Main menu

Background

ပဲမျိုးစုံ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရေး မဟာဗျုဟာ

Mon, 03/08/2010 - 06:52 -- Anonymous (not verified)

         ဒေါက်တာမောင်အောင်       လယ်ယာကုန်စည်များအနက် ဆန်စပါးသည် ပြည်သူလူထု၏ အဓိက အစားအစာဖြစ်သောကြောင့် အရေးပါဆုံးဖြစ်သော်လည်း ပဲမျိုးစုံသည် အများဆုံးလယ်ယာပို့ကုန်ဖြစ်သည့်အပြင် လယ်သမား များအတွက် အဓိကဝင်ငွေ ဇာစ်မြစ်ဖြစ်လာသောကြောင့် တစ်နေ့ တခြား ပိုမို အရေး ပါလာပေသည်။ ပဲမျိုးစုံလုပ်ငန်းသည် ဈေးကွက် စီးပွားရေးစနစ်ကျင့်သုံးသည့် နှစ် (၂ဝ) ကာလအတွင်း တိုးတက် ဖွံ့ဖြိုးမှု အမြန်ဆုံးဖြစ်၍ မြန်မာနိုင်ငံ သည် အာရှတွင် ပဲအများဆုံး တင်ပို့သူ Leading Exporter  ဖြစ်လာသလို ကမ္ဘာပေါ်တွင်လည်း ကနေဒါပြီးလျှင်  ဒုတိယအများဆုံးတင်ပို့သူ  ဖြစ်လာ ပေသည်။ အချိန်တိုအတွင်း ပဲမျိုးစုံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရခြင်း၏ အခြေခံ အကြောင်းအရင်းမှာ အစဉ်တိုးတက်နေသော ပြည်ပ ဝယ်လိုအား ကြောင့်ဖြစ်ပြီး အထူးသဖြင့် အိန္ဒိယ၏ဝယ်လိုအား တိုးတက်လာမှု ကြောင့်ဖြစ်သည်။လက်ရှိအခြေအနေတွင် လယ်ယာသီးနံှများအနက် ပဲမိုျးစုံသည် ဈေးနှုန်းယှဉ်ပြိုင်နိုင်မှု (price competitiveness)အားအကောင်းဆုံးဖြစ်သည့်အလျောက် လာမည့် ကာလများအတွင်း ဆက်လက်တိုးတက် နေမည်ဖြစ် သည်။ တစ်ဖက်တွင်လည်း အရှေ့ တောင်အာရှနိုင်ငံများအနက် တစ်ဆက်တည်းကုန်းမြေ အကျယ်ဆုံး ဖြစ်ပြီး၊ တိုးခဲျ့စိုက်ပျိုးနိုင်သော မြေဧရိယာသည် အခြားနိုင်ငံများ ထက် များစွာကျန်ရှိနေသေးခြင်း၊ သဘာဝရေမြေ အနေအထားအရ ပဲမျိုးစုံကို နေရာတော်တော်များများတွင် စိုက်ပျိုးနိုင်ခြင်း၊ စိုက်ပျိုးရာ တွင်လည်း အခြားသီးနံှများလောက် အလုပ်မများဘဲ လွယ်ကူခြင်း၊ အရင်းအနှီး မများခြင်း စသည့်အချက်များကြောင့် တိုးခဲျ့စိုက်ပျိုးရန် များစွာ အလားအလာရှိပေသည်။ အခြားတစ်ဖက်ဖြစ်သော ဝယ်လို အားဘက်မှကြည့်ပါလျှင်လည်း ပဲမိုျးစုံသည် အခြေခံစားကုန်(food) တိရိစ္ဆာန်အစားအစာ (animal feed) ၊ ဇီဝလောင်စာ(bio-fuel)စသည့်  ဘက်စုံအသုံးပြူနိုင်သည့်  လယ်ယာကုန်စည်ဖြစ်သည့် အလျောက် ကမ္ဘာ့ဝယ်လိုအားသည်လည်း တစ်နေ့တခြား တိုးလာ စေရန် တွန်းအားပေးလျက်ရှိပါသည်။ ယခုအခါ အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ပဲအများဆုံး ထုတ်လုပ်သူနှင့် စားသုံးသူဖြစ်သလို အများဆုံး တင်သွင်းနေသူလည်းဖြစ်ပြီး၊ တရုတ်နိုင်ငံသည်လည်း ယခုအခါ တိရစ္ဆာန်အစားအစာအတွက် ပဲကုန်ကြမ်းအများဆုံး တင်သွင်းနေသည့် နိုင်ငံဖြစ်လာပေသည်။ လက်ရှိ အိန္ဒိယနိုင်ငံ၏ ပဲမိုျးစုံထုတ်လုပ်မှု အခြေအနေကို သုံးသပ်ရသော် အကြမ်းဖျင်းအား ဖြင့် လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း ပဲမျိုးစုံစိုက်ပိုျးထုတ် လုပ်မှုတွင် သိသာသောတိုးတက်မှုမတွေ့ရဘဲ ပြည်တွင်းထုတ်လုပ်မှု တန်ချိန် ၁၃ဒသမ ၅သန်းမှ ၁၄ဒသမ ၅ သန်းဝန်းကျင်အတွင်း တန့်နေသည်ကို တွေ့ရသည်။ ဤသို့ဖြစ်ရသည့်အကြောင်းအရင်းမှာ အစိုးရ၏ ဈေးနှုန်းပေါ်လစီတွင် အဓိကသီးနံှများဖြစ်သော ဆန်၊ ဂံျုတို့နှင့် နှိုင်းယှဉ်လျှင် အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်းသတ်မှတ်မှု (minimum support price) မှာ နိမ့်ကျသောကြောင့် ဆွဲဆောင်မှု အားနည်းနေသေးခြင်း၊ စိုက်ပိုျးနိုင်သောမြေနှင့် ရေရရှိမှု တဖြေးဖြေး ပိုမိုရှားပါးလာခြင်း၊ ရာသီဥတုဖောက်ပြန်မှုများ ပိုမိုများပြားလာခြင်း စသည်တို့ကြောင့်ဖြစ်သည်။ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု မြင့်တက်မလာ သော်လည်း သဘာဝလူဦးရေတိုးနှုန်းအရ တစ်နှစ်လျှင် ခန့်မှန်းခြေ ၁၈ သန်းခန့် မှန်မှန်တိုးလာနေသောကြောင့် လိုအပ်ချက် (ယခုအခါ တန်ချိန် ၃ သန်းကျော်)ကို ပြည်ပမှ နှစ်စဉ်တင်သွင်းနေရဆဲဖြစ်သည်။     ထို့အတူ တရုတ်နိုင်ငံသည်လည်း ပြီးခဲ့သည့် ၁ဝ စုနှစ်အတွင်း စီးပွားရေး လျင်မြန်စွာတိုးတက်လာသောကြောင့် လူအများစုဝင်ငွေ မှာ  သိသိသာ သာ   မြင့်မားလာမှုနှင့်အတူ  စားသောက်မှုပုံစံ (consumption pattern)   ပြောင်းလဲလာပြီး အရည်အသွေးမြင့် ကုန်စည်များ (quality food)  ဖြစ် သော နို့နှင့်နို့ထွက်ပစ္စည်းများ၊ အသားစားသုံးမှုများ ပိုမိုလာသောကြောင့် မွေးမြူရေးလုပ်ငန်းများ အထူးများပြားလာခဲ့ပါသည်။ တွက်ချက်မှုများအရ အသား တစ်ကီလို ရရန် အသားကုန်ကြမ်း ခုနစ်ကီလို လိုအပ်သဖြင့် ယခင်ကထက် တိရစ္ဆာန်အစားအစာကုန်ကြမ်း လိုအပ်ချက်ပိုမိုလာ၍ သွင်းကုန်ဖြင့် သာ ဖြေရှင်းနေသောကြောင့် ယခုအခါ ပဲကုန်ကြမ်းကို အများဆုံး တင်သွင်းနေပြီး၊ အမေရိကန်နှင့် ဘရာဇီးနိုင်ငံများမှ အများဆုံး ဝယ်ယူလျက်ရှိသည်။ နှိုင်းယှဉ် ဈေးနှုန်း (relative price) မြင့်မားနေ မှုကြောင့် မြန်မာနိုင်ငံမှ ဝယ်ယူမှုနည်းသေးသော်လည်း ဈေးနှုန်းပြိုင် ဆိုင်နိုင်လျှင် ပဲမိုျးစုံပို့ကုန်ကိုများစွာ တိုးခဲျ့နိုင်ဦး မည်ဖြစ်သည်။ ဆိုလိုသည်မှာ မိမိနှင့်အနီးဆုံး ဈေးကွက်ကြီးနှစ်ခုကို ပိုင်ပိုင်နိုင်နိုင် ထိုးဖောက်နိုင်အားရှိစေရန် လုပ်ဆောင်နိုင်မှသာ ပဲမျိုးစုံလုပ်ငန်းရေရှည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု (sustainable development)  ကိုရရှိနိုင်ရန် အလားအလာရှိမည်ဖြစ်သည်။ ပဲမျိုးစုံလုပ်ငန်းသည် ကျေးလက် လယ်သမားထုအတွက် အဓိကဝင်ငွေဖြစ်နေသောကြောင့် ကျေးလက်ဖွံ့ဖြိုးမှု မြှင့်တင်ရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး (poverty eradication)  