ပျားမွေးမြူးရေးလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့တွင်အများဆုံး လုပ်ကိုင်လျက်ရှိကြောင်း၊ မြန်မာ့ပျား ရည်ကို ပြည်တွင်းသုံးစွဲမှုထက် ပြည်ပဈေး ကွက်သို့ ပိုမိုတင်ပို့နေရကြောင်း၊ ပျားရည်ကို ပြည်တွင်းမှာ ဆေးဝါးအဖြစ်သာ အဓိကထား အသုံးပြုကြပြီး ပြည်ပနိုင်ငံများမှာ သကြားအစား ပျားရည်စားသုံးခြင်းနဲ့ အအေးပိုင်းနိုင်ငံတွေမှာ ပျားရည်ကို အဓိကထားပြီး သုံးစွဲမှု များနေတာကြောင့် ပြည်ပဈေးကွက်သို့ ယခုလိုတင်ပို့နေရတာ ဖြစ်ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ဇွန် ၁ ရက်မှ ၁၅ ရက်တာသီတင်းပတ်တွင် ကန်ဒေါ်လာ ၂၅၅၅၀ တန်ဖိုးရှိ ပျားရည် ၃၆ တန်ခွဲတင်ပို့နိုင်ခဲ့ပြီး ပျားရည်တစ်တန်ကိုလိုင်စင်ဈေး အမေရိကန် ဒေါ်လာ ၇၀၀ ရှိတယ်လို့ သိရပါတယ်။
မော်မော်အောင်