နေရ သော်လည်း   ၇၀ ရာခိုင်နှုန်းခန့်သော ကိုရီးယားလုပ်  ငန်းရှင်များသည် ယင်း ဆုံးရှုံးမှုကို ကုစားရန် နည်းဗျူဟာများ အဆင်သင့်မရှိသေးကြောင်း  တွေ့ရ သည်။ ၆၀ ရာခိုင်နှုန်းခန့်သော လုပ်ငန်း ရှင်များအဆိုအရ နိုင်ငံတကာ ဈေးကွက် တွင် လည်း မသေချာမရေရာမှုများ ရှိနေသေးသဖြင့် မိမိတို့အနေဖြင့် မည် သို့မျှ ကုစားဆောင်ရွက်ရန် မတတ်နိုင် ကြောင်းနှင့် ၁၆ ဒသမ ၇  ရာခိုင်နှုန်း သော လုပ်ငန်းရှင်များက ယင်းသို့ယန်း ငွေတန်ဖိုးချခြင်းကြောင့်   ဈေးကွက် မတည်ငြိမ်မှုသည် ယာယီသာဖြစ်မည် ဖြစ်ကြောင်း သုံးသပ်ခန့်မှန်းထားကြ သည်ကို တွေ့ရပါသည်။
တောင်ကိုရီးယားဗဟိုဘဏ် ဥက္ကဋ္ဌဖြစ်သူLee Ju-yeolူ က ပို့ကုန် ဖြင့်သာ အဓိကမောင်းနှင်နေသည့် ကိုရီးယားစီးပွားရေးအခြေအနေသည် ပို့ကုန်ပမာဏများ ကျဆင်းနေခြင်း ကြောင့် စိုးရိမ်ရကြောင်း ပြောကြားခဲ့ သည်။ ကိုရီးယား ပို့ကုန်ပမာဏနှင့်
နိုင်ငံ့ ဂျီဒီပီအချိုးသည် ၄၀ ရာခိုင်နှုန်း နီးပါးရှိကြောင်း အခြားဖွံ့ဖြိုးပြီး နိုင်ငံ များတွင် ၁၀ ရာခိုင်နှုန်းခန့်သာရှိ၍ နှိုင်းယှဉ် ကြည့်နိုင်ကြောင်း၊ တရုတ် နိုင်ငံတွင်းသို့ ပို့ကုန်ကျဆင်းမှုနှင့်ဂျပန် ယန်းငွေ တန်ဖိုးချလိုက်ခြင်းတို့ကြောင့် ကိုရီးယားပို့ကုန် ပမာဏလျော့ကျသွား သည့်အဖြစ်သည် မကြာသေးမီသော ကာလအတွင်း ဖြေရှင်းသွားနိုင်ဦးမည် မဟုတ်ကြောင်း၊ ၎င်းင်း အပြင်အမေရိကန် ဗဟိုဘဏ်ကလည်း ၎င်းင်း၏ငွေရေးကြေး ရေးပေါ်လစီကို လျှော့ချပေးသည့်အနေ ဖြင့် ဗဟိုဘဏ် အတိုးနှုန်းကို မြှင့်တင် သွားဖွယ်ရှိနေခြင်းသည်လည်း ကိုရီး ယားစီးပွားရေး အဓိကအမှီပြုထားသည့် ပို့ကုန်ကဏ္ဍကို ထိခိုက်နိုင်သဖြင့် စိုးရိမ် ဖွယ်အခြေအနေဖြစ်ကြောင်း အစည်း အဝေးတစ်ခုတွင် အစိုးရအရာထမ်းများ အား ပြောကြားခဲ့သည်။ ဂျပန်ယန်းငွေ နှင့်ယူရိုငွေကြေးများနှင့် ယှဉ်တွဲ၍ ကိုရီးယားပို့ကုန်ယှဉ် ပြိုင်မှုကဏ္ဍအား ထိရောက်မှုရှိလာမည် လည်းဖြစ်သည်။ ဂျပန်နှင့်ဥရောပဗဟို ဘဏ်များကလည်း ၎င်းင်းတို့ငွေကြေးဖြစ် လွယ်မ(liquidity)  ကိုမြှင့်တင်နိုင်ရန် အသည်းအသန် ကြိုး စားလျက်ရှိသည်ကိုလည်း   တွေ့ရပါ ကြောင်း သုံးသပ်တင် ပြအပ်ပါသည်။
သန့်ဇင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဆိုးလ်မြို့