အတွဲ(၁၅)၊ အမှတ်(၁၅)
ကြက်သွန်နီဈေးကွက်နှင့်ဈေးနှုန်းကတော့ အများသိတော်မူ ကြတဲ့အတိုင်းပါပဲ ၊ ဈေးကွက်ကမရှိ၊ ဈေးနှုန်းက ကျဆင်း၊ တစ်နှစ် တစ်ခါပေါ်လို့လာမဟုတ်၊ သုံးနှစ် တစ်ကြိမ်မှသာ ဈေးကောင်းမိ၊ တွက်ခြေကိုက်တဲ့ကြက်သွန်နီ၊ စားသုံးသူအတွက် စားရင်ချို၊ လှီးရင် မွှန်ပေမယ့် စိုက်ရင် ရှုံးနေကြရတဲ့ ကြက်သွန်စိုက်တောင်သူများ အတွက်ကတော့ မျက်ရည်ယိုတဲ့ ကြက်သွန်နီဖြစ်ခဲ့တာ ကြာပါပြီ၊ ဒီကြားထဲ Export က အဆွဲနည်း ၊ ထုတ်လုပ်မှုကုန်ကျစရိတ်က တစ် နှစ်ထက်တစ်နှစ် များလာ၊ နိုင်ငံခြားနှင့်မြို့ကြီးများ ရောက်ကုန် ကြတဲ့ အမျိုးသားလုပ်သားရှားပါးမှု၊ ဈေးနှုန်းမြင့်တဲ့ သွင်းအားစုနှင့် ပိုး သတ်ဆေး၊ မျိုးကောင်း၊မျိုးသန့်နှင့် နည်းပညာလိုအပ်ချက်၊ မိုးဦး၊ မိုး လယ်၊ မိုးနှောင်း မိုး သုံးချက်က မညီ ၊ ရွာချင်သလိုရွာ၊ ကွက်ကြားမိုး နဲ့တွေ့တော့ လိုအပ်တဲ့နေရာတွေမရောက်၊ အခါလွန်မိုးများကြောင့် လည်း အပျက်အစီးတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒါ့အပြင် ပွင့် လင်းမြင်သာမှုနဲ့ အချိန်မီလိုအပ်နေတဲ့ ဈေးကွက်သတင်းအချက် အလက်၊ အထွက်နှုန်းနည်း ဈေးနှုန်းကျဆင်းတဲ့အတွက် ရှိစုမဲ့စုအရင်း အနှီးလေးအရှုံးပေါ်၊ အရင်းမရှိတော့ ချေးငွေပိစတဲ့ လိုအပ်ချက်များ၊ စိန်ခေါ်မှုများစွာနဲ့ရင်ဆိုင်နေကြရတဲ့ ကြက်သွန်စိုက်တောင်သူတွေ အတွက် သက်ကယ်ရိုးတစ်မျှင်အလို့ငှာ ကူညီနိုင်ရန်၊ ပံ့ပိုးနိုင်ရန်၊ လို အပ်ချက်များဖြည့်ဆည်းပေးနိုင်ရန်၊ ဖြေလျှော့ပေးနိုင်ရန်၊ ပွင့်လင်း မြင်သာစွာ လမ်းဖွင့်ပေးတဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ မန္တလေးတိုင်းဒေသကြီး၊ ကုန်သွယ်မှုမြှင့်တင်ရေး နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မန္တလေးမြို့၊ မြို့တော် ခန်းမတွင် ဧပြီလ ၄ ရက်တွင် ကြက်သွန်နီဈေးကွက်ဖော်ဆောင်ရေး နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
အလုပ်ရုံဆွေးနွေးပွဲကို အောက်ပါအတိုင်း ရည်ရွယ်ချက် ၅ ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါတယ် -
(က) မန္တလေးတိုင်းဒေသကြီးအပါအဝင် ကြက်သွန်နီစိုက်ပျိုးသော ဒေသအားလုံးမှ ထွက်ရှိသော ကြက်သွန်နီများ ပြည်ပတင်ပို့မှု ပမာဏ မြင့်မားတိုးတက်လာစေရန်။
