Main menu

Background

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလအတွင်း အနီးစပ်ဆုံးကာလနှင့် ကာလတူထက် ပို့ကုန်ပိုမိုတင်ပို့

Thu, 01/19/2023 - 11:43 -- journal_editor

တာချီလိတ် ကုန်သွယ်ရေးစခန်း (မယ်ယန်း)သည်  အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်  ဒီဇင်ဘာလတွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၃၆သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅ဒသမ ၅၁၇ သန်း၊ ကုန်သွယ်မှုပမာဏ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၁၅၃ သန်း ဆောင်ရွက်နိုင်ခဲ့သည်။ 
၂၀၂၂ ခုနှစ်  ဒီဇင်ဘာလအတွင်း  တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၁၀၆ သန်း၊ သစ်တောထွက်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၇၈ သန်း၊ ရေထွက်ပစ္စည်းအုပ်စုတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၈၀ သန်း၊ အခြားပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၇၂ သန်း တင်ပို့ခဲ့သဖြင့် စုစုပေါင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၃၆ သန်း ဆောင်ရွက်ခဲ့သည်။ ပို့ကုန်ပစ္စည်းများမှာ လက်ဖက်ခြောက်၊ လိမ္မော်သီး၊ ကျွန်းသစ်ခွဲသား၊ ပုစွန်ဖွဲနှင့် အခြားပစ္စည်းတို့ဖြစ်သည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း သွင်းကုန်ပစ္စည်းများ တင်သွင်းမှုအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းအုပ်စုတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၁၈ သန်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းအုပ်စုတွင် တန်ဖိုး အမေ ရိကန်ဒေါ်လာ ၂ ဒသမ ဝ၂၇ သန်း၊ လူသုံးကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၁၇၂ သန်း တင်သွင်းခဲ့သဖြင့် စုစုပေါင်း သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၁၇ သန်း တင်သွင်းခဲ့ သည်။ သွင်းကုန်ပစ္စည်း တင်သွင်းမှုတွင် ဘိလပ်မြေ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ စက်နှင့် စက်ပစ္စည်းများ၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ တွင်းထွက်ဆောက်လုပ်ရေးပစ္စည်းများ၊ သံနှင့် သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ လုပ်ငန်းသုံးသီးနှံဆီများ၊ ဓာတုဗေဒပစ္စည်းများ၊ သုတ်ဆေး၊ ပေါလစ်များ၊ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ အခြားစက္ကူများ၊ သတ္တုကုန်ကြမ်းပစ္စည်းများ၊ ဆပ်ပြာ၊ ပရိဘောဂများ၊ အားကစားပစ္စည်းများနှင့် အခြားပစ္စည်းများ တင်သွင်းခဲ့သည်။
ကာလတူ လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် ကာလတူထက် တန်ဖိုး အမေရိကန် ၁ ဒသမ ၅၄၄ သန်း ပိုမိုခဲ့သော်လည်း သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၁၄၆ သန်း လျော့နည်းခဲ့သည်။ ပို့ကုန်ပိုင်းတွင် ပိုမိုရခြင်းမှာ လယ်ယာထွက်ပစ္စည်းအုပ်စုတွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၅၇သန်း လျော့နည်းခဲ့သော်လည်း သစ်တောထွက်ပစ္စည်းအုပ်စု၊ ရေထွက်ပစ္စည်းအုပ်စု၊ အခြား ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၆၁ သန်း ပိုမိုခဲ့ခြင်းကြောင့်ဖြစ်သည်။ သွင်းကုန်ပိုင်းတွင် လျော့နည်းရခြင်းမှာ ရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စုတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ဝ၈၆ သန်း ပိုမို ခဲ့သော်လည်း လုပ်ငန်းသုံးကုန်ပစ္စည်းအုပ်စုတွင် အမေရိကန်ဒေါ်လာ သုည ဒသမ ၈၀၈ သန်းနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတွင် သုည ဒသမ ၄၂၄ သန်း လျော့နည်းခဲ့ခြင်းဖြစ်သည်။
အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၇၀ သန်းပိုမိုခဲ့ပြီး သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၃၆၈ သန်းလျော့နည်းခဲ့သည်။ ပို့ကုန်ပိုင်းတွင် ပိုမိုရခြင်းမှာ လယ်ယာထွက်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၈၉ သန်း၊ သတ္တုတွင်းထွက်ပစ္စည်းအုပ်စုတွင် သုည ဒသမ ၁၂၃ သန်း၊ အခြားပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၁၁ သန်း လျော့နည်းတင်ပို့ခဲ့သော်လည်း သစ်တောထွက်ပစ္စည်း အုပ်စုတွင် ၂ ဒသမ ၂၇၈ သန်း၊ ရေထွက်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၂၁၄ သန်း တင်ပို့မှု ပိုမိုခဲ့ခြင်းကြောင့်ဖြစ်သည်။ သွင်းကုန်ပိုင်းတွင် လျော့နည်းရခြင်းမှာ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းအုပ်စု တွင် တန်ဖိုး အမေရိကန်ဒေါ်လာ  သုည ဒသမ ၈၅၅ သန်း၊  လူသုံးကုန်ပစ္စည်းအုပ်စုတွင်  သုည ဒသမ ၁၄၃ သန်း ပိုမိုခဲ့သော်လည်း လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၆၆ သန်း တင်သွင်းမှု လျော့နည်းခဲ့ခြင်းဖြစ်သည်။     
အိမ့် (DOT)