Main menu

Background

ဒေသတွင်း ကြံများအား ယခုလအတွင်း စတင်ဝယ်ယူမည်

Tue, 12/28/2021 - 09:24 -- journal_editor

ကသာခရိုင်အတွင်းရှိ   ကသာမြို့နယ်နှင့်ထီးချိုင့်မြို့ နယ်များမှ ကြံတောင်သူများသည် ဧရာဝတီမြစ်   အရှေ့ဘက် ခြမ်းတွင် ကြံများကို  စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး သက်ဆိုင်ရာဌာန၏ စာရင်းအရ  ခရိုင်အတွင်း ကြံစိုက်ဧက ၁၂၀ဝ၀ဝ ခန့် ရှိကြောင်း သိရှိရသည်။ ၂၀၁၆ ခုနှစ်ကစပြီး သကြားဈေးမကောင်းသောကြောင့် ကြံတောင်သူများ   အရှုံးပေါ်ခဲ့သည့်အတွက်    ယခုနှစ်တွင် ကြံစိုက်ဧက လျှော့ချခဲ့ပြီး  အစားထိုးသီးနှံအဖြစ် နှမ်းသီးနှံကို စိုက်ပျိုးခဲ့ကြောင်း၊ ယခုနှစ်တွင် သကြားစက်များမှ ကြံတစ် တန် စက်ရုံအရောက် ကျပ် ၆၀ဝ၀ဝ ဈေးနှင့်   ဝယ်ယူမည်ဟု သိရှိရပြီး တချို့တောင်သူများကို ကြိုတင်စာချုပ်၍ ဝယ်ယူနေ သည်ဟုလည်း သိရှိရကြောင်း၊  ကြံကို ကြိတ်ချက်ပြီး သကာ ပိုင်းနှင့် မန္တလေးသို့   တင်ပို့ရောင်းချမှုရှိသလို   ကြံပင်အတိုင်း သကြားစက်များသို့ ရောင်းချသည်များလည်းရှိကြောင်း၊ ကြံဈေးကောင်းလာပါက တိုးချဲ့စိုက်ပျိုးသွားရန်  အစီအစဉ်ရှိ ကြောင်း ကသာမြို့နယ်မှ   ကြံစိုက်တောင်သူ   ဦးမြင့်သိန်းက ပြောဆိုသည်။ ကသာခရိုင်အတွင်း သကြားစက် သုံးစက်ရှိပြီး ဒေသတွင်း ကြံစိုက်တောင်သူများအတွက် ရင်းနှီး မတည်ငွေ အပါအဝင် စက်ပစ္စည်း၊ နည်းပညာများ ပံ့ပိုးပေးလျက်ရှိသည်။ ကြံဈေး မြင့်တက်လာရသည့်အကြောင်းအရင်းနှင့် ပတ်သက် ၍ ကမ္ဘာ့သကြား ဈေးမြင့်တက်မှု၊ ပြည်တွင်းအချိုရည်လုပ်ငန်း နှင့် သကြား အသုံးပြုသောစက်ရုံများမှ ဝယ်လိုအားမြှင့်မားမှု နှင့် သကြား မန-နထစသမအ တင်သွင်းမှု ကန့်သတ်ချက်များကြောင့် ဖြစ်သည်ဟု သကြားစက်လုပ်ငန်းရှင်များက သုံးသပ်လျက်ရှိ သည်။
    ယခုနှစ်တွင် ဂရိတ်ဝေါသကြားစက်မှ ကြံတန်ချိန် ခုနစ် သိန်းကျော်၊ မြတောင်သား သကြားစက်မှ   ကြံတန်ချိန် သုံး သောင်းကျော်နှင့် ွှ့ဏ သကြားစက်မှ ကြံတန်ချိန်သုံးသောင်း ကျော်  ဝယ်ယူရန် လျာထားကြောင်းနှင့် ခရိုင်အတွင်းရှိ ဒေသ ထွက်ကြံများကို ၂၀၂၁ ခုနှစ်  ဒီဇင်ဘာ ၂၀ ရက်နောက်ပိုင်းမှ စတင်ဝယ်ယူသွားမည်ဟုလည်း အဆိုပါ သကြားစက်လုပ်ငန်း ရှင်များထံမှ သိရသည်။            

       ကြည်နိုင်ဦး(အင်းတော်)