Main menu

Background

ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ ကာလတူထက်  ကုန်သွယ်မှုပမာဏ ပိုမိုဆောင်ရွက်နိုင်ခဲ့

Mon, 01/30/2023 - 15:54 -- journal_editor

ကန်ပိုက်တီ ကုန်သွယ်ရေးစခန်း မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလ   လကုန်အထိ (ယာယီ) ကုန်သွယ်မှုပမာဏအနေဖြင့်  ပို့ကုန် ၅၂ ဒသမ ၃၇၁ ဒေါ်လာသန်း၊ သွင်း ကုန် ၈ ဒသမ ၈၄၈ ဒေါ်လာသန်း၊ စုစု ပေါင်းကုန်သွယ်မှုပမာဏ  တန်ဖိုး ၆၁ ဒသမ ၂၁၉ ဒေါ်လာသန်း ရရှိခဲ့သည်။ ယခင်နှစ်ကာလတူတွင် ပို့ကုန် ၃၇ ဒသမ ၄၅၇ ဒေါ်လာသန်း၊ သွင်းကုန် ၂ ဒသမ ၂၄၀ ဒေါ်လာသန်း၊  စုစုပေါင်းကုန်သွယ် မှုပမာဏ ၃၉ ဒသမ ၆၉၇ ဒေါ်လာသန်း သာ  ဆောင်ရွက်နိုင်ခဲ့သဖြင့်   ယခု ဘဏ္ဍာနှစ်တွင်   ကာလတူထက် ၂၁ ဒသမ ၅၂၂ ဒေါ်လာသန်း ပိုမိုဆောင် ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။
ပို့ကုန်ပိုင်းတွင်  ဆန်၊ တိရစ္ဆာန် အစားအစာ၊ လယ်ယာကိုင်း ကျွန်းထွက် ပစ္စည်းများ၊ သတ္တုနှင့် သတ္တုရိုင်းများ ပိုမိုတင်ပို့နိုင်ခဲ့ပြီး   သွင်းကုန်ပိုင်းတွင် လယ်ထွန်စက်များ၊      လယ်ယာသုံး နောက်တွဲယာဉ်နှင့် အခြားယာဉ်များ၊ ကွန်ပျူတာနှင့်သက်ဆိုင်သော ပစ္စည်း ကိရိယာများ၊ ဆောက်လုပ်ရေးပစ္စည်း များ၊ မော်တော်ဆိုင်ကယ်များ၊ လျှပ်စစ် ဓာတ်ဖြန့်ဖြူးရေးနှင့်  တပ်ဆင်ရေး ပစ္စည်းများ   တင်သွင်းမှုပိုမိုခဲ့သော ကြောင့် ယခင်နှစ်ကာလတူထက် ကုန် သွယ်မှုပမာဏ   ပိုမိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကန်ပိုက်တီ ကုန်သွယ်ရေးစခန်း ၏ အဓိကပို့ကုန်ပစ္စည်း  ဖြစ်ခဲ့သော တစ်သျှူးငှက်ပျော တင်ပို့မှုကာလရာသီ ရောက်ရှိလာပြီဖြစ်သဖြင့်  တစ်သျှူး ငှက်ပျောများ နေ့စဉ်တင်ပို့ဆောင်ရွက် လျက်ရှိသောကြောင့်  ပို့ကုန်တင်ပို့မှု အပိုင်းတွင်  တစ်သျှူးငှက်ပျောတင်ပို့မှု ပိုမိုလာနိုင်ကြောင်းနှင့် ဆက်စပ်ဒေသ များမှ စိုက်ပျိုးထွက်ရှိလာသည့် ဖရဲသီး၊  ငရုတ်သီး၊ ရှောက်ကောသီးနှင့် ဖရုံသီးများလည်း တင်ပို့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သွင်းကုန်တင်သွင်းမှု အပိုင်း၌လည်း ဒေသတွင်းလိုအပ်ချက် ရှိသော ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊  လယ်ယာသုံးကိရိယာများ၊ စက်နှင့်စက်ပစ္စည်းများ  ပိုမိုတင်သွင်း လာနိုင်ကြောင်းနှင့် တရုတ်နိုင်ငံဘက်မှ ကိုဗစ်(၁၉)ရောဂါ  ကာကွယ်ထိန်းချုပ် ရေး  စည်းမျဉ်းကန့်သတ်ချက်များ ဖြေလျှော့လာမှုများအရ ကုန်သွယ်မှုပမာဏ ပိုမိုတိုးတက်လာမည်ဖြစ် ကြောင်း သိရှိရသည်။

ကျော်သူဝင်း(မာတာ)