Main menu

Background

အီးယူ၏ ပျားရည်တင်ပို့ခွင့်ရှိသည့် နိုင်ငံများစာရင်းတွင် မြန်မာပါဝင်နေ

Thu, 07/14/2022 - 15:06 -- journal_editor

အစားအသောက်ဘေးကင်းလုံခြုံမှုအတွက် လုံလောက်သည့် ထောက်ခံချက်များရရှိခဲ့ခြင်းကြောင့်   ဥရောပသမဂ္ဂ(EU)၏ ပျားရည်တင်ပို့ခွင့်ရှိသည့်   နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံကို ထည့်သွင်းထားကြောင်း မွေးမြူရေးနှင့်ကုသ ရေး ဦးစီးဌာနပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။ဒေသအသီးသီးက ထွက်ရှိလာသည့် ပျားရည်များကို အမျိုးသားဓာတုဓာတ်ကင်းစောင့်ကြည့်မှုအစီအစဉ်ဖြင့် ပျား ရည်အတွင်း ပိုးသတ်ဆေးနှင့်အခြားဓာတုဆေးဝါးများပါဝင်မှု ရှိ၊ မရှိကို ၂၀၁၇ ခုနှစ်မှစတင်ကာ လက်ရှိအချိန်အထိ နှစ်စဉ် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်အတွက် အစားအသောက် ဘေး ကင်းလုံခြုံမှုနှင့်ပက်သတ်၍   ထောက်ခံချက်များ ရရှိခဲ့ခြင်း ဖြစ်သည်။ပြည်ပဈေးကွက်   ထပ်မံရရှိလာသည့်အတွက်   ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပုဂ္ဂလိက ပျားမွေးမြူသူဦးရေ ၈၂၀ အထိရှိလာပြီး ပုဂ္ဂလိက ပျားအုံ ၂၀၁၁၄၃ အုံအထိ  တိုး တက်မွေးမြူလျက်ရှိကြောင်း သိရသည်။ထို့ပြင် ပျားမွေးမြူရေးလုပ်ငန်းအတွက် နှစ်စဉ် စိုက်ပျိုး ဧက သိန်း ၂၀ခန့်မှ   ဝတ်မှုန်ကူးဝန်ဆောင်မှုပေးလျက်ရှိပြီး ယခုနှစ်တွင်လည်း နေကြာစိုက်ဧက ၁၁ ရာခိုင်နှုန်းတွင် ဝတ် မှုန်ကူးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။မြန်မာနိုင်ငံ၌ တစ်နှစ်လျှင် ပျားရည်တန်ချိန်၇၀ဝ၀ ခန့် ထွက်ရှိပြီး ပျားတစ်အုံလျှင် ပေါင် ၇၀ခန့် ထွက်ရှိကာ  ပြည်ပ တင်ပို့မှု နှစ်စဉ်ပျမ်းမျှ တန်  ၂၆၀ဝ ခန့်ကို တစ်တန်ဈေးနှုန်း ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၆၀ဝ ခန့်ဖြင့်   တင်ပို့ရောင်းချ နေခြင်းဖြစ်ကြောင်း သိရသည်။ပြီးခဲ့သည့် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်  (၂၀၂၁ ခုနှစ်၊ အောက်တိုဘာမှ ၂၀၂၂ ခုနှစ်၊  မတ်လအထိ) ခြောက်လတာ ကာလအတွင်း ပြည်ပသို့ မြန်မာ့ပျားရည်  မက်ထရစ် တန်ချိန် ၁၀၇၀ ဒသမ ၂၅ တန်တင်ပို့ခဲ့ပြီး   အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆၀၄ သန်း ရရှိ ထား ကြောင်းသိရသည်။ လက်ရှိတွင် မြန်မာ့ပျားရည်ကို ဂျပန်၊တရုတ်၊ ထိုင်း၊ ဆော်ဒီအာရေဗျနှင့် တောင်ကိုရီးယားနိုင်ငံများသို့ တင်ပို့နေပြီး ကိုဗစ်(၁၉)ကပ် ရောဂါဖြစ်ပွားပြီးနောက်ပိုင်း  ပြည်တွင်းစားသုံးမှုလည်း  ပိုမို မြင့်တက်လာ နေ ကြောင်း သိရသည်။