Main menu

Background

ပြည်ပနိုင်ငံ လေးနိုင်ငံက မြန်မာ့ကော်ဖီ တင်သွင်းမှု သွင်းကုန်ခွန် ကင်းလွတ်ခွင့်ပေး

Tue, 06/20/2023 - 15:44 -- journal_editor

ပြည်ပနိုင်ငံ လေးနိုင်ငံက မြန်မာ့ကော်ဖီ တင်သွင်းမှုအတွက် သွင်းကုန်ခွန်  ကောက်ခံခြင်းအပေါ် သုညရာခိုင်နှုန်း သတ်မှတ်ထားပြီး  အခွန်ကင်းလွတ်ခွင့် ပြုထားကြောင်း   မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ (MTPO) က သိရသည်။
ဂျပန်၊ တရုတ်၊ ဆော်ဒီအာရေဗျ၊ ယူအေအီး နိုင်ငံတို့က မြန်မာ့ကော်ဖီတင်သွင်းမှုအတွက် သွင်း ကုန်ခွန် ကင်းလွတ်ခွင့်ပေးထားခြင်းဖြစ်ပြီး အဆိုပါ နိုင်ငံများသည် မြန်မာနိုင်ငံနှင့် အနီးစပ်ဆုံး  ဈေး ကွက်များဖြစ်သည့်အတွက်   ဥရောပအထိ  သွား ရောက်ရန်မလိုတော့ဘဲ   အာရှတိုက်အတွင်း၌ပင် လုပ်ငန်းတိုးချဲ့နိုင်ပြီဖြစ်သောကြောင့်   တွန်းအား ပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာ့ကော်ဖီကို အမေရိက၊ ဥရောပနှင့် အာရှဒေသရှိ နိုင်ငံပေါင်း ၁၄ နိုင်ငံသို့ တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး   ဈေးကွက်သစ်များ ထပ်မံရှာဖွေကာ   တိုးမြှင့်တင်ပို့ကြရန် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက တိုက်တွန်းထားသည်။
မြန်မာ့ကော်ဖီကို    ဈေးကွက်ဝင်   ကော်ဖီ အဆင့်မှနေ၍ အထူးတန်းဝင် ကော်ဖီအဆင့်အထိ အဆင့်မြှင့်တင် ထုတ်လုပ်ထားနိုင်ပြီး   လက်ရှိတွင် ပင်လယ်ရေကြောင်းမှတစ်ဆင့်     အမေရိကန်၊ ကနေဒါ၊ အီးယူ၊ ဂျပန်၊ ကိုရီးယား စသည့် နိုင်ငံများ သို့ တင်ပို့လျက်ရှိကာ နယ်စပ်လမ်းကြောင်းမှနေ ၍လည်း တရုတ်နှင့်ထိုင်းနိုင်ငံသို့  တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။
ဈေးကွက်အတွင်း လက်ရှိတွင် အထူးတန်း ဝင်အမျိုးအစား ကော်ဖီစေ့ တစ်တန်လျှင် အမေရိ ကန်ဒေါ်လာ  ၇၅၀ဝခန့် ပေါက်ဈေးရှိနေပြီး  ပုံမှန် ဈေးကွက်ဝင်    ကော်ဖီအမျိုးအစားမှာတော့ တစ် တန်လျှင် အမေရိကန်ဒေါ်လာ ၃၀ဝ၀ မှ ၄၅၀ဝ ကြား ဈေးရရှိနေကြောင်း သိရသည်။
ပြည်တွင်း၌   တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ကော်ဖီစိုက်ဧက ၅၀ဝ၀ဝ ခန့်ရှိကာ တစ် နှစ်လျှင် ကော်ဖီတန်ချိန်ပေါင်း ၈၀ဝ၀ ကျော် ထုတ် လုပ်လျက်ရှိကြောင်း သိရသည်။
ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု၏   ၉၀ ရာခိုင် နှုန်းခန့်မှာ အာရေဗီးကား ကော်ဖီအမျိုးအစားဖြစ် ပြီး ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးထုတ်လုပ်နေခြင်းဖြစ်ကာ ၁၀ ရာခိုင်နှုန်းခန့်ကိုတော့ ရိုဘက်စတာကော်ဖီ အမျိုး အစား စိုက်ပျိုးပြီး  ကရင်ပြည်နယ်တွင် အများဆုံး စိုက်ပျိုးနေခြင်းဖြစ်ကြောင်း သိရသည်။

ပန်းဆု