Main menu

Background

ထိုင်း ဆန်စပါးလုပ်ငန်းနှင့် ပုဂ္ဂလိက အခန်းကဏ္ဍ

Mon, 03/08/2010 - 04:48 -- Anonymous (not verified)

အခြေခံအဆောက်အအုံထိုင်းနိုင်ငံဟာ   ပြည်ပတင်ပို့ဖို့အတွက် အခြေခံအဆောက်အအုံများ အပြည့်အစုံ ရှိကြပါ တယ်။ သိုလှောင်ရုံများ၊ ထုပ်ပိုးရုံများ၊ ဆန်ပြန်လည် ကြိတ်ဖွပ်ရောနှောစက်ရုံတွေဟာ လိုတာထက် တောင်  ပိုနေသေးတဲ့အတွက်  ကြီးကြီးမားမား ပြဿနာမရှိကြဘူးလို့ ဆိုပါတယ်။ထိုင်းမှာ ဆန်ကို  ပြည်ပတင်ပို့တဲ့အခါ ကျောက်ဖယားမြစ်တစ်လျှောက် ဘန်ကောက်ဆိပ် ကမ်းသို့ ဆန်သယ်စီဘီတွဲများနဲ့ သင်္ဘောတင်ပေး လေ့ရှိပါတယ်။  တစ်ခါတစ်ရံ ဒီရေတက်ချိန်မှာ ပြဿနာ အနည်းငယ်ရှိတတ်ပါတယ်။ အဲဒီအချိန် မှာ စီဘီတွဲတွေဟာ တံတားတွေ အောက်က ဖြတ်ဖို့ မလွတ်မကင်း ဖြစ်နေတတ်ပါတယ်။  ထိုင်းဆိပ် ကမ်းတွေကတော့ ကုန်တင်ကုန်ချမှာ အတော်မြန် ဆန် ထိရောက်မှုရှိကြပါတယ်။ ဆိပ်ကမ်းတွေမှာ တစ်နေ့ တန်ချိန် ၃-၄ ထောင် တင်နိုင်ပြီး သင်္ဘော ကရိန်းကို အားကိုးရမည်ဆိုပါက တစ်နေ့ တန် ၁၅၀၀ လောက်ပဲ ဖြစ်နိုင်ပါတယ်။ဆန်စပါးလုပ်ငန်းအတွက် ငွေကြေးရရှိမှုထိုင်း အိတ်စ်ပိုတာ ကုမ္ပဏီကြီးတွေအနေနဲ့ ငွေကြေးအရင်းအနှီး လိုအပ်ချက်မှာ ပြဿနာ ကြီးကြီးမားမား မရှိကြပါ။ ဆန်အရောင်းအဝယ် စာချုပ်ချုပ်ပြီးရင် တန်ဖိုးရဲ့ ၇၀ ရာခိုင်နှုန်း လောက်ကို ဘဏ်တွေကနေ အချိန်တိုချေးငွေအနေနဲ့ ရယူ နိုင်ပါတယ်။ စူပါမားကက်တွေက ရက် ၉၀ ကြာမှ ငွေချေလေ့ရှိပြီး၊ စူပါမားကက်ကိုသွင်းတဲ့ ဆန်စက် ပိုင်ရှင်တွေ လက်ကား ကုန်သည်တွေ အနေနဲ့လည်း ဆန်အစုအဆောင်းကို အနည်းဆုံး သုံးလလောက် ကြိုတင် စုဆောင်း ကြပါတယ်။ ဒါကြောင့် ငွေကြေး ထောက်ပံ့မှုကို ရယူတဲ့အခါ အချိန်ကာလဟာ ၆ လလောက် ကြာမြင့်နိုင်ပါတယ်။  ဆန်စက်တွေ အနေနဲ့လည်း ဘဏ်တွေကနေ ဆန်အစုအဆောင်းတွေ ပြပြီး ငွေချေးနိုင်ပါတယ်။  ဘဏ်တွေက ဆန် စက်ပိုင်ရှင ်တွေရဲ့ဆန်အစုအဆောင်းတွေကို လာ ရောက်စစ်ဆေးပြီးမှ ငွေချေးကြပါတယ်။ Supply Chain တစ်လျှောက်မှာတော့ အိတ်စ်ပိုတာ တွေ လက်ကားကုန်သည်တွေဟာ ရက် ၃၀-၆၀ အတွင်း ငွေချေလေ့ရှိပါတယ်။ ဆန်စက်တွေအနေ နဲ့ ငွေကြေးနဲ့ပတ်သက်၍ အခက်အခဲတော့ရှိနိုင် ပါတယ်။ လယ်သမားဆီက ငွေလက်ငင်းချေပြီးမှ စပါးဝယ်ယူလို့ရပေမယ့် သူ့ဆီက ဆန်ဝယ်တဲ့ သူကိုတော့ အေ<ကးရောင်းရတဲ့ အလေ့အထတွေ ရှိနေတော့ Supply Chain  လမ်းကြောင်းမှာ ဒါတွေဟာ မဆန်းတော့ပါဘူး။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် လွယ်ကူမှုထိုင်းနိုင်ငံမှ ဆန်ကို