အတွက်လည်း များစွာအရေးပါပေသည်။ ထို့အတွက် ပဲမိုျးစုံလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျုဟာ များ (strategies) ကို အဓိကထား၍  အကျဉ်းချုပ် ဆွေးနွေးတင်ပြ မည်ဖြစ်သည်။ပြည်ပဈေးကွက် ဦးစားပေး ဖွံ့ဖြိုးမှုပုံစံ  (Foreign Market Oriented Development Model)       ပဲမျိုးစုံလုပ်ငန်းတစ်ခုလုံး (supply chain)  တွင် ထုတ်လုပ်သူ လယ်သမားမှအစ နောက်ဆုံးစားသုံးသူ ((end user) အထိ ပါဝင်ပြီး၊ တိုးတက်မှု၏အရင်းအမြစ်ကို ရှာဖွေမည်ဆိုလျှင် နောက်ဆုံး စားသုံး သူများ၏ ဝယ်လိုအား အဆက်မပြတ် တိုးလာခြင်းကြောင့်ပင် ဖြစ် သည်။ ပဲမိုျးစုံ၏ end user မှာ ပြည်တွင်းထက် ပြည်ပ စားသုံး သူများဖြစ်နေပေသည်။ သို့ဖြစ်၍ ပြည်ပစားသုံးသူများ တစ်နည်း အားဖြင့် ပြည်ပဝယ်လိုအား အခြေအ နေနှင့် ပြောင်းလဲလာမှု၊ ကြိုက် နှစ်သက်မှုများ အဆိုပါ ဝယ်လိုအားကို အဓိကပြဌာန်းနေသည့် အချက်များ၊ ပြိုင်ဘက်များ၏ ယှဉ်ပြိုင်နိုင်မှုနှင့် ထိုးဖောက် နိုင်စွမ်းအားအစရှိသည်တို့ကို အဆက်မပြတ် လေ့လာသုံးသပ်ပြီး၊ ဈေးကွက်လို အပ်ချက်ကို အမြန်ဆုံးတုံ့ပြန်နိုင်သည့် အခြေအနေအထိ ဆောင် ရွက်နိုင်မှသာ ရေရှည်ရှင်သန်တိုးတက်နိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါ က မိမိရရှိထားသည့် ဈေးကွက်ဝေစုများ တဖြေးဖြေး အခြားသူများ က ရယူသွား မည်ဖြစ်ပေသည်။ ပြည်ပ ဈေးကွက်ဦးစားပေး ဖွံ့ဖြိုးမှု ပုံစံကို အောက်တွင်ဖော်ပြထားပါသည်။ပြည်ပဈေးကွက် အခြေအနေ လေ့လာ သုံးသပ်ချက်များကို အဆက်မပြတ်ပြုလုပ်၍ ပြောင်းလဲနေသော ဈေးကွက်အခြေအနေ များအရ ဈေးကွက်လိုအပ်ချက်များကို အမြန်ဆုံးထုတ်လုပ်နိုင်ရန် မျိုးစေ့သစ်များ ထုတ်လုပ်သည့်လုပ်ငန်း၊ ဓာတ်မြေသြဇာ၊ ပိုးသတ် ဆေးများ၊ ထွန်ယက်ကိရိယာများနှင့် လယ်ယာသုံး ကိရိယာများ ထုတ်လုပ်သည့် လယ်ယာ အခြေခံလုပ်ငန်းများ (Agro-based Industries)  သို့ အမြန်ဆုံးအကြောင်းကြားကာ ထုတ်လုပ်စေပြီး၊ ၎င်းမှတစ်ဆင့် အောက်ခြေလယ် သမားများဆီသို့ ဖြန့်ဖြူးပံျ့နံှ့စေ ခြင်းပင်ဖြစ်သည်။ ထိုသို့ပြုလုပ်နိုင်ပါလျှင် ပြည်ပဈေးကွက်ဝယ်လို အားပြောင်းလဲမှုနှင့် ဈေးကွက်လိုအပ်ချက်ကို အမြန်ဆုံးတုံ့ပြန်နိုင် မည်ဖြစ်သောကြောင့် ဈေးကွက်ကိုလွှမ်းမိုးနိုင်မည်ဖြစ်သည်။ ဖော်ပြပါ အဖွဲ့အစည်းများ အပြန်အလှန် ဆက်သွယ်မှုအား ကောင်းစေရန် အတွက် Extension Services များဖြင့် အမြန်ဆုံးလုပ်ဆောင်နိုင် ရန် တည်ဆောက်ထားရမည်ဖြစ်သည်။လက်ကားကုန်စည်ဒိုင် ပိုမိုထွန်းကားလာရေး     ပဲမျိုးစုံ supply chain တိုးတက်မှုဖြစ်ပေါ်စေရန် ပြည်ပ ဝယ်လိုအား တိုးတက်မှုက စေ့ဆော်နေသော်လည်း အဓိကဇာတ် ဆောင်ဖြစ်သည့် လယ်သမား၏ တုံ့ပြန်မှုသည်လည်း များစွာ အရေးကြီးပေသည်။