Main menu

Background

တရုတ်အစုရှယ်ယာများနှင့် ယွမ်ငွေကြေးတို့ ကြုံတွေ့နေရသည့် စိန်ခေါ်မှုကြီး သုံးရပ်

Tue, 06/20/2023 - 16:27 -- journal_editor

စီးပွားရေး ပြန်လည်နှေးကွေးလာခြင်း၊ ငွေ ကြေးတန်ဖိုး   ကျုံ့လာမည်ကို ကြောက်ရွံ့ခြင်းနှင့် စွန့်စားတတ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက တရုတ်နိုင်ငံ၏ ငွေကြေးဈေးကွက်အပေါ်  ဖိအား များပေးကာ အစုရှယ်ယာဈေးနှုန်းများနှင့် ယွမ်ငွေ တန်ဖိုးကို ကျဆင်းစေလျက်ရှိသည်။  ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် တရုတ်အစိုးရက  ၎င်း၏ ကိုဗစ် (၁၉)ကန့်သတ်ချက်များကို   လုံးဝရုပ်သိမ်းပြီး နောက် စီးပွားရေး ပြန်လည်ကောင်းမွန်လာခဲ့သော် လည်း ပြန်လည် နာလန်ထူမှု နှေးကွေးကျဆင်းလာ သည်ဟု Nikki Asia တွင် ဖော်ပြထားသည်။   စီးပွားရေးကို ပြန်လည်မြှင့်တင်ရေး ကြိုးစားရန် ငွေကြေး လှုံ့ဆော်မှုကို အသုံးပြုခြင်းက ယွမ်ငွေကို ပိုမိုနိမ့် ကျစေမည့်အန္တရာယ်ရှိလာသည်။
ဧပြီလအတွက် အဓိကကျသော စီးပွားရေး ညွှန်းကိန်းများတွင်   ဈေးကွက်မျှော်မှန်းချက်များ အား သိသိသာသာ ကျဆင်းသွားစေပြီးနောက် ဧပြီ လမှ ဇွန်လ သုံးလပတ်အတွင်း တရုတ်နိုင်ငံအတွက် ၎င်း၏တိုးတက်မှု ခန့်မှန်းချက်သို့ လက်ရှိ ၄ဒသမ ၉ရာခိုင်နှုန်းမှ  အဆင့်နှိမ့်ချဖွယ်ရှိသည်။  ဆက်စပ် စက်မှုလုပ်ငန်းများနှင့် ပေါင်းစပ်ထားသည့် အိမ်ခြံ မြေကဏ္ဍသည်  ပြည်တွင်းအသားတင် ထုတ်လုပ် မှု၏ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ  ရှိနေပြီး ဝယ်လိုအား ဆက်လက်နှေးကွေးနေသည်။ 
တရုတ်နိုင်ငံ၏ ဧရိယာအလိုက်  အိမ်သစ်ရောင်းချမှုသည် ဧပြီလတွင် ၁၁၈ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး  မတ်လရှိ ၃ဒသမ ၅ ရာခိုင်နှုန်းထက် သိသိသာသာ ကျဆင်းခဲ့ခြင်းဖြစ်သည်။ဤကျဆင်းမှုမှာ မြေယာအသုံးချပိုင်ခွင့်များကို   လုပ်ငန်းရှင် များထံ ရောင်းချခြင်းမှ ဝင်ငွေအများအပြားကို ရရှိ သော ပြည်နယ်အစိုးရများကို ထိုးနှက်သကဲ့သို့ဖြစ် သည်။
ထို့ပြင် တရုတ်နိုင်ငံသည်  ကာလရှည်ကြာ မတည်မငြိမ်ဖြစ်ခြင်း သို့မဟုတ် ဈေးနှုန်းတိုးတက် မှုနှေးကွေးခြင်းတို့ကိုလည်း ရင်ဆိုင်နေရသည်။ ၎င်း၏စားသုံးသူဈေးနှုန်းညွှန်းကိန်းမှာ ဧပြီလတွင် သုည  ဒသမ ၁ ရာခိုင်နှုန်း   တိုးလာပြီး အနုတ် လက္ခဏာဆောင်သော တိုးတက်မှုကို ရောက်ရှိလာသည်။ ကျိလင်၊ ရှန်းစီး၊  ကွေ့ကျိုး၊  လျောင်းနင်၊ အန်းဝေဟောနန်နှင့် ရှန်ဟိုင်းမြို့တို့ရှိ စားသုံးကုန် ဈေးနှုန်းအညွှန်းကိန်းများမှာလည်း   ဧပြီလတွင် အနုတ်လက္ခဏာဆောင်သော တိုးတက်မှုကို ပြသ ခဲ့သည်ဟု    တရုတ်သုတေသနကုမ္ပဏီ Wind မှ အချက်အလက်များအရ သိရသည်။ သို့ရာတွင် တရုတ် စီးပွားရေး၌ ငွေကြေးကျုံ့သည်ဟူသည်မှာ မရှိကြောင်းအမျိုးသားစာရင်းအင်းဗျူရိုမှ ပြောရေး ဆိုခွင့်ရှိသူ Fu Linghui က မေ၁၆ရက်တွင် သတင်း ထောက်များအား ခုခံပြောကြားခဲ့သည်။
အသက် ၁၆  နှစ်မှ ၂၄ နှစ်ကြား   အလုပ် လက်မဲ့နှုန်းမှာ ၂၀ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင်ရှိပြီး ပြန်လည်ထူထောင်ရေး နှေးကွေးသောကာလအတွင်း ဘွဲ့ရကျောင်းသားများ အလုပ်အကိုင် ရှာဖွေရန်ရုန်းကန်နေရသည်။အနာဂတ်အပေါ်မသေ ချာ မရေရာမှုများက အိမ်ထောင်စု အသုံးစရိတ် များကို  ကျဆင်းစေကြောင်း  သိရသည်။
မေ ၁၇ ရက်တွင်  တရုတ်နှင့် အမေရိကန် ဒေါ်လာ ငွေကြေးလဲလှယ်နှုန်းမှာ   တစ်ဒေါ်လာ လျှင် ၇ ယွမ်ကျော်လွန်သွားခဲ့သည်။  ထိုကဲ့သို့ မသေချာမရေရာမှုများကြောင့် အမေရိကန်နှင့် အခြားသော  နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက တရုတ်အစုရှယ်ယာများကို ရှောင်ရှားရန် ဦးတည် စေခဲ့သည်။  ထိုင်ဝမ်နှင့် နည်းပညာကုမ္ပဏီဆိုင်ရာ စည်းမျဉ်းများအပေါ် အမေရိကန်-တရုတ်တင်းမာ မှုများက စီးပွားရေး ပိတ်ဆို့အရေးယူမှု အန္တရာယ် ကိုလည်း လမ်းကြောင်းသစ်ဆီသို့  တွန်းပို့လာ သည်။
တရုတ်ပြည်မကြီးမှ  ရင်းနှီးမြှုပ်နှံသူများ အများဆုံးရောင်းဝယ်သည့် အစုရှယ်ယာများကို ခြေရာခံသော Shanghai Composite Index  မှာ ယမန်နှစ်ကုန်ကထက် ၄ ရာခိုင်နှုန်း တက်လာခဲ့ သည်။ တစ်ချိန်တည်းမှာပင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင် သည့် ဟောင်ကောင်ရှိ  Hang Seng Index  မှာ ၅ရာ ခိုင်နှုန်း ကျဆင်းသွားသည်။US စာရင်းဝင် တရုတ် အစုရှယ်ယာများကို ခြေရာခံသည့် Nasdaq Golden Dragon China Index မှာ ၁၀ % ကျဆင်း သွားခဲ့သည်။
ထို့ပြင်    Alibaba  Group Holding ESifh Tencent Holdings ကဲ့သို့သော အစုရှယ်ယာများကို ဘေဂျင်း၏နည်းပညာဖြိုခွင်းမှု ပစ်မှတ်ထားခဲ့ခြင်းနှင့် မကြာသေးမီက အမေရိကန် ချိစ်ပ်ကုမ္ပဏီ Micron Technology တွင်   တရုတ်၏ကန့်သတ်ချက်များ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် တင်းမာမှုများ တိုးလာမည်ကို စိုးရိမ်သဖြင့် တရုတ်အစုရှယ်ယာများ၌ အမေရိကန်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုကျဆင်းလာနိုင်သည်။
ဒေါက်တာရွှေစင်ကို
ကုန်သွယ်ရေးဦးစီးဌာန