(ခ) ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ လိုအပ်လျက်ရှိ သော ငွေကြေးရင်းနှီးမြှုပ်နှံမှုများ ရရှိလာစေရန်။
(ဂ) ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူအချင်းချင်း စိုက်ပျိုးထုတ်လုပ်မှု နည်းပညာများ ဖလှယ်နိုင်စေရန်။
(ဃ) ပြည်တွင်းပြည်ပ ဈေးကွက်ပိုမိုရရှိရေးနှင့် ယှဉ်ပြိုင်မှုစွမ်းအားတိုးတက်လာစေရန်။
(င) ခေတ်မီထုပ်ပိုးမှုစနစ် အပါအဝင် တန်ဖိုးမြှင့်ထုတ်ကုန်များ (Value Added) ပိုမို ထုတ်လုပ်လာနိုင်ခြင်းဖြင့် ဈေးကွက် တိုးတက်လာစေရန်။
အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး၊
စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူ ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသ ကြီးတို့မှကုန်စည်ဒိုင်များ၊ ကုန်သည် အသင်း အဖွဲ့များ၊ ကြက်သွန်နီစိုက်တောင်သူများ၊ သတင်းမီဒီယာသမားများ၊ စုစုပေါင်းအင်အား ၁၇၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။
တိုင်းဒေသကြီးဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့ကြက်သွန်နီ အများဆုံးတင်ပို့နိုင်တဲ့ နိုင်ငံများဖြစ်တဲ့ နယ်သာ လန်၊ မက္ကဆီကို၊ အိန္ဒိယ၊ တရုတ်၊ အီရတ်၊ အမေရိကန်၊ စပိန်၊ ပြင်သစ်၊ နယူးဇီလန်နှင့် ပီရူးနိုင်ငံတို့က အများဆုံးတင်ပို့ပြီး အများဆုံးတင် သွင်းတဲ့နိုင်ငံများကတော့ အမေရိကန်၊ ဂျပန်၊ UK ၊ မလေးရှား၊ ဂျာမနီ၊ ကနေဒါ၊ ဆော်ဒီအာရေးဗီးယား၊ ရုရှား၊ နယ်သာလန်နှင့်ပြင်သစ်တို့က အစဉ်လိုက် ရပ်တည်နေကြောင်း တင်ပြသွားတဲ့အတွက် ကြက်သွန်နီ ဈေးကွက်ရှိတဲ့နိုင်ငံများကို စိုက်ပျိုးသူ၊ ထုတ်လုပ်သူ တောင်သူများ ဗဟုသုတ အဖြစ် မှတ်သားရပါတယ်။ ဒါ့အပြင် အာဆီယံနိုင်ငံတစ် နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံဟာ ကမ္ဘာ့ကြက်သွန်နီအများဆုံး တင် သွင်းတဲ့နိုင်ငံဖြစ်ကြောင်း သိရတဲ့အတွက် မိမိတို့နိုင်ငံရဲ့ ကြက်သွန်နီ တင်ပို့နိုင်မယ့် မျှော်လင့်ချက် အခွင့်အလမ်းတစ်ခု ဖြစ်နေတာကိုလည်း သိရှိခွင့်ရခဲ့ပါတယ်။ မိမိတို့နိုင်ငံရဲ့ လက်ရှိအခြေအနေအရ ပြည်ပ နိုင်ငံ တရုတ်၊ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ၊ အာရပ်စော် ဘွားနိုင်ငံ စင်ကာပူ၊ နယ်သာလန်နှင့် အီရန်စတဲ့ နိုင်ငံတွေကိုတင်ပို့ နေကြောင်းလည်း ဗဟုသုတရဖွယ် သိရှိခွင့်ရခဲ့ပါတယ်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကြက်သွန်နီတန်ချိန် ၅၆၅၁၂ တန် တင်ပို့ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၃၅၃၅၀တန် တင်ပို့ခဲ့ကြောင်း သိရ သဖြင့် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ယခင်နှစ်ထက် တန်ချိန် ၂၁၁၆၂တန် လျော့နည်းတင်ပို့ခဲ့ကြောင်း သိရှိရမှာဖြစ်ပါ တယ်။ ဒါကြောင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ကြက်သွန်ဈေးကွက် တိုးချဲ့ဖို့ (ValueAdded)ကို အားထားတင်ပို့နိုင်ရေး ဈေးနှုန်းတည် ငြိမ်ပြီး စဉ်ဆက်မပြတ် တင်ပို့ရောင်းချနိုင်မယ့် ဈေးကွက်သစ်များ ဖော်ဆောင်သွားရန်ဖြစ်ကြောင်း၊ မျိုးစေ့မှစပြီး စားသုံးသူအထိSupply Chain, Value Chain များ ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် သွားရန်နှင့် ဒီအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားက ကုန်သွယ်မှုမြှင့် တင်ရေးအတွက် လိုအပ်တဲ့ ဈေးကွက်တိုးတက်ကျယ်ပြန့်လာစေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းလည်းဖြစ်ကြောင်းသိခွင့်ရမှာဖြစ်ပါတယ်။
ကုန်သွယ်မှုမြှင့်တင်ရေးတွင် အပိုင်းသုံးပိုင်းပါပြီး ပထမပိုင်း ကတော့ ဈေးကွက်ကို အခြေခံတဲ့ကုန်သွယ်မှုမြှင့်တင်ရေး (ဥပမာ- အမေရိကန်နှင့် ဥရောပနိုင်ငံတွေရဲ့GSP အခွင့်အရေးရရှိအောင် ဆောင်ရွက်ခြင်း၊ ပြည်ပနိုင်ငံများတွင် စီးပွားရေးသံမှူးများထားရှိပြီး ဈေးကွက်သတင်းအချက်အလက်ပို့ဆောင်ခြင်း) ဒုတိယအပိုင်းက တော့ ကုန်ပစ္စည်းအခြေခံကုန်သွယ်မှုမြှင့်တင်ရေး (အလုပ်ရုံဆွေးနွေး ပွဲများ၊ ပြည်တွင်း၊ ပြည်ပ ကုန်စည်ပြပွဲများ ကျင်းပဆောင်ရွက်ပေး ခြင်း၊ အသင်းအဖွဲ့များနှင့် ဆွေးနွေးခြင်း) တတိယအပိုင်းအနေနဲ့ ကုန်သည်၊ လုပ်ငန်းရှင်တစ်ဦးချင်း အခြေခံသည့် ကုန်သွယ်မှု မြှင့် တင်ရေး (ကုန်သွယ်မှုမြှင့်တင်ရေး ဗဟိုဌာနများဖွင့်လှစ်၍ သတင်း အချက်အလက်များ ဖြန့်ဖြူးပေးခြင်း၊ ကုန်သည်လုပ်ငန်းရှင်များ၏ ထုတ်ကုန်များကြော်ငြာပေးခြင်း၊Business Matching ပြုလုပ်ပေး ခြင်း) စတဲ့ ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်မှု အခြေ အနေကို အကျယ်တဝင့် ရှင်းလင်းပြောကြားသွားတဲ့အတွက် ကြက် သွန်စိုက် တောင်သူများလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၏ စေတနာနှင့်ပံ့ပိုး ကူညီဆောင်ရွက်မှုများကို နားလည်သဘောပေါက် မယ်လို့ ယုံကြည်မိပါတယ်။
