Main menu

Background

နယ်စပ်ဂိတ် ကုန်ထုတ်လုပ်ငန်းတိုးတက်ရေးအတွက် ယူနန်ပြည်နယ်ခွဲ ဆောင်ရွက်မည်

Tue, 04/25/2023 - 14:50 -- journal_editor

နယ်စပ်တံခါး ဖွင့်လှစ်နိုင်ရေး အရှိန်မြှင့်လုပ် ဆောင်နိုင်ခြင်းနှင့်ပတ်သက်၍ တရုတ်-မြန်မာ နယ်စပ်၌ တည်ရှိသော တယ်ဟုန်တိုင်နှင့် ဂျိန်းဖော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲတို့၌ ဤအတွေ့ အကြုံကောင်းများ အမြောက်အမြားရှိနေသည်။ ရွှေလီ၊ နယ်စပ်ဂိတ် စသည့် စကားလုံးများသည် ယူနန်၏ ကုန်သွယ်ရေးတံခါးဖွင့်မှုနှင့် ပတ်သက်၍ မပါမဖြစ်သော သော့ချက်စကားလုံးနှစ်ခု ဖြစ်ပေ သည်။
ရွှေလီမြို့သည် အရပ်မျက်နှာသုံးဖက်တွင် မြန်မာနိုင်ငံနှင့်  ထိစပ်လျက်ရှိ၍ ရွှေလီ၊ ဝမ်တိန် ဟူသော ပထမတန်းစား နိုင်ငံတော် နယ်စပ်ဂိတ် နှစ်ခု၊ နိုင်ငံတော်အဆင့် နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်နှစ်ခုတို့    ပိုင်ဆိုင်ထားသည်။ ရွှေလီနယ်စပ်ဂိတ်၊ ဝမ်တိန်နယ်စပ်ဂိတ်တို့သည် တရုတ်ပြည်၏ စားနပ်ရိက္ခာတင်သွင်းရန် ပထမ ဆုံးအဆင့် သတ်မှတ်ခံခဲ့ရသည့် နယ်စပ်ဂိတ်များ ဖြစ်သည်။ ဝမ်တိန်နယ်စပ်ဂိတ်သည် ယူနန်ပြည် နယ်အတွက် အသင့်စား မဟုတ်သော ရေခဲရိုက် ကုန်ပစ္စည်းများ တင်သွင်းရန် သတ်မှတ်ထားသည့် တစ်ခုတည်းသော နယ်စပ်ဂိတ်ဖြစ်သည်။
ဇန်နဝါရီ ၂၇ ရက်တွင်    တိုင်းရင်းဆေး ကုန်ကြမ်းများ အပြည့်တင်ဆောင်လာသည့် ကုန် တင်ကားတစ်စီး  မြန်မာပြည်   မူဆယ်ဘက်မှ ရွှေလီနယ်စပ်ဂိတ်သို့ တအိအိ မောင်းနှင်လာ၍ ယာဉ်မောင်းကိုယ်တိုင် နယ်စပ်ဝင်ထွက်ခွင့်ဆောင် ရွက်ခြင်း၊ ဇန်နဝါရီ ၂၅ ရက်တွင် ပထမဆုံးအကြိမ် နယ်စပ်ဖြတ်ကျော် ခရီးသည်များ ရွှေလီနယ်စပ် ဂိတ်တွင် အောင်မြင်စွာ ဖြတ်သန်းခွင့် ရရှိခြင်းတို့ သည် အဆိုပါနယ်စပ်ဂိတ်၏ သုံးနှစ်နီးပါးမှ ကြာ ပြီးနောက် တရုတ်-မြန်မာနယ်စပ်ဖြတ်ကျော် ကုန် စည်ပို့ဆောင်ရေးမှာ ကပ်ရောဂါမတိုင်မီက ပုံမှန် အနေအထားအတိုင်း  တဖန်ပြန်၍  စီမံခန့်ခွဲလာ နိုင်ခဲ့ပြီဖြစ်ကြောင်းကို ပြသလျက်ရှိသည်။
အခွင့်အလမ်းကို အမိအရ  ဆုပ်ကိုင်၍ ဦးတည်ချက်ကို သေချာရွေးချယ်ပြီး နယ်စပ်ဂိတ် ကုန်ထုတ်လုပ်ငန်း စီးပွားရေးကိုဖွံ့ဖြိုးအောင် မည် သို့လုပ်ဆောင်သင့်သနည်း။ ရွှေလီမြို့တော်ဝန် ရှန်လပျန်းက  ၎င်းတို့အနေဖြင့် နိုင်ငံတကာ   နှင့် အညီဖြစ်မှု၊ ခေတ်မီသော တည်ဆောက်မှု၊ ဝိသေသလက္ခဏာဖော်ဆောင်နိုင်မှုတို့အပေါ် အာရုံစိုက် ကာ ရင်းနှီးမြှုပ်နှံမှုများ အမိအရဖိတ်ခေါ်ပြီး  ကုန် ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေးကို ဆောင်ရွက်ခြင်းဖြင့် နယ်စပ်ဂိတ် လုပ်ဆောင် ချက်များကို အဆင့်မြှင့် တင်ခြင်း၊ နယ်စပ်ဂိတ်စီးပွား ရေးဖွံ့ဖြိုးမှု၊ နယ်စပ် ဂိတ်မြို့များ တည်ဆောက်မှုတို့တွင် ဖောက်ထွက် မှုသဘောဆောင်သော တိုးတက်မှုများရရှိအောင် ဆောင်ရွက်သွားမည်ဟုပြောခဲ့သည်။  ကုန်သွယ်မှု နှင့် အဆင့်မြင့်ပြုပြင်ကုန်သွယ်မှုတို့ကို အခြေခံကာ လူအဝင်အထွက်၊ ကုန်စည်စီးဆင်းမှု၊ အရင်းအနှီး  စီးဆင်းမှုနှင့် သတင်းအချက်အလက် စီးဆင်းမှု စသည့် စီးပွားရေးဆိုင်ရာ အချက်အလက်များကို စုစည်း၊ ပေါင်းစပ်၊ ဖလှယ်သည့်  လုပ်ဆောင်ချက် ဖြင့် ထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ကုန်သွယ်မှု၊  အဆင့်မြှင့်ပြုပြင်မှု၊  သိုလှောင်မှု၊ စီးပွားရေးနည်းပညာ  ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားလာမှုနှင့် ကုန်ပစ္စည်းဝယ်ယူမှု၊ ငွေကြေး လုပ်ငန်း  စသည့် ဝန်ဆောင်မှုလုပ်ငန်းများဖွံ့ဖြိုး ရေးနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေး တို့တွင် အလွှာစုံပေါင်းစပ်မှုပုံစံဖြင့် တံခါးဖွင့်စီးပွား ရေး စနစ်ကို အားစိုက်တည်ဆောက် သွားမည်ဖြစ် သည်။
ထို့ပြင် ရွှေလီမြို့သည် ဈေးကွက်တွင်ပါဝင် သော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ ဆတက် ထမ်းပိုးလှုပ်ရှားမှုများ ရှိလာအောင် နက်ရှိုင်းစွာ အကောင်အထည်ဖော် ဆောင်သွားမည်ဖြစ်သည်။ မိုက်ခရို၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများနှင့်   တစ်ဦးချင်းလုပ်ငန်းရှင်များ၏ ဖွံ့ဖြိုးရေးကို အားပေးသွားမည်ဖြစ်သည်။ စီးပွား ရေးလုပ်ငန်းများ၊ အရည်အချင်းရှိသူများ ရွှေလီသို့  ပြန်လာ၍ လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် ရွှေလီသို့ လာရောက်လုပ်ကိုင်ဆောင်ရွက်ကြရန်  ဆွဲဆောင် သွားမည်ဖြစ်သည်။ ဈေးကွက်တွင် ပါဝင်သော လူ ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအမျိုးမျိုးတို့ကို ယခုထက် ပို၍ စဉ်ဆက်မပြတ် တိုးတက်လာအောင် လုပ် ဆောင်ခြင်းဖြင့် ၎င်းတို့၏ ရှင်သန်ဆောင်ရွက်နိုင် စွမ်းအားကို လှုံ့ဆော်ပေးသွားမည် ဖြစ်သည်။ 
"ကျွန်တော်တို့က ရွှေလီကို ဒေသရပ်ဝန်းနှင့် ပိုးလမ်းမရဲ့အဓိက အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း ဆိပ်ကမ်းအဖြစ်  လည်းကောင်း၊  တောင်အာရှ အရှေ့တောင်အာရှဘက်သို့ မျက်နှာမူသည့် သော့ ချက်နေရာအဖြစ်လည်းကောင်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံရဲ့ တံခါးပေါက်အချက်အချာနေရာ အဖြစ်လည်းကောင်း၊ တရုတ်-မြန်မာ ကုန်းလမ်း ရေလမ်းလမ်းကြောင်းသစ်ရဲ့ အဓိက လက်ခံဌာန အဖြစ်လည်းကောင်း ကြိုးပမ်းတည်ဆောက်သွား မှာဖြစ်ပါတယ်"ဟူ၍ မြို့တော်ဝန် ရှန်လပျန်းအနေ ဖြင့် ရွှေလီ၏ အနာဂတ်မျှော်မှန်းချက် အပြည့်ရှိ နေကြောင်း ထုတ်ဖော်ခဲ့သည်။

Source:  တယ်ဟုတ်ပြည်နယ်ခွဲပါတီကော်မတီ
    ပြန်ကြားရေးဌာန