Main menu

Background

ပစ္စည်းမှန် ဈေးနှုန်းမှန်၍ အရောင်းအဝယ်မှန်သော ဈေးကွက်ဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ရမည့် မြန်မာ့ပဲလောက

Mon, 03/22/2010 - 06:48 -- Anonymous (not verified)

ကျွန်တော့်နာမည် မောင်ရင်မောင် ပါ။ ပဲကုန်သည်တစ်ဦးပါ။ ကျွန်တော်က ပဲလောကသားဆိုပေမယ့် သိပ်ဝါရင့် ကြီးမဟုတ်တော့ ပဲလောကက နောင် တော့ နောင်တော်ကြီးများ လုပ်ပုံကိုင်ပုံ ကို ဆရာတင်ရတာပေ့ါဗျာ။ တချို့ပဲ ကုန်သည်ဝါရင့်ဆရာကြီးတွေ လုပ်တဲ့ ဈေးဆွဲတင် ဆွဲချ၊ လေရောင်းလေဝယ် နဲ့ အကျိုးအမြတ်ရှာအလုပ်ကိုတော့ ကျွန်တော်မကြိုက်ပါဘူး။ ကံကိုမှီကစား ရတဲ့အလုပ်ကြီးမို့ ကာရန်မသင့်ရင် အများကြီးဘဝပျက်သွားနိုင်တယ်။ ကျွန်တော်တို့လုပ်နေတဲ့ ပဲမျိုးစုံဆိုတာ ပြည်တွင်းမှာ အဓိကစားတဲ့ပဲတွေ မဟုတ်ပါဘူး။ ပြည်ပကို ပဲရောင်း တာပါ။ ဒီတော့နှစ်စဉ် တောင်သူတွေ က ထုတ်လုပ်တဲ့ပဲတွေကို ပစ္စည်းမှန်၊ ဈေးမှန်၊ အရောင်းအဝယ်မှန်မှန်နဲ့ ပြည် ပကို တင်ပို့နိုင်ဖို့ပါပဲ။ ပြည်တွင်းဈေးက ကိုယ်သွားရောင်းရမဲ့ ပြည်ပဈေးထက် မြင့်နေပြီး ပြည်တွင်းမှာပါဆယ်ဂိမ်း ကစားသလို ကိုယ့်လက်သူ့လက်ပြောင်း ပြီး အကျိုးအမြတ်ရှာတဲ့အလုပ်ကတော့ ဈေးကွက်ပျက်တဲ့ အထိဖြစ်ရင် တာဝန်ရှိ သူတွေကလည်း လက်ပိုက်ကြည့်မနေပါ ဘူး။ ပြတ်ပြတ်သားသားပဲအရေးယူ ဆောင်ရွက်ခဲ့တာ ပူပူနွေးနွေးဖြစ်ရပ် တွေက သက်သေခံနေပါတယ်ခင်ဗျာ။    ဒီနှစ်ကတော့ မြေကြီးကရွှေသီးတဲ့ နှစ်လို့ဆိုရမှာပါ။ အရင်ပေါ်တဲ့ပဲစင်းငုံ ကလည်း စပေါ်တည်းက တစ်တန်ကို ဒေါ်လာ ၈၀၀ ဝန်းကျင်မဆင်းတော့ဘဲ အထက်မှာပဲရှိနေတယ်။ ပဲတီစိမ်း၊ ပဲတီ ရွှေဝါကတော့ ပြောမနေနဲ့ တစ်တန် ၁၀၀၀ ဝန်းကျင်မှာ မြဲနေလိုက်တာ ခရမ်း၊ သုံးခွဘက်ကတောင်သူတွေဆို ရင် ပဲတစ်တင်း ၄၀၀၀၀ ကျပ်ဆိုတော့ တစ်ဧကပဲ ၁၅ တင်းထွက်ရင် ရွှေတစ် ကျပ်သားရနေပြီလေ။ မတ်ပဲကလည်း သိတဲ့အတိုင်းပါပဲ။ တစ်တန် ဒေါ်လာ ၇၀၀ ဖြစ်လိုက်တာခဏပဲ။ အခုတော့ ဒေါ်လာ ၉၀၀ ဝန်းကျင်မှာရှိနေလေရဲ့။ အဓိကပဲတွေကို ခြုံကြည့်ရင် ဈေး ကောင်းရနေပြီပေ့ါ။ ဈေးကောင်းရ တော့ ဝမ်းသာစရာတွေ မင်္ဂလာရှိစရာ ပေ့ါဗျာ။ ဒါပေမယ့် ပဲဈေးကောင်းလို့ အလုံးစုံမင်္ဂလာအပေါင်းနဲ့ခညောင်းပြီ လို့ ထင်ရပေမဲ့ ပြဿနာလုပ်တဲ့လူတွေ ကလည်း ရှိလာလေရဲ့။ ပဲကဈေး ကောင်းတော့ ပဲထဲကို အဖျင်းအမှော်၊ ဖုံ၊ သဲ၊ ခဲ ပါသင့်တာထက် ပိုရောချင် တဲ့ကိစ္စတွေ လက်စလက်နတွေ တွေ့နေ ရတယ်ဗျာ။ မောင်ရင်မောင်မှာ ပဲခူး၊ ဧရာဝတီနဲ့ ရန်ကုန်တိုင်းက မြို့နယ်တွေ မှာ ပဲစိုက်တဲ့ တောင်သူ တွေ၊ ပွဲရုံပိုင်ရှင် တွေနဲ့ ပဲသန့်စင်စက်ရုံပိုင်ရှင် မိတ်ဆွေ တွေရှိပါတယ်။ ပဲထဲမှာ ခဲရောတဲ့ဆိုတဲ့ သတင်းကြားတော့မိတ်ဆွေ တောင်သူ တွေကိုမေးကြည့်ပါတယ်။ ပဲခူး အနောက်ခြမ်း လက်ပံတန်းကဆိုရင် အရင်တုန်းက ပဲကိုသဘာဝလေနဲ့ ေ>ခခဲ့ ပေမဲ့ ဒီနေ့မှာ  စက်နဲ့နယ်ပြီး စက်နဲ့ ေ>ခကြလို့ ဖုံ၊ သဲ၊ ခဲက အရင်တုန်းက ထက်တောင် သန့်တဲ့အကြောင်း၊ သန့် အောင်လုပ်သွား တာတောင် ပွဲရုံတွေက ဇကာထပ်ချ ဖုံကိုစစ်ပြီး ပဲအပို ဆောင်း တောင်းချင်သေးတာမို့ မသန့်လို့ကိုမရ ဘူးလို့ ဆိုပါတယ်။ တောင်ငူဘက်က ပွဲရုံလုပ်တဲ့မိတ်ဆွေကလည်း ဒီနှစ် တောင်သူတွေဆီက ပဲဝယ်တာ သဘာဝအလျောက် ပါသင့်ပါထိုက်တဲ့ အဖျင်းအမှော်နဲ့ ဖုံ၊ သဲ၊ ခဲ သာ ပါကြောင်း သူ့ပွဲရုံမှာ အဲဒီ ပဲကို ရန်ကုန် ကကုန်သည်ကြီးတွေလက်ခံတဲ့ အရည် အသွေးရောက် အောင် စက်နဲ့ပြန် သန့်ပြီးမှ တင်ပို့ကြောင်းပြောပါတယ်။ ဒါနဲ့ ရန်ကုန်က အိတ်စ်ပိုတာလဲဖြစ် ပဲသန့်စင်စက်လဲ ထောင်ထားတဲ့ မိတ် ဆွေကိုမေးတောမှ အဖြစ်မှန်ကိုသိရ တော့တယ်။ သူက ပဲဈေးတွေတက် လာတော့ ဝယ်တဲ့သူကလည်း မရမက ဝယ်တယ်။ ဒီနေရာမှာ တချို့ပွဲစား တွေကအရည်အသွေးကို ကစားချင် လာတာပေ့ါ။ မတ်ပဲတစ်တင်း ၃၀၀၀၀ ဆိုရင် တစ်ပိဿာ ၁၅၀၀ ကျပ် ကျတာပေ့ါ။ ဖုံ၊ သဲ၊ ခဲတစ်ပိဿာရော ရင်လဲ ပဲတစ်ပိဿာဈေးနဲ့ရတော့ ဖောက်ပြန်ချင်လာတဲ့သဘောပါ}}လို့ ရှင်းပြပါတယ်။ သူငယ်ချင်းက ဆက်ရှင်း ပြတာကတော့ "တို့ဆီမှာပြည်ပကို ပို့မဲ့ ပဲတွေကို FAQ  အရည်အသွေးအတိုင်း ဖြစ်အောင် စက်တင်ပြီး သန့်ရပါတယ်။ ဒီတော့သတ်မှတ်ချက် ထက်ပိုတဲ့ အဖျင်း အမှော်၊ ဖုံ၊ သဲ၊ ခဲတွေ ထွက်ကျတာပေ့ါကွာ။ ဒါကလည်း သိပ် များလှတာမဟုတ်ပါဘူး။ ဘေးထွက် ပစ္စည်းလို့လဲခေါ်တယ်။ အောက်ကျလို့ လဲခေါ်ပါတယ်။ ဒါကိုအရင်က တိရစ္ဆာန်  အစာ အတွက်ပဲ ရောင်းလိုက်တာပါ။ ပဲ စေ့သေးသေးလေးတွေပါတော့ တိရိစ္ဆာန် အစာတော့ရတာပေ့ါ။ အခုဖြစ်ပုံက အဲဒီဘေးထွက်တွေ ဝယ်ပြီး ပဲထဲကိုပြန် ရောတယ်ဆိုတဲ့ သတင်းပါ" လို့ ဆိုပါ တယ်။ ကျွန်တော်လည်း ဆက်စုံစမ်း ကြည့်တော ပြည်ပ ကိုတင်ပို့တဲ့ ပဲတွေ ကိုတော့ Gravity Machine တွေ၊ ခေတ်မီသန့်စင်စက် တွေနဲ့ သန့်စင်ပြီးမှ ပို့တာဆိုတော့ ကမ္ဘာ့ ဈေးကွက်မှာ တော့အရည် အသွေးပြဿနာမရှိနိုင် ပါဘူး။ ဒါပေမယ့်  ပါသင့်ပါထိုက်တဲ့ ပမာဏ ထက်ပိုတဲ့ အဖျင်းအမှော်တွေ ကို စက်နဲ့သန့်စင်ရတဲ့ ကိစ္စက အချိန် ကုန်၊ စရိတ်ကုန်တဲ့အပြင် စက်တွေရဲ့ သက်တမ်း ကပါ့ ထိခိုက် တယ်လို့ ဆိုပါ တယ်။     နောက်ဆက်တွဲကြားရတဲ့ အချို့ပဲ ထွက်တဲ့အရပ် ဒေသတွေမှာ အာဏာ ပိုင်ရဲ့ညွှန်ကြားမှု နဲ့ ကုန်စည်ဒိုင်ရဲ့ အသင်းအဖွဲ့တွေ က ပဲ ထဲမှာ ဖုံ၊ သဲ၊ ခဲရောဖို့ ကြိုးစားတဲ့ပွဲစားတွေ၊ ပွဲရုံတွေကို ထိထိရောက်ရောက် အရေးယူဖို့ လုပ်ဆောင်နေတယ် ဆိုတာ ကြားရတော့မှပဲ မောင်ရင်မောင် စိတ်အေးရပါတယ်။     မောင်ရင်မောင်တို့ ပဲသမားတွေ ကို သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေ တွေ့ဆုံတိုင်းမှာ ပစ္စည်းမှန်၊ ဈေးမှန်နဲ့ အရောင်းအဝယ် မှန်ကန်အောင် ညီညီ ညွှတ်ညွှတ်ဆောင်ရွက်ဖို့ အမြဲမှာပါ တယ်။ မြန်မာနိုင်ငံဟာ အာဆီယံတိုင်း ပြည်တွေမှာ ပဲစိုက်ပျိုး ထုတ်လုပ် တင်ပို့ တဲ့ ဦးဆောင်နိုင်ငံဖြစ်သလို ကမ္ဘာ့မှာ ပဲမျိုးစုံဒုတိယအများဆုံး တင်ပို့တဲ့နိုင်ငံ လည်းဖြစ်ပါတယ်။ ဒီအဆင့်ကိုရောက် လာတာ အားလုံးကမှန်မှန်ကန်ကန်နဲ့ ဝိုင်းပြီးကြိုးစားခဲ့ကြလို့ပါ။   တာဝန်ရှိတဲ့ ဌာနဆိုင်ရာတွေကလည်း ပစ္စည်းမှန်ဖို့၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းဖြစ်ဖိ့ု တနည်းအားဖြင့် အချိန်အခါနှင့် လိုက် လျောညီထွေရှိပြီး မှန်ကန်ဆီလျော်တဲ့ ဈေးနှုန်းဖြစ်ဖို့နဲ့  အရောင်းအဝယ်မှန် ကန်ဖို့ အကြိမ်ကြိမ် အသိပေးမှာကြား ထားပြီးဖြစ်တော့ဒီ စံနှုန်းတွေပျက်ပြား အောင်လုပ်တဲ့ ကိုယ့်ရဲ့ အတ္တအကျိုး စီးပွားကိုပဲ တဖက်သတ် ကြည့်တက် တဲ့ ပုဂ္ဂိုလ်တွေကတော့ မိမိလုပ်ရပ်နဲ့ညီ မျှတဲ့တန်ဖိုးကိုပေးဆပ်ကြရမှာပဲ မဟုတ် ပါလားခင်ဗျား။      မောင်ရင်မောင်