ပြည်ပတင်ပို့နိုင်ဖို့ အတွက် အခက်အခဲ သိပ်မရှိလှပါဘူး။ ၂၀၀၈-၂၀၀၉ ခုနှစ်အတွင်းမှာ ပြည်ပတင်ပို့ဖို့အတွက် ဆန် ရရှိဖို့ အခက်အခဲတွေ့ခဲ့ရတာပါ။ ထိုင်း အိတ်စ်ပို တာတွေဟာ ဆန်ပြည်ပတင်ပို့မယ်ဆိုရင် consignment တိုင်းအတွက် ခွင့်ပြုချက် ရယူခဲ့ရပါ တယ်။ ပြည်ပတင်ပို့မယ့်ဆန်တွေကို များသောအား ဖြင့် ွှှ လို စစ်ဆေးရေးအေဂျင်စီတွေက စစ် ဆေးခဲ့တာပါ။ ထိုင်းစစ်ဆေးရေးကုမ္ပဏီ အချို့ လည်း ပေါ်ပေါက်နေပါပြီ။ စစ်ဆေးရေး ကုမ္ပဏီ တွေဟာ ဆန်ရဲ့သတ်မှတ်အရည်အသွေး၊ အလေး ချိန်နဲ့ ပိုးသတ်မှိုင်းတိုက်လုပ်ငန်းအပေါ် စစ်ဆေး တာပါ။ အစိုးရကတော့ ဆန်မွှေးကိုပဲ အဓိကထား စစ်ဆေးပြီး "ဟုန်မာလီ" ဆန် စစ်ကြောင်း အာမခံ ချက် ပေးပါတယ်။  ဒါပေမယ့် စိတ်ချရတဲ့စစ်ဆေး ချက်မျိုး ဟုတ်၊ မဟုတ်တော့ သံသယရှိစရာပါလို့ အကဲခတ်သူတွေက ဆိုကြပါတယ်။အတိုင်ပင်ခံအခန်းကဏ္ဍထိုင်းနိုင်ငံမှာ ဆန်စပါး မူဝါဒကော်မတီ(Rice Policy Committee) ကို အစိုးရကဖွဲ့စည်း တည်ထောင်ထားပါတယ်။ အဆိုပါ ကော်မတီကို ဝန်ကြီးချုပ်က ဦးဆောင်ပါတယ်။ ဆပ်ကော်မတီ အဆင့်မှာတော့ state holders တွေပါဝင်ပါ တယ်။ သို့ပေမယ့် ဆပ်ကော်မတီရဲ့ဥက္ကဋ္ဌကတော့ နိုင်ငံရေးသမားများသာ ဖြစ်ပါတယ်။ ထုတ်လုပ်မှု၊ ရောင်းဝယ်ရေး၊ စပါးပေါင်နှံခြင်း၊ ဆန်များ ထုတ် ရောင်းခြင်း၊ ဒေသအလိုက် ဘောင်ခတ်မှု၊ ဈေးနှုန်း အာမခံချက်နှင့် စာရင်းစစ်ဆေးခြင်းတို့နဲ့ပတ်သက် ပြီး ဆပ်ကော်မတီ ဖွဲ့စည်းထားတာပါ။ဆပ်ကော်မတီတွေဟာ  အစိုးရကို စပါး ပေါင်နှံစနစ်နဲ့ပတ်သက်ပြီး ပြဿနာများ ရှိခဲ့ရင် အကြံပြုနိုင်ရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်း သာဖြစ်ပါတယ်။ ဆန်စပါးလုပ်ငန်းကြီး တစ်ခုလုံး ခြုံငုံပြီး ပြဿနာတွေရှိခဲ့ရင်တော့ အကြံပြုတာကို မလုပ်ကြပါဘူး။ ဆပ်ကော်မတီထဲမှာ exporters association (သက်တမ်းအကြာဆုံး အဖွဲ့အစည်း လို့ ဆိုပါတယ်) millers association နှင့် rice packers' association တို့အပြင် လယ်သမားနှင့် ဆန်ကုန်သည် ကိုယ်စားလှယ်များ ပါဝင်ပါတယ်။ ထိုင်းဆန်စက်ပိုင်ရှင်အသင်းကတော့ ဒီကော်မတီ တွေမှာ အိတ်စ်ပိုတာကြီးတွေနဲ့ လက်ကား ကုန် သည်ကြီးတွေကပဲ မင်းမူနေကြပါတယ်လို့ သုံးသပ် ကြပါတယ်။ ထိုင်းအစိုးရနဲ့ အသင်းတွေမှာပါတဲ့ stateholders  တွေ အကြားမှာလည်း မကြာခဏ ဆွေးနွေးတိုင်ပင်ကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ၂၀၀၉ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ အစိုးရက ဆန် စပါးလုပ်ငန်းမှာ ဝင်ရောက်စွက်ဖက်မှုဟာ  