ဆက်လက်၍ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးက ရှင်းလင်းဆွေး နွေးရာတွင် မိမိတို့ဌာနအနေနဲ့ ကြက်သွန်နီတင်ပို့မှုအား လွန်ခဲ့သော ၁၄ နှစ်ဝန်းကျင်မှ စတင်လုပ်ဆောင်ခဲ့ပြီး ယခင်က ပြည်ပတင်ပို့ခွင့် ပိတ်လိုက်၊ ဖွင့်လိုက်နဲ့ ပုံမှန်တင်ပို့ခွင့်မပြုခဲ့သော်လည်း ၂၀၀၉ ခုနှစ် မှစ၍ နှစ်စဉ်တင်ပို့ခွင့်ပြုခဲ့ရာ ယနေ့အထိ ဈေးကွက်သိသိသာသာ ထိုးဖောက်နိုင်မှု မရှိသေးကြောင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတဲ့အတွက် ရောင်းသူဈေးကွက်မဖြစ်၊ ဝယ်သူဈေးကွက်သာဖြစ်ခဲ့ ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်မှာ ဈေးနှုန်းဆိုတာကလည်း ဈေး ကွက်က ပြဋ္ဌာန်းခြင်းသာဖြစ်ပြီး နိုင်ငံတော်မှ ချုပ်ကိုင်ထားခြင်းမရှိ ကြောင်း၊ မိမိတို့ဌာနအနေဖြင့် (PPP) ဖြစ်သည့် (Public Private Partnership ) အခန်းကဏ္ဍများ ပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေး ကြိုးစားဆောင်ရွက်နေကြပါကြောင်းနဲ့ ဈေးကွက်တိုးချဲ့နိုင်ရန် (Value Added) ဆိုသည့် ပုံစံသစ်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းနှင့် ထိုး ဖောက်နိုင်ကြောင်း၊ ကြက်သွန်ကို ဈေးကွက်နှင့်ဈေးနှုန်းကြောင့်ပဲ ဖြစ်ဖြစ်၊ ထုတ်လုပ်မှုပိုလျှံ၍ပဲဖြစ်ဖြစ်၊ အလေအလွင့်မဖြစ်စေရန် ကြက်သွန်ကြော်၊ ကြက်သွန်ခြောက်များ ပြုလုပ်ရောင်းချနိုင်သည့် အခွင့်အလမ်းများကို ချပြဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် အရင်းအနှီးအတွက် ပြည်ပမှအကူအညီ ရရှိရေးကြိုး ပမ်းလျက်ရှိပြီး ပြည်ပဝယ်လက်များရရှိရေးအတွက်လည်း ကုန်စည် ပြပွဲများပြုလုပ်ကာ ချိတ်ဆက်ပေးခြင်း၊ သတင်းအချက်အလက်များ ကို FM Radio ၊ စာစောင်များ၊ ဂျာနယ်၊ ဝက်ဘ်ဆိုက်များ ဖြန့်ေ၀ ဆောင်ရွက်ပေးခြင်း၊ စီးပွားရေးသံမှူးများမှတစ်ဆင့် ဈေးကွက်အခြေ အနေများ ကြိုးစားချိတ်ဆက်နေကြောင်း၊ ဆွေးနွေးရှင်းလင်းတင်ပြခဲ့ သည့်အတွက် တက်ရောက်လာသူများ၊ စိုက်ပျိုးသူတောင်သူများ မိမိတို့ဌာန၏ ဆောင်ရွက်ချက်များကို သိမြင်စေခဲ့ပါတယ်။
