Main menu

Background

မူဆယ်နဲ့ တာချီလိတ်စခန်းများမှကြက်သွန်နီ၊ ကြက်သွန်ဖြူ တင်ပို့

Tue, 06/21/2016 - 15:26 -- journal_editor

          မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်  ကုန်သွယ်ရေးဇုန်မှ  ဇွန် ၄ ရက်မှ ၁၀ ရက်အတွင်း  ကန်ဒေါ်လာ ၄၅၆၇၆၀ တန်ဖိုးရှိ ကြက်သွန်နီ ၁၅၂၀ တန်နဲ့ မြန်မာ-ထိုင်း  နယ်စပ်ရှိ  တာချီ လိတ်ကုန်သွယ်ရေးစခန်းမှ  ကန်ဒေ ါ် လာ ၃၇၀၈၉၁ တန်ဖိုးရှိ  ကြက်သွန်ဖြူ ၂၅၈ တန် တင်ပို့ခဲ့ပါတယ်။ ယခင်တစ် ပတ်မှ မူဆယ်၊ မြဝတီနဲ့ တာချီလိတ် စခန်းများမှ ကြက်သွန်နီ ၁၄၄၀ တန် ကျော်နဲ့  တာချီလိတ်မှ ကြက်သွန်ဖြူ ၂၅၈ တန် တင်ပို့ခဲ့တယ်လို့  သိရပါ တ ယ်။ မူဆယ်မှ ကြက်သွန်နီ တင်ပို့မှု မှာ ရုံးချုပ်အပြင် နယ်စပ်စခန်းများမှလည်း တိုက်ရိုက် လျှောက်ထားကြ ကြောင်း၊ တစ်နေ့ကို ပျမ်းမျှကားစီးရေ ၁၂ စီးခန့် ဝင်ရောက်မှုရှိကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သိရပါတယ်။ နယ်ကြက်သွန်ေ ဈးများနဲ့  ရန်ကုန်ကြက်သွန်ဈေးနှုန်းများမှာ ယခင်ထက်  တစ်ပိဿာလျှင်  ၅၀ ကျပ်ခန့် အထိ  မြင့်တက်လာတယ်လို့ ဘုရင့် နောင် ကြက်သွန်ဈေးကွက်မှ  သတင်းရရှိပါတယ်။

 

(မော်မော်အောင်)