Main menu

Background

ဖေဖော်ဝါရီလအတွင်း ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၆ သန်းကျော်ရရှိ

Tue, 03/14/2023 - 10:15 -- journal_editor

ဖေဖော်ဝါရီ ၁ ရက်မှ  ၂၈ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၆၈၃ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၇၀၈၃၀ ကျော် တင်ပို့ခဲ့ သည်။ ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၃၅၈၃၀ ကျော်နှင့်  အီးယူအဖွဲ့ဝင်  နိုင်ငံများသို့ ဆန်တန်ချိန် ၃၅၀ဝ၀ ခန့် တင်ပို့ခဲ့သည်။ 
ဆန်တင်ပို့သောနိုင်ငံများမှာ တရုတ်နိုင်ငံသို့ ဆန်တန် ချိန် ၂၀ဝ၂၀ ခန့်၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၁၁၈၃၀ ခန့်၊ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၃၂၀ဝ ခန့်၊ ထိုင်ဝမ်သို့ ဆန် တန်ချိန် ၅၀ဝ နှင့် ဟောင်ကောင်နှင့် ဗီယက်နမ်သို့လည်း တန် ချိန်အနည်းငယ် တင်ပို့ခဲ့သည်။
ထို့ပြင်  အီးယူအဖွဲ့ဝင်နိုင်ငံများဖြစ်သော စပိန်နိုင်ငံသို့ ဆန်တန်ချိန် ၈၁၀ဝ ကျော်၊  တူရကီနိုင်ငံသို့  ဆန်တန်ချိန် ၇၆၀ဝ ကျော်၊  ပိုလန်နိုင်ငံသို့  ဆန်တန်ချိန် ၅၁၇၀ ကျော်၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်တန်ချိန် ၂၅၇၀ကျော်၊ ပေါ်တူဂီ နိုင်ငံသို့ ဆန်တန်ချိန် ၂၁၂၀ ကျော်၊ အင်္ဂလန်နိုင်သို့ ဆန်တန် ချိန် ၁၉၅၀ ခန့်၊ အီတလီနိုင်ငံသို့  ဆန်တန်ချိန် ၁၄၂၀ ကျော်၊ ချက်နိုင်ငံသို့ ဆန်တန်ချိန် ၁၀၇၀၊ နယ်သာလန်နိုင်ငံသို့ ဆန် တန်ချိန် ၁၀ဝ၀ ခန့်၊ ဂျာမနီနိုင်ငံသို့ ဆန်တန်ချိန် ၈၆၀ ကျော်၊ ရိုမေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၇၇၀ ကျော်၊ လစ်သူရေးနီး ယားနိုင်ငံသို့ ဆန်တန်ချိန် ၇၅၀ ခန့်နှင့် ဆလိုဗေးနီးယားနိုင်ငံ သို့ ဆန်တန်ချိန် ၃၀ဝ ကျော်၊ ပြင်သစ်နိုင်ငံ၊ ဟန်ဂေရီနိုင်ငံ၊ ဂရိ နိုင်ငံ၊ ခရိုအေးရှားနိုင်ငံတို့သို့လည်း ဆန်တန်ချိန် ၂၀ဝ ကျော်စီ တင်ပို့ခဲ့သည်။  လစ်ဗျားနိုင်ငံနှင့်   ဆိုက်ပရပ်စ်နိုင်ငံ တို့သို့လည်း  ဆန်တန်ချိန် အနည်းငယ်တင်ပို့ခဲ့သည်။
ဖေဖော်ဝါရီလအတွင်း  မြန်မာ-တရုတ်  နယ်စပ်ကုန် သွယ်မှုလမ်းကြောင်းမှ  အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၅၆ သန်း တန်ဖိုးရှိ  ဆန်တန်ချိန် ၁၆၉၀ဝ ကျော် တင်ပို့နိုင်သဖြင့် နည်းလမ်းနှစ်သွယ်မှ ဆန်တင်ပို့မှု စုစုပေါင်းတန်ချိန် ၈၇၇၃၀ ကျော်ဖြစ်သည်။ ဇန်နဝါရီလအတွင်း ဆန်တင်ပို့မှုတန်ချိန်မှာ ၁၄၈၅၀ဝ ကျော်ဖြစ်သဖြင့် ယခုလတွင် ဆန်တန်ချိန် ၆၀ဝ၀ဝ ကျော် လျော့နည်းခဲ့သည်။
