Main menu

Background

ဈေးကွက်မှာဦးမော့နေပြီဖြစ်သောမြန်မာ့ပိုးထည်၊

Thu, 03/11/2010 - 04:33 -- Anonymous (not verified)

       အရာရာတိုင်းဟာတိုးတက်ပြောင်းလဲမှု များစွာရှိရာမှာ ဈေးကွက် စီးပွားရေးစနစ်ဟာလည်း တိုးတက်ပြောင်းလဲလာပါတယ်။ ဒီနေ့ ဈေးကွက် ထဲမှာတော့ မြန်မာဝတ်စုံတွေ နေရာယူလာကြပါတယ်။ ကိုရီးယား ဖက်ရှင်တွေနဲ့ နိုင်ငံတကာဖက်ရှင်တွေ လွှမ်းမိုးနေရာယူဦးတော့ မြန်မာမှု၊ မြန်မာ့ဟန်နဲ့ မြန်မာတို့ရဲ့ ရိုးရာ ဝတ်စားဆင်ယင်မှုကတော့ တိမ်ကော ပပျောက်သွားမှာ မဟုတ်ပါဘူး။ မြန်မာဆိုတာ ပုဆိုး၊ လုံချည်ကို နှစ်သက် ခုံမင်စွာ ဝတ်ဆင်ခဲ့ကြသူ တွေလေ ..... ။        ဟိုအရင်ထဲက မြန်မာတွေဟာ ချည် ထည်၊ ပိုးထည်တွေကို ကိုယ်တိုင်ရက် လုပ် ဝတ်ဆင်ခဲ့ကြတာပါ။ မြန်မာ့ ပိုးထည်နဲ့ ပတ်သက်ပြီး ''ဘုရင့်ပုဆိုး ပိုးချည်ပဲ'' ဆိုတဲ့ စကားအသုံးအနှုန်းကို တွေ့ရပါတယ်။ ဒါဟာ မြန်မာဘုရင် များရဲ့ ထီးနန်းစံကာလ နှစ်ပေါင်းများစွာ ထဲက ပိုးထည်ဝတ်ဆင်မှုကို သက်သေ ပြုနိုင်တဲ့ စကားရပ် မဟုတ်ပါလား။ အဲဒီခေတ်အခါက မြန်မာ့မြေမှာ ရက် ကန်း မရှိတဲ့အိမ်ဆိုတာ မရှိသလောက် ပါဘဲ။ ချည်ထည်တွေကိုတော့ အရပ်သူ ပြည်သူပြည်သားတွေ ဝတ်ဆြင်ကတာ များပါတယ်။ အရောင်အသွေး စုံလင်ပြီး ကိုယ်တိုင် စိုက်ပျိုးရက်လုပ်တဲ့ ချည်ပုဆိုး များဟာ သားစဉ်မြေးဆက် ဝတ်ဆင် နိုင်လောက်အောင် ခိုင်ခံ့လှတယ်။ သမိုင်းအစဉ်အလာများအရ ပင်နီချောနဲ့ ယောလုံချည် ဝတ်ဆင်ပြီး နယ်ခဲျ့ အင်္ဂလိပ်ကို ဆန့်ကျင်ကြောင်း ပြသခဲ့ပါတယ်။ ပင်နီချောနဲ့ ယောလုံချည်ဟာ မိုျးချစ်ပြည်သူတို့ တိုက်ပွဲဝင်ခဲ့တဲ့ တိုက်ပွဲဝင်ဝတ်စုံလို့ ပြောရင်လည်း မမှားပါဘူး။     ဗြိတိသျှအရင်းရှင်ခေတ်မှာတော့ နိုင်ငံခြားဖြစ် အဝတ်အထည်များစွာ တင်သွင်းလာမှုကြောင့် အချို့သော ကျေးလက်ဒေသတွေမှာ ရက်ကန်း လုပ်ငန်းများ တဖြည်းဖြည်းတိမ်ကော ပျောက်ကွယ်သွားတာ တွေ့ရပါတယ်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာတော့ မြန်မာတို့ရဲ့ ပိုးထည်၊ ချည်ထည် ဈေး ကွက်ဟာ ဖြည်းဖြည်းမှန်မှန်ပဲ ရှိနေခဲ့ပါတယ်။ ခေတ်အခြေအနေ ပြောင်းလဲ လာတဲ့အလျောက် လက်ရက်ကန်းမှ စက်ရက်ကန်းအဖြစ် ပြောင်းလဲ လာတာ တွေ့ရပြီး အရောင်အသွေး