Main menu

Background

မြန်မာ့အထည်ချုပ်လုပ်ငန်းတွင် နိုင်ငံခြားသားပိုင်စက်ရုံ ၈၀ရာခိုင်နှုန်းကျော်အထိရှိနေ

Tue, 10/24/2023 - 10:56 -- journal_editor

မြန်မာ့အထည်ချုပ်လုပ်ငန်းတွင်  နိုင်ငံခြား သားပိုင်စက်ရုံ ၈၀ ရာခိုင်နှုန်းကျော်အထိ  ရှိနေ ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။ လက်ရှိ မြန်မာနိုင်ငံ အထည် ချုပ်လုပ်ငန်းရှင်များအသင်းတွင် တရုတ်အထည် ချုပ်စက်ရုံ ၅၀ ရာခိုင်နှုန်းကျော်၊  ကိုရီးယားစက်ရုံ ၁၀ ရာခိုင်နှုန်းကျော်ရှိပြီး  နိုင်ငံခြားသားပိုင်စက်ရုံ ၈၀ ရာခိုင်နှုန်းကျော်အထိရှိကြောင်း သိရသည်။
နိုင်ငံခြားသားပိုင်စက်ရုံများ   များပြားခြင်း ကြောင့် အလုပ်ရှင်နှင့်  အလုပ်သမား အငြင်းပွားမှု များ လျော့နည်းစေရန် စကားပြန်များကို ဘာသာ စကား  ပြောတတ်ရုံသာမကဘဲ  စွမ်းဆောင်ရည် မြှင့်တင်ရေးများ ဆောင်ရွက်နေပြီး ထုတ်ပြန်ချက်၊ ကြေညာချက်များကို အချိန်နှင့်တစ်ပြေးညီ ပုဂ္ဂလိ က လုပ်ငန်းရှင်များကို မျှဝေပေးရန်လည်း တောင်း ဆိုထားကြောင်း သိရသည်။
ပြည်တွင်း၌    လက်ရှိတွင်    ဃဏြ စက်ရုံနဲ့ ဃဏြ တစ်ဆင့်ခံ    စက်ရုံပေါင်း ၇၈၈ ရုံရှိနေပြီး ရန်ကုန်နှင့်ပဲခူးတွင်ရှိသည့် အထည်ချုပ်စက်ရုံ ၅၃ ရုံကို မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု ]စံ} သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့(NSSA) အသိအမှတ် ပြု ကျွမ်းကျင်မှု    စစ်ဆေးအကဲဖြတ်ခြင်းများကို အလုပ်သမားဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ယခု၂၀၂၃ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာ လကုန်အထိ    အထည်ချုပ်တင်ပို့မှုမှ နိုင်ငံခြား ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၃၁၆ ဒသမ ၈၉သန်း ကျော်ရရှိပြီး ယခင် ၂၀၂၂ ခုနှစ် ပို့ကုန်တန်ဖိုးထက် တိုးတက်လာကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။  မြန်မာနိုင်ငံသည် ကုန်ကြမ်းပိုင်းတွင် သွင်းကုန်ကိုသာ အဓိကအားထားနေရပြီး မြန်မာ နိုင်ငံ၏ အထည်တင်ပို့သူများတွင်   စက်ရုံကြီးများ က    နိုင်ငံခြားသားပိုင် (သို့မဟုတ်) ပြည်တွင်းနှင့် ပြည်ပကုမ္ပဏီများအတွက်    ပူးတွဲသဘောတူညီ ချက်ဖြင့် လုပ်ကိုင်နေကြခြင်းဖြစ်သည်။
အထည်ချုပ်စက်ရုံ  အများစုသည် ပို့ကုန် အားထားသည့် စက်ရုံများဖြစ်ကြပြီး ညှပ်-ချုပ်-ထုတ် (CMP) စနစ်ဖြင့်    လုပ်ကိုင်လျက်ရှိကြကာ အမှာစာများအတွက် ကုန်ကြမ်းများကို နိုင်ငံခြား ကတင်သွင်း၍ချုပ်လုပ်လျက်ရှိကြောင်းသိရသည်။

ပန်းဆု