ထို့အပြင် မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့်စားဖိုဆောင် သီးနှံများ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအသင်းဥက္ကဋ္ဌ၊ ခရိုင်အသင်းဥက္ကဋ္ဌများ၊ စိုက်ပျိုးသူ တောင်သူ အသီးသီးတု့ိကလည်း ၎င်းင်းတို့၏ အတွေ့အကြုံနှင့်အသိ အမြင်များကို ဆွေးနွေးတင်ပြခဲ့ကြရာ မိမိတို့နိုင်ငံ၏ ကြက်သွန် အရည်အသွေးနှင့် အရသာမှာ အခြားနိုင်ငံထက်ပိုမိုကောင်းမွန် ကြောင်း၊ တင်ပို့ရာတွင် အခြားနိုင်ငံနှင့် နှိုင်းယှဉ်ပါက မိမိတို့နိုင်ငံမှ ကွန်တိန်နာအရေအတွက် အားနည်းချက်ရှိကြောင်း၊ လိုအပ်ချက် တစ်ခုအနေဖြင့် ပြည်တွင်း၌ သိုလှောင်မှုပမာဏကို မခန့်မှန်းနိုင်ခြင်း ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် တရုတ်နယ်စပ်ကိုသာ တင်ပို့နေရ ပြီး၊ ပင်လယ်ရေကြောင်းတင်ပို့မှု မရှိသလောက်ရှိကြောင်း၊ အီးယူသို့ တင်ပို့နိုင်ရန်မှာ ဂျီအေပီစနစ်ဖြင့် ထုတ်လုပ်ရန်လိုအပ်ပြီး၊ ဂျီအေပီ လက်မှတ်ရရှိပါက အမေရိကန်နိုင်ငံသို့ပါ တင်ပို့နိုင်မှာဖြစ်ပြီး ၊ ဂျီအက်စ်ပီအခွင့်အရေးပါ ရနိုင်မည့်အခွင့်အလမ်း များကိုဆွေးနွေးခဲ့ကြသည့်အပြင် ကြက်သွန်နီ ကိုValue Added ပြုလုပ်ခြင်းဖြင့် ရေရှည်အခွင့်အလမ်းအတွက် အောင် မြင်လာနိုင်မှာဖြစ်ကြောင်းလည်း ဆွေးနွေးခဲ့ကြပါတယ်။နောက်ဆုံး တွင် စိုက်ပျိုးထုတ်လုပ်သူတောင်သူများအား ပွင့်လင်းမြင်သာစွာ ဆွေးနွေးတင်ပြပေးကြပါရန် ဖိတ်ခေါ်ချက်အရ ဆွေးနွေးတင်ပြခဲ့ကြ ရာ စိုက်ပျိုးသည့်မြေ သုတေသနပြုလုပ်လိုခြင်း၊ မျိုးစေ့နှင့် နည်းပညာ ဗဟုသုတများနှင့် ပတ်သက်၍ စိုက်ပျိုးရေးဌာန၏ အကူအညီရယူလိုကြောင်းနှင့်မိုးလေဝသနှင့်ရာသီဥတုအခြေအနေ သတင်းအချက် အလက်များ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက်လည်း မိုးလေ ဝသနှင့် ဇလဗေဒဦးစီးဌာန၏ အကူအညီရယူလိုကြောင်း သိရှိရပါ တယ်။ ရာသီဥတုဒဏ်၊ ပိုးမွှားဒဏ်တို့ကို အချိန်မီကုစားနိုင်သည့် နည်းပညာများလည်း လိုအပ်နေကြောင်းတွေ့ရပါတယ်။ဈေးကွက် သတင်းကွန်ရက် အချိတ်အဆက်မိချင်ကြသလို ဗဟိုအသင်းနှင့် တိုင်းခရိုင် မြို့နယ်အသင်းများ အချင်းချင်းချိတ်ဆက် ပူးပေါင်း ဆောင်ရွက်လိုသည့် ဆန္ဒများရှိကြောင်းကိုလည်း သိရပါတယ်။ အရင်းအနှီးအတွက် စပါးနှင့်အခြားသီးနှံများကဲ့သို့ အတိုးနှုန်း သက်သာစွာနဲ့ စိုက်ဘဏ်မှ ငွေချေးယူလိုပြီး လုပ်သားရှားပါးသည့် အတွက် စက်ကိရိယာများ ဖြင့်အစားထိုးရန် နှစ်ရှည်ချေးငွေဖြင့် ဝယ်ယူလိုကြကြောင်းလည်းသိရှိရပါတယ်။ စိုက်ပျိုးသူ တောင်သူများ အနေဖြင့် နှစ်စဉ်နီးပါးဆုံးရှုံးနစ်နာ မှုများစွာရှိပြီး ယမန်နှစ်ကဆိုလျှင် ကြက်သွန်နီလှောင်ကုန်များမ ရောင်းရဘဲ အလကားပေးသော်လည်း ယူမယ့်သူမရှိတဲ့ အခြေအနေဖြစ် ခဲ့ကြောင်း၊ လက်ရှိအခြေအနေအရ မိမိတို့တောင်သူများမှာ အမြတ်ရရေး၊ တွက်ခြေကိုက်ရေးထက် စားရေးအတွက် စိုက်ပျိုးနေကြရခြင်း သာဖြစ်ကြောင်း စသဖြင့်စိုက် ပျိုးသူ တောင်သူများ၏ တွေ့ကြုံရသော အဖြစ်အပျက် လိုအပ်ချက်၊မျှော်လင့်ချက်များကိုလည်း ဒီအလုပ် ရုံဆွေးနွေးပွဲကသိရှိခွင့်ရခဲ့ပါတယ်။ တောင်သူများအနေဖြင့် ဒီနှစ်ရှုံး ပေမယ့် နောင်နှစ်မှာ ဈေးကောင်း ရမလား၊ တွက်ခြေကိုက်မလား၊ Export အခွင့်အလမ်းများရှိမလားဆို တဲ့ မျှော်လင့်ချက်အပြင် နိုင်ငံတော်နှင့် အစိုးရဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များကို ယုံကြည် ကိုးစားနေကြတဲ့ တောင်သူတွေအတွက် ကြက်သွန်ကြောင့်ကျခဲ့ရတဲ့ မျက်ရည်တွေသုတ်ပေးဖို့ ဒီအလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။ ဒီဆွေးနွေးပွဲ မှာ တောင်သူတွေရဲ့ ရင်ဖွင့်သံ၊ ကုန်သည်ပွဲစားနှင့် အသင်းအဖွဲ့တွေရဲ့ လက်ရှိဆောင်ရွက်မှု အခြေ အနေအတွေ့အကြုံများ၊ အသိအမြင်များ ကပြောသော ဈေးကွက်၊ ဈေးနှုန်းနှင့် Export တင်ပို့မည့် ရှေ့အလား အလာများကို သိရှိခွင့်ရခဲ့ကြပါတယ်။
သမဝါယမဦးစီးဌာနမှလည်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ် ငန်းစဉ်များအရ ချေးငွေထုတ်ပေး သည့်နည်းလမ်း၊ ပြန်လည်ပေးဆပ် မှုကာလများနှင့်အတိုးနှုန်းထား၊ နှစ်စဉ်လုပ်ငန်းအမျိုးအစားအလိုက် ထုတ်ချေးပေးသည့် ငွေပမာဏများကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ လယ်ယာကုန်ထုတ်လုပ်မှုအတွက် စက်ကိရိယာများ ဝယ်ယူလိုပါက လည်း ကုန်ထုတ်သမအသင်းများဖွဲ့စည်း၍ ချေးငွေများရယူနိုင် ကြောင်း သတင်းကောင်းပါးသည့်အတွက် အရင်းအနှီးလိုအပ်နေ သည့် တောင်သူများအတွက် နည်းလမ်းတစ်ခုရရှိမှာဖြစ်ပါတယ်။ စိုက်ပျိုးရေး ဦးစီးဌာနမှလည်း