အဆင်ဒီဇိုင်းကအစ နှစ်သက်ဖွယ် ရက်လုပ် လာကြတာ တွေ့ရပါတယ်။ ၂ဝ ရာစုနောက်ပိုင်းကစလို့ မြန်မာ့ပိုးထည်၊ ချည်ထည်ဈေးကွက်ဟာ ပြန်လည်ဦးမော့လာပြီလို့ဆိုရမှာပါ။ ဒီနေ့ခေတ်လူငယ်တွေအကြိုက်တွေ့နိုင်မယ့် အဆင်သစ်၊ အသွေးသစ်နဲ့ ပုံစံမိုျးစုံဆန်းသစ်လာကြပါတယ်။ ဒီဇိုင်း ဆန်းဆန်းတွေနဲ့ ချည်ထည်တွေကို ချုပ်လုပ်ရောင်းချလာခဲ့သလို နိုင်ငံခြားသို့ပါ ဈေး ကွက်ခဲျ့ထွင်ရောင်းချလာကြပါတယ်။       ''အမရပူရ'' က ရက်လုပ်တဲ့ လွန်းရာကျော်ချိတ်ဟာ မြန်မာမှာသာမက ကမ္ဘာမှာပါ နာမည်ကြီးလှပါတယ်။ ပိုးချိတ်တွေအပေါ်မှာ ဖောင်းြွက ပန်းချီရေး ဆွဲလာကြတယ်။ ပန်းအစစ်လေးလို ချစ်စရာကောင်းပြီး အလျှော် အဖွပ်ခံတဲ့ ဖောင်းြွကပန်းချီပိုးထည်တွေကတော့ ရေးဆွဲသူရဲ့ အနုပညာနဲ့ ဆေးစပ်အတတ် ပညာကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ အရောင်အနုအရင့်တွေအပြင် ပိုးထည်တွေမှာ ရွှေမျှင်၊ ငွေမျှင်တန်းတွေပါ ထည့်သွင်းရက်လုပ် လာကြပါတယ်။ ယနေ့ အခါမှာတော့ ပိုးထည်တိုက်တွေ အများအပြားဖွင့်လှစ်လာတာတွေ့ရပြီး တော်ဝင်သူ၊ သင်္ဂီရွှေဝါ၊ ရွှေပိုးထည်၊ ရွှေနန်းတော်ဝင်၊ ရွှေကံ့ကော်စသည်ဖြင့် ပိုးထည် များစွာဖွင့်လှစ်ရောင်းချလာတာတွေ့ရပါတယ်။      ပိုးထည်တိုက်ပိုင်ရှင်တစ်ဦးကတော့ '' ဈေးကွက်မှာပိုးထည်တွေဟာ သိသိသာသာနေရာရလာတယ်။ ကျွန်တော်တို့အနေနဲ့ ခေတ်နဲ့လိုက်လျော ညီ ထွေဖြစ်အောင် ဒီဇိုင်းတွေ ဆန်းသစ်အောင် ကြိုးစားရသလို Quality  လည်းကောင်းအောင် ကြိုးစားရတယ်။ ဒါမှလည်းဈေးကွက်မှာ ရေရှည် ရပ်တည် နိုင်မှာပါ'' လို့ဆိုပါတယ်။ ဝတ်ဆင်သူတွေကတော့ ''ချည်ထည် ပိုးထည်ဆိုတာ မြန်မာ့ဝတ်စုံဖြစ်တယ်။ ဘယ်လောက်ပဲ ဆန်းသစ်တဲ့ နိုင်ငံခြား က ဝင်လာ တဲ့ ဒီဇိုင်းတွေဖြစ်နေဦးတော့ နေရာတိုင်းနဲ့ မကိုက်ညီပါဘူး။ မင်္ဂလာ ပွဲနဲ့ ပွဲကြီးတွေတက်ရတဲ့အခါ ပိုးထည်တွေက အိန္ဒြေရပြီး ပွဲလည်တင့်သလို ချည်ထည် တွေကလည်း ပေါ့ပေါ့ပါးပါးနဲ့ ဝတ်ရတာ သက်တောင့်သက်သာ ရှိစေပါတယ်'' လို့ ထင်မြင်ယူဆကြပါတယ်။ ဘယ်လိုပဲ ခေတ်ရေစီးကြောင်းပြောင်းလဲဦးတော့ မြန်မာတို့ရဲ့ ပိုးထည်ချည်ထည်တွေဟာ ဒီနေ့ခေတ် ရှေ့ပြေးနေတဲ့ ဖက်ရှင်တွေကြားထဲမှာ ခိုင်မာတဲ့ဈေး ကွက်တစ်ခုနဲ့ ရပ်တည်နေတဲ့ ဈေးကွက်တစ်ခုဖြစ်ပါတယ်။