အတွဲ(၁၅)အမှတ်(၇)
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေး စခန်း သည် ဇန်နဝါရီလတွင် ပို့ကုန် ကန်ဒေါ် လာ သုည ဒသမ ၄၃၅ သန်း၊သွင်းကုန် ကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်းနဲ့ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သုည ဒသမ ၄၃၈သန်း ဆောင်ရွက်နိုင်ခဲ့ပါ တယ်။ အနီးစပ်ဆုံးကာလဖြစ်တဲ့၂၀၁၄ ခုနှစ် ဒီဇင်ဘာလနဲ့ နှိုင်းယှဉ်ပါက ပို့ကုန်ရော သွင်းကုန်ပါ လျော့နည်းခဲ့ သဖြင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သုည ဒသမ၂၀၈ သန်း လျော့နည်းခဲ့ပြီး ယမန်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါက လည်း ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ သုည ဒသမ ၈၀၈ သန်း လျော့နည်းခဲ့ပါတယ်။ထိုကဲ့သို့ အနီးစပ်ဆုံး ကာလ ထက်ရော ယမန်နှစ်ကာလတူထက်ပါ ကုန်သွယ်မှုပမာဏ လျော့နည်းရခြင်း မှာ ဒေသတည်ငြိမ်အေးချမ်းမှုနဲ့လုံခြုံမှုတိုးတက်ကောင်းမွန်လာသော်လည်း နှစ်ဖက်နိုင်ငံရဲ့ ကုန်သည်လုပ်ငန်းရှင် များမှာ ကုန်သွယ်မှုပြုလုပ်ရန် ယုံကြည်မှုအားနည်းနေသေးခြင်း၊ တစ်ဖက်နိုင်ငံ နဲ့ ကုန်သွယ်ရာမှာ ရောင်းသူဈေးကွက် မရှိဘဲ ဝယ်သူဈေးကွက်သာဖြစ်နေခြင်း၊အဓိကတင်ပို့တဲ့ရေထွက်ကုန်ပစ္စည်း များဖြစ်တဲ့ ရေချိုငါးများမှာလည်း ပြည်မမှ မှာယူတင်ပို့နေရ၍ လမ်းခရီး တွင် ကြာမြင့်မှုများကြောင့် ငါးများမှာလတ်ဆတ်မှု မရှိတဲ့အတွက် ဈေးကောင်း မရရှိခြင်း၊ အခြားဈေးကွက်မရှိ၍ ဘင်္ဂလားဒေ့ရှ်တစ်ခုတည်းကိုသာ ထွက် ပေါက်ရှိတဲ့ အတွက်ဝယ်သူဈေးကွက်သာဖြစ်နေခြင်းတို့ကြောင့် ကုန်သွယ်မှု ပမာဏ လျော့နည်းရတာဖြစ်ပါတယ်။လာမယ့်ကာလမှာ ကုန်သွယ်မှု တိုး တက်ရေးအတွက် သက်ဆိုင်ရာဆက်စပ် ဌာနများ၊ ကုန်သည်လုပ်ငန်းရှင်များနဲ့ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း၊ ခိုင်မာ တဲ့ဈေးကွက်ရရှိရန်အတွက် အခြား နိုင်ငံများသို့ ဈေးကွက်ထိုးဖောက် ဆောင်ရွက်ခြင်းနဲ့ ပြည်မမှမှာယူတင် ပို့မယ့်အစား ရခိုင်ပြည်နယ်အတွင်း ငါး ပုစွန်မွေးမြူရေးလုပ်ပြီး တင်ပို့ခြင်းတို့ လုပ်ဆောင်နိုင်လျှင်ကုန်သွယ်မှုတိုးတက် နိုင်မယ်လို့ခန့်မှန်းရပါတယ်။
တင်တင်ထွန်းMIRT (DCCA)