Main menu

Background

ဒီဇင်ဘာလ တတိယပတ်အတွင်း ဘိလပ်မြေနှင့် ဓာတ်မြေသြဇာတင်သွင်းမှု အခြေအနေ

Tue, 01/03/2023 - 15:10 -- journal_editor

ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ  ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ  ၁၄ ဒသမ ၈၆၂ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၂၇၀ဝ၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် ဘရူနိုင်း နိုင်ငံမှ တန်ချိန် ၁၅၀ဝ၀ ကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၉၀ဝ၀ ခန့် ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံမှ  တန်ချိန် ၁၀ဝ၀ ကျော်၊ ကနေဒါ နိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊  ဂျာမနီနိုင်ငံမှ တန်ချိန် ၃၀ဝ ကျော်နှင့် အီရန်နိုင်ငံမှ တန်ချိန် ၇၅၀ ကျော် တင်သွင်းခဲ့သည်။ ယခုတစ်ပတ်အတွင်း ဘရူနိုင်း နိုင်ငံမှ ဓာတ်မြေသြဇာ အများဆုံးတင်သွင်းကြောင်း သိရ သည်။  အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ဓာတ်မြေသြဇာ တန်ချိန် ၁၃၀ဝ၀ ခန့် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။  
နယ်စပ်ကုန်သွယ်မှုမှ ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်ထိ ကာလအတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၄၁၁ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၁၈၅၀ ကျော် တင်သွင်း ခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်နိုင်ငံမှတန်ချိန် ၁၄၀ဝခန့်၊ အိန္ဒိယနိုင်ငံမှ တန်ချိန် ၄၀ဝ ခန့်နှင့် ထိုင်းနိုင်ငံမှ တန်ချိန် ၁၀ဝ ကျော် တင်သွင်းခဲ့သည်။  နိုဝင်ဘာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဓာတ်မြေသြဇာ အများဆုံး တင် သွင်းကြောင်းသိရသည်။  အနီးစပ်ဆုံး ကာလနှင့်နှိုင်းယှဉ်ပါက နယ်စပ်မှ ဓာတ်မြေသြဇာတန်ချိန် ၁၂၀ဝ ကျော် ပိုမိုတင်သွင်း ခဲ့ကြောင်း သိရသည်။ 
နယ်စပ်ကုန်သွယ်မှုမှ ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်ထိ ကာလအတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၃၃၉ သန်း တန်ဖိုးရှိ  ဘိလပ်မြေတန်ချိန် ၄၂၀ဝ ကျော်  ထိုင်းနိုင်ငံမှ တင် သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက  နယ်စပ် မှ ဘိလပ်မြေ တန်ချိန် ၁၂၀ဝ ကျော် လျော့နည်းတင်သွင်းခဲ့ ကြောင်း သိရသည်။                                        

အိမ့် (DOT)