Main menu

Background

မြိတ်-မောတောင်-ပရာကျွတ်ကရီခန် လမ်းအား အသုံးပြု၍ ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာ မိတ်ဖက် ကုန်သွယ်မှုကြီး ပီပြင်စွာ ဖြစ်ပေါ်လာစေရေး

Tue, 10/10/2023 - 12:43 -- journal_editor

မြန်မာနိုင်ငံပတ်ဝန်းကျင်ရှိ ဖွံ့ဖြိုးမှုအရှိန်ရလျက်ရှိသော စက်မှုထွန်းသစ်စနိုင်ငံများကို လေ့လာပါ က ပို့ကုန်ဦးစားပေး စီးပွားရေးပုံသဏ္ဌာန်ဖြင့် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရ မည်ဖြစ်သည်။ ပြည်ပတွင် ဈေးကွက်ရှာဖွေထိုးဖောက်ခြင်း၊ အရည်အသွေးမြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ တင်ပို့နိုင်စေရန် ကြိုးပမ်းအားထုတ်ခြင်း၊  ဈေးကွက်ရှိသည့် ကုန်စည်များ အရည်အသွေးရော အရေအတွက်ပါ တိုးတက်ထုတ်လုပ်ခြင်း၊ မျိုးတူကုန်ပစ္စည်းပြိုင်ဆိုင်မှုတွင် မိမိ၏ ဈေးကွက်ဖောက်သည် များ တခြားသို့ မပြောင်းဘဲ မိမိထံ၌သာ စွဲမြဲစွာတည်ရှိနေစေရန် နည်းအမျိုးမျိုးဖြင့် ဆွဲဆောင်သိမ်းသွင်းခြင်း စသည့် ပို့ကုန်မြှင့် တင်ရေးလုပ်ငန်းများကို   အစိုးရနှင့်  ပုဂ္ဂလိက ကဏ္ဍနှစ်ရပ် ဟန်ချက်ညီညီပူးပေါင်း၍ ဆောင်ရွက်နေကြသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံတွင် ပို့ကုန်မြှင့်တင်ရေးကို ဦးစား ပေးသည့်အနေဖြင့် အဓိကပို့ကုန်ကဏ္ဍများဖြစ်သည့် ဆန်၊ ပဲမျိုးစုံ ၊ ပြောင်း ၊ နှမ်း စသည့် လယ်ယာဥယျာဉ်ခြံထွက်ပစ္စည်းများ၊ ရေချိုရေငန်ထွက်ပစ္စည်းများ၊ ရော်ဘာ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန် ထွက်ပစ္စည်းများ၊ ပို့ကုန်ကဏ္ဍအလိုက် အရေအတွက်သာမက အရည်အသွေးပိုင်းပါ မြှင့်တင်၍ နိုင်ငံတော်၏ ပို့ကုန်ဝင်ငွေ တိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသ ကြီး  မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်မြို့  မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်   ရေထွက်ပစ္စည်းများ ပရာကျွတ်ကရီခမ်ခရိုင်၊  ဆင်ခွန်းနယ်စပ်စခန်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိပြီး ပို့ကုန်တိုးမြှင့်ရေး ဆောင်ရွက် လျက်ရှိသည်။
မောတောင်ဒေသနှင့် ပရာကျွတ်ကရီခမ်ခရိုင်တို့နှင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုများ စတင်နိုင်ရန်အတွက် (မော တောင်) နယ်စပ်ကုန်သွယ်ရေးစခန်း ကုန်သွယ်မှုစတင်ခြင်း အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ မေ ၈ ရက်တွင် တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးခင်မောင်လေး၊ ထိုင်းနိုင်ငံ ပရာကျွတ်ကရီခမ်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး မစ္စတာဝီစီရပ်စီဝပ်ထာနာရ်တတ်ကွန်းတို့မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ကုန်သွယ်မှုလုပ်ငန်းများ  စတင်ဆောင်ရွက်ခဲ့သည်။

