Main menu

Background

အင်ဒိုနီးရှားနိုင်ငံက မြစိမ်းရောင် စီးပွားရေးဘက်ကို ပြောင်းလဲဖို့ကြိုးစား

Fri, 06/19/2015 - 21:20 -- journal_editor

       အင်ဒိုနီးရှားနိုင်ငံက ၁၀ နှစ်အတွင်းမှာ ပြန် ပြည့်မြဲစွမ်းအင်  အသုံးပြုမှုကို   နှစ်ဆတိုးသုံးစွဲဖို့ရည်မှန်းထားကြောင်းနဲ့ ဘူမိအပူစွမ်းအင်၊ ရေအား၊ ပင်လယ်လှိုင်းနဲ့ နေစွမ်းအင်တို့မှ ထုတ်လုပ်တဲ့စွမ်း အင်ကို   

မဂ္ဂါဝပ်သုံးသောင်းအထိ  ထုတ်လုပ်ဖို့ စီမံ ထားကြောင်း စီအင်န်အေသတင်းမှာ  ဖော်ပြထားပါ တယ်။ ဒါပေမယ့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး (မြစိမ်းရောင်)   အခြေခံ  အဆောက်အအုံအတွက် ကနဦးရင်းနှီးမြှုပ်နှံမှုနဲ့   နိုင်ငံတော်ဘတ်ဂျက်မှာ အကန့်အသတ်ရှိမှုတို့က    အဓိကအဟန့်အတား သဖွယ်ဖြစ်နေပါတယ်။ မြစိမ်းရောင် စီးပွားရေးအဖြစ်အသွင်ပြောင်းဖို့  အစိုးရကကြိုးပမ်းဆောင်ရွက်ရာ မှာပါဝင်ဆောင်ရွက်ဖို့     အင်ဒိုနီးရှားအစိုးရက ပုဂ္ဂလိကကဏ္ဍကိုဖိတ်ခေါ်ထားပါတယ်။ပုဂ္ဂလိက ကဏ္ဍနဲ့ပြည်သူ့ကဏ္ဍတွေက ဂျကာ တာမြို့မှာ တွေ့ဆုံပြီးအရှေ့တောင်အာရှဒေသမှာ အကြီးဆုံးဖြစ်တဲ့အင်ဒိုနီးရှားနိုင်ငံရဲ့  စီးပွားရေး ရေရှည်တည်တံ့ရေး၊ အလုံးစုံပါဝင်ရေးနဲ့ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းမှုရှိရေး  စတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။  လွန်ခဲ့တဲ့ဆယ်နှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံရရှိခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိအောင်ဆောင်ရွက်ရာမှာ  ကုန်ကျစရိတ်မြင့်မားခဲ့ပါ တယ်။ အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာပေါ်ရှိတခြားနိုင်ငံ တွေနဲ့နှိုင်းယှဉ်ရင်စားအုန်းဆီပိုမိုထုတ်လုပ်ခြင်း၊          ကျောက်မီးသွေးပိုမိုတင်သွင်းခြင်းစတဲ့ အချက်တွေ ရှိပေမယ့်အပူပိုင်းဒေသဖြစ်တဲ့အတွက်  သစ်တော တွေ ပျက်စီးခဲ့ရပါတယ်။သဘာဝပတ်ဝန်းကျင်    ယိုယွင်းတဲ့အတွက် အင်ဒိုနီးရှားရဲ့ ဂျီဒီပီထဲကနေ နှစ်စဉ် ၁၀ ရာခိုင်နှုန်း ဆုံးရှုံးမှုရှိခဲ့ကြောင်း ၂၀၀၉ခုနှစ်မှာ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ယခင်နှစ်ကဖြစ်ပွားခဲ့တဲ့ တောမီးလောင်ကျွမ်း မှုကြောင့် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ  ဆုံးရှုံး မှုရှိခဲ့တယ်လို့ခန့်မှန်းထားပါတယ်။ မြေသြဇာထက် သန်တဲ့   မြေတွေကို လယ်ယာစိုက်ပျိုးရေးမြေနဲ့ ခြံကျယ်စိုက်ပျိုးရေးမြေတွေအဖြစ်ပြောင်းလဲမှုတွေ လည်းရှိနေပါတယ်။ အဲဒီအချိန်ကစပြီး အင်ဒိုနီးရှား အစိုးရက  လမ်းကြောင်းပြောင်းလဲဖို့  ကြိုးစားပြီးသစ်တောကာကွယ်ထိန်းသိမ်းရေးနဲ့ ကာဗွန်ထုတ် လွှတ်မှု   ရည်မှန်းချက်ချမှတ်ရေး  လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ထိုမျှမက လောလောဆယ် မှာ ကျောက်မီးသွေး   အသုံးပြုမှုလွှမ်းနေတဲ့ ကဏ္ဍတွေမှာ ပြန့်ပြည့်မြဲစွမ်းအင်သုံးစွဲမှု  တိုးမြှင့်သွားဖို့ဖြစ်ပါတယ်။
ဒါပေမယ့် ဒီလိုဆောင်ရွက်မှုက ကုန်ကျစရိတ် သက်သာမှာ မဟုတ်ပါဘူး။ အစိမ်းရောင် နည်းပညာ အသုံးပြုမှုကကျောက်မီးသွေးသုံးစွမ်းအင်  စက်ရုံ တွေရဲ့ ကုန်ကျစရိတ်ထက်လေးဆ   ပိုမိုကုန်ကျမှာ ဖြစ်ပါတယ်။ ဒါပေမယ့်စိန်ခေါ်မှုတွေကိုကျော်လွှား နိုင်မယ်လို့ ကမ္ဘာ့ဘဏ်က ယုံကြည်ထားပါတယ်။