Main menu

Background

ဒီဇင်ဘာလအတွင်း ရော်ဘာနှင့် ပြောင်းတင်ပို့မှု

Thu, 01/19/2023 - 11:07 -- journal_editor

ရော်ဘာ
ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၃၇၇ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၇၆၀ဝကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာ တန်ချိန် ၁၁၂၃၀၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၄၄၈၀ ကျော်နှင့် အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၉၄၀ ကျော် တင်ပို့ခဲ့ပြီး အနီးစပ်ဆုံးနိုဝင်ဘာလနှင့် နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် ကျပ် ၁၀ဝ၀ဝ ကျော် ပိုမိုတင်ပို့ခဲ့သည်။
ဒီဇင်ဘာလအတွင်း မြန်မာ-တရုတ်နှင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၀၃ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၄၇၄၀ ကျော်တင်ပို့ခဲ့သည်။ တင်ပို့မှုများမှာ တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၃၂၆၀ ကျော်နှင့် ထိုင်းနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၄၇၀ ကျော် တင်ပို့ခဲ့သည်။ အနီးစပ်ဆုံး နိုဝင်ဘာလနှင့် နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် တစ်သောင်းကျော် လျော့နည်းတင်ပို့ခဲ့သည်။
ဒီဇင်ဘာလအတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၄၈၀ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၂၂၄၀ဝခန့် တင်ပို့ခဲ့သည်။
ပြောင်း
ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃၇ ဒသမ ဝ၇၅ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၁၂၅၆၉၀ တင်ပို့ခဲ့ကြောင်း သိရသည်။ နိုင်ငံအလိုက်တင်ပို့မှုများမှာ တရုတ်နိုင်ငံသို့ ပြောင်း တန်ချိန် ၅၅၆၉၀ ကျော်၊  ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတန်ချိန် ၃၄၃၇၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ ပြောင်းတန်ချိန် ၁၉၀၅၀၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြောင်းတန်ချိန် ၁၆၂၀ဝ၊ မလေးရှားနိုင်ငံသို့ ပြောင်းတန်ချိန် ၂၄၅ နှင့် ထိုင်ဝမ်သို့ ပြောင်းတန်ချိန် ၁၂၀ ကျော် တင်ပို့ခဲ့သည်။ နိုဝင်ဘာလ ပြောင်းတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် ကိုးသောင်းကျော် လျော့နည်းခဲ့သည်။ ဒီဇင်ဘာလ အတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၄၄၇ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၃၅၁၄၀ တင်ပို့ခဲ့သည်။ ယခင်လတင်ပို့မှုထက် တန်ချိန် ၉၉၀ဝ ကျော် ပိုမိုတင်ပို့ခဲ့သည်။                          

အေးအေးသန့် (DOT)