Main menu

Background

ဂေါ်ဒန်ဆိပ်ကမ်းနံဘေးမသင်္ကာဖွယ်ရာ စုပုံထားတဲ့ ကျောက်အိတ်များတွေ့

Tue, 02/17/2015 - 21:00 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀နာရီ ၁၅မိနစ်ခန့်မှာ မန္တလေး သြဘငူန ွှနော ရွှေကြက်ယက်ဆိပ်ကမ်းနယ်မြေ မှာတာဝန်ထမ်းဆောင်လျက်ရှိသော Mobile Team မြန်မာနိုင်ငံ  ရဲတပ်ဖွဲ့မှ ဒုရဲမှူးဦးဆောင်သော အဖွဲ့ဟာ ဆိပ် ကမ်းတစ်လျှောက်လှည့်လည်စစ်ဆေး စဉ်ဂေါ်ဒန်ဆိပ်ကမ်းနံဘေးမှာ မသင်္ကာ ဖွယ်ရာစုပုံထားတဲ့ ကျောက်အိတ်များ တွေ့ရှိရကြောင်း သတင်းပေးပို့ချက်အရ Mobile Team  မန္တလေးတာဝန်ခံ ညွှန်ကြားရေးမှူးဦးစီးတဲ့အဖွဲ့   သွား ရောက်စစ်ဆေးခဲ့ပါတယ်။ထိုသို့ စစ်ဆေးရာမှာ ပီနန်အိတ် ကိုးအိတ်နဲ့ ထည့်သွင်းထားတဲ့ ကျောက် စိမ်းလို့ယူဆရတဲ့ ရေမဆေးကျောက် ၃၃၀ ကီလိုခန့်အား  စစ်ဆေးတွေ့ရှိတဲ့ အတွက် မန္တလေးမြို့နယ်အကောက်ခွန် ဦးစီးဌာနမှူးရုံးမှတစ်ဆင့် လုပ်ထုံးလုပ် နည်းနဲ့အညီ   အကောက်ခွန်အမှုတွဲများဖွင့်လှစ်ရန်   မန္တလေးမြို့နယ် အကောက်ခွန်ဦးစီးဌာနသို့ အပ်နှံပြီး ဖြစ်တယ်လို့သတင်းရရှိပါတယ်။ ကျောက် စိမ်းလို့ယူဆရတဲ့ကျောက်စိမ်းတုံးများ ရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ် ၃၃ ဒသမ ၆၀၀ သိန်းရှိတယ်လို့ သိရပါတယ်။
   DCCA DCCA