Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်မှ ယခုတစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ 

Thu, 03/30/2023 - 15:38 -- journal_editor

မြဝတီကုန်သွယ်ရေးဇုန်မှ ၂၀၂၃ ခုနှစ် မတ် ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၂၆ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၅၀၂ သန်း ကုန်သွယ်မှုပမာဏ တန်ဖိုးအမေရိကန် ဒေါ်လာ ၃၀ ဒသမ ၃၂၈ သန်း ဆောင်ရွက်နိုင်ခဲ့သည်။ ယခင်တစ်ပတ် လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၉၄ သန်းနှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၄၉ သန်း ပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၄၃ သန်း ပိုမိုခဲ့ကြောင်း သိရသည်။ 

ပို့ကုန်ပိုင်းတွင် ပိုမိုရခြင်းမှာ ယခုတစ်ပတ်တွင် သတ္တုတွင်းထွက်ပစ္စည်းအုပ်စုနှင့် တိရစ္ဆာန်ထွက်ပစ္စည်းအုပ်စုတွင် တင်ပို့မှုလျော့နည်းခဲ့သော်လည်း လယ်ယာထွက်ပစ္စည်းအုပ်စု၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ၊ စက်မှု ကုန်ချောပစ္စည်းနှင့် အခြားပစ္စည်းများ တင်ပို့မှုပိုမိုခဲ့ခြင်းကြောင့်ဖြစ်သည်။ သွင်းကုန်အနေဖြင့် ယခုတစ်ပတ် လုပ်ငန်းသုံးကုန်ကြမ်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇၆ သန်း လျော့နည်းခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၉၇ သန်းနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၂၈ သန်း ပိုမိုခဲ့သောကြောင့် သွင်းကုန် တန်ဖိုးအမေရိကန်ဒေါ်လာ ၁ ဒသမ ၃၄၉ သန်း ပိုမိုခဲ့ခြင်းဖြစ်သည်။ 

မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ယခုတစ်ပတ် ကုန်သွယ်မှု၌ ပို့ကုန်အမယ်ဖြစ်သော ပြောင်း၊ မတ်ပဲ၊ မန်ကျည်းသီး (အစေ့မပါ)၊ ချင်းခြောက်၊ ကြက်သွန်နီ၊ ကွမ်းစားဂမုန်း၊ ချင်းစို၊ ပီလောပီနံခြောက်၊ ငရုတ်သီးအစို၊ ဇီယာစေ့၊ အခြားသစ်တောထွက်ပစ္စည်းများ၊ ငါးမျိုးစုံ၊ ကင်းမွန်၊ အခြားရေထွက်ပစ္စည်းများ၊ ချုပ်ပြီးအထည်၊ အခြားစက်မှုကုန်ချောပစ္စည်းများနှင့် အခြားပစ္စည်းများတို့ ပိုမိုတင်ပို့ခဲ့သောကြောင့်ဖြစ်သည်။ သွင်းကုန်တွင် ငါးဖမ်းပိုက်ကွန်များ၊ မော်တော် ယာဉ်နှင့် မော်တော်ယာဉ်အပိုပစ္စည်းများ၊ ကွန်ပျူတာ၊ ကွန်ပျူတာနှင့် သက်ဆိုင်သော ပစ္စည်းကိရိယာများ၊ လေအေးစက်များ၊ အင်ဂျင်များ၊ ဆောက် လုပ်ရေးပစ္စည်းများ၊ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ၊ သတ္တုကုန်ကြမ်းပစ္စည်များ၊ ဘက်ထရီခြောက်များ၊ ချည်ထည်များ၊ အပ်ချည်ကြိုးများ၊ သွားတိုက်ဆေး၊ ပရိဘောဂများ၊ အလှကုန်မျိုးစုံနှင့်  အခြားပစ္စည်းများ တင်သွင်းမှုပိုမိုခဲ့ခြင်းကြောင့်ဖြစ်သည်။                                            

အိမ့် (DOT)