Main menu

Background

ကော့သောင်းနယ်စပ်နဲ့ မြိတ်နယ်စပ်မှ ရေထွက်ကုန်ပိုမိုတင်ပို့

Tue, 02/17/2015 - 20:58 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

   မြန်မာ-ထိုင်းနယ်စပ်ရှိ နယ်စပ်စခန်းများဖြစ်သော မြဝတီကုန်သွယ် ရေးဇုန်၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၆ ရက် အတွင်း ကန် ဒေါ်လာ ၃ ဒသမ ၈၈၁ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၃၃၈၇တန်ကျော်တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၁၅၁၅ တန်နီးပါး ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။နယ်စပ်စခန်းများအလိုက် လုပ်ငန်းဆောင်ရွက်မှုများမှာ မြဝတီ ကုန် သွယ်ရေး ဇုန်အနေနဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၉၈ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၅၁ တန်ကျော်၊ ကဏန်း ၆ တန်ကျော်နဲ့ ပုစွန် ၂ တန်ကျော်တင်ပို့ ခဲ့သဖြင့် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက တန် ၈၀ နီးပါးလျော့နည်းခဲ့ပါတယ်။
ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ  ကန်ဒေါ်လာ သုည ဒသမ ၈၁၀ သန်းတန်ဖိုးရှိ  ငါးမျိုးစုံ ၈၉၈ တန်ကျော်၊ ပုစွန် ၇ တန်ကျော်၊ ကင်းမွန် ၁၃ တန်ကျော်၊ ပင်လယ်ငါးရှဉ့် ၅ တန်ကျော်နဲ့ ရေဘဝဲ ၃ တန် ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၃၉၆ တန် ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂၃၉၉ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၃၅၂ တန်ကျော်၊ ရေငန်ပုစွန် ၈၃ တန်ကျော်၊ ကင်းမွန် ၃၇ တန်ကျော်၊ ငါးအသားလွှာ ၄၈ တန်၊ ငါးမှုန့် တန် ၈၃၀ ၊ ပုစွန်ခြောက်  ၂ တန်ကျော်၊ ကဏန်းနီ ၁၈ တန်၊ ကဏန်းပျော့ ၂၃ တန်ကျော်၊ ပုစွန် ၂တန်ကျော်နဲ့ သဲ ကဏန်း အနည်းငယ်တင်ပို့နိုင်ခဲ့သဖြင့် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၁၁၉၈ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။      

ခင်မြနွယ်MIRT  (DCCA)