Main menu

Background

ငါးရှဉ့်ကို ဗီယက်နမ်နည်းပညာဖြင့် သုတေသနပြုလုပ်၍ မွေးမြူမည်

Mon, 03/21/2022 - 14:11 -- journal_editor

မြန်မာနိုင်ငံတွင် ငါးရှဥ့်ကို ဗီယက်နမ် နည်းပညာအတိုင်း သုတေသနပြုလုပ်၍ မွေး မြူရန် စီစဉ်လျက်ရှိကြောင်း    မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။အဆိုပါနည်းပညာကို    လက်ရှိတွင် စမ်းသပ်လုပ်ဆောင်ရန်  စီစဉ် နေပြီး အောင် မြင်ဖြစ်ထွန်းသွားသည့်အခါ လယ်သမားများ ကို မျှဝေပေးမည်ဖြစ်ကြောင်း  ယင်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က မတ် ၉ ရက်တွင် ပြောသည်။“ကျွန်မတို့က ဗီယက်နမ်မှာလည်း ငါး ရှဥ့် ဖောက်တာ သွားကြည့်ခဲ့တယ်။ ဒီက ငါး လုပ်ငန်းအဖွဲ့ချုပ်မှာလည်း   ဖောက်ခဲ့ဖူး တယ်။ ဖောက်တုန်းကလည်း   အောင်မြင် တယ်ပေါ့နော်။ သားပေါက်တဲ့အထိကို ထွက် တယ်ပေါ့။   ဒီပရော့ဂျက်ကို  မလုပ်ချင်ဘူး လားလို့ လယ်သမား တွေကို မေးလိုက်တဲ့အခါ ကျတော့ သူတို့ကလည်း  လုပ်ချင်တယ်တဲ့။ ဒါကြောင့် ကျွန်မတို့က  ဒီသုတေသန အောင် မြင်သွားအောင် လုပ်မယ်၊ ပြီးရင် လယ်သမား တွေကို နည်းပညာတွေ  မျှဝေပေးဖို့ပေါ့၊ အဲ အစီအစဉ်ရှိ ပါတယ်”ဟု ၎င်းက ပြောသည်။ပြည်တွင်းစားသုံးမှု အနည်းငယ်သာ ရှိသည့် ငါးရှဥ့်မှာ   တရုတ်နိုင်ငံသို့   အဓိက တင်ပို့နေသည့် ရေထွက်ကုန် တစ်မျိုးဖြစ်ကာ တစ်ကီလိုလျှင် မြန်မာငွေကျပ် ၁၀ဝ၀ဝကျော် ဈေးနှုန်းရှိကြောင်း သိရသည်။ဗီယက်နမ်နည်းပညာအတိုင်း   ငါးရှဥ့် မွေးမြူခြင်း     သုတေသနစမ်းသပ်မှုများကို မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၌    ၂၀၁၈ ခုနှစ်က   ပြုလုပ်ခဲ့သော်လည်း   ကိုဗစ်အခြေ အနေကြောင့်   ယာယီရပ်နားခဲ့ရာမှ   ယခု ၂၀၂၂ ခုနှစ်    မတ်လအတွင်း ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးကြား ရှိ နေရာများတွင်    ပြန်လည်စမ်းသပ် လုပ် ဆောင်မည်ဖြစ်ကြောင်း သိရသည်။လက်ရှိတွင်    မြန်မာနိုင်ငံနှင့်တရုတ် နိုင်ငံကြား ရေထွက်ကုန်တင်ပို့ရေး  နှစ်နိုင်ငံ အပြန်အလှန် သဘောတူစာချုပ်များ လက် မှတ်ရေးထိုးရန် လုပ်ဆောင်နေပြီး အောင်မြင် သွားသည့်အခါ နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းများ ပြန်လည်ဖွင့်လှစ်ချိန်၌  ငါးရှဥ့် မွေးမြူသူများအတွက်ကောင်းမွန်သည့် သက် ရောက်မှုရှိလာမည်ဖြစ်ကြောင်း  ဒေါက်တာ တိုးနန္ဒာတင်က ဆက်လက်ပြောဆိုသည်။
“အခုလည်း   မွေးမြူရေး ငါးတွေရော၊ ပုစွန်တွေရော၊ ငါးရှဥ့်တွေရော၊ ကဏန်းတွေ ရော တရုတ်ကိုပို့ဖို့ အပြန်အလှန် လုပ်နေပြီ ပေါ့နော်၊ အစိုးရကနေ  လုပ်နေပြီဆိုတော့ သြ့ ထိုးပြီးရင်တော့ ဒါတွေက  အကုန်လုံး အကျုံးဝင်သွားမှာပေါ့။  နယ်စပ်တွေလည်း ပြန်ပွင့်လာမယ်ဆိုလို့ရှိရင် ဒါတွေအကုန်လုံး သူတို့အတွက် ကောင်းမွန်တဲ့ သက်ရောက်မှု တွေ ဖြစ်လာမှာပါ။  သူတို့လည်း   အဲဒီအချိန် မှာ ပညာတတ်၊ ငါးရှဥ့်ကလည်း ထွက်ဆိုရင် တော့ အားလုံး အဆင်ပြေသွားမှာပါ”ဟု ၎င်း က ပြောသည်။ထိုကဲ့သို့ ဗီယက်နမ် နည်းစနစ်ဖြင့် ငါး ရှဥ့်မွေးမြူသည့်အခါ     ငါးရှဥ့်ကုန်ကြမ်းကို လယ်ထဲမှရယူနိုင်ပြီး အစာအဖြစ် ခရုကိုသာ ကျွေးရမည် ဖြစ်သည့်အတွက်  ကုန်ကျစရိတ် သက်သာသောကြောင့်      မွေးမြူသူများ အတွက် အဆင်ပြေမှုများရှိကြောင်းသိရသည်။ငါးရှဥ့်ကို     ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊   မကွေးတိုင်းဒေသ ကြီးနှင့် မွန်ပြည်နယ်   စသည့်    ဒေသများမှ တရုတ်နိုင်ငံသို့ အဓိကထား   တင်ပို့လျက်ရှိ ကြောင်း သိရသည်။