Main menu

Background

ထိုင်းဆန်စပါးလုပ်ငန်းနှင့် ပုဂ္ဂလိက အခန်းကဏ္ဍ

Wed, 02/17/2010 - 07:35 -- Anonymous (not verified)

ထိုင်းနိုင်ငံဟာ ပြည်တွင်း ဆန်ရောင်းချမှုလုပ်ငန်းကို စူပါမား ကတ်တွေကတစ်ဆင့် ရောင်းချခြင်း ကို ခိုင်မာစွာ တည်ဆောက်ထား နိုင်ပါတယ်။ ပြည်တွင်း ဆန်ဈေးကွက်ရဲ့ ၄၀-၅၀ရာခိုင်နှုန်း လောက်ဟာ စူပါမားကတ်တွေ မီနီမားကတ်တွေကပဲ တစ်ဆင့်ပြုလုပ်ကြပါတယ်။ ပြည်တွင်းဆန်ထုတ်လုပ်နေတဲ့ ကုမ္ပဏီကြီးတွေဟာ အဆိုပါ ဈေး ကွက်တွေမှာ တစ်ဦးနှင့်တစ်ဦး အပြိုင်အဆိုင် ရောင်းချကြပါတယ်။ စူပါမားကတ်တွေက လိုအပ်တဲ့ထုပ်ပိုးမှု အရည်အသွေးတို့ကို ဆန် ရောင်းဝယ်ရေး ကုမ္ပဏီကြီးတွေက ပြင်ဆင်ထုပ်ပိုးပေးကြပါတယ်။ စူပါမားကတ်တိုင်းမှာ ဆန်ကို ၅ ကီလိုဝင်အိတ်တွေနဲ့ လှလှပပ ထုပ် ပိုးရောင်းချပေးတာ အများစုဖြစ်ပေမယ့် အချို့ဆန်ဆိုင်တွေဟာ ဆန်ကိုပုံထားပြီး ဝယ်သူအကြိုက်ရွေးချယ်နိုင်ရန် မြန်မာက ဆန်ဆိုင် တွေလိုပဲ ရောင်းချပေးကြပါတယ်။ ထိုင်းဆန် စားသုံးသူတွေဟာ ဆန်အမျိုးအစားနှင့်ပတ်သက်၍ သိပ်မသိကြပါဘူး။ ကောက်ညှင်း၊ စံပယ်ဆန်မွှေး၊ ရိုးရိုးဆန်ဖြူ စသည်ဖြင့် ခွဲခြားရောင်းချ ပေးကြပါ တယ်။ အများဆုံးရောင်းချကြတဲ့ ဆန်ကတော့ ၅ရာခိုင်နှုန်း ဆန်ကွဲ ပါဝင်တဲ့ ဆန်အမျိုးအစား ဖြစ်ပါတယ်။ ဈေးနှုန်း အနည်းအများ အလိုက် ဆန်အရည်အသွေးကို ခွဲခြား ထားတာကြောင့် ဈေးအများ ဆုံး ဆန်ဟာ အရည်အသွေးအကောင်းဆုံးဆန်လို့  ဆိုနိုင်ပါတယ်။ နောက်တစ်ခုက ဆန်နှင့်ပတ်သက်ပြီး ဖော်ပြပေးရတဲ့ အချက် အလက်တွေ (product labelling)မပါမရှိ ဖော်ပြပေးရပါတယ်။ထိုင်းနိုင်ငံမှာ Quality Control Board, QCB ဆိုတဲ့ အဖွဲ့ အစည်းရှိပါတယ်။ စူပါမားကတ်တွေက ဆန်တွေကို မကြာခဏ ရယူပြီး နမူနာကို စစ်ဆေးလေ့ရှိပါတယ်။ ဒါပေမယ့်QCB"ဟုန်မာ လီ"  ဆန်တစ်မျိုးတည်းကိုသာ စစ်ဆေးတယ်လို့ သိရပါတယ်။ထိုင်းတွေရဲ့ ပြည်တွင်း ဆန်ရောင်းဝယ်မှုပုံစံကို လေ့လာကြည့် တဲ့အခါ စူပါမားကတ်တွေနဲ့ လုပ်ရကိုင်ရတာ အခက်အခဲများစွာ ရှိကြောင်း ပြည်တွင်းဆန် လက်ကားရောင်းချသူများက ညည်းတွား လေ့ရှိပါတယ်။ စူပါမားကတ်များဟာ ယေဘုယျအားဖြင့် ရက် ၉၀ ဆိုင်းပြီးမှ ငွေချေလေ့ရှိပါတယ်။ ဆန်လက်ကား ရောင်းသူများအနေ ဖြင့် ဆန်အစုအဆောင်းကို ၃ လစာခန့် စုဆောင်းသိုလှောင်လေ့ရှိ တာကြောင့် အများဆုံး ၆ လစာလောက် ငွေအိပ်နေတတ်ကြောင်း ပြောပါတယ်။ ဥပမာ Carrefour စူပါမားကက်သည် စင်ကာပူ အပါအဝင် ဒေသတစ်ဝိုက်မှာ ရောင်းချဖို့ ဆန်ဝယ်ယူစုဆောင်းပြီး TESCO  စူပါမားကတ်က ထိုင်းနိုင်ငံအထက်ပိုင်းက ဆန်လက်ကား ရောင်းချသူများထံမှ ကိုယ်တိုင်ဝယ်ယူပြီး ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ရောင်းချကြပါတယ်။ဆန် ပြည်ပတင်ပို့မှုလုပ်ငန်းထိုင်းနိုင်ငံရဲ့ ဆန်ပြည်ပတင်ပို့မှုကို လေ့လာကြည့်ပါက ကုမ္ပဏီ ပေါင်း ၂၅ ခုကတင်ပို့တဲ့ ပမာဏဟာ စုစုပေါင်းတင်ပို့မှုရဲ့ ၉၀ ရာခိုင် နှုန်းလောက် ရှိပါတယ်။ အကြီးဆုံးကုမ္ပဏီကြီးများဟာ တစ်နှစ်လျှင် တန်ချိန် ၅ သိန်းအထက် တင်ပို့နိုင်စွမ်းရှိကြပါတယ်။ ထိုင်းကုမ္ပဏီ ကြီးများဟာ ဘန်ကောက်မြို့ရဲ့ မြောက်ဘက် "ချောင်ဖရား "  မြစ်ရိုး တစ်လျှောက်မှ ဆန်ပြည်ပတင်ပို့တဲ့အခါ အသုံးပြုတဲ့ဆန် ပြန်လည် ရောနှောကြိတ်ဖွပ်စက်ရုံ၊ သိုလှောင်ရုံ၊ ဆိုင်လို၊ ကွန်ဗေယာဆိပ်ခံ တံတား စသည့်ပစ္စည်းများ တပ်ဆင်အသုံးပြုလျက် ရှိကြပါတယ်။ အဆိုပါပုဂ္ဂလိက ကုမ္ပဏီကြီးများအနေနဲ့ ပြည်ပ တင်ပို့ရာမှာ အသုံးပြုရတဲ့ ပစ္စည်းအဆောင်အယောင်များနဲ့ ပြည့်စုံပေမယ့်လည်း ပြည်ပတင်ပို့မယ့် ဆန်တွေစုဆောင်းရာမှာ အခြားကုမ္ပဏီများကို အားကိုးနေရဆဲဖြစ်ပါတယ်။ သို့သော်လည်း အချို့ကုမ္ပဏီကြီးများ ဟာ ဆန်အရည်အသွေး ထိန်းသိမ်းမြှင့်တင်နိုင်ရန်အတွက် စက် ကြိတ်စွမ်းအား ရှိလာစေဖို့ စပါးထွက်တဲ့ဒေသတွေမှာ ဆန်စက်တွေ  တည်ဆောက်လျက်ရှိကြပါတယ်။ ဆန် ပြည်ပတင်ပို့နေတဲ့ ပုဂ္ဂလိက ကုမ္ပဏီများအနက် တန်ချိန်အနည်းငယ်သာ တင်ပို့နေတဲ့ ကုမ္ပဏီ များလည်း ရှိပါတယ်။ ထိုင်းနိုင်ငံ Rice Exporters Associationမှာ ၂၀၀၉ခုနှစ်၊ ဇူလိုင်တုန်းက အဖွဲ့ဝင်ကုမ္ပဏီပေါင်း ၁၈၇ ခု ရှိပါ တယ်။ အချို့  ဆန်စက်ပိုင်ရှင်များဟာ တိုက်ရိုက်ပြည်ပ တင်ပို့ခြင်း လုပ်ငန်းကို လုပ်ကိုင်လာကြပါတယ်။ ဆန်စက်ပိုင်ရှင်  အများစုရဲ့ သားသမီးတွေဟာ ပင်လယ်ရပ်ခြားမှာ ဘွဲ့လွန်ပညာရပ်တွေ သင်ရင်း အတွေ့အမြင် ဗဟုသုတကျယ်ပြန့်လာတဲ့အခါ ၎င်းတို့ရဲ့ မိရိုးဖလာ ဆန်ကြိတ်ခွဲရေး လုပ်ငန်းတွေအပြင် ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်း များကိုပါ တွဲဖက်လုပ်ကိုင်လာကြပါတယ်။ ဒါကြောင့်အနည်းအကျဉ်း သာ ပြည်ပတင်ပို့နိုင်တဲ့ ကုမ္ပဏီငယ်များအနေဖြင့် ဆန်စက်ပိုင်ရှင် များရဲ့ သားသမီး မျိုးဆက်သစ်လူငယ်များနှင့် ယှဉ်ပြိုင်လုပ်ကိုင်ကြ တဲ့အခါမှာ အထူးသဖြင့် ၂၀၀၈-၂၀၀၉ ခုနှစ်အတွင်းက အခက်အခဲ ပေါင်းစုံ ရင်ဆိုင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။ အချို့ကုမ္ပဏီငယ်များ ဟာ ပြည်တွင်းမှာ ဆန်ဝယ်ယူရရှိရန် အခက်အခဲများနှင့် ကြုံတွေ့လာ တဲ့အခါ ၎င်းတို့တင်ပို့ပေးရန် တာဝန်ရှိသည့်အချက်ကို မလေးစားကြ တော့ဘဲ ပျက်ကွက်မှု အများအပြား ဖြစ်ပေါ်ခဲ့တယ်ဟု သိရပါတယ်။ ဆန်စက်ငယ်များအနေဖြင့် ဈေးကွက်သတင်း အချက်အလက်များ အချိန်မီရရှိရန်  အခက်အခဲများရှိခဲ့ပြီး ကုမ္ပဏီကြီးများကဲ့သို့ လူမှု စီးပွားရေး ပိုင်းဆိုင်ရာ တည်ဆောက်မှုများမရှိခဲ့တဲ့အတွက် စပါး ဝယ်ယူရရှိရေးတွင် အခက်အခဲများ ကြုံခဲ့ကြပါတယ်။ ထိုင်းကုမ္ပဏီ များအနေဖြင့် ဆန်ကို (၅၀)ကီလိုဝင်အိတ်များဖြင့် အများဆုံး တင်ပို့ ခဲ့ကြသော်လည်း ဟုန်မာလီ၊ အော်ဂဲနစ်ဆန်များကို အိတ်ငယ်များ နဲ့ လှပစွာထုပ်ပိုးပြီး branded အဖြစ် ပြည်ပဈေးကွက်မှာ ရောင်း ချခဲ့ကြပါတယ်။  ထိုင်းဆန်တင်ပို့တဲ့ ကုမ္ပဏီများက အစိုးရဆန် တွေကို အစိုးရချင်း ဆက်သွယ်ရောင်းချခြင်းကို မပြုလုပ်သင့်ကြောင်း အမြင်များရှိကြပါတယ်။ မောင်တိုင်ပင်