Main menu

Background

ရေထွက်ပို့ကုန် နိုင်ငံ့ဂုဏ်

Tue, 10/10/2023 - 08:58 -- journal_editor

ကော့သောင်းမြို့သည် မြန်မာနိုင်ငံတောင်ဘက်စွန်း တနင်္သာရီတိုင်း ဒေသကြီးအတွင်း ခရိုင်ကြီး သုံးခရိုင်အနက် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း မြို့နယ်အဆင့်မှ   တိုးချဲ့ဖွဲ့စည်းခဲ့သည့်  နယ်စပ်ခရိုင်မြို့တစ်ခုဖြစ်သည်။ လူမျိုးပေါင်းစုံ သုံးသိန်းကျော်နေထိုင်သည့် ခရိုင်မြို့ကြီးဖြစ်သည်။ ကော့ သောင်းမြို့၏  အရှေ့ဘက်တွင် ထိုင်းနိုင်ငံ ရနောင်းမြို့၊ တောင်ဘက်တွင် ပါချန်မြစ်ဝနှင့် ထိုင်းနိုင်ငံတောင်ဘက် အောက်ပိုင်းခရိုင်များနှင့် ထိစပ်လျက် ရှိသည်။ စိုက်ပျိုးရေးအတွက် အလွန်အကျုံးဝင်သည့် ဂဝံဆန်မြေသားများနှင့် သတ္တုမြေသယံဇာတပေါများသည့် သက်ရင့်တောင်တန်းကြီးများရှိပြီး မြိတ် ခရိုင်နှင့် ထိစပ်နေသည်။ အနောက်ဘက်တွင် ကော့သောင်းခရိုင် နယ်မြေပိုင် ရေမိုင် ၁၀ဝ ကျော်ခန့် ရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်းနှင့် ကျွန်းပေါင်း များစွာတည်ရှိသည်။
ရေလုပ်ငန်းဆိုင်ရာ ကူးလူးဆက်သွယ်မှုအနေအထား
မြန်မာနိုင်ငံအောက်ပိုင်းပင်လယ်ပြင်နှင့် ထိစပ်နေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ငါးခုမှာ ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ မွန်၊ တနင်္သာရီတို့ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးမှာ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလှေလုပ်ငန်းဖြင့် အကြီးကျယ်ဆုံးနှင့် နိုင်ငံတော်အခွန် ဝင်ငွေအများ ဆုံးရရှိသော ဒေသကြီးများဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရိုင်ကြီးသုံးခရိုင်မှာ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ကော့သောင်းခရိုင်ဟူ၍ဖြစ်ပြီး မြိတ်ခရိုင် မှာ လက်ရှိရေလုပ်ငန်း အောင်မြင်ရေးနှင့် ရေထွက်ပစ္စည်း စက်ရုံအချို့လည်းရှိနေသည်။ ထားဝယ် ခရိုင်အနေဖြင့် ပင်လယ်ပြင်နှင့် ဆိပ်ကမ်းအနေအထားကြောင့် ကမ်းဝေး ငါးဖမ်းလှေများ ဝင်ရောက်ဆိုက်ကပ်ရောင်းဝယ်ဖောက်ကားနိုင်မှုနည်းပါး၍ ကမ်းနီးလုပ်ငန်းများသာ တွင်ကျယ်လျက်ရှိသည်။

ရေထွက်ပို့ကုန်ပစ္စည်းများ တိုးတက်တင်ပို့နိုင်ရေးအတွက် လစဉ်  ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးများပြုလုပ်၍ ဖြေရှင်းညှိနှိုင်းပေးခြင်း၊ ပို့ကုန်လိုင်စင်အား  ွှမေိန နြအ ၂.ဝ စနစ်ဖြင့် လျှောက်ထားရာတွင် အခက်အခဲ များဖြစ်ပေါ်ပါက ရုံးချုပ်နှင့် ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ အကောက်ခွန် ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တို့နှင့် အချိန်မီ လုပ်ငန်းဆောင်ရွက်ရန် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ ရေထွက်ပစ္စည်း များတင်ပို့မှုနှင့်ပတ်သက်၍ ငါးလုပ်ငန်းဦးစီးဌာန၊ ရေကြောင်းညွှန်ကြားမှု ဦးစီးဌာနနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့ဖြင့် ငါးသယ်/ ငါးဖမ်းရေယာဉ် များ အချိန်မီ ထွက် ခွာ/တင်ပို့နိုင်ရေး ညှိနှိုင်းချိတ်ဆက်ပေးခြင်း၊ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရာတွင်  အဆင်ပြေချောမွေ့စေရေး ဗီ ဘဏ်များ၊ မြန်မာ့စီးပွားရေးဘဏ်၊ (ကော့ သောင်း၊ မောင်တော) များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်။
အကြံပြုသုံးသပ်တင်ပြချက်
မိမိနိုင်ငံ  ရေထွက်ကုန်ပစ္စည်းများကို မိမိနိုင်ငံဈေးကွက်ဖြစ်အောင် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက မိမိဒေသ အတွင်း စက်ရုံ၊ အလုပ်ရုံ ပေါများလာခြင်း၊ အလုပ်လက်မဲ့များ နည်းပါးလာ ခြင်း၊ အလုပ်အကိုင်ပေါများလာခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် လာခြင်း၊ လုပ်ငန်းရှင်များ၊ ကုမ္ပဏီအစုရှယ်ယာရှင်များလည်း စီးပွားတိုး တက်လာခြင်းတို့နှင့်အတူ ကော့သောင်းဒေသသည်လည်း ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့်အတူ ဖွံ့ဖြိုးတိုးတက်၍ အခြားနယ်စပ်မြို့များနည်းတူ ဂုဏ် သိက္ခာရှိစွာ ရပ်တည်နေနိုင်မည်ဖြစ်ပြီး  ဒေသနေပြည်သူများ၊ ကုန်သည် လုပ်ငန်းရှင်များ၊ ဒေသအာဏာပိုင် တိုင်း၊ ခရိုင်၊  မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ အစည်းများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများက အမျိုးသားရေးစိတ်ဓာတ် မွေးမြူ ဝိုင်းဝန်းပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်၍ ရေထွက် ပို့ကုန်ဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ဖို့ သုံးသပ်အကြံပြုတိုက်တွန်း ရေးသားလိုက်ရ ပါသည်။

ကော့သောင်းကုန်သွယ်ရေးစခန်း