မောတောင်နယ်စပ်ကုန်သွယ်ရေးဂိတ်    တရားဝင် ဖွင့်လှစ်မည်ဆိုပါက မောတောင်မြို့သည် မြိတ်မြို့နှင့် ၁၁၈ မိုင်ခန့်၊ တစ်ဖက်နိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်မြို့နှင့် ၃၂ ကီလို မီတာခန့်သာ ကွာဝေးသောနေရာတွင်  တည်ရှိပြီး ယခင်က မြိတ်မြို့မှ ရေထွက်ကုန်ပစ္စည်းများ တစ်ဖက် ထိုင်းနိုင်ငံသို့ တင်ပို့လိုပါက မြိတ်မြို့မှတစ်ဆင့် ကော့သောင်းမြို့ ကော့ သောင်းမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့  သင်္ဘောဖြင့် သွားလာတင်ပို့ရသဖြင့် ရေလမ်းခရီး အကွာအဝေးအရ ရာသီ ဥတု ကောင်းမွန်ပါက ၁၂ နာရီမှ ၁၄ နာရီခန့်အထိ ကြန့်ကြာ မှုရှိနေခြင်း၊ ရနောင်းမြို့မှတစ်ဆင့် ပရာကျွတ် ကရီခန်မြို့သို့ ကားဖြင့် လေးနာရီကျော်ခန့် သွားလာရသဖြင့် စုစုပေါင်း ၁၆ နာရီမှ ၁၈ နာရီခန့် ကြန့်ကြာမှုရှိနေခြင်းတို့ကြောင့် မိမိတို့ နိုင်ငံမှတင်ပို့သည့် ရေထွက်ပစ္စည်းများ အရည်အသွေးကျဆင်း ခြင်း၊ သယ်ယူစရိတ်ကြီးမြင့်ခြင်းများကြောင့် တစ်ဖက်ထိုင်း နိုင်ငံ  ကုန်သည်များမှ  ဈေးနှိမ်ဝယ်ယူသဖြင့် မိမိကုန်သည် လုပ်ငန်းရှင်များ ရသင့်ရထိုက်သည့်  အကျိုးအမြတ် မရရှိဘဲ ထိခိုက်  နစ်နာမှုများ  ကြုံတွေ့ခဲ့ကြရပြီး ယခုအခါ မြိတ်-မောတောင် ကားလမ်းမှတစ်ဆင့် တင်ပို့ပါက အချိန်လေးနာရီ ခန့်ဖြင့်  ထိုင်းနိုင်ငံအတွင်းသို့ အရောက်တင်ပို့နိုင်သဖြင့် အချိန်ကြန့်ကြာမှုနှင့် ရေထွက်ပစ္စည်းများ အရည်အသွေး ကျဆင်းမှုကို  ကျော်လွှားနိုင်ကာ ထိုက်သင့်သည့် အကျိုး အမြတ်များ ပိုမိုရရှိခဲ့သည်။ မြိတ်မြို့မှ မောတောင် နယ်စပ် ကုန်သွယ်ရေးစခန်းကြားရှိ တနင်္သာရီမြို့နှင့် လမ်းခရီးတစ် လျှောက်ရှိ ကျေးရွာများ လမ်းပန်းဆက်သွယ်ရေး ပိုမိုတိုးတက် ကောင်းမွန်လာပြီး ကျေးရွာနေပြည်သူများ စီးပွားရေးအမြင် ဖွံ့ဖြိုးတိုးတက်လာသည့် အကျိုးကျေးဇူးများ ရရှိလာနိုင်သည်။ ထို့အပြင် မောတောင်နယ်စပ်စစ်ဆေးရေးဂိတ် တည်ရှိနေခြင်း ဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ထိုင်းနိုင်ငံတို့အား အနီးစပ် ဆုံးနှင့် လွယ်ကူလျင်မြန်စွာ ဆက်သွယ်ဆောင်ရွက်ပေးနိုင် သည့် အဓိကဆက်သွယ်ရေးလမ်းမကြီးအဖြစ် ဖွံ့ဖြိုးတိုးတက် လာနိုင ်ပြီး ပို့ကုန်/သွင်းကုန်လုပ်ငန်းများ ပိုမိုဆောင်ရွက်လာ နိုင်မည့်အပြင် နိုင်ငံခြားခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက် လာနိုင်ခြင်းကြောင့် နိုင်ငံခြားဝင်ငွေ ပိုမိုတိုးတက်ရှာဖွေပေး နိုင်သည့် အကျိုးကျေးဇူးများကို ရရှိလာနိုင်မည်ဖြစ်သည်။
မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မျက်နှာ ချင်းဆိုင် တစ်ဖက် ထိုင်းနိုင်ငံ ဆင်ခွန်း စစ်ဆေးရေးဂိတ်ကို မြဝတီနှင့် တစ်ဖက် မဲဆောက်ကဲ့သို့ အကောက်ခွန်စစ်ဆေး ရေးစခန်းအဖြစ် ထိုင်းနိုင်ငံက ခွင့်ပြုလိုက်ပါက မောတောင်- မြိတ်ကားလမ်းသည် Container ကုန်တင်ယာဉ်ကြီးများ အလွယ်တကူ သွားနိုင်သည့်လမ်းအဖြစ် အဆင့်မြှင့်တင်ပြီးဖြစ် သည့်အပြင် ထိုင်းနိုင်ငံဘက်ရှိ ပရာကျွတ်ကရီခန်၌လည်း ရေနက်ဆိပ်ကမ်း ဆောက်ပြီးဖြစ်သောကြောင့် မြိတ်ဒေသ၌ ပါ   ရေနက်ဆိပ်ကမ်းဆောက်နိုင်ပြီး   Transit Trade  ကို ကောင်းစွာပြုလုပ်နိုင်သည့် (မလက္ကာရေလက်ကြား စင်ကာပူ သို့ ဝင်စရာမလိုဘဲ ကုန်သွယ်မှုဆောင်ရွက်နိုင်သည့်) ကုန် သွယ်မှု စင်္ကြံကြီးဖြစ်သွားမည့်အပြင် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ရှိ ရေနက်ဆိပ်ကမ်းနှင့်အတူ  အထူးစီးပွားရေးဇုန် များ၊ စက်မှုဇုန်ကြီးများကို ကောင်းစွာတည်ဆောက်နိုင်ပြီး တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးမှုအတွက် များစွာ အထောက်အကူပြုမည်ဖြစ်သည်။ 
မောတောင်ကုန်သွယ်ရေးစခန်းနှင့် ထိုင်းနိုင်ငံ ဆင်ခွန်း အကောက်ခွန်စခန်းကို  တရားဝင် ကုန်သွယ်မှုလမ်းကြောင်း ဖွင့်ရန်အပိုင်းတွင် မောတောင်ဒေသ နယ်နိမိတ်တိုင်းတာမှု အပိုင်း၌ ကြန့်ကြာမှုများဖြစ်နေကြောင်း သိရှိရသည်။ ထိုင်း ဘက်နှင့် နယ်နိမိတ်ကိစ္စ ရှင်းလင်းအောင်  ဆောင်ရွက်ရန် လိုအပ်သဖြင့် နိုင်ငံနယ်နိမိတ်တိုင်းတာရေးနှင့် သက်ဆိုင် သောဌာနနှင့် တစ်ဖက်ထိုင်းနိုင်ငံဘက်က နယ်နိမိတ်တိုင်းတာ ရေးတို့  အမြန်သဘောတူညီရရှိရေး ကွင်းဆင်းတိုင်းတာရန် လိုအပ်လျက်ရှိကြောင်း တွေ့ရှိရသည်။
မောတောင်နယ်စပ်စစ်ဆေးရေးဂိတ်သည် စတင်ဖွင့် လှစ်သည့် အချိန်မှစ၍ ယနေ့အထိ အထူးယာယီစစ်ဆေးရေး ဂိတ်အဆင့်သာ တည်ရှိနေသောကြောင့် တတိယနိုင်ငံသား များ ဝင်/ထွက်သွားလာခွင့်မရှိဘဲ နှစ်ဖက်နိုင်ငံသားများသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် Temporary Border Pass-TBP)၊ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BorderPass-BP)တို့ဖြင့် ဖြတ်သန်းသွားလာလျက်ရှိသည်။ အမြဲတမ်းဂိတ်အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်မည်ဆိုပါက တတိယ နိုင်ငံသားများပါ ဝင်/ထွက်သွားလာခွင့် ရရှိမည်ဖြစ်သောကြောင့် ကမ္ဘာလှည့်ခရီး သွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းများ၊  