ဖေဖော်ဝါရီလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ် မှုမှ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၈၀၈ သန်းတန်ဖိုးရှိ ဆန် ကွဲတန်ချိန် ၄၇၀ဝ၀ ကျော်တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့  ဆန်ကွဲတန်ချိန် ၃၀၇၀ဝ ကျော်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသို့  ဆန်ကွဲတန်ချိန် ၁၆၃၀ဝ ကျော် တင်ပို့သည်။ 
ဆန်ကွဲတင်ပို့သော နိုင်ငံများမှာ အာရှတွင် တရုတ်နိုင်ငံ သို့  ဆန်ကွဲတန်ချိန် ၃၀၄၀ဝ ကျော်နှင့်   စင်ကာပူနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၀ဝ တင်ပို့ခဲ့ပြီး  အီးယူအဖွဲ့ဝင်နိုင်ငံများ ဖြစ်သော  ဘယ်လ်ဂျီယံနိုင်ငံသို့  ဆန်ကွဲတန်ချိန် ၇၅၅၀၊ နယ်သာလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၆၅၀၊ အင်္ဂလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၀၂၀ ကျော်၊ စပိန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၈၀ဝ၊ အီတလီ ၅၇၀ ကျော်၊ ပိုလန် ၅၀ဝ၊  ပေါ်တူဂီ ၄၅၀ နှင့် ပြင်သစ်နိုင်ငံသို ဆန်ကွဲတန်ချိန် ၃၅၀၊  လစ်သူရေးနီးယား နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၀ဝ နှင့် ချက်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၀ဝ ကျော် တင်ပို့ခဲ့သည်။
ဖေဖော်ဝါရီလအတွင်း   မြန်မာ-တရုတ် နယ်စပ်ကုန် သွယ်မှုလမ်းကြောင်းမှ  ဆန်ကွဲတန်ချိန် ၂၈၇၀ဝ ကျော်နှင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ ဆန်ကွဲတန် ချိန်  ၂၀၁၀ ကျော် စုစုပေါင်း နယ်စပ်မှ ဆန်ကွဲတင်ပို့မှုတန်ချိန် ၃၀၇၀ဝ ကျော်မှ တန်ဖိုး    အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၄၅၀ သန်းရရှိခဲ့သည်။ ပင်လယ်ရေကြောင်းနှင့်  နယ်စပ်မှ စုစုပေါင်း ဆန်ကွဲတင်ပို့မှုတန်ချိန် ၇၇၇၀ဝ ကျော်နှင့်  တန်ဖိုး အမေရိကန် ဒေါ်လာ ၂၉ ဒသမ ၂၅၈ သန်းရရှိခဲ့သည်။ ဇန်နဝါရီလ ဆန်ကွဲတင်ပို့မှုနှင့်  နှိုင်းယှဉ်ပါက ဆန်ကွဲတန်ချိန် ၁၆၀ဝ၀ ကျော် လျော့နည်းခဲ့သည်။
ဖေဖော်ဝါရီလအတွင်း ဆန်နှင့်ဆန်ကွဲ တင်ပို့မှု  စုစုပေါင်း တန်ချိန် ၁၆၅၄၃၀ ကျော်နှင့် တန်ဖိုးအမေရိကန်ဒေါ်လာ ၆၆ ဒသမ ၄၉၇ သန်း ရရှိခဲ့သည်။
အေးအေးသန့် (DOT)