Main menu

Background

မြဝတီနယ်စပ်မှ ကြက်သွန်နီတင်ပို့မှု အခြေအနေ

Thu, 09/29/2022 - 11:27 -- journal_editor

ပြည်တွင်းစားသုံးမှုမှ ပိုလျှံသည့် ကြက်သွန်နီများကို မူဆယ်၊ ချင်းရွှေဟော် နယ်စပ်များမှ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာမှ ကိုဗစ်(၁၉) ရောဂါဖြစ်ပွားပြီးနောက်ပိုင်း မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုတွင်Close loop management   စနစ်အရ အကန့်အသတ်ဖြင့်သာ ကုန် သွယ်မှုဆောင်ရွက်နေရသဖြင့် တရုတ်နိုင်ငံသို့ ကြက်သွန်နီတင်ပို့မှု နည်းခဲ့ပြီး မြဝတီ၊ ထီးခီး၊ မောတောင် နယ်စပ်များမှတစ်ဆင့် ကြက် သွန်နီများကို ထိုင်းနိုင်ငံဈေးကွက်သို့ တင်ပို့လျက်ရှိသည်။
တစ်ဖက် ထိုင်းနိုင်ငံအနေဖြင့်လည်း ၎င်းတို့၏ နှစ်စဉ် ကြက် သွန်နီ စိုက်ပျိုးထုတ်လုပ်မှု လုံလောက်မှု မရှိသဖြင့် စားသုံးမှုအတွက် ဝယ်ယူခြင်းအပြင် ထိုင်းနိုင်ငံမှတစ်ဆင့် ဗီယက်နမ်နိုင်ငံ၊ လာအို နိုင်ငံများသို့  တစ်ဆင့်ရောင်းချလျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံ ဘက်မှ ကြက်သွန်နီ၏ အရည်အသွေးကို ကြိုက်နှစ်သက်၍ ဝယ်ယူ ကြသည့်အပြင် ကမ္ဘာ့ကြက်သွန်နီ အဓိကတင်ပို့နေသည့် နိုင်ငံဖြစ် သည့် အိန္ဒိယနိုင်ငံအနေဖြင့်လည်း မိမိတို့၏ ဝယ်လက်နိုင်ငံများ ဖြစ်သည့်ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံများသို့ တင်ပို့ရန် အခက်အခဲရှိနေ၍  မြန်မာနိုင်ငံအနေဖြင့် အဆိုပါနိုင်ငံများ၏ ဈေး ကွက်များ ရရှိနေသည့် အနေအထားဖြစ်သည်။
တစ်ဖက် ထိုင်းနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံဘက်မှ ကြက် သွန်နီများအား မြန်မာ-ထိုင်း  နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ် သည့် မြဝတီကုန်သွယ်ရေးဇုန်နှင့် တာချီလိတ်ကုန်သွယ်ရေးစခန်း တို့မှတစ်ဆင့် အဓိကထား ဝယ်ယူလျက်ရှိပြီး ယခုနှစ်တွင် တာချီလိတ် ဘက်မှ အဝယ်နည်းပါးပြီး မြဝတီဘက်မှ အဓိကထား ဝယ်ယူလျက် ရှိကြောင်း သိရှိရသည်။ထိုင်းနယ်စပ်  မြဝတီမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လထိ ကြက်သွန်နီ တန်ချိန် ၄၅၉၃၂ဒသမ၉၆၅ တန်၊ တန်ဖိုး ၁၅ ဒသမ ၉၃၆ ဒေါ်လာသန်း၊ ထီးခီးနယ်စပ်မှ တန်ချိန် ၂၃၉၁ ဒသမ ၆၄ တန်၊ တန်ဖိုး ဒေါ်လာ သုည ဒသမ ၅၁၈ သန်း၊ မောတောင် နယ်စပ်မှ တန်ချိန်၃၆၅ တန်၊ တန်ဖိုး ဒေါ်လာ သုညဒသမဝ၃၆ သန်း၊ နယ်စပ် စခန်းများမှ ထိုင်းနိုင်ငံသို့ စုစုပေါင်းတန်ချိန် ၄၈၆၈၉ ဒသမ ၆၀၅ တန်၊ တန်ဖိုး ဒေါ်လာ ၁၆ ဒသမ ၄၉၀ သန်း တင်ပို့ခဲ့သည်။မြဝတီဒေသ  ကြက်သွန်နီကုန်သည်များအနေဖြင့် အဆိုပါ တစ်ဖက်နိုင်ငံသို့  တင်ပို့လျက်ရှိသည့် ကြက်သွန်နီများအား ယခုအချိန် ပြည်တွင်းကြက်သွန်နီထွက်ရှိရာ ဒေသများဖြစ်သည့် ဝဲလောင်၊ တောင်သာ၊ မြင်းခြံ၊ မုံရွာနှင့် ပခုက္ကူ၊ ဆိတ်ဖြူတို့မှ ဝယ်ယူ၍ မြဝတီမှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပြီး ထွက်ရှိရာဒေသတွင် စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ကြက်သွန်နီအား ဇန်နဝါရီလမှ ဖေဖော် ဝါရီလတို့တွင် ရေသွင်းစိုက်ပျိုး၍ မတ်လတွင်ထွက်ရှိပြီး တစ်လခန့် သိုလှောင်ကာ ဧပြီလမှ စက်တင်ဘာလထိ ပြည်ပသို့ တင်ပို့နိုင်ရေး ဆောင်ရွက်ကြခြင်းဖြစ်ကာ မိုးရာသီစိုက်ပျိုးမှုအနေဖြင့် စက်တင် ဘာလတွင် မိုးကြက်သွန်နီများအားစတင် စိုက်ပျိုးကြပြီး နိုဝင်ဘာလ နှင့် ဒီဇင်ဘာ လတို့တွင် တူးဖော်သိုလှောင်၍ ပြည်ပသို့တင်ပို့နိုင်ရေး ဆောင်ရွက်ကြခြင်းဖြစ်ပြီး အဝယ်လိုက်ပါက သိုလှောင်မှုမရှိဘဲ နှစ်လခွဲဖြင့် တူးဖော်ရောင်းချခြင်းဖြစ်သည်။ကြက်သွန်နီထွက်ရှိရာဒေသမှ မြဝတီမြို့သို့ ရောက်ရှိလာသော ကြက်သွန်နီ တစ်ပိဿာ အရင်းမှာ ၃၂၂၅ ကျပ်ဖြစ်ပြီး မြဝတီမြို့ ဒေသသုံးအဖြစ် ပွဲရုံ/ဒိုင်များမှ ဝယ်ယူသည့်ဈေးနှုန်းသည် တစ်ပိ ဿာ ကျပ် ၃၉၀ဝ-၄၀ဝ၀ ဝယ်ယူလျက်ရှိသည်။ အဆိုပါ မြဝတီမြို့ ရောက်ရှိသော   ကြက်သွန်နီအား   တစ်ဖက်နိုင်ငံသို့  တင်ပို့ရာ၌ တစ်ဖက်နိုင်ငံ၏ ဝယ်ဈေးသည် 1kgလျှင် ၂၃ဒသမ၅ ဘတ်၊ ကျပ် ငွေဖြင့် တစ်ပိဿာလျှင် ၃၃၈၅ ကျပ်ဖြစ်သဖြင့် တစ်ပိဿာအပေါ်တွင် အမြတ်ရရှိမှု အနေဖြင့် ၁၆၀ ကျပ်အမြတ်ရရှိပြီး တစ်အိတ်လျှင် ၄၀ဝ၀ ကျပ်၊ တစ်တန်လျှင် ၁၀ဝ၀ဝ၀ ကျပ်၊ ယာဉ်တစ်စီး တန်၃၀ လျှင် ကျပ် ၃၀ဝ၀ဝ၀ဝ အမြတ်ရရှိကြောင်း သိရှိရသည်။ကြက်သွန်နီတင်ပို့မှုအနေဖြင့် မြဝတီနယ်စပ်မှ လက်ရှိရောင်း အား အခြေအနေအရ တစ်ဖက်နိုင်ငံမှ ယခုထက် ပိုမိုဝယ်ယူလာသည့် အပြင်  မျိုးကြက်သွန်နီသည်လည်း နိုဝင်ဘာလ၊ဒီဇင်ဘာလများမှ စတင်ထွက်ရှိမည်ဖြစ်၍ ပြည်တွင်း၌ ကြက်သွန်နီ လက်ကျန်နည်း ပါးပြီး ဈေးနှုန်းကြီးမြင့်လာနိုင်ဖွယ်ရှိကြောင်း ကြက်သွန်နီ ကုန်သည် တစ်ဦးထံမှ သိရှိရသည်။ မြဝတီကုန်သွယ်ရေးဇုန်မှ ကြက်သွန်နီ  ပြည်ပတင်ပို့မှုသည် ပြည်တွင်းကြက်သွန်နီစိုက် တောင်သူများ ဈေးကောင်းရရှိသဖြင့် ပိုမို  အကျိုးအမြတ်ရရှိကာ နိုင်ငံတော်အတွက် နိုင်ငံခြားငွေရှာ ဖွေပေးနေ ပြီး နောင်နှစ်များတွင်လည်း ကြက်သွန်နီပိုမိုတိုးချဲ့စိုက်ပျိုး ထုပ်လုပ် တင်ပို့နိုင်ပါက နိုင်ငံခြားငွေ  ပိုမိုရရှိနိုင်သော်လည်း ပြည်တွင်း ဈေးကွက်ဖူလုံမှုအတွက် မိမိနိုင်ငံ၏ ကြက်သွန်နီ  စိုက်၊ အောင်၊
 ထွက် စားသုံးမှုအခြေအနေပေါ် ကြိုတင်သုံးသပ်စီမံထားသင့်ပါသည်။