Main menu

Background

တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ယခုတစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Thu, 03/30/2023 - 15:44 -- journal_editor

မတ် ၁၁ ရက် မှ ၁၇ ရက်ထိ ကာလအတွင်း တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၉၄ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅၁ သန်း ကုန်သွယ်မှုပမာဏ တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၄၅ သန်းဆောင်ရွက်ခဲ့သည်။ ယခင်တစ်ပတ်လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်အမေရိကန်ဒေါ်လာ သုည ဒသမ ၁၅၄ သန်းနှင့် သွင်းကုန်ပိုင်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၂၂၅ သန်းလျော့နည်းခဲ့သဖြင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၃၇၉ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။ 

ပို့ကုန်ပိုင်းတွင် ယခင်တစ်ပတ်ထက် ပြောင်း၊ လက်ဖက်ခြောက်၊ ဆီးသီးစေ့၊ ဆေးရွက်ကြီး၊ ဘူးခွံ၊ တင်ပို့မှုပိုမိုခဲ့သော်လည်း တံမြက်စည်း၊ ပုစွန်ဖွဲ၊ လိမ္မော်သီး၊ သစ်ခေါက်၊ ကြေးနီ၊ ပလပ်စတစ်ဘူးခွံဟောင်း လျော့နည်းတင်ပို့ခဲ့သောကြောင့်ဖြစ်သည်။ သွင်းကုန်ပိုင်းတွင် ယခင်တစ်ပတ်ထက် ရေနံထွက်ပစ္စည်းများနှင့် သံနှင့်သံမဏိပစ္စည်းများ ပိုမိုတင်သွင်းခဲ့သော်လည်း၊ ဘိလပ်မြေ၊ စက်နှင့်စက်ပစ္စည်းများ၊ လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ၊ လုပ်ငန်းသုံးသီးနှံဆီများ၊ သုတ်ဆေး၊ ပေါလစ်များ၊ ပလတ်စတ်စကုန်ကြမ်းပစ္စည်းများ၊ အခြားစက္ကူများ၊ တာယာနှင့် ကျွတ်များ၊ ဆပ်ပြာ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ချည်ထည်များနှင့် အခြားပစ္စည်းများ လျော့နည်းတင်သွင်းခဲ့သည်။                            

အိမ့်(DOT)