Main menu

Background

အိန္ဒိယမှသွင်းကုန်ခွန် တိုးမြှင့်ခြင်းကြောင့် ကနေဒါ၏ ပဲလုံး(Peas) စိုက်ဧကကျဆင်းဖွယ်ရှိခြင်း

Tue, 12/05/2017 - 11:03 -- journal_editor

ထိပ်တန်းဝယ်လက်ဖြစ်သည့် အိန္ဒိယက သွင်းကုန်ခွန်တိုးမြှင့်လိုက်သည့်အတွက် ကနေဒါ၏ ပဲလုံး (Peas)  စိုက်ဧက ကျဆင်းဖွယ်ရှိခြင်း

၁။       ကနေဒါနှင့် နှစ်စဉ် အမေရိကန်ဒေါ်လာ (၁) ဘီလီယံဖိုးခန့် ပဲကုန်သွယ်မှုပြုနေသည့် အိန္ဒိယ နိုင်ငံသည် ပဲလုံး (Peas) တင်သွင်းမှုအပေါ် သွင်းကုန်ခွန်အဆမတန်စည်းကြပ်ရန် မကြာသေးမီက ဆုံးဖြတ်လိုက်ရာ ကနေဒါတောင်သူလယ်သမားများအနေဖြင့် ၎င်းတို့၏ ပဲလုံးစိုက်ဧကများကို ယခင် စိုက်ဧကအောက် (၃) ပုံ (၁) ပုံသို့ လျှော့ချဖွယ်ရှိကြောင်း သိရှိရပါသည်။

၂။       ယခုနှစ်တွင် အိန္ဒိယ၌ ပဲဈေးနှုန်းများမှာ အစိုးရက သတ်မှတ်ပေးသည့် အနိမ့်ဆုံးအထောက် အကူပြုဈေးနှုန်း (MSP) အောက်သို့ပင် ကျဆင်းလျက်ရှိသည့်အတွက် အိန္ဒိယအစိုးရသည် ပဲလုံးတင် သွင်းမှုအပေါ် သွင်းကုန် ခွန်(ဝ) % မှ (၅၀) % သို့ ယခုလအစောပိုင်းတွင် တိုးမြှင့်သတ်မှတ်စည်းကြပ်ခဲ့ပါသည်။ ထိုသို့တိုးမြှင့်ရသည့် ရည်ရွယ်ချက်မှာ ပြည်တွင်းပဲဈေးနှုန်းများ မြင့်တက်လာစေရန်၊ အိန္ဒိယ လယ်သမားများ အဆင်ပြေမှုရှိစေရန်၊ ပဲစိုက်ပျိုးမှုကို အားပေးမြှင့်တင်ရန်နှင့် ၂၀၁၈ ခုနှစ်တွင် ပဲတင်သွင်းမှုလျှော့ချရန်တို့ကြောင့်ဖြစ်သည်ဟု အိန္ဒိယအစိုးရက ဖော်ပြထားပါသည်။

၃။       ပရိုတိန်းဓာတ်ကြွယ်ဝလှသည့် ပဲမျိုးစုံသည် အိန္ဒိယနိုင်ငံအတွက် အဓိကစားကုန်တစ်ခုဖြစ်ပြီး ၊ ကနေဒါနိုင်ငံသည် ကမ္ဘာ့ထိတ်တန်းပဲတင်ပို့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ရာ အိန္ဒိယအစိုးရအနေဖြင့် ပြည်တွင်းရှိဈေးကွက်ေ ပါက်ဈေးကို မြှင့်တင်ရန်အတွက် ယခုကဲ့သို့ ကာလတိုဖော်ဆောင်ချက်သည် အိန္ဒိယနိုင်ငံ၏ ရေရှည်စားနပ်ရိက္ခာလိုအပ်ချက်အပေါ် သက်ရောက်မှုရှိနိုင်သည်ဟု ကနေဒါပြည်ပ ကုန်သွယ်ရေးဝန်ကြီး Francois Champagne က အင်တာဗျူးတစ်ခုတွင် ပြောကြားထားကြောင်း သိရှိရပါသည်။

၄။       ကနေဒါနိုင်ငံ၌ နွေသီးနှံစိုက်ပျိုးမှု၏ (၃၀)% နှင့် (၃၅)% တို့မှာ ပဲလုံးနှင့်ပဲနီလေး စိုက်ဧကများ အသီးသီးပါဝင်နေရာ အိန္ဒိယအစိုးရအနေဖြင့် ပဲလုံးတင်သွင်းမှုအပေါ်သွင်းကုန်ခွန်စည်းကြပ်သကဲ့သို့ ပဲနီလေး (red lentils) အပေါ်တွင်လည်း သွင်းကုန်ခွန် အလားတူတိုးမြှင့်မည်ကို ကနေဒါအစိုးရက စိုးရိမ်ပူပန်နေကြောင်း သိရှိရပါသည်။