ဒီ အသင်းအဖွဲ့တွေ၊ ဆပ်ကော်မတီတွေနဲ့ တိုင်ပင် ခြင်း မရှိခဲ့ကြဘူးလို့ စွပ်စွဲကြပါတယ်။ ထိုင်းနိုင်ငံမှာ ဆန်စပါးလုပ်ငန်းကို ကိုယ်စားပြုတဲ့ အသင်းအဖွဲ့ အစည်းမရှိသေးပါ။ (စာရေးသူ မှတ်ချက်။ ဒါကြောင့်လည်း မြန်မာ နိုင်ငံမှာ အသင်းသုံးသင်းကို အခြေခံပြီး ဆန်စပါးလုပ်ငန်း အသင်း (Myanmar Rice Industry Association) ကြီး ဖွဲ့စည်းလိုက်တော့ ထိုင်းနိုင်ငံက ဆန်စပါးနဲ့ ပတ်သက်သူတိုင်း တအံ့တသြဖြစ်သွားကြပြီး   အထူးစိတ်ပါဝင်စားကြပါတယ်။ မြန်မာ့ဆန်စပါးလုပ်ငန်းမှာ ပါဝင်သူတွေအားလုံး စုစည်းမှုရှိပြီး အသင်းကြီးတစ်သင်းရဲ့ သြဇာအာဏာအောက်မှာ ညီညီညွတ် ညွတ် လုပ်ကိုင်လာကြတော့မှာဖြစ်တဲ့အတွက် စိတ်ဝင်စားနေကြ တာပါ။)ထိုင်းနိုင်ငံမှာ ဆန်အိတ်စ်ပိုတာများနှင့် စက်ပိုင်ရှင်များရဲ့ ကိုယ်ပိုင်သဘောထား အယူအဆ များဟာ ကွဲပြားကြတဲ့အတွက် ညီညွတ် တဲ့ စုစည်းမှုမျိုးရရှိဖို့ တော်တော်လုပ်ယူရဦးမယ့် အနေအထား ပါ။ ကဲ ထိုင်းနိုင်ငံ ဆန်စပါးလုပ်ငန်းနဲ့ ပုဂ္ဂလိကအခန်းကဏ္ဍကို တစေ့တစောင်း လေ့လာကြည့်ခဲ့ပြီးပါပြီ။ စာရေးသူတို့ မြန်မာဆန်စပါးလုပ် ငန်းအသင်းရဲ့ အခန်းကဏ္ဍဟာ ပီပီပြင်ပြင်ဖြစ်လာနေပါပြီ။ရှေ့ဆက်လက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ဘယ်လို လုပ်ကိုင်သွားကြမလဲဆိုတာ ညီညီညွတ်ညွတ်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အချိန်ပါ။ မြန်မာဆန်စပါးလုပ်ငန်းထဲကို ထဲထဲဝင်ဝင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြမယ်ဆိုရင် လုပ်ကြပါ၊ လာကြပါ။ လုပ်တတ်ကိုင်တတ် သူမျိုးဆက်သစ်တွေ လိုနေပါတယ်။ တစ်နပ်စားÓဏ်နဲ့ခဏတဖြုတ် ဝင်နှောက်လိုက်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့တော့ ဆန်စပါးလောကထဲ ဝင်မလာကြပါနဲ့။ ဆန်စပါးလောကဆိုတာ သာမန်စီမံအုပ်ချုပ်တတ် ရုံနဲ့မရပါ။ Management က ၂၀ ရာခိုင်နှုန်း၊ Technology က ၈၀ ရာခိုင်နှုန်းလောက် နားလည်မှ အောင်မြင်နိုင်ပါမယ်။မောင်တိုင်ပင်ကျမ်းကိုးစာရင်း၁။  ASEAN Rice + Maize Markets-the private sector perspective -A.W.Shephard၂။ Bank of Agriculture + Agricultural Cooperative BAAC-Poapongsakom 2008 ၃။ Bangkok Post သတင်းစာများ Nov.2009,Oct 2009၄။ Public Warehousing Organization, Poapongsakorn 2008၅။ Newsweek, July 2009၆။ Debate over food security, Peter C.Timmer  2008၇။ Rice Marketing System with Philippines &  Thailand, Dawe David; et al ;  2006