Main menu

Background

အင်ဒိုနီးရှားနိုင်ငံ၌ စားအုန်းဆီဈေးနှုန်း စံချိန်တင်မြင့်တက်

Thu, 01/19/2023 - 14:13 -- journal_editor

၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၌ ဟင်းချက်ဆီ ဈေးနှုန်း စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရှိရသည်။ ဟင်းချက်ဆီ ရောင်းလိုအား လျော့နည်းကျဆင်းမှုနှင့် ရင်ဆိုင်ခဲ့ရပြီး သာမန်ထုပ်ပိုးမှုဖြင့် ရောင်းချသည့်  စားအုန်းဆီ  တစ်လီတာလျှင် အမေရိကန်ဒေါ်လာ  ၁ ဒသမ ၁၅ 
(1 Kg/ 1.035 USD)ထိ ပြည်တွင်းဈေးနှုန်း မြင့်တက်မှု   ဖြစ်ပေါ်ခဲ့ကြောင်း သိရ သည်။ 
ကမ္ဘာ့ဈေးကွက်တွင် စားအုန်းဆီကြမ်း  (CPO)  ဈေးနှုန်းမှာ ရှရှား-ယူကရိန်း ပဋိပက္ခကြောင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍ သိသိသာသာ ဈေးနှုန်းမြင့်တက်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးMr. Lutfi က အမြင့်ဆုံး လက်လီဈေးနှုန်း (Highest Retail Price-HET) မဖွင့်မီ စားအုန်းဆီ အမျိုးအစားအပေါ် မူတည်ပြီး ဈေးနှုန်း တစ်မျိုးတည်းသတ်မှတ်သည့် ညွှန်ကြားချက်ကို မူဝါဒတစ်ခုအနေဖြင့် ချမှတ်ခဲ့သည်။ ဟင်းချက်ဆီအတွက် ကုန်ကြမ်းပစ္စည်းများနှင့်စားအုန်းဆီကြမ်း (CPO) တင်ပို့သူများက အဆိုပါညွှန်ကြားချက်ကို မဖြစ်မနေ လိုက်နာဆောင်ရွက်ရသည်။ ဈေးနှုန်းသတ်မှတ်သည့် အဆိုပါ ညွှန်ကြားချက်သည် ပြည်တွင်းစားအုန်းဆီလိုအပ်ချက် (DMO)ကို ဖြည့်ဆည်းနိုင်ရေးအတွက်လည်း အထောက်အကူ ဖြစ်စေကြောင်း ဖော်ပြထားသည်။ 
၂၀၂၂ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ ဆန်၊ ဟင်းချက်ဆီနှင့် ငရုတ်သီး စသည့် အစားအစာ အမျိုးအစားမျိုးစုံ၏ ကုန်ဈေးနှုန်းများ ကြီးမြင့်ခဲ့ပြီး ဈေးနှုန်း ဂယက်ရိုက်မှုပင်  ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။  ဟင်းချက်ဆီသည် လူတို့၏ အာရုံစူးစိုက်မှု  အများဆုံး အစားအစာ ထုတ်ကုန်ပစ္စည်းတစ်ခုဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်  ဇန်နဝါရီလမှ   ဧပြီလ အတွင်း ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်ရခြင်း၏ အဓိကအကြောင်းအရင်း တစ်ရပ်လည်း ဖြစ်ခဲ့သည်။ 
အင်ဒိုနီးရှားနိုင်ငံ စားအုန်းဆီ ရန်ပုံငွေအဖွဲ့ (BPDPKS) က  ၂၀၂၂ ခုနှစ်အတွင်း  အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံတကာဈေးကွက်သို့   စားအုန်းဆီ တန်ချိန် ၃၄ ဒသမ ၆၇ သန်း တင်ပို့ရန် ခန့်မှန်းတွက်ချက်ခဲ့ကြောင်း သိရှိရ သည်။  ယင်းခန့်မှန်းချက်သည် ၂၀၂၁ ခုနှစ်ထက် တန်ချိန်နှစ်သန်းခန့် လျှော့ချ ခန့်မှန်းထားခြင်းဖြစ်ပြီး  တန်ချိန် ၃၄ ဒသမ ၆၇ သန်းခန့်   မျှော်မှန်းချက် အပြည့် တင်ပို့ နိုင်ခဲ့ကြောင်း သိရသည်။ 
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပြည်တွင်းဈေးနှုန်း တည်ငြိမ်စေရေးအတွက် စားအုန်းဆီကြမ်း (CPO)နှင့် ဆက်စပ်ပစ္စည်းများ တင်ပို့မှုကို ၂၀၂၂ ခုနှစ် ဧပြီလကုန်ပိုင်း၌ တားမြစ်ခဲ့သည်။ တင်ပို့မှုကန့်သတ်ချက်များအား တဖြည်းဖြည်း ဖြေလျှော့ပေးပါက ၂၀၂၃ ခုနှစ် အတွင်း စားအုန်းဆီတန်ချိန် ၃၆ သန်းမှ ၃၈ သန်းကြား  တင်ပို့နိုင်ရန်  ခန့်မှန်းထားကြောင်း သိရှိရသည်။            

သီ
Source:https://www.tridge.com