၅။       ကနေဒါစိုက်ပျိုးရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်အချက်အလက်များအရ ၂၀၁၆-၁၇ သီးနှံ ရာသီတွင် ကနေဒါ၏ ပဲလုံး (dry pea) စိုက်ဟတ်တာဧကမှာ (၁.၇၂) သန်းခန့်ရှိမည်ဟု ခန့်မှန်းထား ကြောင်း သိရှိရပါသည်။

၆။       အိန္ဒိယနိုင်ငံ၏ သွင်းကုန်ခွန်တိုးမြှင့်သည့် ကြေညာချက်ထွက်ပေါ်ချိန်မှစ၍ ကနေဒါနိုင်ငံ၌ ပဲလုံးဝါ (yellow pea) ဈေးနှုန်းများမှာ ထက်ဝက်နီးပါးခန့် ကျဆင်းလာခဲ့ကြောင်း၊ သို့ဖြစ်၍ ပဲလုံးတင်သွင်းမှုအပေါ် သွင်းကုန် ခွန်အား အိန္ဒိယအစိုးရအနေဖြင့် ဖယ်ရှားပေးရန် ကနေဒါက လိုလား နေကြောင်း၊ သို့ရာတွင် အိန္ဒိယအစိုးရအနေဖြင့်လည်း လယ်သမားများဝင်ငွေ (၂) ဆတိုးမြှင့်လာစေ ရေး၊ သွင်းကုန်များလျှော့ချစေရေးတို့ကို ဆောင်ရွက်ရန်ြ ပည်သူများအား ကတိကဝတ်ပြုထားပြီး ဖြစ်သည်ဟု အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားထား ကြောင်း သိရှိရပါသည်။

၇။       ယင်းကိစ္စနှင့်စပ်လျဉ်း၍ India Pulses and Grains Association ၏ ဥက္ကဌဖြစ်သူ Pravin Dongre က ယခုသို့ သွင်းကုန်တို့မြှင့်လိုက်ခြင်းကြောင့် ပြည်တွင်းသို့ ပဲလုံးတင်သွင်းမှုအတွက် အဆင်မပြေနိုင်ကြောင်း၊သို့ြ ဖစ်၍ လာမည့်လများတွင် ပဲလုံးတင်သွင်းမှု သိသိသာသာလျော့ကျမည် ဟု သုံးသပ်ကြောင်း၊ ကနေဒါစိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက်သီးနှံကျွမ်းကျင်ပညာရှင် Chris Beckman  က လာမည့်နွေဦးရာသီတွင် ကနေဒါတောင် သူများအနေဖြင့် ယခင်ပဲလုံးစိုက်ပျိုးသည့်မြေများ၌ ဂျုံ၊ ပန်းနှမ်း၊ ပဲပုတ် စသည်တို့ကို ပြောင်းလဲစိုက်ပျိုးဖွယ်ရှိသည်ဟု သုံးသပ်ထားကြောင်း သိရှိရပါသည်။

၈။       India crop brokerage Esarco Exim Pvt Ltd က သုံးသပ်ရာ၌ ယခုကဲ့သို့ အခွန်နှုန်းထား တိုးမြှင့်လိုက်သည့်အတွက် အိန္ဒိယနိုင်ငံနှင့် ပဲလုံးကုန်သွယ်မှုအားလုံး ရပ်တန့်ဖွယ်မရှိကြောင်း၊ သို့ရာတွင် တင်သွင်းမှု ပမာဏ မှာမူ သိသိသာသာလျှော့ကျလိမ့်မည်ဖြစ်ကြောင်း၊ တင်သွင်းမှုပမာဏ အတိုင်းအတာမှာမူ အိန္ဒိယနိုင်ငံ၏ ဆောင်းသီးနှံရိတ်သိမ်းထွက်ရှိမှုပမာဏ သိရှိချိန်မှသာ အခြေနေ သိနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားထားပါ သည်။

၉။       ကနေဒါနိုင်ငံ၏ အကြီးဆုံးပဲစက်နှင့် ပဲတင်ပို့သည့် ကုမ္ပဏီကြီးဖြစ်သည့် AGT Food and Ingredients က ပြောကြားရာ၌ အိန္ဒိယ၏ ပဲပိုလျှံမှုကြောင့် ၎င်း၏ကုမ္ပဏီသည် (၅) နှစ်အတွင်း အဆိုးရွားဆုံး (၃) လပတ် ကာလနှင့် ရင်ဆိုင်နေရပြီး၊ ကုမ္ပဏီစတော့ဈေးမှာလည်း (၃) နှစ်အတွင်း အနိမ့်ဆုံးဈေးနှုန်းသို့ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။