အတွဲ(၁၅)အမှတ်(၂၀)
ပခုက္ကူကုန်စည်ဒိုင်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ကုန် ပစ္စည်းများကတော့ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ကုလားပဲဝါ၊ ကုလား ပဲဖြူ၊ စွန်တာနီ(ကျွန်း)၊ ပဲဇီးကွက်၊ ပြောင်းဖူးစေ့ (CP) နှမ်း ရောင်စုံ စသည်ဖြင့် အနည်းဆုံးအရောင်း အဝယ် ဖြ စ်နေ တာ ကိုတွေ့ရပါတယ်။ ကုန်စည်ဒိုင်မှာ ပစ္စည်းအစုံ အရောင်း အဝယ်ဖြစ်တာဆိုတော့ ဒိုင်တစ်ခုရဲ့ အင်္ဂါနဲ့ညီစွာ မင်္ဂလာ အပေါင်းခညောင်းနေတယ်လို့ ဂုဏ်ယူဝင့်ကြွားစွာပြောရမှာ ပါ။ သီးနှံတစ်ခုချင်း အနေအထား ကို ပြန်ကြည့်ရ အောင်ပါ။ပဲစင်းငုံ (နီ) နောက်ဆုံးဈေးတစ်ပိဿာ ၁၉၂၅ ကျပ်၊ တစ်တင်း ၃၈၅၀၀ ကျပ် ဈေးအမြင့်ဆုံးဖြစ်နေတာကို တွေ့ရပါ တယ်။ ဇန်နဝါရီလ ပစ္စည်းလှိုင်လှိုင်ပေါများနေတုန်းက တစ် ပိဿာ၁၂၁၅ ကျပ်၊ တစ်တင်း ၂၄၃၀၀ ကျပ်ကနေ ကြား ကာလအတွင်းမှာ ဈေးနှုန်းအတက်အကျလှိုင်းစီးပြီး ၊ အမြင့် ဆုံးအနေအထားကို ရောက်ရှိနေတာကိုတွေ့ရပါတယ်။ အပြင်လောကမှာလည်း တစ်တင်း ၄၀၀၀၀ ကျပ်ရမှ လွှတ်မယ်ဆိုတဲ့ အနေအထား များလည်းကြားနေရပါတယ်။ ပစ္စည်းထွက်ရှိမှု အနည်းအများ၊ ဝယ်လိုအားရဲ့တောင်းဆိုမှု ဈေးကွက်ဆိုတာတွေကြောင့် ဈေးနှုန်းဆက်လက်မြင့်တက်နေတယ်လို့ ပြောရမလိုပါ။ပစ္စည်းလက်ကျန်လည်း မြို့ပေါ်မှာ တော်တော် နည်းနေပြီလို့ သိရပါတယ်။ ဒီနှစ်တော့ ဇာတ်လိုက်ကျော် ပဲစင်းငုံနဲ့ကပြအသုံးတော်ခံမှု အနေအထား ကတော့ ဇာတ်ရဲ့ အထွဋ်အထိပ်ကို ရောက်နေတယ်လို့ပြောရမှာပါ။ ပဲစင်းငုံရဲ့ ဇာတ်သိမ်းမှာ လွမ်းခန်းနဲ့ ဇာတ် မသိမ်း စေလိုဘဲ ပေါင်းခန်းနဲ့ဇာတ်သိမ်းကြပါစေလို့ ဆုတောင်းပေးရတော့မလိုပါ။ပဲတီစိမ်းကြီး နောက်ဆုံးဈေးတစ်ပိဿာ ၁၉၆၅ ကျပ်၊ တစ်တင်း ၃၉၃၀၀ ကျပ်ပါ။ အမြင့်ဆုံးဈေးတစ်ပိဿာ ၂၀၆၀ ကျပ်၊ တစ်တင်း ၄၁၂၀၀ ညကျပ်ဈေး ကနေ ပြန်ဆင်းလာ တာပါ။ပြန်ဆင်းလာတယ်လို့ သာ ပြောရတာပါ။ ဈေးဟာအမြင့်ဆုံး အနေအထားတစ်ခုမှာ ခေါင်းမော့ရင်ကော့ လက်မထောင် နေတယ်လို့ပြောရမှာပါ။ တာဝန်ရှိသူတွေလည်း ပြောနေကြ ပါပြီ။ ပစ္စည်း ရဲ့ ရောင်းလိုအား၊ ဝယ်လိုအားကွာဟမှုကြောင့် ဥပမာ-ဝယ်လိုအားများနေလို့ ဈေးကိုင်ထားတယ်။ ရေရှည်မှာ ဈေးကွက်ပျောက်မှာတောင် စိုးရိမ်ရတယ်ဆိုတဲ့ အနေအထားပြောနေကြပါပြီ။ ဒီပစ္စည်းကို ကိုယ့်ရောင်းဝယ်ဖက် ဆက်ဆံ နေကျဖောက်သည်နိုင်ငံကို ပုံမှန်ရောင်းတယ်။ ဒီနှစ်အနေ အထား ရောင်းလိုအားထက် ဝယ်လိုအားများနေတယ်။ ဈေးကိုင်ရတယ်။ ကိုယ်လိုပဲ ထွက်ရှိတဲ့နိုင်ငံက ဈေးနှုန်းလျော့ပြီး ဈေးကွက်ကို ထိုးဖောက် ဝင်ရောက်လာ ရင် ဒါမဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး။ ကြား၊ သိ၊ ဖတ်၊ မှတ်နေရတဲ့သတင်းတွေအရအီသီယိုးပီးယားလိုနိုင်ငံတောင် ပဲတီစိမ်းကိုစိုက်ပျိုးနေပြီး ကမ္ဘာ့ ပဲတီစိမ်းဈေးကွက်ကို ထိုးဖောက်ဝင်ရောက် နေတယ်ဆိုတာ သိနေရတယ်။ ဒီအခြေအနေမှာ ဈေးကွက်မပျက်ဖို့၊ဖောက် သည်မပျက်ဖို့ဆိုတာတွေ ထည့်သွင်းစဉ်းစားကြရမှာပါ။ ဘာပဲ ပြောပြော ပဲတီစိမ်းဈေးနှုန်း သွက်လက် ပန်းပန်နေတယ် ပြောရမှာပါ။ကုလားပဲဝါ နောက်ဆုံးဈေးတစ်ပိဿာ ၁၁၃၁ ကျပ်၊တစ်တင်း ၂၁၅၀၀ ကျပ်၊ ဇန်နဝါရီလထဲမှာ တစ်ပိဿာ ၇၄၇ ကျပ်၊ တစ်တင်း ၁၄၂၀၀ ကျပ်ကနေ အမြင့်ဆုံးဈေးဖြစ်ပေါ် နေတာပါ။ကုလားပဲဖြူ နောက်ဆုံးဈေး တစ်ပိဿာ ၁၁၂၁ ကျပ်၊ တစ်တင်း ၂၁၃၀၀ ကျပ်၊ ဇန်နဝါရီလထဲမှာ တစ်ပိဿာ ၈၁၀ ကျပ်၊ တစ်တင်း ၁၅၄၀၀ ကျပ်၊ ကုလားပဲဈေးနှုန်းများကျလို့ဒုက္ခဖြစ်နေတာ၊ သုံးနှစ်ကျော်၊ လေးနှစ်နီးပါးရှိပြီဆိုတာ မှတ် တမ်းများအရ သိရပါတယ်။ အရောင်းအဝယ်က ဈေး မကောင်း၊ သီးနှံကပိုးကြိုက် တဲ့သီးနှံ ဆိုတော့ သိုလှောင်ရုံထဲမှာပိုးတွေကျ၊ သီးနှံကဈေးရှုံး၊ သိုလှောင်ရုံခ၊ ပိုးတားခတွေကို တွေ့ကြုံခဲ့ရတာဆိုတော့ ခေါင်းမဖော်နိုင်ခဲ့ရာက ဒီနှစ်တော့ သိုလှောင်သူတွေကို အကျိုးပြုတဲ့ ကုလားပဲလို့ပြောရမှာပါ။စွန်တာနီ (ကျွန်း ) နောက် ဆုံးဈေး တစ်ပိဿာ ၆၇၈ ကျပ်၊ တစ်တင်း ၁၂၄၀၀ ကျပ် သူ့ကိုတော့ ပုံမှန် အရောင်း အဝယ်ဖြစ်တယ်လို့ သတ်မှတ်ရမှာပါ။ ပဲဇီးကွက်တစ်ပိဿာ ၆၇၅ ကျပ်၊တစ်တင်း ၁၃၅၀၀ ကျပ်၊ ပုံမှန်လေး တက်လိုက်၊ ကျလိုက်ရှိနေတာ ကို တွေ့ရပါတယ်။ ပြောင်းဖူးစေ့ CP တစ် ပိဿာ ၄၃၈ ကျပ်၊ တစ်တင်း ၇၉၀၀ ကျပ်၊ ဈေးအတက်အကျအနည်းငယ်ရှိပြီး တရုတ်ဝယ်လက်ကြက်စာသမားများ အဆွဲ များလျက်ရှိနေတာကို တွေ့ရပါတယ်။နှမ်း(ဂွနက်)တစ်ပိဿာ ၁၉၅၃ကျပ်၊ တစ်တင်း ၂၉၃၀၀ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၁၉၇၃ ကျပ်၊ တစ်တင်း ၂၉၆၀၀ ကျပ် နည်းနည်းစီဝင်ရောက်ပြီး လှောင်လက်၊ ဆီကြိတ်စက် များဆွဲနေကြပြီး ဈေးမြောက်နေတာကို တွေ့ရပါတယ်။ ခြုံငုံ သုံးသပ်ရရင်တော့ အရောင်းအဝယ်ဖြစ်နေတဲ့ သီးနှံတော် တော်များများဟာ အတက်ဘက်မှာ ရှိနေတာကိုတွေ့ရပါတယ်။ဈေးကွက်ရဲ့ တောင်းဆိုမှု၊ လိုအပ်ချက်၊ပစ္စည်းထွက်ရှိမှုဆိုတာ တွေဟာ အရောင်း အဝယ်ရဲ့အလင်္ကာတွေပါ။အလင်္ကာဆိုတာ လှပမှုကို တန်ဆာဆင်တဲ့သဘောပါ။ အလင်္ကာရဲ့နောက်မှာ ပရိယာယ် ဆိုတာရှိနေလေတော့ သတိ ထားဆင်ခြင်ကြရပါလိမ့်မယ်။ ဘာပဲပြောပြော ယခုအနေ အထား၊အရောင်းအဝယ်ရဲ့ အလင်္ကာမြောက်ေ နတယ် လို့ ပြော ရ မှာပါ။
မြင့်ဦး-ပခုက္ကူ