ကြက်သွန်နီစိုက်သည့် ခရိုင်များဖြစ် သည့် မန္တလေးမြို့၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မိတ္ထီလာ၊ မြင်းခြံ၊ ညောင်ဦး၊ ရမည်းသင်းတို့၏ စိုက်ရိတ်နှုန်းထွက်များ ဇယားနဲ့ ရှင်းလင်းတင်ပြခဲ့ရာ တစ်တိုင်းလုံးတွင် စိုက်ဧကပေါင်း ၈၃၄၁၀ ၊ ရိတ်ဧက ၈၃၃၉၉ တွင်ပျမ်းမျှအထွက်နှုန်း ၃၁၈၄ ဒသမ ၂၃ ပိဿာ ထွက်ရှိကြောင်း ဗဟုသုတရစေပါတယ်။မန္တလေးတိုင်းရှိ ခရိုင် ၇ ခု တွင် မျိုးကွဲစိုက်ပျိုးမှုများအရ ရွှေဖလား ၆၃၂၆၉ ဧက၊ ရွှေဖလား ဘောင်ဇောက် ၄၄၉ ဧက၊ ဘောင်ဇောက် ၃၃၈၇ ဧက၊ ရွှေဖလားထိပ် မောက် ၄၇၁၄ ဧကနှင့်အခြားမျိုး ၁၁၅၉၁ ဧက အသီးသီးစိုက်ပျိုး ကြောင်းလည်း ဗဟုသုတရဖွယ်သိရှိရပါတယ်။တစ်ဧကထုတ်လုပ်မှု စရိတ်တွင် ကျပ် ၇ သိန်းကျော်ရှိပြီး၊ ရောင်းရငွေတွင် တစ်ပိဿာ ရောင်းဈေး ၅၀၀ ကျပ်နှုန်းဖြင့်တွက်သဖြင့် အမြတ်ရရှိမှု ပမာဏ ၈ သိန်းကျော်ရရှိသည်ဟုဆိုသော်လည်း အမှန်လက်တွေ့ပေါက်ဈေးနှုန်း များနှင့်မူ ကွာခြားမှုရှိကြောင်း တွေ့ရှိရပါတယ်။ ၎င်းင်းအပြင် မျိုးစေ့ ထုတ်စိုက်ခင်း၊ စံပြစိုက်ခင်းနှင့် ကြက်သွန်နီတွင် ကျရောက်တတ်သော ပိုးမွှားများရောဂါများ အကြောင်းကိုလည်း အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးတင်ပြသွားတဲ့အတွက် ဌာနဆိုင်ရာများ၏ ပံ့ပိုးကူညီမှု နည်းပညာ ဗဟုသုတများရရှိစေခဲ့ပါတယ်။
နိဂုံးချုပ်တွင် မြန်မာနိုင်ငံကြက်သွန်နီအသင်းနှင့်ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမြင့်စိုး က ဆွေးနွေး တင်ပြသည့်အချက်များ ပြည့်စုံကောင်းမွန်၍ ဝမ်းမြောက်စွာကြိုဆိုခဲ့ကြပြီး မိမိတို့တတ်စွမ်းသရွေ့ ကြက်သွန်နီ စိုက်တောင်သူများအား ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ကြပါ တယ်။ ဆွေးနွေးဖော်ထုတ်ချက်များဖြစ်သည့် အရင်းအနှီးရရှိရေး၊ စိုက်ပျိုးရေးနည်းပညာရရှိနိုင်ရေး၊ စိုက်ပျိုးရေး စက်ကိရိယာ ဝယ်ယူနိုင်ရေး၊ ဈေးကွက်ရှာဖွေရေးများ အတွက် ကုန်စည်ဒိုင်များ၊ သက်ဆိုင်ရာဌာနများ၊ စိုက်ပျိုးသူ တောင်သူများနှင့် ချိတ်ဆက်ပြီး မိမိနှင့် အကောင်အထည်ဖော်ဆောင် ရွက်သွားမှာဖြစ်တဲ့အတွက် ယခု အလုပ်ရုံဆွေးနွေးပွဲ၏ ဖော်ထုတ် ဆွေးနွေးချက်များ၊ သုံးသပ်ချက်များ၊ အကြံပြုချက်များက ရလဒ်
ကောင်းများရရှိစေနိုင်မှာဖြစ်ပါကြောင်း မျှဝေလိုက်ရပါတယ်။