ကုန်စည်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ   ပိုမိုကောင်းမွန်လာမည့်အပြင် ဒေသခံပြည်သူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိလာ နိုင်မည်ဖြစ်သည်။ မောတောင်နှင့်  ဆင်ခွန်းကုန်သွယ်မှုလမ်းကြောင်း  တရားဝင်ဖြစ်စေရန် မြန်မာ-ထိုင်း နှစ်နိုင်ငံပူး ပေါင်းပြီးဆောင်ရွက်နိုင်ပါက မြန်မာဘက်ရှိ မြိတ်ခရိုင်အပါအဝင် တနင်္သာရီတိုင်းဒေသကြီးတွင် ရေနက် ဆိပ်ကမ်း၊ အထူးစီးပွားရေးဇုန်၊ စက်မှုဇုန်များ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေပြီး  အောင်မြင်သော စီးပွားရေးဖြစ်အောင်  ွီဏ တိုးတက်ရေးသာမက တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးရေးအတွက် ဒေါက်တိုင်တစ်ခု အဖြစ် ဖြစ်ပေါ်စေမည်။ ထို့အပြင် ထိုင်းနိုင်ငံသည် အိန္ဒိယနိုင်ငံ၏Look East Policy ကဲ့သို့Look West Policy ကျင့်သုံးနေပြီဖြစ်သောကြောင့် အိန္ဒိယ နိုင်ငံကိုသာမက အိန္ဒိယသမုဒ္ဒရာကိုဖြတ်ပြီး အခြားနိုင်ငံ များနှင့် ဥရောပနိုင်ငံများသို့ ကုန်သွယ်ရေးဆောင်ရွက်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သဖြင့် မောတောင်နှင့် ဆင်ခွန်း(ထိုင်း) ကုန်သွယ်ရေးစခန်း နှစ်ဖက်တရားဝင်ဖွင့်ရေးမှာ လွန်စွာအရေးကြီး သည့်ကိစ္စရပ်ဖြစ်သည်။
မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မျက်နှာချင်းဆိုင် တစ်ဖက် ထိုင်းနိုင်ငံ ဆင်ခွန်းစစ်ဆေး ရေးဂိတ်ကို မြဝတီနှင့် တစ်ဖက် မဲဆောက်ကဲ့သို့ အကောက်ခွန်စစ်ဆေးရေးစခန်းအဖြစ် ထိုင်းနိုင်ငံက ခွင့်ပြုလိုက်ပါက မောတောင်-မြိတ် ကားလမ်းသည်Container  ကုန်တင်ယာဉ်ကြီးများ အလွယ်တကူသွား နိုင်သည့်လမ်းအဖြစ်  အဆင့်မြှင့်တင်ပြီးဖြစ်သည့်အပြင်  ထိုင်းနိုင်ငံဘက်ရှိ ပရာကျွတ်ကရီခန်၌လည်း ရေနက်ဆိပ်ကမ်း  ဆောက်ပြီးဖြစ်သောကြောင့် မြိတ်ဒေသ၌ပါ ရေနက်ဆိပ်ကမ်း ဆောက်နိုင်ပြီး   Transit Tradeကို ကောင်းစွာပြုလုပ်နိုင်သည့် (မလက္ကာရေလက်ကြား စင်ကာပူကို ဝင်စရာမလိုဘဲ ကုန်သွယ်မှု ဆောင်ရွက်နိုင်သည့်) ကုန်သွယ်မှုစင်္ကြံကြီး ဖြစ်သွားမည့်အပြင် တနင်္သာရီတိုင်းဒေသကြီး  မြိတ်ခရိုင်ရှိ ရေနက်ဆိပ်ကမ်းနှင့်အတူ အထူးစီးပွားရေးဇုန်များ၊ စက်မှုဇုန်ကြီးများကို ကောင်းစွာတည်ဆောက်နိုင်ပြီး တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးမှုအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း တင်ပြ လိုက်ရပါသည်။

 

မြိတ်ကုန်သွယ်ရေးစခန်း